စက်တင်ဘာ (၈) ပွဲကြိုသုံးသပ်ချက်

September eight Match List

ယနေ့ညမှာကန်မယ့် Nation League ပွဲ (၄)ပွဲဖြစ်တဲ့ 

  • Denmark Vs Serbia
    [မြန်မာစံတော်ချိန် ည ၁၀း၃၀ နာရီ၊ စက်တင်ဘာ ၀၈ ရက်]
  • Croatia Vs Poland
    [မြန်မာစံတော်ချိန် ည ၀၁း၁၅ နာရီ၊ စက်တင်ဘာ ၀၉ ရက်]
  • Portugal Vs Scotland
    [မြန်မာစံတော်ချိန် ည ၀၁း၁၅ နာရီ၊ စက်တင်ဘာ ၀၉ ရက်]
  • Switzerland Vs Spain
    [မြန်မာစံတော်ချိန် ည ၀၁း၁၅ နာရီ၊ စက်တင်ဘာ ၀၉ ရက်]
    တို့ရဲ့ ပွဲကြိုသုံးသပ်ချက်။

Denmark Vs Serbia

[မြန်မာစံတော်ချိန် ည ၁၀း၃၀ နာရီ၊ စက်တင်ဘာ ၀၈ ရက်]

Denmark Vs Serbia

နိုင်ပွဲပျောက်ဆုံးထားခဲ့မှုကို ဒိန်းမက်တို့ အဆုံးသတ်ထားနိုင်ခဲ့သလို (၂)ယောက်လျော့ ဆွစ်ဇာလန်ကို မိနစ်(၈၀)ကျော် သွင်းဂိုးတွေနဲ့ အိမ်ကွင်းနိုင်ပွဲ ပြန်ရခဲ့တဲ့ ဒိန်းမက်တို့ ဟွိုင်းလန်း မပါတာကလွှဲရင် အင်ပြည့်အားပြည့် ကစားနေပါတယ်။
အဘက်ဘက်ကသာတဲ့ စပိန်အသင်းကို အိမ်ကွင်းမှာ ခုခံကာကွယ်ရင်း သရေတစ်မှတ် ရှာဖွေထားနိုင်ပေမဲ့ ဗလာဟိုဗစ်၊ မီထရိုဗစ်တို့ မပါတဲ့ တိုက်စစ်ဟာ ဆားမပါတဲ့ဟင်းလို ပေါ့ပျက်ပျက် ဖြစ်နေတဲ့ ဆားဘီးယား အသင်းဟာ ပြိုင်ပွဲစုံ နောက်ဆုံး (၄)ပွဲမှာ တိုက်စစ်သွင်းဂိုးတစ်ဂိုးသာ မြင်တွေ့ခဲ့ရတယ်။ ယူရို အုပ်စုအဆင့် ဂိုးမသွင်းနိုင်ခဲ့တဲ့ (၂)သင်းဟာ နေရှင်နယ်လိဂ်မှာလည်း ဂိုးတွေမြင်ရဖို့မရှိပါဘူး။

ရွေးချယ်မှု - ဂိုးအောက်

Croatia Vs Poland

[မြန်မာစံတော်ချိန် နံနက် ၀၁း၁၅ နာရီ၊ စက်တင်ဘာ ၀၉ ရက်]

Croatia Vs Poland

ရော်နယ်ဒိုဦးဆောင်နေတဲ့ ပေါ်တူဂီအသင်းကို ခရိုအေးရှားတို့ မနိုင်ခဲ့ပေမယ့် ဝါရင့်ကစားသမားတွေနဲ့ စုဖွဲ့ထားတဲ့ ခရိုအေးရှားအသင်းဟာ ပိုလန်ထက် ခြေစွမ်းသာသလို မိုဒရစ်ဦးဆောင်နေတဲ့ သူတို့အသင်းဟာ အဆင့်အတန်း တစ်ခုထိ ရုန်းကန်နိုင်စွမ်းရှိပါတယ်။

အဖွင့်ပွဲကို နိုင်ခဲ့ပေမဲ့ အားရစရာ ခြေစွမ်းမျိုးမတွေ့ရသလို လီဝန်ဒေါစကီးကိုသာ မှီခိုနေရပြီး မပါဝင်တဲ့ ပွဲတွေဆို ရုန်းကန်နေရတယ်။ နည်းပြသစ်လက်ထက်မှာ ပိုလန်တို့စွမ်းဆောင်ရည် ကောင်းမွန်လာတယ်ဆိုပေမဲ့ ခရိုအေးရှားအသင်းနဲ့ တွေ့ဆုံထားတဲ့ (၅)ပွဲမှာ (၁)ပွဲသာနိုင်ခဲ့တဲ့ ပိုလန်တို့ရုန်းကန်ရမှာပါ။ မိုဒရစ်ဦးဆောင်လာမဲ့ ခရိုအေးရှားသားတွေ ပြိုင်ပွဲစုံ (၄)ပွဲဆက် နိုင်ပွဲပျောက်ဆုံးထားမှုကို အဆုံးသတ်နိုင်ပါပြီ။

ရွေးချယ်မှု - ခရိုအေးရှား

Portugal Vs Scotland

[မြန်မာစံတော်ချိန် နံနက် ၀၁း၁၅ နာရီ၊ စက်တင်ဘာ ၀၉ ရက်]

Portugal Vs Scotland

ယူရိုပြိုင်ပွဲပြီးကတည်းက ဂိုးတွေပြန်မြူးလာတဲ့ ရော်နယ်ဒိုဟာ ပြိုင်ပွဲအရပ်ရပ်နောက်ဆုံး (၅)ပွဲလုံး ဂိုးသွင်းထားပါတယ်။ အသက်ကြီးပေမဲ့ လျော့တွက်လို့မရတဲ့ ပေါ်တူဂီတိုက်စစ်မှာ လူငယ်ကစားသမားခြေစွမ်းပြဖို့လို နေပါသေးတယ်။

စကော့တလန်မှာ တိုမီနေးတစ်ယောက် အတော်လေးခြေစွမ်းပြကစားနေသလို လိုအပ်နေတဲ့ သွင်းဂိုးတွေကိုလည်း ရှာဖွေပေးနိုင်ပေမဲ့ ခံစစ်ညံအသင်းတစ်သင်းဖြစ်တာမို့ ပလိုင်းပေါက်နဲ့ ဖားကောက်နေရတယ်။ နောက်ဆုံးတွေ့ဆုံမှု (၈)ပွဲဆက် ပေါ်တူဂီအသင်း မရှုံးနိမ့်ဖူးသလို တိုက်စစ်မှုး ရော်နယ်ဒိုဟာ စကော့တလန် အသင်းနဲ့ မကစားထားဖူးပါဘူး။ အိမ်ကွင်းမှာ ဂိုးတွေနဲ့ ဖျော်ဖြေပေးဦးမှာပါ။

ရွေးချယ်မှု - ပေါ်တူဂီ

Switzerland Vs Spain

[မြန်မာစံတော်ချိန် နံနက် ၀၁း၁၅ နာရီ၊ စက်တင်ဘာ ၀၉ ရက်]

Portugal Vs Scotland

ဆွစ်ဇာလန်အသင်းဟာ ဒီန်းမက်အိမ်ကွင်းသွား ကစားထားတိုင်း အမြဲဒူးထောက်နေရမြဲဖြစ်သလို အဲ့ပွဲမှာ အနီကဒ်နှစ်ယောက်ထိခဲ့လို အတော်လေးနစ်နာခဲ့ပြီး ရှာကာ မပါဝင်နိုင်တော့တဲ့ သူတို့ အသင်းဟာ ရုန်းကန်ရတော့မှာပါ။
ယူရို (၇)ပွဲဆက်နိုင်ပွဲရပြီး ချန်ပီယံဖလား သိမ်းပိုက်ထားနိုင်ခဲ့တဲ့ စပိန်အသင်းဟာ နေရှင်နယ်လိဂ်အဖွင့်ပွဲမှာ ဆားဘီးယားအသင်းကို မထင်မှတ်ပဲ သရေကျခဲ့သလို ဂိုးသမားလက်စွမ်းပြကာကွယ်မှုကြောင့် စပိန်တိုက်စစ် ဂိုးပေါက်ပျောက်ခဲ့ပါတယ်။ ဒဏ်ရာရနေလို့ မိုရာတာမပါနိုင်ပေမယ့် ဂိုးပေါက်ခြိမ်းခြောက်မှုရှိတဲ့ တိုက်စစ်အတွဲရှိတာမို့ စပိန်တို့အောင်ပွဲနဲ့ ဆင်နွှဲနိုင်မှာပါ။

ရွေးချယ်မှု - စပိန်

ဘော်ဒီ-မောင်း ကစားရန် ဂိမ်းဆိုဒ်များ

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *