ရော်နယ်လ်ဒို နေရာကို ဆက်ခံမယ့်သူ မဟုတ်ဘူးလို့ အမ်ဘာပေ ဖွင့်ဟ

Kylian Mbappé and Ronaldo

ရီးယဲလ်မက်ဒရစ်အသင်းရဲ့ တိုက်စစ်ကစားသမား ကီလီယန် အမ်ဘာပေက သူဟာ ရီးယဲလ်ရဲ့ legend player ကြီးလည်းဖြစ် သူအရမ်းအားကျရတဲ့ Idol လည်းဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒို နေရာကို ဆက်ခံမယ့်သူမဟုတ်ပဲ သူက ကီလီယန်သာ ဖြစ်ချင်ကြောင်း ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

အသက်(၂၅)နှစ်အရွယ် ပြင်သစ်စူပါစတား တိုက်စစ်ကြယ်ပွင့် အမ်ဘာပေဟာ အခုနွေစျေးကွက်ကမှ ပီအက်စ်ဂျီကနေ ရီးယဲလ်အသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့ပါတယ်။
အဖွင့်ပွဲမှာပဲ အဖွင့်ဂိုး သွင်းယူရင်း ဥရောပ စူပါဖလားကို ဆွတ်ခူးခဲ့ရပေမယ့် လာလီဂါမှာတော့ (၃)ပွဲဆက်တိုက်အထိ ဂိုးပေါက်ပျောက်ခဲ့ရပါတယ်။

ထိပ်တန်း ကစားသမားတစ်ဦးအနေနဲ့ (၃)ပွဲဆက်တိုက်အထိ ဂိုးပေါက်ပျောက်နေချိန်မှာ ဝေဖန်သံတွေ လှောင်ပြောင်မှုတွေ ရှိလာခဲ့ပေမယ့် မနေ့ညက ဘက်တစ်နဲ့ ပွဲမှာပဲ ဘာပေဟာ ရီးယဲလ် အတွက် လာလီဂါ သွင်းဂိုး (၂)ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် ဝေဖန် လှောင်ပြောင်မှုတွေကိုပါ ရပ်တန့်ပစ်နိုင်ခဲ့ပါတယ်။

Kylian Mbappé

ပွဲအပြီး အင်တာဗျူးမှာတော့ ဘာပေက ” ကျွန်တော်နဲ့ ဗင်နီစီးယပ်စ် တို့အကြောင့်းကို ပြောနေကြတာတွေလား။ ဒါက အဆင်ပြေပါတယ်။ ကျွန်တော်တို့က ငယ်ရွယ်တယ်။ကျော်ကြားတယ်။ ဒီတော့ ကျွန်တော်တို့ အကြောင်းကို ပြောကြတယ်ဆိုတာက သာမန်ပါပဲ။နောက်ပြီး ကျွန်တော်က ရော်နယ်လ်ဒို နေရာကို ဆက်ခံမယ့်သူလားဆိုတော့။”

“သူက ကျွန်တော် လေးစားအားကျရတဲ့ Idol ဆိုတာ ဟုတ်ပါတယ်။ဒါပေမယ့် သူ့နေရာ ဆက်ခံမယ့်သူတော့ မဟုတ်ပါဘူး။ ကျွန်တော် အဲ့ဒီဖိအားကိုတော့ မလိုချင်ဘူး။ကျွန်တော်က ကီလီယန်ပဲ ဖြစ်ချင်တယ်။အခုကတော့ အသင်းမှာ အံ့ဝင်ခွင်ကျ ဖြစ်အောင် လုပ်ဆောင်နေရတဲ့ ဖိအားတစ်ခုတည်းပဲ ရှိနေပါတယ်။” လို့ပြောဆိုသွားခဲ့ပါတယ်။

“ကျွန်တော် အခုကစားနေရတဲ့ နေရာနဲ့ ပါတ်သက်ပြီးတော့လည်း ဘာအခက်အခဲမှ မရှိပါဘူး။ကျွန်တော်က တိုက်စစ်နေရာ အစုံမှာ ကစားနိုင်ပါတယ်။ပဲရစ်မှာတုန်းကလည်း အခုနေရာကို အနည်းငယ်လောက် ကစားခဲ့ဖူးပါသေးတယ်။အရေးအကြီးဆုံး အရာကတော့ ဘယ်လိုရွေ့လျားမလဲ ဆိုတာကို သိထားဖို့ပါပဲ။” လို့ပြောဆိုသွားခဲ့ပါတယ်။


by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *