တူရကီ ကြယ်ပွင့်လေး ဂူလာ ကို အငှားနဲ့ ခေါ်ယူသွားမယ့် အာဆင်နယ်

အာဆင်နယ်အသင်းကတော့ ရီးယဲလ်မက်ဒရစ် အသင်းရဲ့ တူရကီ ကြယ်ပွင့်လေး ဂူလာ ကို လာမယ့် ဇန်နဝါရီ ဆောင်းရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာပဲ ရာသီကုန်အထိ အငှားခေါ်ယူမှုနဲ့ ကမ်းလှမ်းသွားဖို့ ကြိုးပမ်းသွားဖွယ် ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

အာဆင်နယ်ဟာ ရီးယဲလ် ကစားသမားတွေဖြစ်တဲ့ အိုဇေး အိုဒီဂတ် စီဘယ်ယို့စ် တို့ကိုလည်း ခေါ်ယူခဲ့ပြီး ဒီထဲကမှ နော်ဝေ ကွင်းလယ်ကစားသမား မာတင် အိုဒီဂတ်ကို အငှားကနေ အပြီးသတ် ခေါ်ယူနိုင်ခဲ့ရာ အခုဆိုရင် အိုဒီဂတ်က အာဆင်နယ်အတွက် အရေးအပါဆုံး ကစားသမားတစ်ဦးပါ ဖြစ်လာခဲ့ရပါတယ်။

Turkish star arda guler

အိုဒီဂတ်က အာဆင်နယ်ရဲ့ အသင်းခေါင်းဆောင် တစ်ဦးက အဓိက ကစားသမားတစ်ဦး ဖြစ်လာချိန်မှာ အာဆင်နယ်က အိုဒီဂတ် အပြောင်းအရွှေ့အတိုင်း နောက်ထပ် ရီးယဲလ် ကစားသမားတစ်ဦးဖြစ်တဲ့ ဂူလာကို ထပ်မံချဉ်းကပ်လာခဲ့ပြန်ပါတယ်။ အာဆင်နယ်က တူရကီ ကွင်းလယ်ကစားသမားလေး ဂူလာကို ရီးယဲလ်ကနေ ကာလတို အငှားစာချုပ်နဲ့ ခေါ်ယူသွားချင်နေပါတယ်။

အသက် (၁၉) နှစ်အရွယ်သာ ရှိသေးတဲ့ ဆယ်ကျော်သက် ကစားသမားလေး ဂူလာဟာ ကွင်းလယ်တိုက်စစ်နဲ့ တောင်ပံနေရာတွေမှာ ကစားတာဖြစ်ပြီး ၂၀၂၃ နွေကမှ တူရကီ ထိပ်သီးကလပ် ဖီနာဘာချီကနေ ရီးယဲလ်အသင်းဆီ (၆)နှစ် စာချုပ်တစ်ရပ်နဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။

arda guler

ပြီးခဲ့တဲ့ တစ်ရာသီလုံး ပြိုင်ပွဲစုံ (၁၂)ပွဲသာ ကစားထားရတဲ့ ဂူလာဟာ ဒီရာသီမှာလည်း လက်ရှိအချိန်ထိ (၁၂)ပွဲကစားထားရပေမယ့် (၁၂)ပွဲမှာ (၃)ပွဲသာ ပွဲထွက်ကစားသမားအဖြစ် ကစားထားရတဲ့ အပေါ် အနည်းငယ် စိတ်ပျက်နေရသလို ဒီအခြေအနေကိုလည်း ဥရောပထိပ်သီး ကလပ်အသင်းတွေက စောင့်ကြည့်လျက်ရှိနေကြပါတယ်။

ဒီလိုပွဲကစားခွင့် နည်းပါးနေတဲ့ ဂူလာကို အာဆင်နယ်အသင်းက ရာသီကုန်အထိ အငှားနဲ့ ခေါ်ယူချင်လာခဲ့ပြီး အာဆင်နယ်ဆိုတာကလည်း ဂူလာနှစ်သက်အားကျရတဲ့ အိုဇေးရဲ့ အသင်းဟောင်းလည်း ဖြစ်နေတာကြောင့် ကမ်းလှမ်းမှုသာ တကယ်ဖြစ်လာရင် လက်ခံလာနိုင်မလားဆိုတာ စိတ်ဝင်စားစရာဖြစ်နေရပါတယ်။ ဒါပေမယ့် ရီးယဲလ် နည်းပြကြီး အန်ဆယ်လော့တီ ကတော့ ဂူလာကို အသင်းမှာပဲ​ဆက်ထားပြီး ကစားခွင့်တွေ ပေးသွားဖွယ်လည်း ရှိနေပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *