ဂွန်ဒိုဂန် ပြန်ရောက်လာပေမယ့် အသင်းကနေ ဘယ်ကစားသမားမှ မရောင်းချဘူးလို့ ဂွာဒီယိုလာ ဆို

မန်ချက်စတာစီးတီး အသင်းဟာ အသင်းခေါင်းဆောင်ဟောင်းကြီး အီကိုင်းလ် ဂွန်ဒိုဂန်ကို ဘာစီလိုနာ အသင်းကနေပြန်လည် ခေါ်ယူနိုင်ခဲ့ပေမယ့်လည်း စျေးကွက်ထဲမှာ အသင်းက ကစားသမားတွေကိုတော့ ရောင်းထုတ်သွားဖို့ အစီအစဉ်မရှိဘူးလို့ အသိပေးပြောဆိုလိုက်ပါတယ်။

Guardiola and Gundogan photo

ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ မန်စီးတီးအသင်းဟာ ဒီနွေမှာ ထရွိုင်စ်အသင်းရဲ့ ဘရာဇီးလ် တောင်ပံကစားသမား ဆာဗီယိုနဲ့ ကစားသမားဟောင်းကြီး ဂွန်ဒိုဂန်တို့ကိုသာ အသင်းအတွက် ခေါ်ယူထားခဲ့ပြီး အသင်းကနေတော့ အဲလ်ဗာရက်ဇ် ဂိုးမက်ဇ်ကော်တို ဒွိုင်းလ်နဲ့ ဟားဝုဒ်ဘဲလစ် တို့ကို ရောင်းထုတ်ထားခဲ့ပါတယ်။

ကွင်းလယ်ကစားသမားကြီး ဂွန်ဒိုဂန် အသင်းဆီ ရုတ်တရက် ပြန်ရောက်ရှိလာချိန်မှာ အသင်းရဲ့ ကွင်းလယ်ပိုင်းမှာက ဂွန်ဒိုဂန်အပြင် ရိုဒရီ ဒီဘရိုင်း ကိုဗာဆစ် နူးနက်စ် မက်အာတီ တို့ရှိနေတာကြောင့် မာသီးယပ်စ် နူးနက်စ် နဲ့ ဂျိမ်းစ် မက်အာတီတို့ရဲ့ ပွဲကစားခွင့်တွေက နည်းပါးလာနိုင်သလို ဒီကစားသမားတွေရဲ့ အနာဂတ်ဟာလည်း လှုပ်ခတ်လာနိုင်ပါတယ်။ ဒါပေမယ့် မန်စီးတီး နည်းပြကြီး ဂွာဒီယိုလာကတော့ သူတို့အသင်းအနေနဲ့ ဒီရာသီထဲ ပွဲပေါင်းများစွာ ကစားရမှာဖြစ်လို့ အသင်းက ကစားသမားတွေကို လိုအပ်မှာဖြစ်သလို ဂွန်ဒိုဂန် ပြန်ရောက်လည်သည့်တိုင် အသင်းကနေ ဘယ်ကစားသမားကိုမှ ရောင်းချသွားမှာ မဟုတ်ဘူးလို့ ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။

ILKAY GUNDOGAN

’’ဂွန်ဒိုဂန် ရောက်လာပေမယ့် အသင်းက ကစားသမားတွေ အားလုံးကတော့ အသင်းမှာပဲ ဆက်ရှိနေမှာပါ။ ကျွန်တော်တို့ အသင်းမှာ Squad Death အပြည့်လည်းမရှိပါဘူး။ ကစားသမားအရေအတွက်ကလည်း (၁၉ ) (၂၀) (၂၁) ဦးလောက်ပဲ ရှိနေပါတယ်။ ကစားသွားရမယ့် ပွဲတွေကလည်း အများကြီးပဲ ရှိနေတာဖြစ်လို့ ကစားသမားတိုင်းက ပွဲကစားခွင့် အတွက် တိုက်ပွဲဝင်ရပါလိမ့်မယ်။” လို့ ဂွာဒီယိုလာက ပြောဆိုလာပါတယ်။

လက်ရှိ မန်စီးတီးအသင်းမှာ တိုက်စစ်ပိုင်းအတွက် အဲလ်ဗာရက်ဇ်က အသက်လက်တီကို အသင်းဆီ ထွက်ခွာသွားသလို လူငယ် တောင်ပံကစားသမားလေး အော်စကာ ဘော့ဘ်ကလည်း ဒဏ်ရာရရှိနေပေမယ့် တိုက်စစ်ကစားသမားသစ် ထပ်မံခေါ်ယူသွားဖို့ အစီအစဉ်မရှိပဲ ဖြစ်နေပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *