နယ်လ်ဆန် ထွက်သွားရင် တောင်ပံကစားသမား တစ်ဦး ထပ်မံ ခေါ်ယူနိုင်တဲ့ အာဆင်နယ်

Arsenal player နယ်လ်ဆန် celebrating on the football field

အာဆင်နယ်အသင်းကတော့ နွေစျေးကွက် မပိတ်ခင်မှာ အသင်းကနေ ညာတောင်ပံကစားသမား ရီးစ်နယ်လ်ဆန် ထွက်ခွာသွားခဲ့မယ်ဆိုရင် တောင်ပံကစားသမားသစ် တစ်ဦး ထပ်မံခေါ်ယူဖြည့်တင်းသွားဖွယ်ရှိနိုင်တယ်လို့ သိရှိရပါတယ်။အာဆင်နယ်အသင်းရဲ့ တောင်ပံမှာ ဘူကာယို ဆာကာ၊ ဂါဘရီရယ်လ် မာတင်နယ်လီ၊ လီဟန်ဒရို ထရောဆော့ဒ် နဲ့ ရီးစ်နယ်လ်ဆန်တို့ ရှိလို့နေပြီး လက်ရှိမှာတော့ နယ်လ်ဆန်ကို ဖူလ်ဟမ် အပါအဝင် ကလပ်အသင်း တချို့က ခေါ်ယူသွားဖို့ ကြိုးပမ်းနေကြသလို နယ်လ်ဆန်ကိုယ်တိုင်ကလည်း အာဆင်နယ်မှာ နေရာရဖို့မလွယ်နိုင်တာကြောင့် အသင်းပြောင်းချင်နေပါတယ်။

တကယ်လို့ နယ်လ်ဆန်သာ အသင်းကနေ ထွက်ခွာသွားမယ်ဆိုရင် ညာတောင်ပံနေရာက ဆာကာတစ်ဦးတည်းသာ ရှိနေတော့မှာဖြစ်လို့ အာဆင်နယ်အနေနဲ့ စျေးကွက်မပိတ်ခင်မှာ ညာတောင်ပံအတွက် ကစားသမားတစ်ဦးကို အရ ခေါ်ယူသွားနိုင်ဖွယ်ရှိနေပါတယ်။လက်ရှိမှာတော့ အသင်းရဲ့ ဒုတိယ ဦးစားပေး ဂိုးသမား အာရွန် ရမ်းစ်ဒေးလ်က ဆောက်သမ်တန်အသင်းဆီ အပြီးသတ် ပြောင်းရွှေ့သွားတော့မှာ ဖြစ်တာကြောင့် ရမ်းစ်ဒေးလ်နေရာအတွက် အက်စပန်ညိုက စပိန်ဂိုးသမား ယိုဟန် ဂါဆီယာနဲ့ အစားထိုးသွားဖို့ စီစဉ်ထားပြီး ဒီဂိုးသမားက အာဆင်နယ်အတွက် ဒီနွေမှာ ခေါ်ယူတဲ့ တတိယမြောက် ကစားသမားသစ် ဖြစ်လာပါတော့မယ်။

Nelson and Arsenal Team

အာဆင်နယ်က ဒီနွေစျေးကွက်ထဲမှာ ဘိုလော့ဂ်နာအသင်းရဲ့ အီတလီ ခံစစ်ကြယ်ပွင့် ရီကာဒို ကာလာဖီအိုရီနဲ့ ရီးရဲလ်ဆိုစီဒက် အသင်းရဲ့ စပိန်ကွင်းလယ်ကစားသမား မီခယ်လ် မော်ရီနိုတို့ကို ခေါ်ယူဖြည့်တင်းထားခဲ့ပြီး မနှစ်က ဘရန့်ဖိုဒ့်ကနေ အငှား + အပြီးသတ် နဲ့ ခေါ်ယူထားတဲ့ ဂိုးသမား ဒေးဗစ် ရာယာကိုတော့ အပြီးသတ်ဝယ်ယူလိုက်ပါတယ်။အခုလည်း အာဆယ်နယ်က ရမ်းစ်ဒေးလ်ကို သေချာပေါက် လက်လွတ်ရတော့မှာမို့ သူ့နေရာမှာ အစားထိုးဖို့အတွက် ဂိုးသမား တစ်ဦးပြန်လည်ခေါ်ယူမှာ ဖြစ်သလို တကယ်လို့ နယ်လ်ဆန်လည်း အသင်းက နေထွက်သွားမယ်ဆိုရင် ညာတောင်ပံနေရာမှာ အဓိက ကစားနိုင်တဲ့ Winger တစ်ဦးကိုပါ ထပ်မံခေါ်ယူသွားနိုင်ပါတယ်။

Start a Conversation

Your email address will not be published. Required fields are marked *