ဧပြီ (၁၉) ပွဲကြိုသုံးသပ်ချက်

ဧပြီ (၁၉) ရက် ညမှာ ကန်မယ့်ပွဲစဉ်ကောင်း များဖြစ်တဲ့

  • အဲဗာတန် [Vs] မန်စီးတီး
    England Premier League
    [ မြန်မာစံတော်ချိန် ည ၀၈း၃၀ နာရီ ၊ ဧပြီ ၁၉ ]

  • ဘရန့်ဖို့ဒ် [Vs] ဘရိုက်တန်
    England Premier League
    [ မြန်မာစံတော်ချိန် ည ၀၈း၃၀ နာရီ ၊ ဧပြီ ၁၉ ]

  • ဗီလာ [Vs] နယူးကာဆယ်
    England Premier League
    [ မြန်မာစံတော်ချိန် ည ၁၁း၀၀ နာရီ ၊ ဧပြီ ၁၉ ]

  • ဘာစီလိုနာ [Vs] ဆဲလ်တာဗီဂို
    Spain LaLiga
    [ မြန်မာစံတော်ချိန် ည ၀၈း၄၅ နာရီ ၊ ဧပြီ ၁၉ ]

  • လက်စ်ပါးမက်စ် [Vs] အေတီကို
    Spain LaLiga
    [ မြန်မာစံတော်ချိန် နံနက် ၀၁း၃၀ ၊ ဧပြီ ၂၀ ]

  • ရိုးမား VS ဗီရိုနာ
    Italy Serie A
    [ မြန်မာစံတော်ချိန် နံနက် ၀၁း၁၅ ၊ ဧပြီ ၂၀ ]

  • ဟီဒန်ဟိမ်း VS ဘိုင်ယန်
    Bundesliga
    [ မြန်မာစံတော်ချိန် ည ၀၈း၀၀ နာရီ ၊ ဧပြီ ၁၉ ]

  • ပီအက်စ်ဂျီ VS လီဟာဗက်စ်
    Ligue 1
    [ မြန်မာစံတော်ချိန် ည ၀၉း၃၀ နာရီ ၊ ဧပြီ ၁၉ ]

တို့ရဲ့ ပွဲကြိုသုံးသပ်ချက်

Everton [Vs] Manchester City

[ မြန်မာစံတော်ချိန် ည ၀၈း၃၀ နာရီ ၊ ဧပြီ ၁၉ ]

အဲဗာတန်အသင်း လက်ရှိအခြေအနေ

ဇယားအထက်က အဆင့် ၂ နဲ့ ၃ အသင်းတွေဖြစ်တဲ့ အာဆင်နယ်ကို သရေကစားပြီး သစ်တောတွေကို တက်ဆုံးမ နိုင်ခဲ့တဲ့ မိုယက်စ်လက်ထက်မှာ တောက်တောက် ပြောင်ပြောင်ဖြစ်နေသလို တော်ဖီတွေဟာ အိမ်ကွ၍်းပွဲတိုင်း ဂိုးသွင်းခြေတွေ့နေရပါတယ်။

မန်စီးတီးအသင်း လက်ရှိအခြေအနေ

ပြိုင်ပွဲစုံ ၅ ပွဲဆက်မရှုံးပဲ ၃ ပွဲနိုင်ထားတဲ့ မန်စီးတီဟာ ချန်ပီယံလိဂ်ပြေးလမ်းပေါ်ကို ပြန်တက်လာပါတယ်၊ ဒါပေမဲ့ မိုးပြာရောင်တွေရဲ့ အဝေးကွင်း ခြေစွမ်းဟာ ရလဒ်ကော ဂိုးသွင်းခြေပါ မမှန်သလို ခံစစ်ကောင်းတဲ့အသင်းတွေနဲ့ဆို ဂိုးရဖို့ခက်ခဲပေမဲ့ မာဆေးဆိုဒ်ဒါဘီမှာ သွားကန်ထားတဲ့ နောက်ဆုံး ၈ ပွဲဆက်နိုင်ထားပြီး ၇ ပွဲက ၂ ဂိုးပြတ်နိုင်ခဲ့တာပါ။

ခန့်မှန်းချက်

ဒီနှစ်မှာ ပရီးမီးယားလိဂ်ကနေ ၅ သင်းထိ ချန်ပီယံလိဂ်ဝင်ရမှာဖြစ်လို့ မန်စီးတီးအနေနဲ့ ဖိအားအများကြီးလျော့တယ်လို့ပြောရပါမယ်။ အသင်းကြီးတွေနဲ့တွေ့ရင် လက်ရှိရာသီမှာ ဆုံးမတက်တဲ့ အဲဗာတန် နဲ့ ဆိုတော့ ဘော်ဒီ ကြေး 1+100 နဲ့ ဂိုးပေါင်းကြေး 3+80 ပေးထားတဲ့ပွဲမှာ ပွဲရလဒ်အနေနဲ့ သရေကြဖို့များနေတဲ့အတွက် ဂိုးအောက်လေးထိုင်ထားလိုက်မယ်ညီကိုတို့ရေ ။

Brentford [Vs] Brighton

[ မြန်မာစံတော်ချိန် ည ၀၈း၃၀ နာရီ ၊ ဧပြီ ၁၉ ]

ဘရန့်ဖို့ဒ်အသင်း လက်ရှိအခြေအနေ

ဇယားအလယ်က အထက်အောက်နှစ်သင်း တွေ့ဆုံမှုဆိုပေမဲ့ သူတို့ ၂ သင်းကြား ၅ မှတ်ပြတ်နေတဲ့ ဘရန့်ဖို့ဒ်ဟာ ငှက်ကျားတွေကို ရှုံးခဲ့ပေမဲ့ လန်ဒန်ကလပ်အသင်းတွေဖြစ်တဲ့ ချဲလ်ဆီး၊ အာဆင်နယ်တို့ကို သရေကစားနိုင်ခဲ့လို့ စိတ်ဓာတ်ပိုင်း တက်ကြွလာနိုင်တယ်။

ဘရိုက်တန်အသင်း လက်ရှိအခြေအနေ

ပြိုင်ပွဲစုံ ၅ ပွဲဆက်နိုင်ပွဲပျောက်ထားသလို အသင်းတိုင်း ပေးဂိုးမဲ့အနိုင်ကန်ထားတဲ့ လက်စ်တာကို အိမ်ကွင်းမှာ ၂ ဂိုးစီ သရေကျခဲ့တဲ့ ဇင်ယော်တွေဟာ ပျံသန်းနိုင်စွမ်းမရှိတော့သလို့ ပရီးမီးယားလိဂ် ၇ ပွဲဆက်ပေးဂိုးတွေရှိခဲ့တာပါ။အိမ်ကွင်း ၈ ပွဲဆက် နိုင်ပွဲပျောက် ပျားတွေဟာ နည်းပြ ဟူဇီလာတပ်သားတွေကို နောက်ဆုံး ၅ ပွဲဆက် မနိုင်ခဲ့ပါဘူး။

ခန့်မှန်းချက်

ပြီးခဲ့တဲ့နှစ်ရာသီဆက်တိုက် ဘရန့်ဖို့ဒ်ကွင်းမှာ ဘရိုက်တန်က တစ်ပွဲနိုင်၊ တစ်ပွဲသရေ ကစားခဲ့တယ်။ ဘရိုက်တန် ဒီပွဲလည်း အမှတ်ယူဦးမှာမလို့ L+10 ပေးထားတဲ့ ဘရိုက်တန် နဲ့ ဂိုးပေါင်း 3+20 မှာ အိမ်ရှင်ခံစစ်ပိတ်ကစားမယ်လို့ မျှော်လင့်ရတဲ့အတွက် ဂိုးအောက် ကြိုက်ပါတယ်။

Aston Villa [Vs] Newcastle United

[ မြန်မာစံတော်ချိန် ည ၁၁း၀၀ နာရီ ၊ ဧပြီ ၁၉ ]

ဗီလာအသင်း လက်ရှိအခြေအနေ

ကြားရက်ချန်ပီယံလိဂ် ပြန်လည်ဧည့်ခံမှုမှာ စောစောစီးစီး ၂ ဂိုးပြတ်နဲ့ ရှုံးထားတဲ့ တုနှိုင်းမမှီ အူနိုင်းအမ်မရီးတပ်သားတွေဟာ ရှုံးပွဲမရှိ ပီအက်စ်ဂျီကို အကောင်းဆုံးပုံစံနဲ့ come back ပြန်လာနိုင်ခဲ့ပြီး နိုင်ပွဲယူပြနိုင်ခဲ့ပေမဲ့ ၂ ကျော့ပေါင်း ၄ ဂိုး ၅ ဂိုးဆိုတဲ့ ရလဒ်နဲ့ ရင်နာခဲ့ရတာပါ။

နယူးကာဆယ်အသင်း လက်ရှိအခြေအနေ

အမြင့်ပျံ ငှက်ကျားတွေက ပြိုင်ပွဲစုံ ၆ ပွဲဆက်နိုင်ပွဲနဲ့ ရပ်တန့်မရအောင် ဂိုးမြူးနေပါတယ်၊ အနိမ့်ဆုံး ၃ ဂိုးနဲ့အထက် ဂိုးမြူးလာတဲ့ တိုက်စစ်က နေရာစုံ ဂိုးသွင်းထားပြီး ပရီးမီးယားလိဂ် အဆင့် ၃ နေရာမှာ တပ်စွဲနိုင်ခဲ့သလို အက်ဒီဟိုဝီတပ်သားတွေ ချန်ပီယံလိဂ်ကစားထားတဲ့ ဗီလာကို ဆက်လက်ဆုံးမနိုင်မှာပါ။

ခန့်မှန်းချက်

ပထမအကျော့မှာလည်း နယူးကာဆယ်က ဗီလာကို သုံးဂိုးပြတ်အနိုင်ယူထား တာတွေ့ရတယ်။ ဘော်ဒီ L+20 ပြန်ပေးထားတဲ့ ငှက်ကျားတွေနဲ့ ဂိုးပေါင်း 3+20 ကြေးမှာတော့ ယုံကြည်မှုပိုမြင့်တဲ့ နယူးကာဆယ်ဘက်က ရိုက်ထားလိုက်မယ်ဗျာ။

Barcelona [Vs] Celta Vigo

[ မြန်မာစံတော်ချိန် ည ၀၈း၄၅ နာရီ ၊ ဧပြီ ၁၉ ]

ဘာစီလိုနာအသင်း လက်ရှိအခြေအနေ

ပွဲဆက်တွေများနေတဲ့ ဘာစီလိုနာတို့ ဂိုးသွင်းခြေမမှန်တော့သလို ဒေါ့မွန်အသင်းကို အိမ်ကွင်းမှာ ၄ ဂိုးပြတ်နဲ့ နိုင်လိုက်လို့သာ ဒုတိယအကျော့မှာ ဖြေသာခဲ့တာပါ၊ ပြိုင်ပွဲစုံ ၂ ပွဲဆက် ဂိုးမသွင်းနိုင်ခဲ့ပဲ O.G တွေကြောင့်ဂိုးရခဲ့သလို ၂၀၂၅ ထဲရှုံးပွဲမရှိစံချိန် ရပ်တန့်သွားခဲ့ပါတယ်။

ဆဲလ်တာဗီဂိုအသင်း လက်ရှိအခြေအနေ

ဆဲလ်တာဟာ အသင်းငယ်ဆိုပေမဲ့ ဘာစီလိုနာနဲ့ တွေ့ဆုံမှုနောက်ဆုံး ၈ ပွဲမှာ ၇ပွဲ ဂိုးပြန်သွင်းထားပြီး အမြဲဒုက္ခပေးလေ့ရှိပါတယ်၊ လာလီဂါ ၈ ပွဲဆက် ရှုံးပွဲမရှိ ဆဲလ်တာဟာ ပြီးခဲ့တဲ့အပတ်က ခြေတက်လာတဲ့ အက်စ်ပန်ညိုကို ရှုံးခဲ့တာမို့ ဥရောပဝင်ခွင့် တစ်နေရာ တိုက်ပွဲဝင်ရဦးမယ်။

ခန့်မှန်းချက်

ဘာစီလိုနာတို့ပွဲပန်းလာနိုင်ပေမဲ့ 2-50 ဘော်ဒီနဲ့ ဂိုးပေါင်း 4-50 မှာ တော့ ဘာစီအသင်း ဂိုးမိုးရွာမှာတော့ အသေချာပါပဲ ဒီပွဲကိုတော့ ဘာကာဘော်ဒီလေးရွေးထားလိုက်မယ်။

ဘောလုံးဝါသနာရှင်များအတွက် အပျော်တမ်းပဲဖြစ်ဖြစ် ၊ ဝါသနာအရပဲဖြစ်ဖြစ် ဘော်ဒီ-မောင်း ကစားချင်တယ်ဆိုရင်တော့ ဒီအောက်က ဂိမ်းဆိုဒ်တွေမှာ စိတ်ကြိုက် ဘော်ဒီမောင်း ကစားနိုင်ပါပြီ။

Las Palmas [Vs] Atletico Madrid

[ မြန်မာစံတော်ချိန် နံနက် ၀၁း၃၀ ၊ ဧပြီ ၂၀ ]

လက်စ်ပါးမက်စ်အသင်း လက်ရှိအခြေအနေ

လက်စ်ပါးမက်စ်ဟာ တန်းဆင်းဇုန်ထဲရောက်နေလို့ အင်အားပြည့် တိုက်ပွဲပြန်ဝင်နေသလို ဂိုးသွင်းခြေမှန်လာတာမို့ ပြီးခဲ့တဲ့အပတ်က ဂီတာဖေးကို ဂိုးပြတ်တက်နိုင်ခဲ့တာပါ၊ အဲ့နိုင်ပွဲကြောင့် ဂီတာဖေးတို့ ၂၀၂၅ ထဲမှာ နိုင်ပွဲပြန်တွေ့ခဲ့ပေမဲ့ တန်းဆင်းဇုန်ထဲမှာ ရှိနေပါသေးတယ်။

အေတီကိုအသင်း လက်ရှိအခြေအနေ

အဆင့် ၃ နေရာက တီကိုဟာ လာလီဂါတစ်ခုသာ အာရုံစိုက်ရဖို့ရှိလို့ အတိုးချနိုင်ပွဲတွေပြန်ယူနေပါတယ်။ ခံစစ်စိတ်မချရသေးပေမဲ့ ချန်ပီယံပြေးလမ်းပေါ်ကို ပြန်တက်နိုင်ဖို့လိုအပ်ပြီး ပြီးခဲ့တဲ့ရာသီက လက်စ်ပါးမက်စ်အိမ်ကွင်း ရှုံး‌ကြွေးကို ပြန်ဆပ်ရပါဦးမယ်။

ခန့်မှန်းချက်

ဆီမြွန်နီရဲ့ တပ်သားတွေ ဆက်လက်ပေါက်ကွဲနိုင်မယ်ဆိုတာ ယုံကြည်တဲ့အတွက် ဘော်ဒီကြေး 1-50 နဲ့ ဂိုးပေါင်း 3-50 မှာ တော့ ဂိုးအောက်ကြိုက်ပါတယ်။

AS Roma [Vs] Hellas Verona

[ မြန်မာစံတော်ချိန် နံနက် ၀၁း၁၅ ၊ ဧပြီ ၂၀ ]

ရိုးမားအသင်း လက်ရှိအခြေအနေ

ဂျူဗင် ၊ လာဇီယို တို့နဲ့ ၁-၁ ရလဒ်တွေချည်းထွက်ပေါ်ခဲ့တာမို့ ဥရောပတစ်နေရာနဲ့ အလှမ်းဝေးနေသေးသလို ဗီရိုနာ တစ်သင်းသာ ဂိုးပြတ်အနိုင်ယူပြဖို့ မခက်တဲ့ ရိုးမားတို့ နောက်ဆုံး ၅ ပွဲဆက်ကို အင်တာ၊ ဖီအို ၊ အတ္တလန်တာ ၊ တိုရီနို တို့ရဲ့ အဆုံးသတ်ရမှာမို့ ခရီးလမ်း ဖြောင့်ဖြူးမနေပါဘူး။

ဗီရိုနာအသင်း လက်ရှိအခြေအနေ

ဇယားအောက်ပိုင်းက ဗီရိုနာဟာ ရုန်းအားပြန်တက်လာတာမို့ တန်းဆင်းဇုန်ကို ရမှတ်အတော်လေးဖြတ်ထားနိုင်ပြီး ခံစစ်မဆိုးတာ နောက်ဆုံး ၄ ပွဲဆက် ရှုံးပွဲမရှိနဲ့ ပေးဂိုး ၁ ဂိုးသာရှိခဲ့တယ်။ အသင်းကြီးတွေအိမ်ကွင်းဆို ရှုံးထားတဲ့ ဗီရိုနာဟာ ရိုးမားကို ဧည့်ခံခဲ့မှုမှာ ၃-၂ ရလဒ်နဲ့ ဆုံးမနိုင်ခဲ့တာပါ။

ခန့်မှန်းချက်

ဘော်ဒီကြေး 1 = နဲ့ 2-100 ဂိုးပေါင်းကြေးမှာ ရောမမြေနောက်ဆုံး ၉ ပွဲဆက်ဗီရိုနာတို့ နိုင်ပွဲမရှိခဲ့တာမို့ အိမ်ရှင်းအသင်း ၂ဂိုးပြတ်နိုင်မနိုင်ကြည့်ရမှာပါ။ အရဲစွန့်ပြီး ရိုးမား ဘက်က ရပ်တည်ချင်ပါတယ်။

Heidenheim [Vs] Bayern Munich

[ မြန်မာစံတော်ချိန် ည ၀၈း၀၀ နာရီ ၊ ဧပြီ ၁၉ ]

ဟီဒန်ဟိမ်းအသင်း လက်ရှိအခြေအနေ

တန်းဇင်းဇုန်ထဲက ဟီဒန်တိမ်းဟာ ဂိုးပေါက်ပျောက် ၂ ပွဲဆက် ရှုံးလိုက်လို့ ရုန်းထွက်လာနိုင်ဖို့မလွယ်တော့ပဲ ၇ မှတ်တောင်ပြတ်နေခဲ့ပါတယ်။ အသင်းကြီးတွေနဲ့ ဆက်တိုက်ကစားနေရတာဖြစ်ပြီး သာယာတဲ့ နေ့ရက်တွေပြန်ရဖို့ မလွယ်ကူသေးပါဘူး။

ဘိုင်ယန်အသင်း လက်ရှိအခြေအနေ

ချန်ပီယံလိဂ်ကထွက်ခဲ့ရပြီဖြစ်တဲ့ ဘိုင်ယန်ဟာ အီတလီမြေမှာ သရေကျခဲ့တာမို့ ပထမအကျော့က ရှုံးပွဲရလဒ်နဲ့ ကျေနပ်ခဲ့ရတယ်။ ဘွန်ဒတ်လီဂါ ချန်ပီယံတစ်ခုသာ အာရုံစိုက်ရတော့မဲ့ ကွန်ပနီတပ်သားတွေ တန်းဆင်းဇုန်ထဲက ဟီဒန်ဟိမ်းနဲ့တွေ့ဆုံထားတိုင်း အပြန်အလှန် ဂိုးသွင်းထားပြီး နှစ်သင်းပေါင်း အနိမ့်ဆုံး ၅ ဂိုးနဲ့ အထက်ထွက်ခဲ့တာပါ။

ခန့်မှန်းချက်

ဂိုးပေါင်းစျေး 3-60 ရှိသလို ဘော်ဒီ 2-50 ရှုံးပေးထားတဲ့ ဘိုင်ယန်အနေထားမှာ ရှယ်ပေါက်ကွဲ တတ်တဲ့ ဘိုင်ယန်အားကိုးပြီး ဂိုးပေါ်လေး ရိုက်ထားလိုက်မယ်ဗျာ ။

PSG [Vs] Le Havre

[ မြန်မာစံတော်ချိန် ည ၀၉း၃၀ နာရီ ၊ ဧပြီ ၁၉ ]

ပီအက်စ်ဂျီအသင်း လက်ရှိအနေအထား

ကြားရက် ချန်ပီယံလိဂ်မှာ အစောဆုံးဦးဆောင်ဂိုးတွေနဲ့ ဗီလာပါ့ခ်မှာ ဦးချိုးနိုင်ခဲ့ပေမဲ့ အူနိုင်းအမ်မရီရဲ့ come back ကြောင့် ပြိုင်ပွဲအရပ်ရပ် နိုင်ပွဲဆက်နေမှု ရပ်တန့်သွားခဲ့ရတဲ့ ပီအက်စ်ဂျီဟာ နှစ်ကျော့ပေါင်းရလဒ်နဲ့ ဆီမီးတက်နိုင်ခဲ့ပါတယ်။

လီဟာဗက်စ်အသင်း လက်ရှိအနေအထား

လီဂူးနောက်ဆုံး ၆ ပွဲမှာ ၁၀ မှတ်ရှာဖွေနိုင်ခဲ့တာမို့ လီဟာဗက်စ်တို့ တန်းဆင်းဇုန်ထဲက လွတ်မြောက်ခါနီးအခြေအနေရောက်နေပြီး ဂိုးသွင်းခြေတွေ့နေပေမဲ့ ပြီးခဲ့အပတ်က ရင်းနက်စ်ကို ၅ ဂိုးပြတ်နဲ့ ရှုံးလိုက်တဲ့ခံစစ်က ညံ့ဖျင်းပါတယ်။ ဒါ့အပြင်ထိပ်ဆုံးက ပီအက်စ်ဂျီကိုလည်း ဘယ်လိုမှ တောင့်ခံလာနိုင်မှာ မဟုတ်လို့သွင်းဂိုးတွေ ဆက်လက်ခွင့်ပြုရဦးမယ်။

ခန့်မှန်းချက်

ချန်ပီယံလိဂ်အောင်ပွဲနဲ့အတူ ပဲရစ်မြေမှာ အောင်ပွဲခရာသံတွေ ပြန်ကြားရမှာတော့သေချာပါတယ်။ ဒီလိုအခြေအနေမှာ ဘော်ဒီ 2-100 နဲ့ 4= ဂိုးပေါင်းကြေး ပြင်းပြင်းပေးထားတော့ ဂိုးအောက်လေးနဲ့ပဲ အိမ်ရှင်နိုင်တာကို ထိုင်ကြည့်လိုက်ရအောင် ။

ဘောလုံးဝါသနာရှင်များအတွက် အပျော်တမ်းပဲဖြစ်ဖြစ် ၊ ဝါသနာအရပဲဖြစ်ဖြစ် ဘော်ဒီ-မောင်း ကစားချင်တယ်ဆိုရင်တော့ ဒီအောက်က ဂိမ်းဆိုဒ်တွေမှာ စိတ်ကြိုက် ဘော်ဒီမောင်း ကစားနိုင်ပါပြီ။

Comments

Leave a Reply

Your email address will not be published. Required fields are marked *