ဧပြီ (၅) ပွဲကြိုသုံးသပ်ချက်

ဧပြီ (၅) ရက် ညမှာ ကန်မယ့်ပွဲစဉ်ကောင်း များဖြစ်တဲ့

  • အယ်ဗာတန် VS အာဆင်နယ်
    England Premier League
    [ မြန်မာစံတော်ချိန် ည ၀၆း၀၀ နာရီ ၊ ဧပြီ ၅ ]
  • ခရစ္စတယ်ပဲလေ့စ် VS ဘရိုက်တန်
    England Premier League
    [ မြန်မာစံတော်ချိန် ည ၀၈း၃၀ နာရီ ၊ ဧပြီ ၅ ]
  • ဝက်စ်ဟမ်း Vs ဘုန်းမောက်
    England Premier League
    [ မြန်မာစံတော်ချိန် ည ၀၈း၃၀ နာရီ ၊ ဧပြီ ၅ ]
  • အက်စတွန်ဗီလာ Vs နော်တင်ဟမ်
    England Premier League
    [ မြန်မာစံတော်ချိန် ည ၁၁း၀၀ နာရီ ၊ ဧပြီ ၅ ]
  • ရီးရဲလ်မက်ဒရစ် Vs ဗယ်လင်စီယာ
    Spain Laliga
    [ မြန်မာစံတော်ချိန် ည ၀၈း၄၅ နာရီ ၊ ဧပြီ ၅ ]
  • ပါးမား Vs အင်တာမီလန်
    Italy Serie A
    [ မြန်မာစံတော်ချိန် ည ၁၀း၃၀ နာရီ ၊ ဧပြီ ၅ ]
  • ပီအက်စ်ဂျီ Vs အန်းဂါး
    Ligue 1
    [ မြန်မာစံတော်ချိန် ည ၀၉း၃၀ နာရီ ၊ ဧပြီ ၅ ]

    တို့ရဲ့ ပွဲကြိုသုံးသပ်ချက်

Everton [Vs] Arsenal

[ မြန်မာစံတော်ချိန် ည ၀၆း၀၀ နာရီ ၊ ဧပြီ ၅ ]

အယ်ဗာတန် အသင်းလက်ရှိအခြေအနေ

အဓိက ကစားသမားတွေ ဒဏ်ရာပြဿနာ နဲ့ ရင်ဆိုင်နေရတဲ့အချိန်ကို ရင်ဆိုင်နေရတဲ့ အဲဗာတန်အသင်းအခြေနေက နောက်ပိုင်းကစားထားတဲ့ ပွဲစဥ်တော်တော် များများဟာ သရေ ရလဒ်တွေသာများနေပါတယ်။ မာဆေးဆိုက် ဒါဘီမှာ Liverpool ကို ရှုံးနိမ့်ထားပေမဲ့ နောက်တန်းအခြေနေ ကောင်းနေပါသေးတယ် ။ Iliman Ndiaye တယောက်ဒီပွဲမှာ ပြန်ပါလာနိုင်မလား စောင့်ကြည့်ရပါမယ်။

အာဆင်နယ် အသင်းလက်ရှိအခြေအနေ

Saka ပြန်လာပြီ ဖြစ်တဲ့ အာဆင်နယ် ဟာ တိုက်စစ်ပိုင်း အနည်းငယ် ပြန်တောင့်တင်းလာပြီ ဆိုပေမဲ့ တချို့ ဒဏ်ရာရ သူတွေ ကျန်နေပါသေးတယ် ။ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ နိုင်သင့်တဲ့အသင်းအားလုံးကို နိုင်ထားပြီး ရလဒ်ကောင်းတွေ ဖန်တီးထားနိုင်တယ်လို့ဆိုရပါမယ် ။ လိဂ်ဖလားအိပ်မက် အဆုံးသတ်ဖို့ နည်းနေပြီ ဆိုပေမဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ပိုမိုသေချာအောင် အာတီတာ အားထုတ်လာမှာပါ။

