အိပ်မက်တွေ တကယ်ဖြစ်လာပြီလို့ ဆိုလိုက်ပြန်တဲ့ အူဂါတေး

Ugaday taking a selfie in the lounge

၂၀၂၄-၂၀၂၅ ဘောလုံးရာသီရဲ့ နွေစျေးကွက် နောက်ဆုံးရက်မှာ ပီအက်စ်ဂျီကနေ မန်ချက်စတာ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့လာခဲ့တဲ့ ဥရုဂွေး ကွင်းလယ်ခံစစ်ကစားသမား မန်နဝယ် အူဂါတေးက အခုတော့ သူရဲ့ အိပ်မက်တွေ အမှန်တကယ်ဖြစ်လာခဲ့ပြီလို့ အသင်းနဲ့ အင်တာဗျူးမှာဖြေဆိုလိုက်ပါတယ်။

ယူနိုက်တက်က အူဂါတေးကို စပို့တင်း လစ္စဘွန်းမှာ ကစားနေစဉ်ကတည်းက စိတ်ဝင်စားခဲ့တာဖြစ်ပေမယ့်လည်း ပီအက်စ်ဂျီက လက်ဦးမှု ရယူပြီး ခေါ်ယူခဲ့တာကြောင့် အခုမှသာ ပီအက်စ်ဂျီကနေ ပြန်လည်ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်က အူဂါတေးအတွက် အပိုဆုကြေးပါ အပါအဝင် ယူရို သန်း(၆၀)အထိ အသုံးပြု ခေါ်ယူခဲ့ပါတယ်။

United shirt and Ugatte with a red background

ကတ်စီမဲရိုးရဲ့ ခြေစွမ်းပိုင်းတွေ ကျဆင်းလာချိန်မှာ အူဂါတေးလို အရည်အသွေးမြင့် ကွင်းလယ်ခံစစ် ကစားသမားကောင်းတစ်ဦးကို ခေါ်ယူဖြည့်တင်းလိုက်နိုင်တာက ယူနိုက်တက် အတွက် အတော်လေးကို အကျိုးရှိခဲ့ရပါတယ်။ အခုလို ယူနိုက်တက်ဆီ ရောက်ရှိလာခဲ့ရတဲ့ အူဂါတေးက ” ဒီကလပ်အသင်းနဲ့ ဒီကွင်းကြီးတွေက ဒဏ္ဍာရီ ဆန်လောက်အောင် ကြီးကျယ်ခမ်းနားလှပါတယ်။ ယူနိုက်တက် ဆိုတာ ကမ္ဘာ့အကောင်းဆုံး ကလပ်အသင်းတွေထဲက တစ်သင်းဖြစ်တယ်။ နောက်ပြီး ကြီးမားတဲ့ ကလပ်အသင်း ဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ အားလုံးသိကြပါတယ်။အခုတော့ ယူနိုက်တက်ဆီပြောင်းရွှေ့ချင်နေတဲ့ ကျွန်တော့်ရဲ့ စိတ်ကူးအိပ်မက်တွေ တကယ်ဖြစ်လာခဲ့ရပါပြီ။”

“ကျွန်တော် အရမ်းပျော်ရွှင်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအပြောင်းအရွှေ့ ဖြစ်လာဖို့အတွက် ကျွန်တော် အကြာကြီးစောင့်ဆိုင်းနေရတာကြောင့်ပါ။”လို့ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။အူဂါတေးက ယူနိုက်တက် အသင်းမှာ သူရဲ့ စီနီယာ တောင်အမေရိက ကစားသမားကြီးဖြစ်တဲ့ အန်တိုနီယို ဗလင်စီယာ ဝတ်ဆင်ဖူးခဲ့တဲ့ ကျောနံပါတ် ချယ်လ်ဆီး ဆီအငှားနဲ့ ထွက်သွားတဲ့ ဆန်ချိုရဲ့ ကျောနံပါတ် (၂၅) ကို ဝတ်ဆင်သွားမှာဖြစ်ပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *