ဧပြီ (၂၀) ပွဲကြိုသုံးသပ်ချက်

ဧပြီ (၂၀) ရက် ညမှာ ကန်မယ့်ပွဲစဉ်ကောင်း များဖြစ်တဲ့

  • မန်ယူ [Vs] ဝုဗ်
    England Premier League
    [ မြန်မာစံတော်ချိန် ည ၀၇း၃၀ နာရီ ၊ ဧပြီ ၂၀ ]

  • ဖူလ်ဟမ် [Vs] ချဲလ်ဆီး
    England Premier League
    [ မြန်မာစံတော်ချိန် ည ၀၇း၃၀ နာရီ ၊ ဧပြီ ၂၀ ]

  • အစ်ဆွစ် [Vs] အာဆင်နယ်
    England Premier League
    [ မြန်မာစံတော်ချိန် ည ၀၇း၃၀ နာရီ ၊ ဧပြီ ၂၀ ]

  • လက်စ်တာ [Vs] လီဗာပူးလ်
    England Premier League
    [ မြန်မာစံတော်ချိန် ည ၁၀း၀၀ နာရီ ၊ ဧပြီ ၂၀ ]

  • ရီးရဲလ် [Vs] ဘီလ်ဘာအို
    Spain LaLiga
    [ မြန်မာစံတော်ချိန် နံနက် ၀၁း၃၀ ၊ ဧပြီ ၂၁ ]

  • ဘိုလော့ဂ်နာ VS အင်တာ
    Italy Serie A
    [ မြန်မာစံတော်ချိန် ည ၁၀း၃၀၊ ဧပြီ ၂၀ ]

  • အေစီ VS အတ္တလန်တာ
    Italy Serie A
    [ မြန်မာစံတော်ချိန် နံနက် ၀၁း၁၅၊ ဧပြီ ၂၁ ]

  • ဒေါ့မွန် VS မိုချန်ဂလာဘတ်
    Germany Bundesliga
    [ မြန်မာစံတော်ချိန် ည ၁၀း၀၀ နာရီ ၊ ဧပြီ ၂၀ ]

တို့ရဲ့ ပွဲကြိုသုံးသပ်ချက်

Manchester United [Vs] Wolves

[ မြန်မာစံတော်ချိန် ည ၀၇း၃၀ နာရီ ၊ ဧပြီ ၂၀ ]

မန်ယူအသင်း လက်ရှိအခြေအနေ

ကြားရက်ယူရိုပါလိဂ် ပွဲစဥ်ဟာ ရသအပြည့်ပေးနိုင်ခဲ့တဲ့ပွဲဖြစ်ခဲ့သလို အပြန်အလှန် come back တွေအောက်မှာ သရဲနီတွေဟာ ပိုပြီးစိတ်လှုပ်ရှားမှုပေးခဲ့ပါတယ်။ ဂေါင်းကြီး မက်ကွိုင်းယားရဲ့ လှပတဲ့ အနိုင်ဂိုးနဲ့ လိုင်ယွန်ကို ဖြုတ်ချနိုင်ခဲ့ပြီး ဆီမီးအဆင့်မှာ ဘီလ်ဘာအိုနဲ့ကစားရမှာပါ။

ဝုဗ်အသင်း လက်ရှိအခြေအနေ

ကွင်းမရွေးဂိုးမြူးနေပြီး တန်းဆင်းဇုန်ကို သက်သောင့်သက်သာ ရမှတ်ဖြတ်နိုင်ခဲ့တာမို့ ဝံပုလွေတပ်သားတွေဖိအားမရှိတော့ပါဘူး။ ၅ ပွဲဆက်ရှုံးပွဲမရှိ ၄ ပွဲဆက်နိုင်ထားတဲ့ ဝုဗ်ဟာ ပရီးမီးယားလိဂ်မှာ အာရုံစိုက်မှုနည်းပါးနေတဲ့ မန်ယူကို ဒီရာသီအိမ်ကွင်းမှာ ဂိုးပြတ်နိုင်ခဲ့ပေမဲ့ အဝေးကွင်းမှာခက်ခဲနိုင်ပါတယ်။

ခန့်မှန်းချက်

ယူရိုပါလိဂ်ကစားထားရပြီး မိနစ် ၁၂၀ ထိ ရုန်းထားရတဲ့ ပွဲပန်းနေတဲ့ သရဲနီတို့ကို အိုးထရက်ဖို့ဒ်မှာ လန်းဆန်းလာနိုင်ဖို့မရှိဘူး။ မန်ယူဘော်ဒီ L-30 ရှုံး နဲ့ ဂိုးပေါင်း 2+90 အနေထားမှာတော့ ဂိုးပေါ်လေးပဲထည့်ပြီးအားပေးလိုက်ပါမယ်။

Fulham [Vs] Chelsea

[ မြန်မာစံတော်ချိန် ည ၀၇း၃၀ နာရီ ၊ ဧပြီ ၂၀ ]

ဖူလ်ဟမ်အသင်း လက်ရှိအခြေအနေ

ပေါက်ကွဲလာမဲ့ လန်ဒန်ဒါဘီနှစ်သင်းတွေ့ဆုံမှုမှာ ဥရောပတစ်နေရာ မျှော်လင့်ချက်ရှိသေးသလို စပါး၊ လီဗာပူးလ်အသင်းတွေဥို ခေါ်ဆုံးမနိုင်ခဲ့တဲ့ မာကိုဆေးလ်ဗားတပ်သားတွေဟာ အဝေးကွင်းရှုံးပွဲဆက်နေပေမဲ့ အိမ်ကွင်းမှာမျက်နှာပန်းလှနေပါတယ်။

ဝုဗ်အသင်း လက်ရှိအခြေအနေ

ကြားရက်မှာ လီဂါဝါဆောကို ရှုံးခဲ့ပေမဲ့ ကွန့်ဖရန့်လိဂ်ဆီမီးအဆင့်တက်သွားတဲ့ ခြင်္သေ့ပြာတွေဟာ ရလဒ်ပေါင်းစုံထွက်နေပြီး ချန်ပီယံလိဂ်တစ်နေရာက ကန်ချခံခဲ့ရတာမို့ ဖူလ်ဟမ်ကိုအနိုင်ကစားထားဖို့လိုပါတယ်။

ခန့်မှန်းချက်

ချဲလ်ဆီးအနေနဲ့စတမ်းဖို့ဒ်ဘရေ့မှာ ရှုံးခဲ့သလို လက်ရှိအခြေအနေအရ ရှုံးကြွေးပြန်ဆပ်နိုင်ဖို့လဲ မလွယ်ကူပါဘူး။ ဘော်ဒီ L-20 ရှုံးပြန်ပေးထားတဲ့ ချဲလ်ဆီးဘော်ဒီကြေး နဲ့ ဂိုးပေါင်း 3+70 ကြေးအရဆိုရင်တော့ ဂိုးပေါ်လေးပေးရိုက်ထားလိုက်မယ်။

Ipswich Town [Vs] Arsenal

[ မြန်မာစံတော်ချိန် ည ၀၇း၃၀ နာရီ ၊ ဧပြီ ၂၀ ]

အစ်ဆွစ်အသင်း လက်ရှိအခြေအနေ

တန်းဆင်းဇုန်အထက်က အသင်းနဲ့ ၁၄ မှတ်ထိကွာဟမှုရှိနေတဲ့ အစ်ဆွစ်ဟာ အဝေးကွင်း ၂ ပွဲဆက် ရှုံးပွဲမရှိခဲ့ပေမဲ့ အိမ်ကွင်းမှာ နလန်ပြန်မထူနိုင်သေးပါဘူး။ ခံစစ်ညံ့ဖျင်းပြီး အဆင့် ၂ က အာဆင်နယ်ကို ရင်ဆိုင်ရမှာဖြစ်လို့ အစ်ဆွစ်တို့ အိမ်ကွင်း မျက်နှာ ဆက်ငယ်ရနိုင်ပါတယ်။

အာဆင်နယ်အသင်း လက်ရှိအခြေအနေ

ဂန်းနားတွေဟာ ပရီးမီးယားလိဂ် ချန်ပီယံပြေးလမ်းနဲ့ မပတ်သတ်တော့သလို ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့သာ ရုန်းထားတော့မှာပါ။ ကြားရက်ကစားထားသလို ချန်ပီယံလိဂ်ဖလား ၁၅ ကြိမ်ရဘုရင်ကြီးကို ၂ ကျော့စလုံး အခက်ခဲမရှိ ဆုံးမနိုင်ခဲ့တဲ့ အာတီတာရဲ့ ဂန်းနားတွေကို ချီးကျူးသင့်ပါတယ်။

ခန့်မှန်းချက်

အစ်ဆွစ်အရပ်မှာ 1-50 ကြေးပြန်ပေးထားတဲ့ဂန်းနားတွေ ၂ ဂိုးပြတ်နိုင်တာထက် ဂိုးပေါင်းကြေး 3+50ပေးထားတဲ့ ဂိုးပေါ်ရွေးချယ်တာက ပိုစိတ်ချရပါမယ်။

Leicester City [Vs] Liverpool

[ မြန်မာစံတော်ချိန် ည ၁၀း၀၀ နာရီ ၊ ဧပြီ ၂၀ ]

လက်စ်တာအသင်း လက်ရှိအခြေအနေ

လက်စ်တာရဲ့ တန်းဆင်းဇုန် အဆုံးအဖြတ်ပွဲဖြစ်ပြီး ရဲရဲနီရှံးပွဲအောက်က ရမှတ်ပြတ်နေခဲ့တာမို့ မြေခွေးတွေပြန်လာနိုင်ဖို့မရှိတော့ဘူး။ တိုက်စစ်ကသွင်းဂိုးနဲ့ဝေးကွာခဲ့တာကြာပြီဖြစ်တဲ့ လက်စ်တာဟာ သရေတစ်မှတ်နဲ့အတူ ဇင်ယော်တွေအရပ်မှာ ဂိုးတွေပြန်မြင်ခဲ့ရတယ်။

လီဗာပူးလ်အသင်း လက်ရှိအခြေအနေ

ထိပ်ဆုံးက ကြိုးကြာနီတွေဟာ ပရီးမီးယားလိဂ်ဖလား သိမ်းပိုက်နိုင်ဖို့ ၂ ပွဲဆက် အနိုင်ရလဒ်တစ်ခုသာရဖို့ လိုပါတော့တယ်၊ ဒီရာသီအဝေးကွင်းရှုံးပွဲမရှိစံချိန်ဟာ နောက်ဆုံးသွားကစားခဲ့တဲ့ အနောက်လန်ဒန်မှာ ရိုက်ချိုးခံလိုက်ရတာမို့ လက်စ်တာအသင်းနဲ့ ပြန်ရုန်းထရမှာပါ။

ခန့်မှန်းချက်

2+20ထိ ဘော်ဒီကြေးပြင်းထားတဲ့အပြင် ဂိုးပေါင်းကြေး 3-60 ဆိုတော့ကာ စျေးပြင်းပေမဲ့ ကင်းပါဝါမှာ ကြိုးကြာနီတွေ ဂိုးသွင်းမုန်းတိုင်းတိုက်ခတ်မှာမလို့ ဘော်ဒီ အပေါ်ကိုင်လိုက်မယ်ဗျာ။

ဘောလုံးဝါသနာရှင်များအတွက် အပျော်တမ်းပဲဖြစ်ဖြစ် ၊ ဝါသနာအရပဲဖြစ်ဖြစ် ဘော်ဒီ-မောင်း ကစားချင်တယ်ဆိုရင်တော့ ဒီအောက်က ဂိမ်းဆိုဒ်တွေမှာ စိတ်ကြိုက် ဘော်ဒီမောင်း ကစားနိုင်ပါပြီ။

Real Madrid [Vs] Athletic Club

[ မြန်မာစံတော်ချိန် နံနက် ၀၁း၃၀ ၊ ဧပြီ ၂၁ ]

ရီးရဲလ်အသင်း လက်ရှိအခြေအနေ

ကြားရက်ချန်ပီယံလိဂ်အရှုံးက ထွက်ခဲ့ရပေမဲ့ ဘာနေဗျူးမှာ ဂန်းနားတွေကို ဆက်လက်ဒူးထောက်ခဲ့ရတဲ့ ရီးရဲလ်ခြေစွမ်းက အတော်လေးညံ့ခဲ့ပါတယ်၊ လာလီဂါမှာလည်း ၄ မှတ်ပြတ်နေခဲ့တဲ့ အန်ဆယ်လော့တပ်သားတွေ ပွဲဆက်တွေကြားမှာ ပြိုလဲနေတာပါ။

ဘီလ်ဘာအိုအသင်း လက်ရှိအခြေအနေ

လမ်းကြောင်းမှန်ပေါ်လျှောက်နေပြီး ချန်ပီယံလိဂ်ဝင်ခွ၍့်နေရာ ပြန်ရယူထားတဲ့ ဘီလ်ဘာနိုဟာ ပြိုင်ပွဲစုံ ၈ ပွဲဆက်မရှုံးထားသလို လာလီဂါနောက်ဆုံး ၂၂ ပွဲမှာ တီကိုတစ်သင်းသာ ရှုံးခဲ့ပါတယ်။ အဝေးကွင်းခြေက အားရစရာမရှိသလို ဂိုးသွင်းခြေလည်းမရှိတာမို့ ရီးရဲလ်ကွင်းမှာ ရုန်းကန်ရဦးပါမယ်။

ခန့်မှန်းချက်

1+40 ဘော်ဒီကြေးအလှလေးနဲ့ ဂိုးပေါင်းကြေးမြှင့်ထားတဲ့ 3-50 အနေထားမှာ ဥရောပွဲကစားထားတာဖြစ်တဲ့ နှစ်သင်းဟာ ချန်ပီယံလိဂ်အရှုံးက ပေါက်ကွဲထွက်လာမဲ့ အိမ်ကွင်းဘော်ဒီပဲကိုင်ထားလိုက်ပါမယ်။

Bologna [Vs] Inter Milan

[ မြန်မာစံတော်ချိန် ည ၁၀း၃၀၊ ဧပြီ ၂၀ ]

ဘိုလော့ဂ်နာအသင်း လက်ရှိအနေအထား

နိုင်ပွဲတွေနဲ့ ခြေစွမ်းတောက်လျှောက်ကောင်းနေတဲ့ ဘိုလော့ဂ်နာဟာ အတ္တလန်တာကို ဂိုးပြတ်ဒူးထောက်ခဲ့ရတာမို့ ချန်ပီယံလိဂ်တစ်နေရာက ကန်ချခံလိုက်ရပါတယ်၊ ဇယားအထက်က အသင်းကောင်းတွေနဲ့ ဆက်တိုက်ကစားနေရတဲ့ သူတို့အသင်းဟာ ထိပ်ဆုံးက အင်တာနဲ့ အစမ်းသပ်ခံရပါဦးမယ်။

အင်တာအသင်း လက်ရှိအနေအထား

အင်တာဟာ ချန်ပီယံလိဂ်ကစားထားရထားရလို့ ပွဲပန်းလာနိုင်သလို စီးရီးအေး အဝေးကွင်းနောက်ဆုံး ၆ ပွဲမှာ ၁ ပွဲသာနိုင်ခဲ့ပါတယ်၊ ဘိုလော့ဂ်နာဟာ အိမ်ကွင်းအမာဆုံးအသင်းဖြစ်ပြီး ဗီရိုနာကို ကံဆိုးပြီးရှုံးခဲ့တဲ့ ၁ ပွဲသာရှိခဲ့တာမို့ အင်တာတို့ ခက်ခက်ခဲခဲကျော်ဖြတ်ရမှာပါ။

ခန့်မှန်းချက်

သူတို့နှစ်သင်းကြား နောက်ပိုင်းတွေ့ဆုံမျု ၅ ပွဲမှာ အင်တာအသင်း ၁ ပွဲသာနိုင်ခဲ့သလို ဘော်ဒီ ဒဲ့ ကြေး နဲ့ ဂိုးပေါင်း 2-50 စျေးမှာတော့ ဂိုးအောက်ဘက်က ပိုအလေးပေးချင်ပါတယ်။

AC Milan [Vs] Atalanta

[ မြန်မာစံတော်ချိန် နံနက် ၀၁း၁၅၊ ဧပြီ ၂၁ ]

အေစီအသင်း လက်ရှိအခြေအနေ

ပြီးခဲ့တဲ့အပတ်က အူဒီးနီးစ်အိမ်ကွင်းမှာ ၄ ဂိုးပြတ်နဲ့ ပေါက်ကွဲနိုင်ခဲ့တဲ့ မီလန်သားတွေရဲ့ ခြေစွမ်းက ယုံကြည်လို့မရသေးသလို ဥရောပတစ်နေရာ ပြန်ရဖို့တောင် မနည်းရုန်းကန်နေရပါတယ်၊ စီးရီးအေမှာ ရလဒ်ပေါင်းစုံထွက်နေပြိး တိုက်စစ်ကောင်းအသင်းတွေနဲ့ဆို ခံစစ်မမာပါဘူး။

အတ္တလန်တာအသင်း လက်ရှိအခြေအနေ

ပြီးခဲ့အပတ်ကမှ နိုင်ပွဲပြန်တွေ့ထားခဲ့တဲ့ အတ္တလန်တာဟာ ချန်ပီယံပြေးလမ်းပေါ်က နှုတ်ဆက်ခဲ့ရသလို ချန်ပီယံလိဂ်ကစားရဖို့သာ အာရုံစိုက်ရပါမယ်၊ အဝေးကွင်းနောက်ဆုံး ၁၃ ပွဲမှာ ဖီအိုတစ်သင်းကို ကပ်ရှုံးခဲ့တာကလွဲရင် အတ္တလန်တာရဲ့ အဝေးကွင်းစွမ်းဆောင်ရည်က အေစီကို ခံကစားနိုင်မှာပါ။

ခန့်မှန်းချက်

သ‌ရေဆို ပြားစွန်းလေးစားရမဲ့ ဧည့်သည်ဘော်ဒီကြေးရယ် ဂိုးပေါင်းကြေး 3+30 ကြေးမှာတော့ အတ္တလန်တာ ဘော်ဒီပိုကြိုက်ပါတယ်။

Dortmund [Vs] M’gladbach

[ မြန်မာစံတော်ချိန် ည ၁၀း၀၀ နာရီ ၊ ဧပြီ ၂၀ ]

ဒေ့ါမွန်အသင်း လက်ရှိအခြေအနေ

နောက်ကပြန်လိုက်ကစားခဲ့ရလို့သာ ဒေ့ါမွန်တို့ ချန်ပီယံလိဂ်က နှုတ်ဆက်ခဲ့ရသလို ဘာစီလိုနာကို ပြန်လည်ဧည့်ခံမှုမှာ စုဖွဲ့မှုအားအတော်လေးကောင်းခဲ့ပြီး ဂိုးပေါက်တည့် နှစ်ကြိမ်သာ ခွင့်ပြုထားခဲ့တဲ့ အဝါရောင်တပ်သားတွေဟာ ဥရောပဝင်ခွင့်ကိုပဲ အာရုံစိူက်ရပါတော့မယ်။

မိုချန်ဂလာဘတ်အသင်း လက်ရှိအခြေအနေ

ဥရောပတစ်နေရာကို ဝင်လိုက်ထွက်လိုက်လုပ်နေပြီး ဇယားအထက်က အသင်းကောင်းတွေနဲ့ ဆက်တိုက်ကစားနေရတာမို့ ရလဒ်မတည်မငြိမ်ဖြစ်နေတာပါ။ အဝေးကွင်းနောက်ဆုံး ၅ ပွဲမှာ ၄ ပွဲနိုင် ဂလာဘတ်ဟာ ပွဲပန်းနေနိုင်တဲ့ ဒေါ့မွန်အသင်းကို ဒုက္ခပေးဖို့ ကြိုးစားနိုင်ပါတယ်။

ခန့်မှန်းချက်

ဘော်ဒီစျေး ဂိုးပေါင်းစျေးပြင်းတဲ့ ကြေးတွေကိုကြည့်မယ်ဆိုရင် 1-100 ရှုံး ဒေါ့မွန်ဘက်ကပေးထားပြီး 4+50 ထိဂိုးပေါင်းကြေးပေါက်ထားပါတယ်။ ချန်ပီယံလိဂ်ပြုတ်ဒေါ့မွန်တို့ ဂိုးသွင်းလာမယ်ဆိုပေမဲ့ ဂိုးအောက်ပိုကြိုက်ပါတယ်။

ဘောလုံးဝါသနာရှင်များအတွက် အပျော်တမ်းပဲဖြစ်ဖြစ် ၊ ဝါသနာအရပဲဖြစ်ဖြစ် ဘော်ဒီ-မောင်း ကစားချင်တယ်ဆိုရင်တော့ ဒီအောက်က ဂိမ်းဆိုဒ်တွေမှာ စိတ်ကြိုက် ဘော်ဒီမောင်း ကစားနိုင်ပါပြီ။

Comments

Leave a Reply

Your email address will not be published. Required fields are marked *