ခန့်မှန်းချက်

အိမ်ကွင်းမှာ အာဆင်နယ်ကို ဧည့်ခံကစားခဲ့တဲ့ ပွဲစဥ်တွေ တော်တော်များများမှာ အဲဗာတန်ဟာ ခံကစားနိုင်ခဲ့တဲ့ သမိုင်းတွေ အနိုင်ရခဲ့ ရလဒ်တွေ ရှိနေခဲ့ပြီးသားပါ ။ ဘော်ဒီ 1+70 နဲ့ ဂိုးပေါင်း 2 -20 မှာ ဂိုးနည်းဖို့များပြီး အာဆင်နယ် ဘော်ဒီလေး ပုံအောပြီး ၁ ဂိုး အသာလောက် နဲ့ နိုင်အောင် အားပေးလိုက်ရအောင်ဗျာ ။

Crystal Palace [Vs] Brighton

[ မြန်မာစံတော်ချိန် ည ၀၈း၃၀ နာရီ ၊ ဧပြီ ၅ ]

ခရစ်စတယ်ပဲလေ့စ် အသင်းလက်ရှိအခြေအနေ

အိမ်ကွင်းဆို တည်ငြိမ်တဲ့ခြေစွမ်းနဲ့ စွမ်းဆောင်နိုင်တဲ့ ပဲလေ့စ် အသင်းရဲ့ အခြေအနေဟာ နောက်ဆုံး (၆) ပွဲမှာ (၅)ပွဲ အနိုင်ရရှိတဲ့အထိ ခြေစွမ်းပြထားနိုင်ခဲ့ပါတယ် ။ Matheus França လဲ နောက်ဆုံးမိနစ်တွေမှာ ဂိုးသွင်းလေ့ရှိတာကြောင့် ပါဝင်လာနိုင်ခြေများပြီး Will Hughes လဲ ဒဏ်ခတ်ပိတ်ပင်ခံရမှုမှ ပြန်လည်ပါဝင်လာနိုင်ခြေရှိပါတယ် ။

ဘရိုက်တန် အသင်းလက်ရှိအခြေအနေ

ပြီးခဲ့တဲ့ ပွဲစဥ်မှာ အေဗီလာကို (၃) ဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့အတွက် ဒီပွဲဟာ ဘရိုက်တန်တွေ အတွက် အရေးကြီးတယ်လို့ပြောလို့ရပါတယ် ။ ရှုံးထားတဲ့ရလဒ်တွေ အဖက်ဆယ်ပြီး ဥရောပဝင်ခွင့် နေရာ (၁) နေရာရဖို့အတွက် အားထုတ်လာမှာပါ။ကစားသမားအချို့ဟာ ဒဏ်ရာ ပြဿနာ နဲ့ မပါဝင်လာနိုင်ပေမဲ့ အဝေးကွင်း ရုန်းမယ်ဆိုတဲ့ အသံတွေလဲ ကြားနေရပါတယ် ။

ခန့်မှန်းချက်

ထိပ်တိုက်တွေ့ဆုံမှုတွေအရလဲ သူမသာ ကိုယ်မသာ နဲ့ အကြိတ်အနယ်ရှိတဲ့ ဒီနှစ်သင်းရဲ့ ပွဲစဥ်ဟာ ကြည့်ကောင်းတဲ့ ပွဲ ၁ ပွဲ အားလုံး မြင်တွေ့ရမှာပါ ။ ဘော်ဒီကြေး L + 20 ဘရိုက်တန်ရမှာ ဖြစ်ပြီး ဂိုးပေါင်း 3+70 ပေါက်နေတဲ့အနေအထားမှာ ရိုးရိုးလေးပဲ နှစ်ဖက်လုံးကို အားပေးပြီး ဂိုးပေါ်လေး ရွေးချယ်ထားကြမယ်ဗျာ ။

West Ham United [Vs] Bournemouth

[ မြန်မာစံတော်ချိန် ည ၀၈း၃၀ နာရီ ၊ ဧပြီ ၅ ]

ဝက်စ်ဟမ်း အသင်းလက်ရှိအခြေအနေ

နိုင်ပွဲပျောက်ဆုံးနေတဲ့ ဝက်စ်ဟမ်း တို့အတွက်ဒီနေ့ပွဲစဥ်မှာ ပြန်လည်ဦးဆောင်လာနိုင်မလားဆိုတာစောင့်ကြည့်ရမဲ့ အနေအထားပါ ။ Edson Álvarez နှင့် Niclas Füllkrug တို့ နှစ်ယောက် ပြန်ပါလာနိုင်မှာဖြစ်တဲ့အတွက် အားကိုးလို့ရမဲ့ ပွဲစဥ်လို့လဲ မြင်ပါတယ် ။ တန်းဆင်းဇုန်ကနေ လွတ်လွတ်ကျွတ်ကျွတ်ရှိဖို့ ဒီပွဲမှာ အိမ်ကွင်းအားနဲ့ ဖိကစားဖို့ရှိနေပါတယ် ။

ဘုန်းမောက် အသင်းလက်ရှိအခြေအနေ

အရှုံးတွေ ကြားမှာ (၃) ပွဲဆက် နိုင်ပွဲပျောက်ဆုံး နေတဲ့ ဘုန်းမောက်တို့ ကြောင်ပျောက်နေတဲ့ကာလမို့လို့ သူမသာကိုယ်မသာ လို့ပဲပြောရမဲ့အနေအထားပါ ။ ရှုံးထားတဲ့ (၃) ပွဲလုံးကလဲ အိမ်ကွင်းမှာ ဖြစ်တဲ့အတွက် အခြေနေ ကောင်းမနေပါဘူး ။ နောက်တန်းပြဿနာ အနည်းငယ် ရှိနေတဲ့အတွက် ဒီပွဲမှာလဲ ဘုန်းမောက်တို့ ရုန်းကန်ရဖို့ရှိနေပါတယ်။

ခန့်မှန်းချက်

အိမ်ကွင်း အားသာချက်နဲ့ ဝက်စ်ဟမ်းတို့ရဲ့ တူတွေ ထုဖို့ပြင်ထားပြီလို့ပြောလို့ရပါတယ် ။ ဘော်ဒီ L-40 နဲ့ ဘုန်းမောက်ဘက်က ကြေးပေးထားပြီး ဂိုးပေါင်း 3+70 ရှိနေပေမဲ့ ။ ပျက်ပျက်သားသားပဲ ဝက်စ်ဟမ်း ဘော်ဒီကို ရွေးချယ်ချင်ပါတယ်ဗျာ ။

Aston Villa [Vs] Nottingham Forest

[ မြန်မာစံတော်ချိန် ည ၁၁း၀၀ နာရီ ၊ ဧပြီ ၅ ]

အက်စတွန်ဗီလာ အသင်းလက်ရှိအခြေအနေ

တုနှိုင်းမမှီ တဲ့ အူနိုင်းမ်မရိတ်တပ်သားတွေက အမြင့်ပျံသန်းမှု အားကောင်းနေပြီး မန်ယူမှာ ခြေကျနေတဲ့ တိုက်စစ်မှူး ရက်ဖို့ဒ်ဟာ ဗီလာမှာ တဖန်ခြေစွမ်းပြန်ပြလာမှုနဲ့ ဂိုးသွင်းခြေမှန်နေကာ အသင်းအတွက်လိုအပ်တဲ့သွင်းဂိုးတွေကိုလည်း ရှာဖွေပေးနေတာမလို့ စင်ပေါ်ကအနေထားမှာရှိနေပါတယ်။

နော်တင်ဟမ် အသင်းလက်ရှိအခြေအနေ

ချန်ပီယံလိဂ်တစ်နေရာအတွက် အမှားခံမှာမဟုတ်သလို လမ်းကြောင်းမှန်ပေါ်ပြန်‌ရောက်နေတဲ့ သစ်တောတွေက မန်ယူကို ခေါ်ဆုံးမမှုနဲ့ အဆင့် (၃) နေရာရပ်တည်ထားပါတယ်။ အဝေးကွင်းအားနည်းသလို ရှိပြီး အသင်းကောင်းတွေနဲ့ဆို ခံစစ်ဦးစားပေးကစားနေတာမို့ အပြန်အလှန်သွင်းဂိုးတွေ မြင်ရဖို့မရှိဘူး။

ခန့်မှန်းချက်

အရှိန်အဟုန်ကောင်းကောင်း နဲ့ (၂) သင်းလုံးဟာ သူနေရာနဲ့ သူ အမှတ်လိုအပ်ချက်တွေနဲ့ ပိုကောင်းတဲ့ ဥရောပ ပြိုင်ပွဲတွေ ဝင်ခွင့်ရဖို့ ကြိုးပမ်းနေရတဲ့အနေအထားမှာ ဘော်ဒီ L+80 နဲ့ ဖောရက်စ်တို့ဘက်က ကြေးရမှာဖြစ်ပြီး ဂိုးပေါင်း 3+70 ရမှာဖြစ်ပါတယ်။ အခြေနေပိုကောင်းနေတဲ့ ဖောရက်စ်ဘော်ဒီထည့်ထားရင် သရေကျရင်တောင် အရှုံးမရှိပါဘူး။

ဘောလုံးဝါသနာရှင်များအတွက် အပျော်တမ်းပဲဖြစ်ဖြစ် ၊ ဝါသနာအရပဲဖြစ်ဖြစ် ဘော်ဒီ-မောင်း ကစားချင်တယ်ဆိုရင်တော့ ဒီအောက်က ဂိမ်းဆိုဒ်တွေမှာ စိတ်ကြိုက် ဘော်ဒီမောင်း ကစားနိုင်ပါပြီ။

Real Madrid [Vs] valencia

[ မြန်မာစံတော်ချိန် ည ၀၈း၄၅ နာရီ ၊ ဧပြီ ၅ ]

ရီးရဲလ် အသင်းလက်ရှိအခြေအနေ

ခံစစ်ပိုင်းပြဿနာတက်နေသလို ပလိုင်းပေါက်နဲ့ ဖားကောက်နေရတဲ့ ခံစစ်က အသင်းတိုင်းကို ဂိုးပေးနေရပါတယ်။ အမ်ဘာပေး၊ ဗင်နီစီးယက်စ် ရှိတဲ့တိုက်စစ်က ဂိုးမရမှာ မပူရတာမို့ ကြားရက် ဘုရင့်ဖလားမှာ ဆိုဆီဒက်အသင်းကို come back ပြန်လာနိုင်ခဲ့လို့သာ အသက်ရှုချောင်ခဲ့တာဖြစ်ပါတယ်။

ဗယ်လင်စီယာ အသင်းလက်ရှိအခြေအနေ

နည်းပြသစ်နဲ့အတူ ရုန်းအားကောင်းခဲ့တာမို့ တန်းဆင်းဇုန်ကို (၄)မှတ်‌တောင်ဖြတ်ထားနိုင်ခဲ့တဲ့ဗယ်လင်စီယဦတို့ ခြေညံ့အသင်းမဟုတ်တော့ကြောင်း နိုင်ပွဲတွေနဲ့ သက်သေပြထားပါတယ်။ ဒါပေမဲ့ အစဥ်အလာနဲ့ ခြေစွမ်းပိုင်းအရမ်းကိုကွာတဲ့ ရီးရဲလ်အသင်းနဲ့ ယှဥ်ကစားရမှာဖြစ်လို့ ဗယ်လင်စီယာတို့ ဒုက္ခပေးလာယုံက လွဲပြီး သရေကစားနိုင်ဖို့တောင်မလွယ်ပါဘူး။

ခန့်မှန်းချက်

ဗယ်လင်စီယာတို့ ခြေစွမ်းပြန်မှန်လာပေမဲ့ တဖက်မှာက ကန်ရမှာက ရီးရဲလ်ဖြစ်တာကြောင့် မလွယ်ကူနိုင်ပါဘူး။ ဘော်ဒီ 2+50 နဲ့ ဂိုးပေါင်း (၃) လုံးရှုံးပေါက်ထားတဲ့ ကြေးအရတော့ ဘာနေဗျူးမှာ ကြယ်စင်စုတို့ ဂိုးမိုးရွာဦးမှာမလို့ ရီးရဲလ် ဘော်ဒီပဲရွေးကြရ‌အောင်ဗျာ

Parma [Vs] Inter milan

[ မြန်မာစံတော်ချိန် ည ၁၀း၃၀ နာရီ ၊ ဧပြီ ၅ ]

ပါးမား အသင်းလက်ရှိအခြေအနေ

တန်းပြန်မဆင်းရဖို့အတွက် ပါးမားတို့ အင်အားပြည့်ရုန်းကန်နေသလို နောက်ဆုံး (၅) ပွဲမှာ အူဒီးနီးစ်တစ်သင်းသာ ရှုံးခဲ့ပြီး (၃)ပွဲဆက် သရေကစားနိုင်ခဲ့ပေမဲ့ အင်တာလိုအသင်းကောင်းကို အမှတ်ခွဲယူလာနိုင်မလားဆိုတာစောင့်ကြည့်ရမဲ့အနေအထားမှာရှိနေပါတယ်။

အင်တာ အသင်းလက်ရှိအခြေအနေ

စီးရီးအေ အမှတ်ပေးဇယားဦးဆောင်ထားတဲ့ အင်တာဟာ ပြိုင်ပွဲ အရပ်ရပ်ကစားနေသလို ကြားရက် အီတလီဖလား အေစီအရပ်မှာ သရေကျထားခဲ့ပေမဲ့ အိမ်ကွင်းပြန်ဧည့်ခံရပါမယ်။ ပွဲကြပ်ကာလထဲမှာ အမှားခံလို့မရသလို ပါးမားကိုအနိုင်ရဖို့လည်း အင်တာတို့အခက်အခဲမရှိနိုင်ပါဘူး ။

ခန့်မှန်းချက်

တဖက်မှာ တန်းမဆင်းဖို့ ပါးမားဟာ ရုန်းကန်နေရတယ်ဆိုပေမဲ့ ဒီပွဲမှာတော့ သူတို့ရုန်းအားနဲ့ အင်တာကို တွန်းလှန်နိုင်မလားစောင့်ကြည့်ရပါမယ် ။ ဘော်ဒီ 1- 20 နဲ့ အင်တာဘက်ပေးထားပြီး ဂိုးပေါင်း 3-50 ရှုံးအခြေအနေမှာ ဂိုးအောက်ပိုကြိုက်ပါတယ်။

PSG [Vs] ANGER

[ မြန်မာစံတော်ချိန် ည ၀၉း၃၀ နာရီ ၊ ဧပြီ ၅ ]

ပီအက်စ်ဂျီ အသင်းလက်ရှိအခြေအနေ

ပြိုင်ပွဲအရပ်ရပ် နိုင်ပွဲဆက် ပီအက်စ်ဂျီဟာ အရှုံးဆိုလို့ လီဗာပူးလ်တစ်သင်းသာ ရှိခဲ့ပြီး ဆက်တိုက်နိုင်ပွဲတွေနဲ့အတူ ဖလား (၃) လုံး လမ်းကြောင်းမှာ ရပ်တည်ထားကာ ဖလား (၂)လုံးကအိတ်ထဲကောက်ထည့်အဆင့်သာကျန်တဲ့အပြင် လီဂူးမှာ လက်ရှိအချိန်ထိရှုံးပွဲဆိုတာ ဘာမှန်းမသိသေးပါဘူး။

အန်းဂါးစ် အသင်းလက်ရှိအခြေအနေ

တန်းတက်အန်းဂါးစ် လက်ရှိရှုံးပွဲတွေနဲ့ ဂိုးပေါက်ပျောက်ထားတာမို့ တန်းဆင်းဇုန်ထဲက အသင်းနဲ့ တောင် နီဂမလိုဖြစ်နေချိန် ထိပ်ဆုံးက ပီအက်စ်ဂျီး နဲ့ ကစားရမှာမို့ ဂိုးပြတ်အလှူကြီး မပေးရဖို့သာ ဆုတောင်းထားရမယ် ။ ကွင်းမရွေးဂိုးမြူးနေတဲ့ ပဲရစ်တိုက်စစ်ကို ဧည့်သည်အသင်းတောင့်ခံနိုင်မှာမဟုတ်ဘူး။

ခန့်မှန်းချက်

ဗီလာ နဲ့ ချန်ပီယံလိဂ် ကစားရဖို့ရှိတာမို့ 2-90 ပေါက်တဲ့ ဒမ်ဘီလီ ၊ ကာဗာစကီလီယာတို့ ဂိုးပြတ်နိုင် မနိုင်ပဲကြည့်ရမှာပါ ။ (၄)ဂိုးခွာတဲ့ ဂိုးပေါင်းကြေးရော ဘော်ဒီ ကြေးအရဆို ပီအက်စ်ဂျီဘော်ဒီပဲရွေးချင်ပါတယ်။

ဘောလုံးဝါသနာရှင်များအတွက် အပျော်တမ်းပဲဖြစ်ဖြစ် ၊ ဝါသနာအရပဲဖြစ်ဖြစ် ဘော်ဒီ-မောင်း ကစားချင်တယ်ဆိုရင်တော့ ဒီအောက်က ဂိမ်းဆိုဒ်တွေမှာ စိတ်ကြိုက် ဘော်ဒီမောင်း ကစားနိုင်ပါပြီ။

Start a Conversation

Your email address will not be published. Required fields are marked *