နေမာ အကြောင်း တစေ့တစောင်း

Neymar Cartoon

မက်ဆီဒိုလေး တို့ နှစ်ယောက်ရဲ့ အလွန် သို့မဟုတ် အပြိုင်ထွန်းတောက်လာမဲ့ ကြယ်ပွင့်လို့ လူအများခန့်မှန်းထားကြတဲ့ ပထမဦးဆုံး ကစားသမားတယောက်ကိုပြပါဆိုရင် နှုတ်ခမ်းနီမလေးတွေရဲ့ အသဲစွဲ ဘရာဇီးနိုင်ငံ့ လက်ရွေးစင် နဲ့ လက်ရှိ ဘရာဇီးကလပ် ဆန်းတို့စ် အသင်းရဲ့ ကစားသမား နေမာပဲဖြစ်ပါတယ်။ ဖန်တီးမှုရှိတဲ့ ကစားဟန်တွေ ၊ အလိမ်အခေါက်စကေးတွေ ၊ လှပတဲ့သွင်းဂိုးတွေနဲ့ ဘောလုံးရသကို အပြည့်အဝ ခံစားရမဲ့ သူရဲ့ ကစားဟန်ဟာ ဘရာဇီးသားပီသကြောင်း ဘဝတလျှောက်ပြသနိုင်ခဲ့ပါတယ် ။ ဒီနေ့ဆောင်းပါးမှာတော့ နေမာ ဘဝတလျှောက် အနိမ့်အမြင့်အတက်အကျတွေနဲ့ ဖြတ်သန်းခဲ့ရပုံကို ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။

နေမာရဲ့ ငယ်ဘဝ

neymar childhood

မပြည့်စုံပေမဲ့ မေတ္တာတွေနဲ့ လွှမ်းခြုံထားတဲ့ ကားဆရာ အိမ်ထောင်ဦးစီး နေမာ ဆန်းတို့စ် စီနီယာ နဲ့ မိခင် အိမ်ရှင်မ နာဒင်းဒါဆေးလ်ဗား တို့ရဲ့ မိသားစုမှာ သားဦးလေးအနေနဲ့ ၁၉၉၂ နှစ်ခုနှစ် ၊ ဖေဖော်ဝါရီလ ၊ ၅ ရက်နေ့မှာ နေမာ ဒါဆေးလ်ဗား ဆန်းတို့စ် ဂျူနီယာ ကို ဘရာဇီးနိုင်ငံ မိုဂီဒက်စ် ခရုစ်မြို့မှာ မွေးဖွားခဲ့ပါတယ်။ မွေးဖွားပြီး ၄ လသားလေးအရွယ်မှာထဲက တောင်ကြားလမ်းမှာ ကားမတော်တဆမှု ကြီးကြီးမားမား နဲ့ ကြုံတွေ့ခဲ့ရပြီး နှဖူးမှာ မှန်ကွဲစစိုက်နေတဲ့ နေမာဟာ ကံကောင်းစွာနဲ့ သေကံမရောက် သက်မပျောက်ခဲ့ပါဘူး။ မွေးချင်းအနေနဲ့ ညီမငယ်တယောက်ရှိပြီး အသက် ၃ နှစ်အရွယ်လောက်မှာ စပြီး ဘောလုံးနဲ့ရင်းနှီးကျွမ်းဝင်မှုရှိဖို့အတွက် မအောင်မြင်ခဲ့တဲ့ ဖခင် ဘောလုံးကစားသမားဟောင်းကြီးရဲ့ လမ်းညွှန်မှုနဲ့ အိမ်တွင်းအခြေခံဘောလုံးကစားခြင်းကို စတင်ခဲ့ပါတယ်။ငွေကြေးအဆင်မပြေမှုတွေကြောင့် နေမာဟာ သူတို့မြို့မှာရှိတဲ့ အန္တရယ်အများဆုံးကျောင်းမှာ ကျောင်းတက်ခဲ့ရပါတယ်။အသက် ၇ နှစ်အရွယ်မှာ ပေါ်တူဂူဆာ ဆန်တစ္စတာ ကလပ်ငယ်မှာ နေမာ ရဲ့ ဘောလုံးကစားသမားဘဝ ကို ဖူဆယ်(ကွင်းကျင်း)စတင်ခဲ့ပြီး ခက်ခဲတဲ့ မိသားစုဝင်တယောက်ဖြစ်တဲ့အတွက် ဘောလုံးကန် ဖိနပ်ကို ဖခင်က သူများဆီက ပိုက်ဆံချေးပြီး ဝယ်ပေးခဲ့ရပါတယ်။ 

ငယ်ဘဝထဲက ဘောလုံးအထိမ်းအသိမ်း ၊ လျှင်မြန်မှု နဲ့ Dribbling Skill ကောင်းတဲ့ နေမာ ဟာ နာမည်တခုစတင်ရလာခဲ့ပါတယ်။အသက် ၁၀ နှစ်မှာတော့ ဘရာဇီးဂန္တဝင် ကစားသမားကြီး ပီလီရဲ့ ကစားသမားဘဝစတင်ခဲ့ရာ ဆန်းတို့စ် အသင်းကို ပြောင်းရွှေ့ဖို့အတွက် ဆန်းတို့စ် ကစားသမားဟောင်းကြီး ဇီတိုရဲ့ ဆော်သြမှုနဲ့ စတင်ရောက်ရှိခဲ့ပါတယ်။ဆန်းတို့စ် အသင်းကို အသက် ၁၀ နှစ်နဲ့ ရောက်လာတဲ့ နေမာ အတွက် အသင်းရဲ့ ဘယ်လူငယ်အသင်းမှာမှ ကစားလို့မရခဲ့ပါဘူး။

အဲ့ဒါကြောင့် ဇီတိုဟာ နေမာ အတွက် လူငယ်အသင်း တစ်သင်းထောင်ပေးဖို့ လုပ်ဆောင်ခဲ့တဲ့အထိ အောင်မြင်လာခဲ့ပြီး နာမည်ကြီးလို့ကို အော်တိုလက်မှတ်တွေ အများအပြားလဲ ထိုးပေးခဲ့ရတယ်လို့ ငယ်ဘဝ အင်တာဗျူးတခုမှာတွေ့ဖူးပါတယ်။ အကယ်ဒမီအသင်းကနေ သက် ၁၇ နှစ်အရွယ်ရောက်လာချိန်မှာတော့ ဆန်းတို့စ် ကလပ်ရဲ့ လူကြီးအသင်းမှာ ကစားခွင့်စတင်ရရှိလာခဲ့ပါတယ် ။ အဲ့အချိန်မှာ ဆန်းတို့စ်အသင်းဟာ အသင်းကြီး ၁ သင်း ဖြစ်ပေမဲ့ တခြား ဆော်ပေါ်လို နဲ့ ပါးမီးယက်စ် အသင်းတွေကိုတော့ အကျော်ဖြတ်နိုင်ခဲ့ပါဘူး ။

နေမာ နဲ့ ဆန်းတို့စ်

ဆန်းတိုစ် အသင်း အောင်မြင်မှုတွေ နဲ့တောက်ပခဲ့တဲ့အချိန်ဟာ ပီလီကစားခဲ့တဲ့အချိန် ၁၉၆၀ ခုနှစ်တွေလောက်က ဖြစ်ပါတယ် ။ အဲ့နောက်ပိုင်း နေမာ အသင်းကြီးမှာ မကစားခင်အထိ အမှတ်ပေးဖလားကို ၁ ကြိမ်သာ ဆွတ်ခူးထားနိုင်ခဲ့ပြီး အသင်းရဲ့ အောင်မြင်မှုတွေဟာထိုးကြသွားခဲ့တာပါ ။ ကြားထဲမှာ ပီလီနေရာမှာ အစားထိုးနိုင်မဲ့ ရော်ဘင်ဟို လို ကစားသမားကောင်း ၁ ယောက် ပေါ်ထွက်ဖူးပေမဲ့ ထင်မှတ်ထားသလို ဖြစ်မလာခဲ့ပါဘူး ။ ဆန်းတို့စ် ပရိတ်သတ်တွေကလဲ အခု နေမာ လက်ထက်ရောက်လာချိန်မှာတော့ အရင်အချိန်ရွှေခေတ်တခုကို ပြန်ဖန်တီးနိုင်မလား ဘာတွေ လုပ်ပြနိုင်မလဲဆိုတာကို အားလုံးက မျှော်လင့်တကြီး နဲ့ မဝံ့မရဲ စောင့်မျှော်နေကြပါတယ်။

နေမာ စကစားချိန်ခဏလေးအတွင်းမှာပဲ အသင်းမှာ ထင်တိုင်းကြဲ ကစားနိုင်ခဲ့ပြီး နောက် ၁နှစ် ၂၀၀၉ ခုနှစ် မှာတင် အသင်းကို State Title ရအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ အဲ့ရာသီမှာ ခြေစွမ်းပြ ကစားခဲ့တဲ့ အတွက် ၂၀၁၀ ကမ္ဘာ့ဖလားမှာ လက်ရွေးစင်အနေနဲ့ ရွေးချယ်ခံရမယ်လို့ထင်ထားပေမဲ့ ကမ္ဘာ့ဖလားမတိုင်ခင် ပွဲအရေအတွက် နည်းနည်းပဲ ကစားခဲ့ရလို့ဆိုတဲ့အကြောင်းပြချက်နဲ့ နည်းပြရဲ့ ချန်လှပ်ထားခဲ့မှုကိုခံခဲ့ရပါတယ်။ ဒါပေမဲ့ ဒီကိစ္စတွေ အေးဆေးစွာတုန့်ပြန်ခဲ့ပြီး ကလပ်အသင်းနဲ့သာ သေချာလေ့ကျင့်ပြီးနောက်နှစ်အတွက်ပြင်ဆင်နေခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ ကလပ်အသင်းနဲ့ အတူ Brazilian Cup ကို ယူပေးနိုင်ခဲ့ပြီး ဖိုင်နယ်မှာ အသက် ၁၈ နှစ်သားတယောက်အနေနဲ့ သွင်းဂိုးတွေသွင်းယူနိုင်ခဲ့ပါတယ်။

Neymar and Santos

ဒါ့အပြင် နှစ်ပေါင်း ၅၀ ကျော်လောက်ဝေးကွာနေတဲ့ ကိုပါလစ်ဘရေးတိုး ဖလားကို ၂၀၁၁ မှာထပ်မံသိမ်းပိုက်နိုင်ခဲ့ပြီး ပြိုင်ပွဲတလျှောက်အကောင်းဆုံးသမားဆုကိုရယူနိုင်ခဲ့တဲ့ အထိ အရှိန်အဟုန်နဲ့ တောက်လောင်နေပါပြီ။ အောင်မြင်မှုတွေရလာတာနဲ့ အမျှ ဥရောပဘောလုံးလောကရဲ့ မျက်စိကြမှုတွေကိုခံလာရတဲ့ နေမာ ဟာ အဲ့အချိန်မှာ အသင်းပြောင်းရွှေ့ဖို့ ကမ်းလှမ်းခံရမှုတွေ ရှိပေမဲ့ ဆန်းတို့စ် အသင်းရဲ့ နှစ် ၁၀၀ ပြည့် ပွဲစဥ်မှာ ပါဝင်စေတာကြောင့်ရယ် မိဘတွေရဲ့ ဆုံးဖြတ်မှုတွေရယ်ကြောင့် အသင်းမှာ ၁ ရာသီဆက်နေခဲ့ပါတယ် ။ အသက် ၁၉ နှစ်အရွယ်မှာ တောင်အမေရိက အကောင်းဆုံးကစားသမားဆု ကို ဆွတ်ခူးနိုင်ခဲ့ ပေမဲ့ Club World ပြိုင်ပွဲမှာ ဘာစီလိုနာ အသင်းရဲ့ အနိုင်ယူခြင်းကို ခံလိုက်ရချိန်မှာတော့ သူအနေနဲ့ ဒီထက်ပိုအောင်မြင်ဖို့အတွက် ဥရောပအသင်းတစ်သင်းကို ထွက်ခွာရလိမ့်မယ်လို့ တွေးလာခဲ့ပါပြီ။

ဘရားဇီးလိဂ်ကနေ မထွက်ခွာခင် မှာပဲ နေမာဟာ ဖလားအားလုံးကို သိမ်းပိုက်နိုင်ခဲ့ပါတယ် ။ သူဆန်းတို့စ်ကနေ မထွက်ခင် ရီးရဲလ် ၊ ချဲလ်ဆီး ၊ မန်စီးတီး ၊ ပီအက်စ်ဂျီ ၊ ဂျူဗင်တပ်စ် နဲ့ တခြား အသင်းများစွာရဲ့ ကမ်းလှမ်းမှုတွေကို ကြုံခဲ့ရပါတယ်။ ရီးရဲလ် ဥက္ကဌဆိုရင် ချက်လက်မှတ် အလွတ် ၁ စောင်ပေးပြီး မင်းကြိုက်သလောက် ပမာဏ တခုရေးလိုက်ကွာ ဆိုတာမျိုးတွေထိတောင် ကမ်းလှမ်းခဲ့ပေမဲ့ သူ့ရဲ့ စီနီယာ ကစားသမားဖြစ်တဲ့ ရော်နယ်ဒင်ဟို ရဲ့ အားပေးမှုရယ် ၊ သူကိုယ်တိုင် ဆုံးဖြတ်မှုတွေရယ်ကြောင့် ဘာစီလိုနာကိုသာ ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့ပါတယ်။

နေမာ နဲ့ ဘာစီလိုနာ

၂၀၁၃ခုနှစ် မှာတော့ ဘရာဇီး သမိုင်းတလျှောက် အမြင့်ဆုံး ပြောင်းရွှေ့ကြေးဖြစ်တဲ့ ယူရို ၅၇ သန်းအသုံးပြုပြီး နေမာ့ကို နူးကမ့် ကွင်းစီ ခေါ်ယူနိုင်ခဲ့ပါတယ်။ နေမာရောက်ပြီး ရက်ပိုင်းအကြာမှာပဲ အသင်းနည်းပြဟာ ကျန်းမာရေး အကြောင်းပြချက်နဲ့ ရောက်ရောက်ချင်းရာသီမှာ အသင်းကို အများကြီး အကျိုးမပြုပေးနိုင်ပေမဲ့ Spanish Super Cup ဆုဖလားကိုကိုင်မြှောက်နိုင်ခဲ့ပြီး သွင်းဂိုးတွေလဲ သွင်းယူနိုင်ခဲ့ပါတယ်။ ပထမဆုံးရာသီမှာ သမိုင်းရန်စတွေရှိတဲ့ ရီးရဲလ်ကို နူးကမ့်ကွင်းမှာ ၂-၁ နဲ့ အနိုင်ကစားခဲ့ပြီး ၁ ဂိုးသွင်း ၁ ဂိုးဖန်တီးပြီး ခြေစွမ်းပြနိုင်ခဲ့ပေမဲ့ ရီးရဲလ်ကို ဖလားပြိုင်ပွဲတွေမှာ ရှုံးနိမ့်ခဲ့တာနဲ့ ရီးရဲလ်အသင်းရဲ့ ချန်ပီယံလိဂ်ပါ ဆွတ်ခူးနိုင်ခဲ့မှုကြောင့် အသင်းသားအားလုံးဟာ ဝေဖန်မှုတွေခံခဲ့ရပါတယ်။

Neymar Barcelona

၂၀၁၄- ၂၀၁၅ ရာသီအရောက်မှာတော့ အသင်းဟာ သမိုင်းဝင် တိုက်စစ်အတွဲဖြစ်လာမဲ့ အင်အားစုအတွက် ဆွာရက်စ်ကို ခေါ်ယူခဲ့ပါတယ်။ မက်ဆီ၊နေမာ၊ဆွာရက်စ် ပါဝင်တဲ့ MSN တိုက်စစ်ဟာ တဖက်က BBCတိုက်စစ်နဲ့အပြိုင် (Bale , Banzema , Cristiano Ronaldo) ထိမ်းမနိုင်သိမ်းမရ သောင်းကြမ်းလာခဲ့ပါပြီ ။ ၂၀၁၄ ကမ္ဘာဖလားပွဲစဥ်မှာတော့ နေမာဟာ ဒဏ်ရာပြဿနာ ကြုံတွေ့ရပြီး ကာလရှည်အနားယူခဲ့ရတဲ့အပြင် သူခြေစွမ်းပြကစားခဲ့ပေမဲ့ နေမာမပါတဲ့ နိုင်ငံအသင်းဟာ အမိမြေမှာ ဂျာမနီကို ရှုံးနိမ့်ပြီး ထွက်ခဲ့ရပါတယ်။ ဒဏ်ရာပြန်သက်သာလာချိန်မှာတော့ ပိုကောင်းလာတဲ့ နေမာ ဟာ ၃၃ ပွဲကစား ၂၂ ဂိုးသွင်း ၉ ကြိမ်ဖန်တီးမှု ပြုလုပ်နိုင်တဲ့အထိ လုပ်ပြနိုင်ခဲ့ပြီး ပြိုင်ဘက်ရီးရဲလ်ကို အမှတ်ဖလားမှာ အသာအယာကျော်ဖြတ်ပြီး လာလီဂါဆုဖလား ၊ ကိုပါဒယ်ရေးဖလား နဲ့ ချန်ပီယံလိဂ် ဖလားတို့ကို သိမ်းပိတ်နိုင်ခဲ့ပြီး ဖိုင်နယ်ပွဲစဥ်တွေမှာ ဂိုးသွင်းယူခဲ့ကာ ဥရောပတခွင်ကို ကိုင်လှုပ်နိုင်ခဲ့ပါတယ်။

၂၀၁၅ ရာသီပြီးဆုံးခံနီးမှာတော့ အသင်းရဲ့ အဓိကကစားသမားဖြစ်တဲ့ မက်ဆီ ဒဏ်ရာရပြီး ၂ လနီးပါးနားရဖို့ဖြစ်လာချိန်မှာတော့ အသင်းအတွက်တာဝန်ယူရမဲ့ သူဟာ နေမာဖြစ်လာခဲ့ပါတယ်။ အဲ့ ၂ လအတွင်း ၁၂ ပွဲ ကစားပြီး ၁၄ ဂိုးသွင်းယူကာ ခြေစွမ်းပြခဲ့ပါတယ်။ မက်ဆီ ဒဏ်ရာ ပြန်သက်သာလာချိန်မှာတော့ MSN တိုက်စစ်အတွဲဟာ ဆန်းတို့စ်မှာ တုန်းက နေမာ မယူနိုင်ခဲ့တဲ့ ကမ္ဘာ့ ကလပ် ဖလားကိုပါ သိမ်းပိုက်နိုင်ခဲ့ပြန်ပါတယ်။ MSN တိုက်စစ်ရဲ့ လုပ်အားနှုန်းဟာ ဘယ်လောက်ကောင်းခဲ့သလဲဆို အဲ့ချိန်အတွင်း သူတို့ ကစားခဲ့ ပွဲစဥ်တွေရဲ့ ၇၅ ရာခိုင်နှုန်းသော သွင်းဂိုးများကို သွင်းယူနိုင်ခဲ့တဲ့အထိ အရှိန်အဟုန်ကြီးမားခဲ့တာဖြစ်ပါတယ်။ နေမာဟာ ဘာစီလိုနာမှာ မဖြစ်နိုင်တဲ့ come back (တကျော့ပြန်အနိုင်ယူမှု ) ပြုလုပ်နိုင်ခဲ့သလို ဆုဖလားများစွာကိုလဲ MSN တိုက်စစ်နဲ့အတူ သိမ်းပိုက်နဲ့ခဲ့ပါတယ်။

သိပ်မကြာခင် ဘာစီလိုနာမှာ ၄ နှစ်ကစားပြီးအချိန်မှာတော့ နေမာ ဟာ ဘာစီလိုနာကနေ ထွက်ခွာဖို့အတွက် အကြောင်းဖန်လာပြန်ခဲ့ပါတယ်။ ပရိတ်သတ်အများကြီး မျှော်လင့်ထားတဲ့ MSN တိုက်စစ်ဟာလဲ တခန်းရပ်ဖို့ အကြောင်းဖန်လာခဲ့သလို နှမြောမှုတွေနဲ့ များစွာနဲ့ အံသြနေခဲ့ကြရပါတယ် ။ လူအများက မက်ဆီရဲ့ လောင်းရိပ်မိပြီး Balloon d’Or ဆုရယူနိုင်ဖို့ ဆိုပြီး ဝေဖန်မှုတွေရှိခဲ့ပေမဲ့ နေမာ အနေနဲ့ အသစ်သစ်သော စိန်ခေါ်မှုတွေနဲ့ ထိတွေ့ချင်တာကြောင့်လို့သာတုံ့ပြန်ခဲ့ပြီး ဒီထွက်ခွာမှုဟာ သူ့အနေနဲ့ အတော်လေးစဥ်းစားပြီးမှ ဒြိဟတွေ ဆုံးဖြတ်ချက်ချခဲ့ရတယ်လို့သာ ပြောဆိုခဲ့ပါတယ်။

နေမာ နဲ့ ပီအက်စ်ဂျီ

အခုလက်ရှိအချိန်ထိ ဘယ်အသင်း ကမှ ကစားသမား ၁ ယောက်အတွက် အသုံးပြုပြီး မခေါ်ယူနိုင်သေးတဲ့ ပမာဏကို ၂၀၁၇ ခုနှစ်မှာ ဘာစီလိုနာကနေ တဆင့် ပီအက်စ်ဂျီအသင်းဟာ ပြောင်းရွှေ့ကြေး ယူရို ၂၂၂ သန်း အသုံးပြုပြီး နေမာ့ကို ခေါ်ယူခဲ့ပါတယ်။ ဒီစံချိန်ကို ယနေ့ထိ ကျော်နိုင်တဲ့သူမရှိသေးပါဘူး ။ ဒီလို အသုံးပြုရခြင်းဟာ ပြည်တွင်းလိဂ်မှာလဲ သူဟာနဲ့သူ ရပ်တည်နေနိုင်တဲ့ ပီအက်ဂျီတို့အတွက် နေမာ ရဲ့ စွမ်းဆောင်မှုတွေ နဲ့ ချန်ပီယံလိဂ် အရယူနိုင်ဖို့ကိုပဲ ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။ သူနဲ့အတူ ၁၈ နှစ်သား အမ်ဘာပေကိုလဲ မိုနာကိုကနေ တဆင့် အငှားနဲ့ ခေါ်ယူခဲ့ပြီး အသင်းမှာရှိပြီးသား ဒီမာရီယာ ၊ ကာဗာနီ တို့နဲ့ ပေါင်းဆက်လိုက်ချိန်မှာတော့ အသင်းဟာ အင်မတန်မှ အင်အားတောင့်တင်းတဲ့ အနေအထားကို ရောက်ရှိသွားခဲ့ပြီး ချန်ပီယံလိဂ်ကို စိန်ခေါ်ဖို့ အသင့်ရှိနေခဲ့ပါတယ်။

နေမာ နဲ့ PSG

အသင်းကိုရောက်ရောက်ချင်းမှာပဲ သူ့အနေနဲ့ အကောင်းဆုံးပုံစံတွေ ပြသနိုင်ပြီး အလွယ်တကူပဲ အသင်းနဲ့ အသားကြသွားခဲ့ပါတယ်။ ပထမဆုံး ‌ရောက်ရောက်ချင်းရာသီမှာတင် ပွဲစဥ် ၃၀ ကစားပြီး ၂၈ ဂိုးသွင်းပြီး ၁၆ ဂိုးဖန်တီးနိုင်မှုနဲ့အတူ တန်ကြေးမြင့်ကစားသမားတယောက်ရဲ့ ခြေစွမ်းနဲ့ ဘာကြောင့်ဒီလိုတန်ဖိုးမြင့်ရတာလဲဆိုတာကို သက်သေပြနိုင်ပါတယ်။ ၂၀၁၈ အရောက်မှာတော့ ဒဏ်ရာပြဿနာကြောင့် ၄ လလောက် ဘောလုံးနဲ့ ဝေးကွာခဲ့ရပြီး ချန်ပီယံလိဂ်မှာလဲ ရီးရဲလ်အသင်းနဲ့ပွဲကို လွဲချော်ခဲ့ရကာ မျှော်မှန်းထားတဲ့ ချန်ပီယံလိဂ်ဖလားနဲ့ လွဲချော်ခဲ့ရပြန်ပါတယ်။အဲ့အချိန်က ပရိတ်သတ်တွေဆီကနေလဲ နေမာသာ ပါဝင်ခဲ့ရင် သူတို့ ချန်ပီယံလိဂ် အရယူနိုင်ခဲ့မှာဆိုတဲ့ အသံတွေ သဲ့သဲ့ ကြားခဲ့ရပါသေးတယ်။

နေမာရဲ့ ပီအက်စ်ဂျီ ဒုတိယမြောက် ရာသီအရောက်မှာလဲ ခြေစွမ်းကောင်းတွေကို ထိမ်းထားနိုင်ခဲ့ပါတယ် ။ သို့ပေမဲ့ ဇန်နဝါရီလ အရောက်မှာတော့ နေမာရဲ့ ဒဏ်ရာပြဿနာတွေ အစလို့ ပြောရမဲ့ အခြေနေတွေ နဲ့ကြုံတွေ့ခဲ့ရပြီး ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ပွဲစဥ်တွေနဲ့ လွဲချော်ခဲ့ရပြီး အသင်းလဲ အိမ်ပြန်ခဲ့ရပါတယ်။ ကြားထဲမှာလဲ ဒဏ်ရာ ပြဿနာတွေ မကြာခဏရခဲ့ပေမဲ့ နောက်တနှစ်မှာတော့ နေမာဟာ ချန်ပီယံလိဂ်မှာ ကွာတားအဆင့်ထိ သာ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ ၂၀၁၉ ကိုဗစ်ကာလမှာတော့ ပြည်တွင်းဖလားအားလုံးကို အရယူပေးနိုင်ခဲ့ပြီး တခုတည်းသော သူတို့ရဲ့ မျှော်လင့်ချက် ချန်ပီယံလိဂ်ဖလား ဖိုင်နယ်ထိ တက်ရောက်နိုင်ခဲ့ပြီး ၁ဂိုးထဲသောသွင်းဂိုး နဲ့ ဘိုင်ယန်မြူးနစ်ကို ရှုံးနိမ့်ကာ ဒုတိယဆုနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ဒီရလဒ်တွေဟာ ဘာစီလိုနာကနေ ထွက်လာခဲ့အပြီး အအောင်မြင်ဆုံးသော ရလဒ်တွေကို ပိုင်ဆိုင်ခဲ့ရတဲ့အခိုက်အတန့်တွေပဲဖြစ်ပါတယ်။

အဲ့နောက်ပိုင်းမှာတော့ ဒဏ်ရာပြဿနာတွေ စိပ်လာတဲ့ နေမာ ဟာ အကျပိုင်းကို ရောက်လာပါတော့တယ် ။ အသင်းဖော်ဟောင်း ဒိတ်ဒိတ်ကြဲမက်ဆီ အသင်းကိုရောက်လာသည့်တိုင်အောင် ကျန်တဲ့ ဖလားတွေသိမ်းပိုက်နိုင်ခဲ့ပေမဲ့ ဥရောပချန်ပီယံလိဂ်ဖလားကိုတော့ သိမ်းပိုက်နိုင်ခြင်းမရှိခဲ့ပါဘူး ။2022 ရာသီအရောက်မှာတော့ နေမာ ဆိုးရွားတဲ့ ဒဏ်ရာတွေနဲ့ ထပ်မံ ကြုံတွေ့ခဲ့ရပြီး ၁ ရာသီလုံးနားခဲ့ရတဲ့ထိဖြစ်သွားချိန်မှာ ပရိတ်သတ်တွေရဲ့ သီးခံနိုင်စွမ်းက ကုန်သွားခဲ့ပါပြီ။ ကွင်းတွင်းအဆင်မပြေမှုတွေရှိခဲ့ပေမဲ့ ကွင်းပြင်ပ မိသားစုကိစ္စတွေမှာတော့ နေမာ ဟာ သာယာချမ်းမြေ့တဲ့ဘဝကို ဖြတ်သန်းနေနိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ပဲ အသင်းနဲ့ လမ်းခွဲဖို့အချိန်ရောက်ရှိလာခဲ့ပြန်ပါတယ်။

neymar PSG Injured

နေမာ နဲ့ အယ်ဟီလာလ်

၂၀၂၃ ခုနှစ်မှာတော့ ရော်နယ်ဒို နဲ့ ဘန်ဇီမာ တို့ရဲ့ လမ်းစဥ်ကိုလိုက်ပြီး အသက် ၃၁ နှစ်အရွယ်မှာတင် ရေခပ်ဖို့အတွက် ဆော်ဒီလိဂ်ရဲ့ ကလပ်တခုဖြစ်တဲ့ အယ်ဟီလယ်အသင်းကို ပြောင်းရွှေ့သွားခဲ့ပါတယ်။ ပြောင်းရွှေ့ကြေးကလဲ ယူရို သန်း ၉၀ ထိ ပေးခဲ့ရတာဖြစ်တဲ့အတွက် မနည်းခဲ့ပါဘူး။ ဆော်ဒီမှာ ခြေစွမ်းပြတာတွေ သိပ်မလုပ်နိုင်ခဲ့ပဲ ကစားသမား သက်တမ်းတလျှောက် ၂၂ ပွဲသာကစားခဲ့ပြီး ဒဏ်ရာပြဿနာတွေနဲ့သာ လုံးပန်းနေခဲ့ရတာဖြစ်ပါတယ်။ ဒါပေမဲ့ ၁ နှစ်အတွင်းမှာ သန်း ၂၀၀ ကျော်ရှာနိုင်ခဲ့တဲ့အထိ သူဟာ ဝင်ငွေကြမ်းခဲ့ပါတယ်။

နေမာရဲ့ အယ်ဟီလာလ် သို့ ပြောင်းရွှေ့မှုသည် ငွေကြေး၊ ဂုဏ်သိက္ခာနှင့် နောက်ဆုံးအခွင့်အလမ်းတို့အတွက် ဖြစ်ပြီး၊ ဆော်ဒီဘောလုံးလောက၏ ကမ္ဘာ့အဆင့်မီ လှုပ်ရှားမှုတွင် အရေးပါသော ခြေလှမ်းတစ်ခုအဖြစ် သူ့ရဲ့ ပုံရိပ်တွေ အသုံးပြုပြီး လုပ်ဆောင်နိုင်ခဲ့ပေမဲ့ တခြား ကွင်းတွင်းစွမ်းဆောင်ရည် နဲ့ ဘောလုံးနဲ့ ပတ်သတ်ပြီး များများစားစားလုပ်ပြနိုင်ခဲ့တာမျိုးတော့ မမြင်ရတောပါဘူး။

neymar Al hilal

နေမာ နဲ့ အမိမြေ ဆန်းတို့စ် တကျော့ပြန်

အယ်ဟီလာလ်အသင်း နဲ့ နှစ်ဦးသဘောတူလမ်းခွဲခဲ့အပြီး ၂၀၂၅ ဇန်နဝါရီလအရောက်မှာတော့ သူရဲ့ ပထမဦးဆုံး အသင်းကြီး ကစားသမားဘဝဖြတ်သန်းခဲ့ ဆန်းတို့စ် အသင်းထံ ပြန်လည် ပြောင်းရွှေ့လာခဲ့ပြီး ဥရောပ နယ်မြေကို တဖန်ပြန်လည်ခြေချနိုင်ဖို့အတွက် ပြင်ဆင်နေပါပြီ။ ဘာတွေ ဘယ်လို နောက်ထပ်လုပ်ပြနိုင်မလဲ ဆိုတာတော့ ကျွန်တော်တို့ အားလုံးစောင့်ကြည့်ရမှာပါ။

နေမာ နဲ့ ဘရာဇီး

Neymar brazil

မှော်ဆန်တဲ့ ကစားဟန်တွေ နဲ့ ဘောလုံးရသ အပြည့်ပေးနိုင်တဲ့ နိုင်ငံဆိုရင် များများစားစားမကြည့်လိုက်နဲ့ လူတိုင်းစိတ်ထဲမှာ တခုထဲသော တွဲမြင်တတ်ကြတာ ဘရာဇီးပါပဲ ။ ပီလီ ၊ ရော်နယ်ဒို နာဇာရီယို (ဒိုကြီး) ၊ ရော်နယ်ဒင်ဟို ၊ ကာကာ စတဲ့ Balloon d’Or ရ ဂန္တဝင်ကစားသမားကြီး အများအပြားကို မွေးထုတ်နိုင်ခဲ့တဲ့ အပြင် ယနေ့အချိန်အထိ ထိပ်တန်းကစားသမားတွေကို မွေးထုတ်နိုင်ဆဲ နိုင်ငံ ၁ နိုင်ငံ ဖြစ်ပါတယ်။ အဲ့ထဲမှာလဲ နေမာ ဟာ တယောက်အပါဝင်ဖြစ်ခဲ့ပါတယ်။ ဘယ်လောက်ထိ တောက်ပအောင်မြင်ခဲ့သလဲပြောရရင် နေမာ ဟာ ပီလီပြီးရင် ကမ္ဘာ့ဖလား အောင်မြင်မှု ရယူနိုင်ခြင်းမရှိခဲ့တာတောင် ဒုတိယအမှတ်အများဆုံး ကစားသမားတယောက်အနေနဲ့ ရပ်တည်နိုင်ခဲ့ပါတယ်။

၂၀၁၀ ကမ္ဘာ့ဖလားမှာ နိုင်ငံအသင်းအတွက် ရွေးချယ်မခံခဲ့ရပေမဲ့ ပီလီ လက်သစ်လို့ နာမည်ကျော်လာတဲ့ နေမာဟာ ဘရာဇီးအတွက် နောက်ထပ် နတ်ဘုရား ၁ ပါးထပ်မံမွေးဖွားလာသလို အားလုံးက မျှော်လင့်ခဲ့ကြပါတယ်။ ၂၀၁၂ မှာတော့ အိုလံပစ် ကစားပွဲမှာ နိုင်ငံအသင်းအတွက် အဓိက ပါဝင်ကစားခဲ့ပြီး ဖိုင်နယ်အထိတက်လှမ်းနိုင်ခဲ့ပေမဲ့ မက္ကဆီကို အသင်းရဲ့ အသဲခွဲမှုနဲ့ ဒုတိယနေရာမှာသာ ကျေနပ်ခဲ့ရပါတယ်။ဘာစီလိုနာကို မပြောင်းရွေ့ခင် ၂၀၁၃ ခုနှစ်မှာတော့ နိင်ငံအသင်းနဲ့အတူ ကိုဖယ်ဒရေးရှင်း ဖလားကို ဝင်ပြိုင်ခဲ့ပြီး ချန်ပီယံဖြစ်ခဲ့တဲ့အပြင် ပြိုင်ပွဲတလျှောက်အကောင်းဆုံး ကစားသမားဆုရယူနိုင်ခဲ့ပြီး အခုချိန်ထိ အမြင့်ဆုံးသော နိုင်ငံအသင်းစွမ်းဆောင်ရည်အနေနဲ့ လုပ်ပြနိုင်ခဲ့ပါတယ်။

၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလား မှာ နေမာ အနေနဲ့ အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့ပြီး ဖလားကိုင်မြှောက်နိုင်မဲ့ အခြေနေအထိ အားလုံးက မျှော်လင့်ခဲ့ကြပါတယ် ။သို့ပေမဲ့ နောက်ကျော ကျောရိုးဒဏ်ရာကြောင့် နောက်ပိုင်းပွဲစဥ်တွေမှာမပါဝင်နိုင်တော့ပဲ အိမ်ရှင် ဘရာဇီးအသင်းဟာလဲ ဆီးမီးဖိုင်နယ်မှာ ဂျာမနီ ကို (၇-၁)နဲ့ ရှုံးနိမ့်ခဲ့သည်အထိ အရှက်ကွဲခဲ့ရပါတယ်။ ဒီအခြေအနေတွေဟာ နေမာအတွက်များစွာ စိတ်ထိခိုက်ခံခဲ့ရပြီး စိတ်ကျန်းမာရေးအတွက်ပါ ဆေးကုသမှုတွေခံယူခဲ့ရတဲ့အထိပါပဲ ။ ဒီလိုနဲ့ ၂၀၁၆ ရောက်လာချိန်မှာတော့ နေမာဟာ အိုလံပစ်ပြိုင်ပွဲမှာ ဘရားဇီးတို့ အတွက် ရွှေတံဆိပ်ဆုကို တချိန်က ကမ္ဘာ့ဖလားအိပ်မက်ဆိုးပေးခဲ့တဲ့ ဂျာမနီအသင်းကို ပြန်လည်ချေပပြီး နောက်ဆုံး အဆုံးအဖြတ် ပင်နယ်တီကို နေမာကိုယ်တိုင် ကန်သွားပြီး အရယူပေးနိုင်ခဲ့ပါတယ်။

၂၀၁၈ မှာလဲ ကမ္ဘာဖလား မှာလဲ ဘယ်ဂျီယံကို (၂-၁) ရလဒ်နဲ့ ထပ်မံရှုံးနိမ့်ကာ နောက်ဆုံး ၈ သင်း အဆင့်ကနေ လှည့်ပြန်ခဲ့ရပြန်ပါတယ်။ ၂၀၂၂ ကမ္ဘာဖလားရောက်ရှိလာချိန်မှာတော့ နိုင်ငံအသင်းတွေရဲ့ စိန်ခေါ်မှုတွေဟာ အရမ်းကိုမြင့်တက်လာခဲ့ပါပြီ ။ ကစားသမားဘဝ ပြီးပြည့်စုံအောင် ဆုဖလားတွေ ကိုယ်စီသိမ်းပိုက်ထားနိုင်တဲ့ မက်ဆီ နဲ့ ရော်နယ်ဒို ဟာ နိုင်ငံအသင်းတွေရဲ့ ထိပ်သီးဖလားဖြစ်တဲ့ ကမ္ဘာ့ဖလားကို ၁ ဦးမှ ရယူနိုင်ခြင်းမရှိသေးတဲ့အချက်နဲ့ သူတို့ရဲ့ ကစားသမားဘဝဟာလဲ နောက်ဆုံးသောအချိန်တွေကို ကိုယ်စီကိုယ်စီ နီးကပ်လို့လာခဲ့ပါပြီ ။ နိုင်ငံအသင်းအတွက် လုပ်ဆောင်ပေးရမဲ့ တာဝန်ကျန် ရှိနေသေးတဲ့ မက်ဆီ ဦးဆောင်တဲ့ အာဂျင်တီးနား ၊ ရော်နယ်ဒို ဦးဆောင်တဲ့ ပေါ်တူဂီ ၊ နေမာဦးဆောင်တဲ့ ဘရာဇီး ဆိုပြီး တကယ်ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ကြပေမဲ့ ကွာတားဖိုင်နယ်မှာ ခရိုအေးရှားအသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခါ ဘရာဇီးတို့ ထွက်ခွာခဲ့ရပြီး မက်ဆီတို့ အာဂျင်တိုင်းသားတွေ ဗိုလ်ဆွဲခဲ့ပါတယ်။

ဒီကမ္ဘာ့ဖလားပြီးဆုံး ချိန်မှာတော့ နိုင်ငံပရိတ်သတ်တွေရဲ့ ဝေဖန်မှုတွေဟာ မြင့်တက်လာခဲ့ပြီး နိုင်ငံလက်ရွေးစင်အသင်းကနေ နှုတ်ထွက်ဖို့အထိတောင် ခြိမ်းခြောက်ခံခဲ့ရပါတယ်။အဲ့နောက်ပိုင်းဒဏ်ရာပြဿနာတွေပိုပိုဆိုးလာတဲ့ နေမာဟာ ၂၀၂၃ ကိုပါအမေရိက ဖလားကိုပါ ပါဝင်နိုင်ခဲ့ခြင်းမရှိတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ ပရိတ်သတ်မျှော်လင့်ထားသလို ကစားသမားဘဝတလျှောက် မစွမ်း‌ဆောင်ပေမဲ့ ကြိုးစားမှုတွေရှိခဲ့တာ လုပ်ပြနိုင်ခဲ့တာတော့ ငြင်းလို့မရပါဘူး ။ အခုလာမဲ့ ၂၀၂၆ ကမ္ဘာ့ဖလားမှာရော နေမာကို ကျွန်တော်တို့အရင်လိုမျိုးပြန်တွေ့နိုင်ရမလားဆိုတာ စောင့်ကြည့်ရဦးမှာပါ။

နေမာ သို့မဟုတ် နှမြောစရာအကောင်းဆုံးသော ဘောလုံးအမွေအနှစ်

“အနိုင်ရရှိဖို 1 % ပဲရှိတယ်ဆိုရင်တောင် 99 % သောယုံကြည်စိတ်နဲ့ တိုက်ပွဲဝင်မယ်”

ငယ်စဥ်ဘဝတည်း က ထွန်းတောက်မှုတွေ နဲ့ အစပြုခဲ့တဲ့ နေမာရဲ့ ဘဝဟာ အရှိန်အဟုန် နဲ့ တိုးထွက်အောင်မြင်ခဲ့တာအမှန်ပါပဲ ၊ သူ့ရဲ့ ကျွမ်းကျင်တဲ့ ဘောလုံးကစားဟန်တွေဟာ တွေဟာ ဘောလုံး တခေတ်ကို ရသ အပြည့်အဝပေးနိုင်ခဲ့တယ်ဆိုတာလဲ ငြင်းလို့မရခဲ့ပါဘူး။ ဒါပေမဲ့ အဆိုးအရွားဆုံးသော ဒဏ်ရာ ပြဿနာတွေ ဘရာဇီးသားတွေရဲ့ အကျင့်အတိုင်း အောင်မြင်မှုထိမ်းထားနိုင်မှု အားနည်းတာတွေဟာ သူရဲ့ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို များစွာထိခိုက်ခဲ့တာပါ။ ဘယ်လိုပဲဖြစ်နေနေ နေမာဆိုတာ မက်ဆီရော်နယ်ဒို တို့နဲ့ ခောတ်ပြိုင် ၊ သူတို့ကို ရဲ့ နေရာကို ဆက်ခံမဲ့သူလို့ အားလုံးထင်ကြေးပေးခံခဲ့ရပေမဲ့ ဒီအထင်နဲ့ အမြင်တွေ ၊ ခန့်မှန်းမှုတွေ လေထဲမှာ တဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွားခဲ့ရပါပြီ ၊ GOAT ကြီး နှစ်ယောက် နေမဝင်ခင်မှာတင် သူကစောပြီးနေဝင်သွားပြီလားဆိုတာကို ကျွန်တော်တို့ ပြန်လည်စောင့်ကြည့်ရပါလိမ့်မယ်။

🏆 CLUB TROPHIES

Santos (Brazil) Years: 2009–2013

copa libertadores
Copa Libertadores
2011
Copa do Brasil
Copa do Brasil
2010
Campeonato Paulista​
Campeonato Paulista
2010
2011
2012
Recopa Sudamericana​
Recopa Sudamericana
2012

Barcelona (Spain) Years: 2013–2017

La Liga
La Liga
2011
Copa del Rey
Copa del Rey
2014 – 2015
2015 – 2016
2016 – 2017
UEFA Champions League
UEFA Champions League
2014 – 2015
FIFA Club World Cup
FIFA Club World Cup
2015
UEFA Super Cup
UEFA Super Cup
2015
Supercopa de España
Spanish Super Cup (Supercopa de España)
2013

Paris Saint-Germain (France) Years: 2017–2023

Ligue 1
Ligue 1
2017 – 2018
2018 – 2019
2019 – 2020
2021 – 2022
2022 – 2023
Copa del Rey
Coupe de France
2017 – 2018
2019 – 2020
2020 – 2021
Coupe de la Ligue​
Coupe de la Ligue
2017 – 2018
2019 – 2020
Trophée des Champions
Trophée des Champions
2018
2020
2022

NATIONAL TEAM TROPHIES (Brazil)

Olympic Gold Medal
Olympic Gold Medal
2016 (Rio de Janeiro)
FIFA Confederations Cup
FIFA Confederations Cup
2013
South American U-20 Championship trophy
South American U-20 Championship
2011
Olympic Silver Medal
Olympic Silver Medal
2012 (London)

⚽ Club Career Goals

Santos 2009–2013, 2025
139 GOALS

232 Matches

Barcelona 2013–2017
105 GOALS

186Matches

PSG 2017–2023

173Matches

Al-Hilal 2023–2024
1 GOALS

7Matches

FIFA Puskás Award
Puskás Award
(Best Goal of the Year)

2011

South American Footballer of the Year

2011 | 2012

Brazilian Footballer of the Year

2011

FIFA Confederations Cup Golden Ball

2013

(Best Player)
Ligue 1 Player of the Year

2017–18

(Best Player)
FIFA FIFPro World XI

2015 | 2017​

UEFA Team of the Year

2015 | 2020​

World Soccer Young Player of the Year

2011

Globe Soccer Player Career Award

2024

🏆 Domestic Brazilian Awards

Campeonato Paulista Best Player

2010 | 2011 | 2012

Campeonato Brasileiro Série A Best Player

2011

Prêmio Arthur Friedenreich

2010 | 2012

Bola de Ouro (Golden Ball)
bola de ouro (golden ball)

2011

Chuteira de Ouro (Golden Boot)
European Golden Shoe
(Best Goal of the Year)

2010 | 2011 | 2012

Bola de Prata (Silver Ball)
bola de prata

2010 | 2011 | 2012


by

Tags:

Comments

One response to “နေမာ အကြောင်း တစေ့တစောင်း”

  1. Pi Si Avatar
    Pi Si

    ဒီလို ဆောင်းပါးလေးတွေ တင်ပေးပါ များများလေး ဗဟုသုတရလို့ပါ ။

Leave a Reply

Your email address will not be published. Required fields are marked *