ဩဂုတ် (၂၁) အတွက် ပွဲကြိုသုံးသပ်ချက်

Today Champion League Match List Infographic

ယနေ့ည မှာ ကန်မယ့် ချန်ပီယံလိဒ်ပွဲစဉ်များထဲမှ (၄)ပွဲဖြစ်တဲ့

  • ယန်းဘွိုင်း– ဂါလာတာရေး (မြန်မာစံတော်ချိန် နံနက် ၀၁း၃၀ ၊ ဩဂုတ် ၂၂ရက်)
  • မယ်မို အက်ဖ်အက်ဖ် – Sparta Praha (မြန်မာစံတော်ချိန် နံနက် ၀၁း၃၀ ၊ ဩဂုတ် ၂၂ရက်)
  • အက်ဖ်စီ မိချ်ချီလန် – ဆလိုဗန် ဘာတစ်ရှလာဗာ (မြန်မာစံတော်ချိန် နံနက် ၀၁း၃၀ ၊ ဩဂုတ် ၂၂ရက်)
  • ဒိုင်နမို ကိဗ်ရပ် – ရက်တ်ဘူး ဆဲဗက် (မြန်မာစံတော်ချိန် နံနက် ၀၁း၃၀ ၊ ဩဂုတ် ၂၂ရက်)


တို့ကို ပွဲကြိုသုံးသပ်ချက် လုပ်ထားပေးပါတယ်။

ယန်းဘွိုင်း Vs ဂါလာတာရေး

Young Boy Vs Galatasaray Match

ယန်းဘွိုင်းအသင်းကော ဂါလာတာစာရေးအသင်းကော ပလေးအော့ဖ်အဆင့်ရောက်မှ စတင်ယှဥ်ပြိုင်ကြတာဖြစ်ပါတယ်။ ယန်းဘွိုင်းအသင်းဟာ ဒီရာသီစမှာတော့ ခြေစွမ်းကောင်းကောင်းမပြနိုင်ပဲ ပြည်တွင်းလိဂ် (၅)ပွဲကန်ပြီး ခုချိန်ထိနိုင်ပွဲမရသေးပါဘူး။ဂါလာတာစာရေးအသင်းကတော့ ဒီရာသီသစ်မှာ နိုင်ပွဲတွေ ဆက်နေခဲ့ပါတယ်။ဒါကြောင့် ခြေစွမ်းပိုသာတဲ့ ဂါလာတာစာရေးအသင်းကို အားပေးကြတာပေါ့။

ရွေးချယ်မှု - ဂါလာတာစာရေး

မယ်မို အက်ဖ်အက်ဖ် Vs Sparta Praha

Malmo FF Vs Sparta Praha Match

မယ်မိုအသင်းကတော့ တစ်ကယ်ကို အသွင်းလဲကြမ်းပြီး အပေးလဲကြမ်းတဲ့အသင်းဖြစ်ပါတယ်။ဘာလို့လဲဆိုတဲ့ ပြီးခဲ့တဲ့ ခြေစစ်ပွဲနှစ်ဆင့်လုံးမှာ ပေးဂိုးတွေ သွင်းဂိုးတွေကြမ်းခဲ့တာကြောင့် ပလိုင်းပေါက်နဲ့ ဖားကောက်သလိုဖြစ်ခဲ့ရတာပါ။စပတာပရပ်အသင်းဟာလဲ ဒီရာသီ ချန်ပီယံလိဂ်ခြေစစ်ပွဲ နောက်ဆုံး (၃)ပွဲလုံးမှာ အပြန်လှန်သွင်းဂိုးတွေရှိခဲ့ပါတယ်။ဒါကြောင့် နှစ်သင်းလုံးဂိုးမြူးမဲ့အနေထားကြောင့် ဂိုးပေါ်သည်သာ အကောင်းဆုံးပါ။

ရွေးချယ်မှု - ဂိုးပေါ်

အက်ဖ်စီ မိချ်ချီလန် Vs ဆလိုဗန် ဘာတစ်ရှလာဗာ

FC Midtjylland Vs Slovan Bratislava Match

မိချ်ချီလန်အသင်းဟာ ပြီးခဲ့တဲ့ ခြေစစ်ပွဲနှစ်ဆင့်တုန်းက အိမ်းကွင်းကန်ရတဲ့ နှစ်ပွဲစလုံးကို ပေးဂိုးမရှိခဲ့ပဲ အနိုင်ယူနိုင်ခဲ့တာပါ။ပြီးတော့ ရာသီသစ် ပြိုင်ပွဲစုံ အိမ်ကွင်းလေးပွဲစ်လုံးမှာ ပေးဂိုးလုံး၀မရှိခဲ့ပဲ အိမ်ကွင်းမှာခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဆလိုဗန်အသင်းကတော့ ပြီးခဲ့တဲ့ခြေစစ်ပွဲတွေမှာ အ၀ေးကွင်းနိင်ပွဲမရှိခဲ့သလို ရလဒ်ပိုင်းကလဲ အားရစရာ မရှိပါဘူး။ဒါကြောင့် အိမ်ရှင်ဖြစ်တဲ့ မိချ်ချီလန်အသင်းကို ယုံကြည်လိုက်ပါ။

ရွေးချယ်မှု - မိချ်ချီလန်

ဒိုင်နမို ကိဗ်ရပ် Vs ရက်တ်ဘူး ဆဲဗက်

Dynamo Kyiv Vs FC Salzburg Match

ဒိုင်နာမိုကိဗ်ရပ် အသင်းနဲ့ ဆဲလ်ဘတ်အသင်းနှစ်သင်းလုံးဟာ ဒီရာသီစမှာ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ကြပါတယ်။အထူးသဖြင့် ဆဲလ်ဘတ်အသင်းဟာ တောက်လျောက်ဂိုးမြူးခဲ့တဲ့ အသင်းပဲဖြစ်ပါတယ်။ဒိုင်နာမိုကိဗ်ရပ် အသင်းကလဲ ပြီးခဲ့ခြေစစ်ပွဲတွေမှာ ကွင်းမရွေးပဲ အပြိုင်ကျဲနိုင်တဲ့အသင်းဖြစ်ပါတယ်။နှစ်သင်းလုံးရဲ့ ခြေကန်ချက်အစွမ်းတွေကြောင့် ဒီညတွေ့ဆုံမှုမှာ ဂိုးပေါ်နိုင်မဲ့ အနေထားဖြစ်ပါတယ်။

ရွေးချယ်မှု - ဂိုးပေါ်

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *