Image of Burmese football teams during the colonial era
ကိုလိုနီခေတ်က မြန်မာ ဘောလုံး အသင်းများ

ဘောလုံး အားကစားပေါ်ပေါက်လာပုံနဲ့ မြန်မာနိုင်ငံရဲ့ ဘောလုံးကစားခြင်းအစ

ဘောလုံး ဆိုတာက တစ်ဖက်နဲ့ တစ်ဖက် အပြိုင်အဆိုင် ကန်ကစားပြီး ဂိုးသွင်းတဲ့ အားကစားမျိုးပါ။ ခြေနဲ့ကန်တဲ့အတွက် အင်္ဂလိပ်လို Football လို့ ခေါ်ကြတာပါ။ ဗီလုံးခေတ်၊ အီဂျစ်ခေတ်တွေကတည်းက ဘောလုံးနဲ့တူတဲ့ အားကစားမျိုးတွေကို ကစားခဲ့ကြတယ်လို့ သမိုင်းကြောင်းတွေအရ သိရပါတယ်။၁၉ ရာစုမှာ အင်္ဂလိပ်တွေက ဘောလုံးကစားတာကို စည်းကမ်းချက်တွေနဲ့ သတ်မှတ်ပြီး စနစ်တကျ ကစားလာခဲ့တယ်။ ဒါကြောင့် ဒီနေ့ခေတ်မှာ ဘောလုံးကစားတာကို အင်္ဂလန်နိင်ငံက စတင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်နော်။

မြန်မာနိုင်ငံမှာ ဘောလုံးအားကစားကို ဗြိတိသျှတွေ ကျူးကျော်လာပြီးမှ စတင်ခဲ့တာပါ။ ၁၉၀၃ ခုနှစ်လောက်ကစပြီး မြန်မာနိုင်ငံမှာ ဘောလုံးအသင်းတွေ တဖြည်းဖြည်း ပေါ်ပေါက်လာခဲ့ပြီး ၁၉၁၄ ခုနှစ်ကစပြီး အထက်မြန်မာပြည်နဲ့ အောက်မြန်မာပြည် လက်ရွေးစင်အသင်းတွေ ယှဉ်ပြိုင်ကစားခဲ့ကြတာပါ။၁၉၅၂ ခုနှစ်မှစ၍ တိုင်းနှင့် ပြည်နယ်ဘောလုံးပွဲများ ကျင်းပခဲ့ပြီး၊ အထက်အောက်မြန်မာပြည်ရှိ လူငယ်ဘောလုံးပွဲများ နိုင်ငံခြား ဘောလုံးအသင်းများနှင့် ယှဉ်ပြိုင်ကစားလာခဲ့ပါတယ်။ ၁၉၆၁ ခုနှစ်မှာ မြန်မာလူငယ်ဘောလုံးအသင်းက အာရှလူငယ်ဘောလုံးဗိုလ်လုပွဲမှာ တစ်ပွဲမှ ရှုံးနိမ့်ခြင်းမရှိဘဲ ရွှေဖလားကို ရရှိခဲ့တာက မြန်မာဘောလုံး သမိုင်းမှာ အရမ်းကို ထူးခြားတဲ့ အောင်မြင်မှုတစ်ခုပါပဲ။

FIFA World Club ဖီဖာ ကမ္ဘာ့ဖလား ဘောလုံး ပြိုင်ပွဲကြီးအကြောင်း

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီးသည် ကမ္ဘာ့အကျော်ကြားဆုံးနှင့် အထင်ရှားဆုံး ဖြစ်ပြီး သမိုင်းတစ်လျှောက်မှာ ရေပန်းစားဆုံး အားကစား ပြိုင်ပွဲဖြစ်ပါတယ်။ကမ္ဘာ့ဖလားကို တည်ထောင်ခဲ့တဲ့နိုင်ငံက ပြင်သစ် (France) ဖြစ်ပါတယ်။ တစ်ကမ္ဘာ့လုံးဆိုင်ရာ ဘောလုံးပြိုင်ပွဲတစ်ခုကို ဖန်တီးမယ်ဆိုတဲ့ ရည်ရွယ်ချက်ဖြင့် အဲ့ဒီပြိုင်ပွဲကို FIFA World Cup လို့ အမည်ပေးခဲ့ပါတယ်။ပထမဆုံး ကမ္ဘာ့ဖလား ပြိုင်ပွဲကို ၁၉၃၀ ခုနှစ်မှာ ဥရုဂွေး (Uruguay) နိုင်ငံမှာ ကျင်းပခဲ့ပါတယ်။ အဲ့ဒီပြိုင်ပွဲမှာ ဥရုဂွေး ကပဲ အနိုင်ရရှိပြီး ပထမဆုံး ကမ္ဘာ့ဖလားဖလားရရှိခဲ့တဲ့ နိုင်ငံဖြစ်ခဲ့ပါတယ်။ယခုအခါတွင် ဖီဖာ (FIFA) ကမ္ဘာ့ဖလား အဖွဲ့ဝင်နိုင်ငံပေါင်း ၂၁၁ နိုင်ငံရှိပါတယ်။

Uruguay's first World Cup team is scoring.

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီးသည် လေးနှစ် တစ်ကြိမ် ကျင်းပသော ပြိုင်ပွဲကြီးတစ်ခုဖြစ်ပါတယ်။ဖီဖာ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီးကို ၂၀၂၂ ခုနှစ်အထိ ၂၂ ကြိမ် ကျင်းပခဲ့ပြီးဖြစ်ပါတယ်။ယခုအချိန်အထိ ကမ္ဘာ့ဖလားပြိုင်ပွဲများကို နိုင်ငံ ၁၇ နိုင်ငံတို့က အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးခဲ့ရာ ဘရာဇီး၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ မက္ကဆီကို တို့က နှစ်ကြိမ်စီကျင်းပခဲ့ပါတယ်။ ဥရုဂွေး၊ ဆွစ်ဇာလန်၊ ဆွီဒင်၊ ချီလီ၊ အင်္ဂလန်၊ အာဂျင်တီးနား၊ စပိန်၊ အမေရိကန်ပြည်ထောင်စု၊ ဂျပန်-တောင်ကိုးရီးယား (ပူးတွဲ)၊ တောင်အာဖရိက၊ ရုရှားတို့က တစ်ကြိမ်စီ အသီးသီး လက်ခံကျင်းပခဲ့ကြသည်။အခုပြီးသွားတဲ့ ၂၀၂၂ ကမ္ဘာ့ဖလားကို (Qatar) ကာတာနိုင်ငံက လက်ခံ၍ ကျင်းပခဲ့ပြီး အာဂျင်တီးနား (Argentina) က အနိုင်ရရှိခဲ့ပါတယ်။လာမည့် ၂၀၂၆ ကမ္ဘာ့ဖလားကို ကနေဒါ-အမေရိကန်ပြည်ထောင်စု-မက္ကဆီကို တို့က ပူးတွဲအိမ်ရှင်အဖြစ်ကျင်းပသွားမှာဖြစ်တယ်။

ဘော်ဒီ-မောင်း ကစားနိုင်သော ဂိမ်းဆိုဒ်များ

Premier League ဘောလုံးသမိုင်းကြောင်း

Premier League (ပရီးမီးယားလိဂ်)ဘောလုံး အားကစားပြိုင်ပွဲကို ၁၉၉၂ အင်္ဂလန်မှာ စတင်တည်ထောင်ခဲ့ပါသည်။၁၉၉၃ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ ပရီးမီးယားရှစ်ပ်ဆိုပြီး လူသိများခဲ့ပါတယ်။လက်ရှိအခေါ်၀ေါ်ဖြစ်ပေါ်ပုံကတော့ ဘာကလေစ်ဘဏ်မှ စပွန်ဆာပြုလုပ်တာကြောင့် ပရီးမီးယားလိဂ်ဟု ခေါ်ခဲ့ကြပါတယ်။ Premier League ဘောလုံးပြိုင်ပွဲမှာ ကလပ်အသင်း ၂၀ ပါဝင်ယှဉ်ပြိုင်ကြပါတယ်။ ရာသီပွဲစဥ်များကို စုစုပေါင်း ၃၈ ပွဲ ကန်ကြပြီး ဩဂုတ်လမှ နောက်တစ်နှစ် မေလအထိ ကျင်းပပါတယ်။ ပြိုင်ပွဲ အများစုကို စနေနှင့် တနင်္ဂနွေနေ့များတွင် ကန်လေ့ရှိပြီး တစ်ခါတစ်ရံ ကြားနေ့ ညနေပိုင်းတွင်လည်း ကျင်းပတတ်သည်။

အင်္ဂလန် ပရီးမီးယားလိဒ် ဘောလုံး အသင်းသားများ

ပထမဆုံးပြိုင်ပွဲဖြစ်တဲ့ ၁၉၉၂-၁၉၉၃ခုနှစ်မှာ Manchester United အသင်းဟာ ချန်ပီယံ ဖြစ်ခဲ့ပြီး လိဂ်ဖလားကို ရရှိခဲ့ပါသည်။လက်ရှိနောက်ဆုံးကန်ခဲ့တဲ့ ၂၀၂၂-၂၀၂၃ ခုနှစ်မှာ လိဂ်ဖလားရရှိထားတဲ့အသင်းကတော့ အားလုံးသိပြီးသားဖြစ်တဲ့အတိုင်း Manchester City အသင်းဖြစ်ပါတယ်။

Europa League ယူရို ပြိုင်ပွဲကြီးအကြောင်း

ယူရို Europa League ပြိုင်ပွဲကြီးကို ပထမဆုံး ၁၉၇၁-၇၂ ရာသီတွင် UEFA Cup ဟုအမည်ပေးပြီး စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်။  UEFA Cup လို့ခေါ်၀ေါ်ခဲ့ကြပြီး  ၂၀၀၉-၂၀၁၀ ရာသီတွင် UEFA Europa League ဟု နာမည်အသစ်ပြောင်းလဲခဲ့တာပါ။ယူရို ပြိုင်ပွဲကြီးဟာ ဥရောပရဲ့ ချန်ပီယံလိဂ်ပြီးရင် ကလပ်အသင်းတွေ ယှဉ်ပြိုင်ကြတဲ့ ဒုတိယအကြီးဆုံး ဘောလုံးပြိုင်ပွဲကြီး တစ်ခုဖြစ်ပါတယ်။Europa League ချန်ပီယံအသင်းသည် နောက်နှစ် UEFA Champions League အတွက် အလိုအလျောက် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် အခွင့်အလမ်း ရပါတယ်။

EUROPA LEAGUE Trophy and Logo

ပထမဆုံးပြိုင်ပွဲဖြစ်တဲ့ UEFA Cup ဖလားကို ၁၉၇၁-၇၂ ရာသီမှာ အင်္ဂလန်နိုင်ငံမှ Tottenham အသင်းမှ အနိုင်ရကာ ပထမဆုံး ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။အခု နောက်ဆုံး ကျင်းပခဲ့တဲ့ UEFA Europa League ပြိုင်ပွဲတွင် စပိန်နိုင်ငံမှ Sevilla FC အသင်းက အနိုင်ရရှိခဲ့သည်။ Sevilla FC သည် AS Roma ကို ပင်နယ်တီ shootout ဖြင့် အနိုင်ရရှိကာ ခုနစ်ကြိမ်မြောက် UEFA Europa League ချန်ပီယံဘွဲ့ကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်နော်။

UEFA Champions League ယူအေးဖား ချန်ပီယံလိဂ် သမိုင်းကြောင်း

ယူအေးဖား ချန်ပီယံလိဂ် အားကစားပြိုင်ပွဲကို ၁၉၅၅ ခုနှစ်တွင် ပြင်သစ်က ဘောလုံးသတင်းထောက် Maurice Delaunay နှင့် Gabriel Hanot တို့က ဥရောပအဆင့်ပြိုင်ပွဲတစ်ခု ဖန်တီးရန် အကြံပေးခဲ့တယ်။အဲ့ဒါနဲ့ UEFA က ကြီးမှူးကာ ၁၉၉၂ ခုနှစ်တွင် European Cup နာမည်မှ ယူအေးဖား ချန်ပီယံလိဂ်လို့ နာမည်ပြောင်းပေးခဲ့တာပါ။ပြိုင်ပွဲတွင် (၃၂)သင်း ပါ၀င်ယှဥ်ပြိုင်ကြပါတယ်။အုပ်စု(၈)စုခွဲကြပြီး  တစ်စုစီတွင် အသင်းလေးသင်း ပါဝင်ကာ အိမ်ကွင်းနှင့် အဝေးကွင်းအလိုက် ပွဲစဉ်နှစ်ကြော့စီ ကစားကြသည်။ အုပ်စုတစ်စုထဲမှ အဆင့်မြင့်ဆုံး အသင်းနှစ်သင်းက နောက်ဆုံးအဆင့်သို့တက်ရောက်ခွင့်ရပါတယ်။ အုပ်စုအဆင့်မှတက်ရောက်လာသော အသင်းများသည် တစ်ကြော့တည်းဖြင့် နောက်ဆုံးအဆင့်ကို ကစားကြပါတယ်။နောက်ဆုံးအဆင့်တွင် ကျန်ရှိသော အသင်းနှစ်သင်းသည် တစ်ကြော့တည်းဖြင့် ဖိုင်နယ်ပွဲစဉ်ကို ကစားကြပြီး အနိုင်ရသည့်အသင်းသည် ချန်ပီယံဖြစ်လာမှာပါ။

UEFA Champion league Stadium and Logo

၁၉၅၅-၅၆ ပထမဦးဆုံး ရာသီတွင် Real Madrid အသင်းက ပြင်သစ်အသင်း Reims ကို ၄-၃ ဖြင့် အနိုင်ရရှိကာ ပထမဆုံး European Cup ဖလားကို ရယူနိုင်ခဲ့ပါတယ်။နောက်ဆုံးအကြိမ် ကျင်းပခဲ့တဲ့ UEFA Champions League ဖလားကို ဆွတ်ခူးသွားတဲ့ အသင်းမှာ ၂၀၂၂-၂၃ ရာသီတွင် Manchester City ဖြစ်ပါတယ်။ Manchester City အသင်းဟာ အီတလီအသင်း Inter Milan ကို ၁-၀ ဖြင့် အနိုင်ရရှိကာ ပထမဆုံး ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခဲ့ပါသည်။