ချဲလ်ဆီးရဲ့ အသည်းကျော် ပါလ်မာ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းလာနိုင်ကြောင်း သုံးသပ်ထောက်ပြ သွားသူ

Pictures of Jimmy Carrera and Cole Palmer

မန်စီးတီး အကယ်ဒမီထွက် ဖြစ်ပြီး လက်ရှိ ချဲလ်ဆီးမှာ အကောင်းဆုံး အသင်းသား အဖြစ် အစွမ်းပြနေတဲ့ ကိုးလ်ပါလ်မာ ဟာ မန်ချက်စတာ ယူနိုက်တက်ထံ နောက်နှစ်နွေမှာ ရောက်လာနိုင်ကြောင်း ဂျင်မီ ကာရေဂါက အံ့အားသင့်ဖွယ် သုံးသပ်သွားပါတယ်။

ပါလ်မာက မန်ချက်စတာ ယူနိုက်တက် အမာခံ ပရိသတ် ဖြစ်ပြီး ချဲလ်ဆီးသာ ဒီရာသီလည်း ဘာမှ မထူးရင် နောက်နှစ် နွေမှာ အသင်းပြောင်းဖို့ စဉ်းစားဖွယ် ရှိတယ်လို့ ကာရေဂါက မြင်ပါတယ်။

ကာရေဂါ က ” ချဲလ်ဆီးသာ နောက်ထပ် ဆိုးရွားတဲ့ ရာသီ တခု ဖြတ်သန်းရမယ်ဆိုရင် ပါလ်မာ ယူနိုက်တက်ဆီ ရောက်သွားနိုင်ပါတယ်။

Cole Palmer on the football field

ကျွန်တော်တို့ အစောပိုင်းမှာ ဆွေးနွေးနေခဲ့တာ မန်ချက်စတာ ယူနိုက်တက်ဟာ ညာတောင်ပံမှာ အဓိက ပြဿနာ ကြုံနေတာပါ။ ပါလ်မာ က အမာခံ မန်ယူနိုက်တက် ပရိသတ် မဟုတ်လား ? နောက် ၁၂လလောက်ဆို ညာတောင်ပံ နေရာမှာ တိုးတက်မှု မရှိလာဘူးဆိုရင် ပါလ်မာကို ခေါ်ဖို့ ယူနိုက်တက်တို့ စဉ်းစားသင့်တယ်။

ကျွန်တော်တော့ ဒါက ဖြစ်နိုင်တယ်လို့ ထင်တယ်။ ကိုးလ်ပါလ်မာ မန်ချက်စတာ ယူနိုက်တက်ဆီကို ပြောင်းနိုင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ်။

ပါလ်မာဟာ မကြာသေးခင်ကမှ ချဲလ်ဆီးနဲ့ အတူ ၂နှစ် သက်တမ်းတိုး နိုင်ခဲ့လို့ ၎င်းရဲ့ စာချုပ် သက်တမ်းက ၉နှစ် အထိ ကျန်ရှိနေပါတယ်။

PFA တနှစ်တာ အကောင်းဆုံး လူငယ် ကစားသမားဆုကို ပူပူနွေးနွေး ဆွတ်ခူးထားတဲ့ ပါလ်မာဟာ စာချုပ်သစ် ချုပ်ခဲ့ပြီးနောက် လက်ရှိမှာတော့ ချဲလ်ဆီးနဲ့ အတူ ဆုဖလား ရယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။

Start a Conversation

Your email address will not be published. Required fields are marked *