ဝုဗ်လ် ကို (၆)ဂိုးနဲ့ အပြတ်သိတ်လိုက်တဲ့ ချဲလ်ဆီး

ချဲလ်ဆီးကတော့ ပရီးမီးယားလိဂ်ဒုတိယပွဲစဉ်မှာ ဝုဗ်လ်ကို ၆ – ၂ ဆိုတဲ့ရလဒ်နဲ့ ဂိုးပြတ်နိုင်သွားပြီ။ အစောပိုင်းမှာ ချေပဂိုးတွေပြန်ပေးရပြီး ပထမပိုင်းမှာ ၂ ဂိုးစီသရေကျခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ခြားနားတဲ့ ချဲလ်ဆီးကို မြင်ခဲ့ရတယ်။ ပိုကောင်းလာတယ်၊ တိုက်စစ်က ပိုထိရောက်လာတယ်။ ပယ်လ်မာကတော့ တကယ့်ကို အသင်းရဲ့ အသက်သွေးကြောလိုရှိနေတုန်းပဲ။ ဂိုးဖန်တီးမှု ၃ ကြိမ်၊ ကိုယ်တိုင်သွင်းဂိုး ၁ ဂိုးရှိတယ်။ မာဒူခီကတော့ ဟက်ထရစ်ရခဲ့ပြီး ချဲလ်ဆီးရဲ့ ညာတောင်ပံဟာ သူ့အတွက်ဆိုတာကို ထပ်မံသက်သေပြခဲ့တယ်။

Noni Madueke celebrating after scoring

ဒီပွဲမှာ ချဲလ်ဆီးဟာ မတူညီတဲ့ ချဉ်းကပ်ပုံနဲ့ ချဉ်းကပ်လာခဲ့တာကို‌ တွေ့ရတယ်။ နည်းပြ မာရက်စ်ကာအတွက်တော့ အခုချိန်ထိ စမ်းသပ်နေဆဲအနေအထားလို့ ပြောရမယ်ထင်တယ်။ ဒါပေမဲ့ ဒီနေ့ကစားပုံက တိုက်စစ်အတွက် အလုပ်ဖြစ်တယ်။ ခံစစ်က ဂိုးတွေပြန်ပေးလိုက်ရတာတစ်ခုပဲ ပြောစရာရှိပေမယ့် တိုက်စစ်အတွက်တော့ အတော်လေး အလုပ်ဖြစ်တယ်လို့ ပြောရမယ်။

တစ်ခုရှိတာကတော့ မူဒရစ်ပဲ။ မူဒရစ်က အခုထိ အဆင်မပြေသေးဘူး။ ဒါကြောင့်ပဲ ဒုတိယပိုင်းမှာ လူစားလဲခံခဲ့ရတာ။ သူ့အစား နီတိုဝင်လာတော့ ချဲလ်ဆီးရဲ့ တောင်ပံနှစ်ဖက်က ပိုအသက်ဝင်သွားတယာ်။ အဲဒီကနေပဲ ဂိုးတွေဆက်တိုက်ရပြီး မာဒူခီက ဟက်ထရစ်ရခဲ့တယ်။ နောက်ထပ် စိတ်ကျေနပ်စရာကတော့ ယာအိုဖီးလစ်ကလည်း ဂိုးရခဲ့တာပါပဲ။ လူစားဝင်ကစားခဲ့ပြီးနောက် နီတိုရဲ့ဖန်တီးမှုကနေ သူ ဂိုးရခဲ့တယ်။ ဒီလို ဂိုးပြတ်နိုင်ပွဲဟာ ချဲလ်ဆီးကစားသမားတွေအတွက် အတော်လေး အားဖြစ်စေမယ့် နိုင်ပွဲလို့ ပြောရမယ်။

How Chelsea are celebrating and playing football

အခုဆို မန်စီးတီးကို ရှုံးပြီးနောက် ယူရိုပါကွန်းဖရန့်လိဂ်ခြေစစ်ပွဲနဲ့ ဝုဗ်လ်နဲ့ပွဲကို သူတို့ဆက်တိုက်နိုင်ခဲ့ပြီ။ ချဲလ်ဆီးလည်း တဖြည်းဖြည်းနဲ့ ပုံပေါ်လာပြီ။ ဝုဗ်လ်နဲ့ပွဲဆိုရင် သူတို့ တကယ့်ကို ကြမ်းခဲ့တာပဲ။ ဒါကို ဆက်ထိန်းဖို့က အရေးကြီးဆုံးအရာပဲလို့ပြောရတော့မယ်။

အခြား သတင်းများ -

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *