ခေတ်အဆက်ဆက် သမိုင်းတလျှောက် နည်းပြတွေ အဆက်ဆက် ပြောင်းလဲခဲ့တာတောင် အခြားခြားသော ဖလားတွေ အရယူနိုင်ခဲ့ပေမဲ့ ဂန္တဝင်နည်းပြဖြစ်တဲ့ အာဆင်ဝင်းဂါး ၊ အမ်မရီ နဲ့ နောက်ဆုံး လက်ရှိ နည်းပြ အာတီတာလက်ထက်ထိကို အာဆင်နယ် နဲ့ ချန်ပီယံလိဂ် ဆိုတာမဆုံးသောလမ်းဆိုသလို ဘယ်ရထားမှာ လွဲလို့ လွဲမှန်းမသိ အောင်ကို လွဲနေခဲ့တာပါ။ ဖြတ်သန်းခဲ့တဲ့ နှစ်တွေတလျှောက်ပြန်ကြည့်မယ်ဆိုရင် ၂၀၀၅ – ၂၀၀၆ ရာသီက ဖိုင်နယ် အဆင့်ထိ တက်နိုင်ခဲ့ပြီး ဘာစီလိုနာအသင်း ရဲ့ (၂ – ၁) နဲ့ အသဲခွဲခြင်းကို ခံလိုက်ရ ကတည်းကကို ဖိုင်နယ်ကို ထပ်မရောက်တော့ပါဘူး။ ဆီမီးဖိုင်နယ်ကို ၂၀၀၅-၂၀၀၆ / ၂၀၀၈-၂၀၀၉ နဲ့ ၂၀၂၄-၂၀၂၅ (လက်ရှိရာသီ) တွေမှာ ၃ ကြိမ်ရောက်ဖူးတဲ့ မှတ်တမ်းလေးတွေတော့ ဒုတိယမြောက် အမြင့်ဆုံး အောင်မြင်မှု အဖြစ်ရရှိခဲ့ပါတယ်။
လက်ရှိရာသီ အာဆင်နယ် နဲ့ ချန်ပီယံလိဂ်
ဒီနှစ်မှာ အာဆင်နယ် အနေနဲ့ ချန်ပီယံလိဂ် ရနိုင်ဖို့ အလားလာများစွာရှိနေတယ်ဆိုပေမဲ့ နောက်ဆုံးကန်ခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲစဥ်မှာ PSGကို အိမ်ကွင်း ပ-ကျော့မှာ (0-1) ရှုံးနိမ့်ထားတာက ဖိအားတခုအနေနဲ့ ရှိနေတယ်ဆိုတာတော့ အမှန်ပါပဲ။ ၄ သင်းပဲ ကျန်တော့တဲ့အချိန် တဖက်မှာလဲ ရလဒ် မပျက်မသား သရေ ကျထားတဲ့ ဘာစီလိုနာ နဲ့ အင်တာမီလန် ပ-ကျော့ ရလဒ် အရဆိုရင် ဘယ်အသင်းနောက်တဆင့်တက်လာနိုင်မလဲဆိုတာကို ခန့်မှန်းလို့မရ သေးတဲ့အခြေအနေဖြစ်နေတဲ့အတွက် စိတ်ဝင်စားဖို့ကောင်းတဲ့ ချန်ပီယံလိဂ်ရာသီ ဆိုရင်လဲမမှားပါဘူး ။ ၁၆ အသင်း ရှံးထွက် အဆင့်ကနေ PSV ကို ၂ ကျော့ပေါင်း (9-3) ဆိုတဲ့ ရလဒ် နဲ့ ကွာတားဖိုင်နယ်မှာလဲ ချန်ပီယံလိဂ် ဘုရင်ကြီး ရီးရဲလ်ကို ၂ ကျော့ပေါင်း (5-1) နဲ့ အမှောက်သိပ်ခဲ့ပြီး ထိုက်ထိုက်တန်တန် နဲ့ ဆီမီးတက်လာတာဖြစ်တဲ့အတွက် အသင်းပရိတ်သတ်တွေ အနေနဲ့ အရမ်းမျှော်မှန်းထားတဲ့ ရာသီ ၁ ခုလဲဖြစ်ပါတယ်။
ဒီနှစ်အစောပိုင်းပွဲစဥ်တွေမှာ PSG ကို အိမ်ကွင်းမှာ အနိုင်ရခဲ့ဖူးပေမဲ့ ကြားကာလအတွင်း PSG အသင်းရဲ့ အင်္ဂလန်အသင်းတွေကို ဦးတည်ရှင်ကစားနိုင်ဖို့ပြင်ဆင်ထားပုံကလဲ လျော့တွက်လို့တော့ မရပါဘူး။ PSG အသင်းအနေနဲ့လဲ အာဆင်နယ်လို ချန်ပီယံလိဂ်ဖလား မရဖူးတဲ့ သမိုင်းကြောင်းကို ခြေဖျက်နိုင်ဖို့အတွက် အကောင်းဆုံးကစားလာမှာ ဖြစ်တဲ့အတွက် မေလ ၇ ရက်နေ့မှာ ကန်သွားမဲ့ ဒုတိယကျော့ ဆီးမီးဖိုင်နယ်ပွဲစဥ်ဟာ ဘာတွေဖြစ်လာမလဲ ဘယ်လိုရလဒ်တွေထွက်လာမလဲဆိုတာကို အားလုံးပဲ ရင်တမမနဲ့ စောင့်မျှော်နေကြတာဖြစ်ပါတယ်။ ဘောလုံးဆိုတာဘာမဆိုဖြစ်သွားနိုင်တာ မလို့ PSG ကို ကျော်ဖြတ်ပြီး အာဆင်နယ် အသင်း အနေနဲ့ ဖိုင်နယ်တက်သွားခဲ့ရင်လဲ တဖက်မှာတက်လာမဲ့ ဘာစီလိုနာတို့ ၊ အင်တာမီလန်တို့ဆိုတာလဲ ခေသူတွေ မဟုတ်တဲ့ အတွက် ချန်ပီယံဖြစ်ဖို့အတွက်အစွမ်းကုန်ကြိုးစားရဦးမှာဖြစ်ပါတယ်။
အာဆင်နယ်အသင်း လက်ရှိအတွင်းရေး
ချန်ပီယံလိဂ်အတွက် အလားအလာကောင်းတဲ့ အသင်း ၁ ခု အနေနဲ့ ရှိနေပေမဲ့ အာဆင်နယ်ဟာ ပြည်တွင်း ဖလားမှာ ဒုတိယလူ ဖြစ်နေတာ ၃ ဆက်လောက်ဖြစ်နေတာတွေရယ် ၊ အရေးကြီးတဲ့ ဖလားတွေကို မယူနိုင်ခဲ့တာတွေရယ်ကြောင့် နည်းပြ အာတီတာကို နှုတ်ထွက်စေချင်တဲ့ ပရိတ်သတ်တွေကလဲ အများအပြားဖြစ်နေပါတယ်။ လောလောလတ်လတ် ဖလားရထားတဲ့ လီဗာပူးလ် ပရိတ်သတ်တွေရဲ့ လှောင်ပြောင်မှုတွေ ၊ တခြား အသင်းပရိတ်သတ်တွေရဲ့ လှောင်ပြောင်မှုတွေဟာ ဆိုရင်လဲ ဆိုရှယ်မီဒီယာတွေ အထက်မှာ အများအပြားတွေ့နေရပါသေးတယ်။ ဆာကာ ဒဏ်ရာက ပြန်သက်သာလာတဲ့အပြင် အသင်းရဲ့ လိုအပ်ချက်ရယ်လို ကြီးကြီးမားမားအနေ တိုက်စစ်ကစားသမား စစ်စစ် တွေသာ လိုအပ်နေတာပါ။ ဒီလိုအခြေအနေမှာ အသင်းအနေနဲ့ အာတီတာကို ထုတ်ပယ်ဖို့လဲ မရှိသလို သူ့အနေနဲ့ အသင်းကထွက်ဖို့ဆိုတာလဲ ဖြစ်နိုင်ချေအလွန်နည်းလွန်းလှပါတယ်။ ဒါကြောင့် သရဲဘောကြောင်တယ်ဆိုတဲ့ စွပ်စွဲချက်အသံတွေကို အာတီတာအနေနဲ့ တိတ်ဆိတ်သွားအောင် အာဆင်နယ် နဲ့ ချန်ပီယံလိဂ် ထိုက်တန်ကြောင်း သမိုင်းသစ်ရေးထိုးနိုင်မလားဆိုတာအားလုံးပဲစောင့်ကြည့်ရပါလိမ့်မယ်။
Leave a Reply