ဩဂုတ် (၂၅) အတွက် ပွဲကြိုသုံးသပ်ချက်

ဩဂုတ် (၂၅) အတွက် ပွဲကြိုသုံးသပ်ချက်များ

ယနေ့ည မှာ ကန်မယ့် ပရီးမီးယားလိဂ်ပွဲစဉ်များထဲမှ (၃)ပွဲဖြစ်တဲ့

  • ဘုန်းမောက် – နယူးကာဆယ်
    (မြန်မာစံတော်ချိန် ည ၀၇း၃၀ ၊ ဩဂုတ် ၂၅ရက်)
  • ၀ုဗ်     – ချဲလ်ဆီး
    (မြန်မာစံတော်ချိန်  ည ၀၇း၃၀ ၊ ဩဂုတ် ၂၅ရက်)
  • လီဗာပူး  – ဘရန့်ဖို့ 
    (မြန်မာစံတော်ချိန်  ည ၁၀း၃၀ ၊ ဩဂုတ် ၂၅ရက်)

တို့ကို ပွဲကြိုသုံးသပ်ချက် လုပ်ထားပေးပါတယ်။

ဘုန်းမောက် Vs နယူးကာဆယ်

Bouurnemouth Vs Newcastle United Match Banner

ဘုန်းမောက်အသင်းဟာ တိုက်စစ်အားကိုးရတဲ့ ဟာဆိုလန်ကီကို ရောင်းလိုက်ပေမဲ့ ကျန်နေသေးတဲ့ ကစားသမားတွေနဲ့ အကောင်းဆုံး ထိန်းကစားနိုင်တာ တွေ့ရပါတယ်။နယူးကာဆယ်အသင်းကတော့ လက်ရှိ နည်းပြ အက်ဒီဟောင်းလက်ထက် ဘုန်းမောက်ကို အနိုင်မကန်နိုင်တာ အနည်းငယ် ထူးဆန်းတယ်နော်။မနှစ်ကလဲ ဘုန်းမောက်အိမ်ကွင်းမှာ နယူးကာဆယ်အသင်းက အရေးနိမ့််ခဲ့တာကြောင့် အိမ်ရှင်ကို အားပေးကြတာပေါ့။

ရွေးချယ်မှု - ဘုန်းမောက်

၀ုဗ် Vs ချဲလ်ဆီး

wolves vs chelsea match banner

ဝုဗ်အသင်းဟာ ပရီးမီးယားလိဂ်မှာ ချန်ပီယံလောင်းစာရင်း၀င် အာဆင်နယ်နဲ့ တွေ့လို့ အရေးနိမ့်ခဲ့ရပေမဲ့ ခြေစွမ်းမကောင်းတာကြောင့် မဟုတ်ဘူးနော်။ချဲလ်ဆီးအသင်းကတော့ ဒီရာသီစမှာ ခြေစွမ်းကောင်းကောင်း မပြနိုင်သေးသလို တိုက်စစ်ကလဲ အားရစရာကို မရှိပါဘူး။ဒီနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှု ပွဲတိုင်းလိုလိုမှာ ၀ုဗ်က ခြေစွမ်းသာတာ သတိထားမိကြမှာပါ။ဘာပဲဖြစ်ဖြစ် အိမ်ရှင် ၀ုဗ်ကို ယုံကြည်လိုက်ကြရအောင်။

ရွေးချယ်မှု - ဝုဗ်

လီဗာပူး Vs ဘရန့်ဖို့

Liverpool vs Brentford Match Banner

လီဗာပူးအသင်းဟာ အစ်ဆွစ်ကိုနိုင်တဲ့ပွဲမှာ နည်းပြ အန်းစလော့ရဲ့ နည်းဗျူဟာ အပြောင်းအလဲလုပ်မှုကြောင့် ဂိုးပြတ်အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့တယ်ဆိုတာ လက်ခံရမှာဖြစ်ပါတယ်။ဒီည ဘရန့်ဖို့နဲ့ တွေ့ဆုံမှုက လီဗာပူးအသင်းအနေနဲ့ ပထမဆုံး အိမ်ရှင်အဖြစ် လက်ခံကစားရမှာပဲဖြစ်ပါတယ်။ ဘရန့်ဖို့အသင်းဟာ ခြေစွမ်းကောင်းပေမဲ့ အိမ်ရှင် လီဗာပူးကို မကျော်လွှားနိုင်ပါဘူး။

ရွေးချယ်မှု - လီဗာပူး

Start a Conversation

Your email address will not be published. Required fields are marked *