အယ်လ်နာဆာ နဲ့ Here We Go သွားတဲ့ လိုက်ပ်ဇစ် နောက်ခံလူ ဆီမာကန်

Leipzig defender Simakan and Al Nasr Logo with Al Nasr fan background

နွေရာသီ အပြောင်းအရွှေ့စျေးကွက် ပိတ်သိမ်းခါနီး ကာလကို ရောက်ရှိလာချိန်မှာတော့ ဆော်ဒီ ထိပ်သီးကလပ်အသင်းတွေရဲ့ စျေးကွက် လှုပ်ရှားမှုတွေကိုလည်း စတင် မြင်တွေ့လာခဲ့ရပါပြီ။ အခုလည်း ဆော်ဒီကလပ် အယ်လ်နာဆာအသင်းက လိုက်ပ်ဇစ် နောက်ခံလူ ဆီမာကန် ကို ခေါ်ယူဖို့ here we go ခဲ့ပြီလို့ ဆိုလာပါတယ်။

အယ်လ်နာဆာ အသင်းဆိုတာ ဆော်ဒီပရိုလိဂ် ဘောလုံးပြိုင်ပွဲကို တစ်ကမ္ဘာလုံးက ဘောလုံးဝါသနာရှင်တွေ မျက်စိကျလာအောင် စွမ်းဆောင်ခဲ့တဲ့ အသင်းတစ်သင်းဖြစ်ပြီးတော့ မန်ချက်စတာ ယူနိုက်တက်နဲ့ လမ်းခွဲလာတဲ့ လက်ရှိ ဘောလုံးလောကရဲ့ GOAT တစ်တွေထဲက တစ်ဦးဖြစ်သူ ရော်နယ်လ်ဒိုကို ခေါ်ယူခဲ့တဲ့အသင်းဖြစ်ပါတယ်။

neymar-benzema-mane

အဲ့ဒီနောက်ပိုင်းမှာပဲ နေမာ၊ ဘန်ဇီမာ၊ မာနေး တို့လို ကမ္ဘာ့ထိပ်တန်းကစားသမားတွေက ဆော်ဒီလိဂ်ဆီ ရောက်ရှိလာခဲ့ကြပါတယ်။ အဓိက ကတော့ ကစားသမားတွေက မက်မောလောက်စရာ လုပ်ခလစာတွေကြောင့် ဆော်ဒီကလပ်တွေဆီ ပြောင်းရွှေ့ခဲ့တာဖြစ်ပေမယ့် ဆော်ဒီအသင်းတွေကြား ပြိုင်ဆိုင်မှုတွေကတော့ ပိုမိုပြင်းထန်လာခဲ့ပါတယ်။.

အခုလည်း ဥရောပ ဘောလုံးနယ်ပယ်မှာ ချယ်လ်ဆီး၊ ပီအက်စ်ဂျီ၊ အာဆင်နယ်တို့လို အသင်းတွေရဲ့ ပစ်မှတ်ဖြစ်ခဲ့ဖူးတဲ့ နာပိုလီ တိုက်စစ်မှူး ဗစ်တာ အိုဆီမန်ကိုလည်း ဆော်ဒီကလပ် အသင်းတစ်သင်းဖြစ်တဲ့ အယ်လ်အာလီက ယူရိုသန်း(၈၀)ဝန်းကျင်နဲ့ ခေါ်ယူသွားဖို့ သဘောတူညီသွားခဲ့ပြီလို့ သတင်း တွေထွက်လာခဲ့ပါတယ်။ဒီအချိန်မှာ အယ်လ်နာဆာအသင်းကလည်း အသင်းတိုက်စစ်ပိုင်းမှာ ရော်နယ်လ်ဒို၊ မာနေး၊ တာလီစကာတို့လို ကစားသမားကောင်းတွေရှိနေတာမို့ အသင်းခံစစ်ပိုင်းအတွက်ကိုပဲ ဂိုးသမား ဘန်တို မာသီးယပ်စ်ကို ခေါ်ယူခဲ့ပြီး အခုလည်း လိုက်ပ်ဇစ်အသင်းရဲ့ ပြင်သစ်နောက်ခံလူ ဆီမာကန်ကိုပါ ထပ်မံ ခေါ်ယူသွားနိုင်ပါတော့မယ်။

Mohamed Simakan

အသက် (၂၄)နှစ်အရွယ် မိုဟာမက် ဆီမာကန်ဟာ ဗဟိုခံစစ်ရော ညာနောက်ခံလူအဖြစ်ပါ ကစားနိုင်သူဖြစ်ပြီး ပရီးမီးယားလိဂ် ထိပ်တန်းအသင်းတွေရဲ့ ပစ်မှတ် ကစားသမားလည်းဖြစ်ပါတယ်။ အခုတော့ ဆီမာကန်ဟာ အယ်လ်နာဆာအသင်းဆီ (၅)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ကစားဖို့ နီးစပ်နေပြီး ကစားသမားရဲ့ တန်ကြေးကိုတော့ ယူရို(၃၅)သန်းလောက် ရှိနေသလို ၂၀၂၇ခုနှစ်အထိ လိုက်ပ်ဇစ်နဲ့ သက်တမ်းရှိနေတာမို့ ပြောင်းရွှေ့ကြေးအဖြစ် ယူရို သန်း(၄၀)လောက် အသုံးပြုရနိုင်ပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *