ဧပြီ (၁၂) ရက် ညမှာ ကန်မယ့်ပွဲစဉ်ကောင်း များဖြစ်တဲ့
- မန်စီးတီး [Vs] ပဲလေ့စ်
England Premier League
[ မြန်မာစံတော်ချိန် ည ၀၆း၀၀ နာရီ ၊ ဧပြီ ၁၂ ] - နော်တင်ဟမ် [Vs] အဲဗာတန်
England Premier League
[ မြန်မာစံတော်ချိန် ည ၀၈း၃၀ နာရီ ၊ ဧပြီ ၁၂ ] - အာဆင်နယ် [Vs] ဘရန်းဖို့ဒ်
England Premier League
[ မြန်မာစံတော်ချိန် ည ၁၁း၀၀ နာရီ ၊ ဧပြီ ၁၂ ] - ဘရိုက်တန် [Vs] လက်စ်တာ
England Premier League
[ မြန်မာစံတော်ချိန် ည ၀၈း၃၀ နာရီ ၊ ဧပြီ ၁၂ ] - လီဂါနက်စ် [Vs] ဘာစီလိုနာ
Spain LaLiga
[ မြန်မာစံတော်ချိန် နံနက် ၀၁း၃၀ ၊ ဧပြီ ၁၃ ] - အင်တာမီလန် [Vs] ကတ်ဂလာရီ
Italy Serie A
[ မြန်မာစံတော်ချိန် ည ၁၀း၃၀ နာရီ ၊ ဧပြီ ၁၂ ] - ဂျူဗင်တပ်စ် [Vs] လက်ချီ
Italy Serie A
[ မြန်မာစံတော်ချိန် နံနက် ၀၁း၃၀ ၊ ဧပြီ ၁၃ ] - ဘိုင်ယန် [Vs] ဒေါ့မွန်
Bundesliga
[ မြန်မာစံတော်ချိန် ည ၁၁း၀၀ နာရီ ၊ ဧပြီ ၁၂ ]
တို့ရဲ့ ပွဲကြိုသုံးသပ်ချက်
Manchester City [Vs] Crystal Palace
[ မြန်မာစံတော်ချိန် ည ၀၆း၀၀ နာရီ ၊ ဧပြီ ၁၂ ]
မန်စီးတီးအသင်း လက်ရှိအခြေအနေ
မန်ချက်စတာဒါဘီပွဲတွေမှာ အပြာရောင်တွေ ဖုံးလွှမ်းနိုင်စွမ်းမရှိတော့သလို တိုက်စစ်မှာ ဟာလန်းဒဏ်ရာရနေမှုနဲ့ ဒီဘရိုင်းနားထွက်ခွာတော့မဲ့ စီးတီးအတွက် ဒီရာသီ ချန်ပီယံလိဂ်တစ်နေရာတောင် တိုက်ပွဲဝင်ရနိုင်တဲ့အခြေအနေပါ။
ပဲလေ့စ်အသင်း လက်ရှိအခြေအနေ
ဆောက်သမ်တန်ကို သရေကျခဲ့ပေမဲ့ ဇင်ယော်တွေကို တောင်ပံချိုးနိုင်ခဲ့တဲ့ လင်းယဒန်တွေ ခြေစွမ်းက တည်ငြိမ်နေပါတယ်၊ စီးတီးကို ယှဥ်ကစားဖို့ခက်ပေမဲ့ ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး (၃) ပွဲစလုံး (၂) ဂိုးနှုန်း ဂိုးသွင်းထားတဲ့ အိုလီဗာဂလက်စ်နာတပ်သားတွေနဲ့ လက်ရှိခြေစွမ်းကပြိုင်ပွဲစုံဂိုးမြူးနေပြီးနောက်ဆုံး (၈) ပွဲဆက်မရှုံးထားပါဘူး။
ခန့်မှန်းချက်
အသင်းလိုက်စုဖွဲ့မှု အားကောင်းပေမဲ့ ခံစစ်စိတ်မချရသေးတဲ့ စီးတီးတို့အတွက်တော့ အိမ်ကွင်းအာသာချက် နဲ့ ကစားသွားမယ်လို့မျှော်လင့်ရပြီး ဘော်ဒီကြေး 1-10 နဲ့ (၃)လုံးခွာ ဂိုးပေါင်းကြေးပြင်းတာတဲ့အနေထားမှာ အိမ်ရှင်ဘက်ကပဲ ဒဲ့ရိုက်မယ်ဗျာ။
Nottingham Forest [Vs] Everton
[ မြန်မာစံတော်ချိန် ည ၀၈း၃၀ နာရီ ၊ ဧပြီ ၁၂ ]
နော့တင်ဟမ်အသင်း လက်ရှိအခြေအနေ
ဗီလာပါ့ခ်မှာ တောက်လျောက်ဖိအားပေးနိုင်ခဲ့ပေမဲ့ အစောဆုံး (၂) ဂိုးထိခွင့်ပြုလိုက်ရလို့ အဖက်ပြန်မဆယ်နိုင်ခဲ့တဲ့ သစ်တောအရာရှိတွေဟာ အဆင့် (၃) နေရာမှာ ဖိအားကင်းနေပါသေးတယ်။ အိမ်ကွင်းနောက်ဆုံး (၉) ပွဲဆက် အထင်ကြီးစရာခြေစွမ်းနဲ့ ဘယ်အသင်းကြီးမဆိုမရှုံးခဲ့သလို စပါး ၊ မန်ချက်စတာ ညီကို နှစ်ကောင်လုံးကို သိပ်ထားနိုင်ခဲ့ပါတယ် ။
အဲဗာတန်အသင်း လက်ရှိအခြေအနေ
ဒေးဗစ်မိုယက်စ်ရဲ့ ခံတပ်မာကျောမှုက အသင်းတိုင်းအခက်ခဲဆုံး ဖြတ်သန်းနေရသလို ပရီးမီးယားလိဂ်နော်ကဆုံး (၁၁)ပွဲမှာ လီဗာပူးလ်တစ်သင်းသာ ရှုံးထားတယ်၊ အဲမာကျောလှတဲ့ တော်ဖီတွေကို ဂိုးပြတ်ဆုံးမနိုင်ခဲ့တာ နည်းပြဆန်တိုရဲ့ သစ်တောတွေ စွမ်းဆောင်ရည်ကောင်းပြနေတာပါ။
ခန့်မှန်းချက်
ခံစစ်မာပေမဲ့ တောကြီးမျက်မဲထဲမှာ ဘယ်လောက် မာနိုင်မလဲဆိုတာကိုသာစောင့်ကြည့်ရမှာဖြစ်တဲ့အတွက် ဘော်ဒီကြေး L-70 နဲ့ ဂိုးပေါင်း 2-40 အနေထားမှာ အားသာချက်ရှိတဲ့ ဖောရက်စ်သားတွေဘက်က အရဲစွန့်ကြည့်ကြမယ်ဗျာ။
Arsenal [Vs] Brentford
[ မြန်မာစံတော်ချိန် ည ၁၁း၀၀ နာရီ ၊ ဧပြီ ၁၂ ]
အာဆင်နယ်အသင်း လက်ရှိအခြေအနေ
ရီးရဲလ်လို ချန်ပီယံလိဂ် ဘိုးအေကြီးကို အမ်းမရိတ်မှာ ဂိုးပြတ်သိပ်ပြီးတဲ့နောက် ယုံကြည်မှုအား မြင့်တက်လာတဲ့ ဂန်းနားတွေဟာ ရာသီဖလားအရမယူနိုင်သေးပေမဲ့ ဆယ်စုနှစ်(၂)ခုနီးပါးဝေးကွာနေတဲ့ ချန်ပီယံလိဂ်ဖလားကို ဆင်ပျံကြီးတို့ အကြီးအကျယ်မျှော်လင့်လို့ရတဲ့အနေထားပါ။
ဘရန့်ဖို့ဒ်အသင်း လက်ရှိအခြေအနေ
ဇယားအလယ်နားမှာ ယောင်လည်လည်ဖြစ်နေတဲ့ ပျားတွေဟာ နောက်ဆုံး (၃) ပွဲဆက်ရလဒ်ပေါင်းစုံထွက်နေသလို (၅) ပွဲမှာ (၁) ပွဲသာနိုင်ခဲ့ပါတယ်။ အိမ်ကွင်း အဝေးကွင်း ရလဒ်မတည်ငြိမ်တော့တဲ့ သောမက်ဖရန့်တပ်သားတွေ အမ်းမရိတ်မှာ တက်နိုင်ထားခဲ့တဲ့ ရာဇဝင်မရှိခဲ့ပါဘူး။
ခန့်မှန်းချက်
ဂိုးပေါင်း 3-60 နဲ့ ဘော်ဒီကို 1+20 ပေါက်တဲ့လန်ဒန်သားတွေအနေတဲ့တော့ ချန်ပီယံလိဂ် ဒုကျော့မကန်ခင် ပျားဖွတ်ရမဲ့အချိန် ကြရောက်ပါပြီ။
Brightion [Vs] Leicester City
[ မြန်မာစံတော်ချိန် ည ၀၈း၃၀ နာရီ ၊ ဧပြီ ၁၂ ]
ဘရိုက်တန်အသင်း လက်ရှိအခြေအနေ
နိုင်ငံတစ်ကာကြားဖြတ်အပြီးမှာ ဇင်ယော်တွေအမြင့်ပျံနိုင်စွမ်းမရှိသလို ရှုံးပွဲဆက်နေလို့ အဆင့်(၉) နောရာထိဆင်းပေးလိုက်ရပါတယ် ။ ဟာဇီဟာလက်ထက် ဥရောပတစ်နေရာဝင်ခွင့်ရဖို့ ရုန်းကန်နေပေမဲ့ ခြေကျပွဲတွေများလာလို့ ဝေးမလိုတောင်ဖြစ်နေပြီး။
လက်စ်တာအသင်း လက်ရှိအခြေအနေ
လက်စ်တာဟာ ပရီးမီးယားလိဂ်မှာ အစောဆုံးတန်းဆင်းသွားတဲ့ ဆောက်သမ်တန်နောက်ကို သိပ်မကြာခင် လိုက်ရတော့မဲ့အသင်းပါ ၊ တန်းဆင်းဇုန်အထက်က ဝုဗ် နဲ့ (၁၅) မှတ်ပြတ်နေခဲ့တာမဖြစ်လို့ လက်ကျန် (၇) ပွဲမှာ (၅)ပွဲဆက် ခြေစွာထားဖို့လိုနေပါတယ်။
ခန့်မှန်းချက်
လက်ရှိခံစစ်က အလှူကြီးပေးနေသလို မီတိုမာ၊ ဝဲလ်ဘတ်တို့ ဦးဆောင်နေတဲ့တိုက်စစ်က ဂိုးမရမှာမပူရပါဘူး။ 2+90 ဘော်ဒီထိကြေးမြင့်ထားပြီး ဂိုးပေါင်းဆိုလဲ 3-10 ဆိုတော့ကာ ဂိုးအောက်ပိုကြိုက်ပါတယ်။
ဘောလုံးဝါသနာရှင်များအတွက် အပျော်တမ်းပဲဖြစ်ဖြစ် ၊ ဝါသနာအရပဲဖြစ်ဖြစ် ဘော်ဒီ-မောင်း ကစားချင်တယ်ဆိုရင်တော့ ဒီအောက်က ဂိမ်းဆိုဒ်တွေမှာ စိတ်ကြိုက် ဘော်ဒီမောင်း ကစားနိုင်ပါပြီ။
Leganes [Vs] Barcelona
[ မြန်မာစံတော်ချိန် နံနက် ၀၁း၃၀ ၊ ဧပြီ ၁၃ ]
လီဂါနက်စ်အသင်း လက်ရှိအခြေအနေ
တန်းဆင်းဇုန်ဖိအားအောက်က လီဂါနက်စ်အသင်းပြန်လာနိုင်ဖို့ အိမ်ကွင်းပွဲတွေမှာ အဓိကအားစိုက်ပိုရုန်းနေပါတယ်။ အိမ်ကွင်းနောက်ဆုံး ၄ ပွဲမှာ ရလဒ်ပေါင်းစုံထွက်ခဲ့ပေမဲ့ ဘက်တစ်ကို ခြေမမျှခဲ့လို့ (၂-၃) ရလဒ်နဲ့ ရှုံးခဲ့တာပါ။
ဘာစီလိုနာအသင်း လက်ရှိအခြေအနေ
ကြားရက်ချန်ပီယံလိဂ်မှာ ကွာတားအဆင့်ဆိုပေမဲ့ ဘာစီလိုနာတို့ အခက်အခဲ မရှိခဲ့ဘူးလို့ ပြောရမယ်။ ဒေါ့မွန်ကို (၄) ဂိုးပြတ်နဲ့ ခေါ်ဆုံးမနိုင်လိုက်လို့ လာလီဂါကို အာရုံစိုက်နိုင်သလို ဒီရာသီမထင်မှတ်တဲ့ အိမ်ကွင်းရှုံးကြွေးကို ဘာစီလိုနာတို့ ပြန်ဆပ်ထားရမှာပါ။
ခန့်မှန်းချက်
လီဂါနက်စ်ရဲ့ အိမ်ကွင်းရုန်းကန်ထားမှုက နည်းပြဖလစ်တပ်သားတွေ အခက်တွေ့စေနိုင်သလို ဂိုးပြတ်နိုင်ဖို့လည်း မလွယ်လှပါဘူး။ ဘော်ဒီကြေး ၁ လုံးရှုံး နဲ့ ဂိုးပေါင်း 3-50 မှာတော့ ဂိုးပေါ်မယ်လို့ မျှော်လင့်ရပါတယ်ဗျာ။
InterMilan [Vs] Cagliari
[ မြန်မာစံတော်ချိန် ည ၁၀း၃၀ နာရီ ၊ ဧပြီ ၁၂ ]
အင်တာအသင်း လက်ရှိအခြေအနေ
ဂျာမနီအရပ်မှာ အင်တာတို့ နိုင်ပွဲနဲ့ လန်းဆန်းနိုင်ခဲ့တာဖြစ်လို့ စိတ်ဓာတ်ပိုင်းအမြင့်ဆုံး ရောက်နေမှာပါ၊ ပြိုင်ပွဲစုံ (၁၁) ပွဲဆက်အရှုံးမရှိရပ်တည်ထားသလို စီးရီးအေးအမှတ်ပေးဇယားဦးဆောင်ထားပေမဲ့ နာပိုလီနဲ့ (၃) မှတ်သာကွာတာမို့ နိုင်ပွဲလိုအပ်နေသေးတယ်။
ကတ်ဂလာရီအသင်း လက်ရှိအခြေအနေ
စီးရီးအေနောက်ဆုံး ၂ ပွဲမှာ ၄ မှတ်ရှာဖွေနိုင်ခဲ့တာမို့ တန်းဆင်းဇုန်ဖိအားက လတ်တလောလျော့ချထားပါတယ်၊ ပြီးခဲ့တဲ့ရာသီက အင်တာကွင်းမှာ ၂ ဂိုးစီသရေကစားနိုင်ခဲ့တဲ့ ကတ်ဂလာရီဟာ အသင်းကြီးတွေအိမ်ကွင်းမှာ ဒုက္ခပေးလေ့ရှိပြီး ဂိုးမပေးရရေး ခံစစ်ပိတ်ကစားလာမှာပါ။
ခန့်မှန်းချက်
အင်တာ 1-90 နဲ့ ဂိုးပေါင်း 3+50 ဆိုပေမဲ့ အနိမ့်ဆုံး 1-0 / 2-1 ထက်မပိုနိုင်လို့ ဂိုးအောက်လေးရိုက်လိုက်မယ်ဗျာ ။
Juventus [Vs] Lecce
[ မြန်မာစံတော်ချိန် နံနက် ၀၁း၃၀ ၊ ဧပြီ ၁၃ ]
ဂျူဗင်တပ်စ်အသင်း လက်ရှိအခြေအနေ
နည်းပြသစ်နဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ပြန်ရဖို့ ဂျူဗင်တို့ အကောင်းဆုံးပြင်ဆင်လာသလို ၁ ပွဲနိုင်၊ ၁ ပွဲသရေဆိုပေမဲ့ ရိုးမားကွင်းမှာ ဖိအားပေးနိုင်ခဲ့တယ်၊ တိုက်စစ်မှာ ဗလာဟိုဗစ်တစ်ယောက် ဂိုးပျောက်နေ့ရက်တွေများနေပေမဲ့ ကိုလိုမြူအာနီ နဲ့ လူငယ်ခြေတက်တွေ ခြေစွမ်းပြနေတာပါ။
လက်ချီအသင်း လက်ရှိအခြေအနေ
တန်းဆင်းဇုန်အရပ်ကို ဖင်ခုထိုင်ထားတဲ့ လက်ချီဟာ တန်းဆင်းဇုန်ဖိအားရှိနေသလို ဇယားအောက်ပိုင်းက အသင်းတွေဥို ခံကန်ထားပေမဲ့ ခြေစွမ်းထက်အသင်းကြီးတွေကို အိမ်ကွင်းဆို ရှုံးထားပါတယ်။ ပ-ကျော့မှာ သရေကစားနိုင်ခဲ့ပေမဲ့ ရဲရဲနီရှုံးပွဲတွေနဲ့ လက်ချီဟာ ဂျူဗင်ကို ဂိုးပြန်သွင်းနိုင်ဖို့ကို မလွယ်ပါဘူး။
ခန့်မှန်းချက်
ဧည့်သည်အသင်းရုန်းလာနိုင်ပေမဲ့ 1-100 နဲ့ ဂိုးပေါင်း 2-100 မှာတော့ အိမ်ရှင်အသင်းနဲ့သာ လက်တွဲထားချင်ပါတယ်။
Bayern Munich [Vs] Borussia Dortmund
[ မြန်မာစံတော်ချိန် ည ၁၁း၀၀ နာရီ ၊ ဧပြီ ၁၂ ]
ဘိုင်ယန်အသင်း လက်ရှိအခြေအနေ
ကြားရက် ချိန်ပီယံလိဂ်အရှုံးက ဂျာမန်ဘီလူးကြီဂတို့အတွက် ခါးသီးခဲ့သလို အဝေးကွင်းမှာ ပြန်ကစားရမှာဖြစ်လို့ အဘက်ဘက်က ဖိအားများနေပါတယ်၊ ပြိုင်ဘက်အသင်းဖြစ်တဲ့ ဒေါ့မွန်နဲ့ပွဲမှာ ဂုဏ်သိက္ခာအရ အိမ်ကွင်းမညှို့းငယ်စေဖို့ ကွန်ပနီတပ်သားတွေ အားစိုက်ထားရပါမယ်။
ဒေါ့မွန်အသင်း လက်ရှိအခြေအနေ
ဂျာမနီကလပ်အသင်းတွေ ကြားရက်ချန်ပီယံလိဂ်မှာ အသီးသီးရှုံးခဲ့သလို အဝါရောင်စစ်သည်တော်တွေက ဘာစီလိုနာကွင်းမှာ ၄ ဂိုးပြတ်ရှုံးလိုက်တာဖြစ်လို့ မသေချာ မရေရာတဲ့ လမ်းကို လျှောက်ရတော့မှာပါ။ လက်ရှိမှာ ဘိုင်ယန်ထက် ဘာကာကို ဧည့်ခံရမဲ့ ပွဲအတွက်သာ နည်းပြအာရုံစိုက်ရပါမယ်။
ခန့်မှန်းချက်
1-60 ဘော်ဒီနဲ့ 3-100 ဂိုးပေါင်းကြေးပေါက်ထားတာမို့လို့ ကိန်း နဲ့ ဆာနေတို့ ၂ ဂိုးပြတ်မဟုတ်ရင်တောင် ဂိုးနည်းမှာပါ။ ဂိုးအောက်ပိုကြိုက်ပါတယ် ။
Leave a Reply