ဖီနာဘာချီနဲ့ သတင်းထွက်နေပေမယ့် ယူနိုက်တက်မှာပဲ ဆက်ရှိနေမယ့် အန်တိုနီ

Antony and Manchester United logo in soccer field

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တောင်ပံ ကစားသမား အန်တိုနီဟာ အခုရက်ပိုင်းအတွင်းမှာပဲ တူရကီ ထိပ်သီးကလပ် ဖီနာဘာချီအသင်းနဲ့ အပြောင်းအရွှေ့ ကောလဟာလ သတင်းတွေ ထွက်ပေါ်နေပေမယ့် အန်တိုနီကတော့ ယူနိုက်တက်မှာသာ ဆက်လက်ရှိနေဖို့ကိုပဲ စိတ်ပိုင်းဖြတ်ထားတယ်လို့ သိရပါတယ်။

အသက် (၂၄)နှစ်အရွယ် ဘရာဇီးလ် ညာတောင်ပံကစားသမား အန်တိုနီဟာ လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ်ကမှ နည်းပြ အဲရစ် တန်ဟက်ဂ်နဲ့အတူ အေဂျက်စ်ကနေ ယူနိုက်တက် အသင်းဆီကို ယူရို (၉၅)သန်း ဝန်းကျင်နဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့ပါတယ်။ အခုဆို အန်တိုနီက ယူနိုက်တက် ကစားသမားဘ၀ တတိယမြောက် ရာသီကို ဖြတ်သန်းနေရပြီး ဒီရာသီမှာတော့ ပွဲချိန် (၁)မိနစ်လေးသာ ကစားထားရပါတယ်။

အန်တိုနီက အေဂျက်စ်မှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့သလောက် ယူနိုက်တက်မှာတော့ အတော်လေး ရုန်းကန်ခဲ့ရပြီး အခုဆို ယူနိုက်တက်အတွက် (၂)ရာသီအတွင်း ပြိုင်ပွဲစုံ (၈၃)ပွဲ ကစားထားပြီးချိန် (၁၁)ဂိုးသွင်းပြီး (၅)ဂိုးသာ ဖန်တီးနိုင်ခဲ့ပါတယ်။ ဒီလိုခြေစွမ်းတွေကြောင့် တန်ဟက်ဂ်ကပါ အန်တိုနီကို ပွဲထွက် လူစာရင်းကနေ ချန်လှပ်လာပါတော့တယ်။

Antony on the soccer field netting the ball

ပုံမှန်ခြေစွမ်းပြသဖို့တောင် ရုန်းကန်နေရတဲ့ အန်တိုနီဟာ အာမတ်ကိုပါ နေရာဖယ်ပေးလိုက်ရပြီး သူရဲ့ ပွဲကစားခွင့်တွေဟာလည်း အကန့်အသတ်နဲ့ ဖြစ်လာချိန်မှာ ကလပ်အသင်းတချို့က အန်တိုနီကို ယူနိုက်တက်ကနေ ခေါ်ယူသွားဖို့ စတင်ကြိုးပမ်လာခဲ့ပါတယ်။ မနေ့ကပဲ တူရကီကလပ် ဖီနာဘာချီအသင်းက အန်တိုနီကို အငှားစာချုပ်နဲ့ ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းထွက်လာခဲ့ပါတယ်။

ဒါပေမယ့် ဖာဘရီဇီယို ရိုမာနိုရဲ့ သတင်းဖော်ပြချက်မှာတော့ အန်တိုနီနဲ့ ဖီနာဘာချီတို့ရဲ့ သတင်းတွေက သတင်းတုတွေသာဖြစ်ပြီး အန်တိုနီအနေနဲ့ကလည်း ဒီစျေးကွက်မှာ ယူနိုက်တက်ကနေ ထွက်ခွာသွားဖို့ အစီအစဉ် လုံး၀မရှိပဲ ယူနိုက်တက်မှာ ပွဲကစားခွင့်တွေ ပုံမှန်ရရှိဖို့အတွက်ကိုသာ အာရုံစိုက်ထားတယ်လို့သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *