မေ (၂၅) ပွဲကြိုသုံးသပ်ချက်

မေ (၂၅) ရက် ညမှာ ကန်မယ့်ပွဲစဉ်ကောင်း များဖြစ်တဲ့

  • မန်ယူ VS ဗီလာ
    England Premier League
    [ မြန်မာစံတော်ချိန် ည ၀၉း၃၀ နာရီ ၊ မေ ၂၅ ]
  • ဖူလ်ဟမ် VS မန်စီးတီး
    England Premier League
    [ မြန်မာစံတော်ချိန် ည ၀၉း၃၀ နာရီ ၊ မေ ၂၅ ]
  • လီဗာပူးလ် VS ပဲလေ့စ်
    England Premier League
    [ မြန်မာစံတော်ချိန် ည ၀၉း၃၀ နာရီ ၊ မေ ၂၅ ]
  • နော့တင်ဟမ် VS ချဲလ်ဆီး
    England Premier League
    [ မြန်မာစံတော်ချိန် ည ၀၉း၃၀ နာရီ ၊ မေ ၂၅ ]
  • ဆောက်သမ်တန် VS အာဆင်နယ်
    England Premier League
    [ မြန်မာစံတော်ချိန် ည ၀၉း၃၀ နာရီ ၊ မေ ၂၅ ]
  • စပါး VS ဘရိုက်တန်
    England Premier League
    [ မြန်မာစံတော်ချိန် ည ၀၉း၃၀ နာရီ ၊ မေ ၂၅ ]
  • ဘုန်းမောက် VS လက်စ်တာ
    England Premier League
    [ မြန်မာစံတော်ချိန် ည ၀၉း၃၀ နာရီ ၊ မေ ၂၅ ]
  • အစ်ဆွစ် VS ဝက်စ်ဟမ်း
    England Premier League
    [ မြန်မာစံတော်ချိန် ည ၀၉း၃၀ နာရီ ၊ မေ ၂၅ ]
  • နယူးကာဆယ် VS အဲဗာတန်
    England Premier League
    [ မြန်မာစံတော်ချိန် ည ၀၉း၃၀ နာရီ ၊ မေ ၂၅ ]
  • ဝုဗ် VS ဘရန့်ဖို့ဒ်
    England Premier League
    [ မြန်မာစံတော်ချိန် ည ၀၉း၃၀ နာရီ ၊ မေ ၂၅ ]

တို့ရဲ့ ပွဲကြိုသုံးသပ်ချက်

Manchester United [Vs] Aston Villa

[ မြန်မာစံတော်ချိန် ည ၀၉း၃၀ နာရီ ၊ မေ ၂၅

မန်ယူအသင်း လက်ရှိအခြေအနေ

ပရီးမီးယားလိဂ်မှာ ကာလရှည်နိုင်ပွဲပျောက် သရဲနီတွေဟာ ယူရိုပါလိဂ်တလျှောက်ရှုံးပွဲမရှိစံချိန်က ဗိုလ်လုပွဲရောက်မှ လန်ဒန်ကြက်ဖတွေကို ဒူးထောက်လိုက်ရတာမို့ ဥရောပဝင်ခွင့်ဆုံးရှုံးခဲ့ပေမဲ့ နောက်ရာသီ ပြည်တွင်းပွဲတွေ အာရုံစိုက်ဖို့ အမ်မိုရင်အတွက် ပြင်ဆင်ချိန်ရသွားတာပါ။

ဗီလာအသင်း လက်ရှိအခြေအနေ

ချန်ပီယံလိဂ်ကစားခွင့်အတွက် အူနိုင်းအမ်မရီတပ်သားတွေ အပြင်းအထန်ရုန်းနေသလို ပရီးမီးယားလိဂ်နောက်ဆုံး ၉ ပွဲမှာ မန်စီးတီးကိုရှုံးခဲ့တာလွဲရင် ၈ ပွဲထိ အနိုင်ကစားထားတာပါ။ အသင်းကြီးတွေကြား အပြိုင်ရုန်းနေရသလို သရေကျခွင့်မရှိတဲ့ ဗီလာဟာ လမ်းကြောင်းမှန်မှာဆိုပေမဲ့ အိုးထရက်ဖို့ဒ်ကွင်းမှာဆို အနိုင်ရဖို့ခက်ခဲပါတယ်။

ခန့်မှန်းချက်

အစဥ်လာအရ မန်ယူအိမ်ကွင်းမှာ အနိုင်ရတာရှားတဲ့ ဗီလာတို့ ဘာလုပ်ပြနိုင်မလဲစောင့်ကြည့်ရမှာ ကြေးအရတော့ မန်ယူဘော်ဒီ ၁ လုံး ၄၀ ရှုံးပေါက်ထားပြီး ဂိုးပေါင်းကြေး ၃ လုံး ၁၀ ရှုံးမှာတော့ ဗီလာဘော်ဒီ ပိုကြိုက်ပါတယ်။

Fulham [Vs] Manchester City

[ မြန်မာစံတော်ချိန် ည ၀၉း၃၀ နာရီ ၊ မေ ၂၅ ]

ဖူလ်ဟမ်အသင်း လက်ရှိအခြေအနေ

ဇယားအလယ်က ဖူလ်ဟမ်ဟာ အတက်အကျကြမ်းနေပြီး ခံစစ်လည်းပေါက်နေတယ်၊ ၂ ပွဲဆက်ရှုံးပြီး ၁ ပွဲနိုင်နဲ့ ရစ်သမ်မိနေတဲ့ မာကိုဆေးလ်ဗားအသင်းဟာ ဥရောပဝင်ခွင့် မျှော်လင့်ချက် အနည်းငယ်မှာ ချန်ပီယံလိဂ်ဝင်ခွင့်အမှားခံမှာ မဟုတ်တဲ့ စီးတီးကို ယှဥ်လာဖို့တော့ ခက်ပါတယ်။

မန်စီးတီးအသင်း လက်ရှိအခြေအနေ

၄ နှစ်ဆက်ဖလားတွေသိမ်းပိုက်ပြခဲ့တဲ့ ဂွါဒီယိုလာတပ်သားတွေဟာ အက်ဖ်အေဖလားမှာ မလန်းနိုင်ခဲ့တာမို့ ဖလားလက်မဲ့ဘဝနဲ့ အဆုံးသတ်ခဲ့ရပါတယ်၊ ချန်ပီယံလိဂ်တစ်နေရာအတွက် ဘုန်းမောက်ကို ဂိုးပြတ်အနိုင်ယူပြထားတဲ့ မိုးပြာရောင်တွေဟာ နောက်ဆုံးတွေ့ဆုံမှု ဖူဟမ်းကို ပွဲ ၂၀ ဆက်မရှုံးခဲ့ပါဘူး။

ခန့်မှန်းချက်

ချန်ပီယံလိဂ်ဝင်ခွင့်သေချာဖို့ အနိုင်ကန်ဖို့လိုအပ်နေတဲ့ စီးတီးသားတွေဘယ်လိုပေါက်ကွဲမလဲကြည့်ရပါမယ်။ ၁ လုံး ၂၀ စီးတီးဘော်ဒီ နဲ့ ၃ လုံး ၁၀ ဂိုးပေါင်းကြေးမှာတော့ စီးတီးဘော်ဒီကြိုက်ပါတယ်။

Liverpool [Vs] Crystal Palace

[ မြန်မာစံတော်ချိန် ည ၀၉း၃၀ နာရီ ၊ မေ ၂၅ ]

လီဗာပူးလ်အသင်း လက်ရှိအခြေအနေ

ပရီးမီးယားလိဂ်ဖလား သိမ်းပိုက်ထားပြီးနောက် ကြိုးကြာနီတွေ ပျောက်ခြင်းမလှပျောက်ကွယ်နေတာပါ၊ အဆုံးသတ်ပွဲကို အန်ဖီးလ်မှာ ပြန်လည်တောက်ပနိုင်ဖို့ အာနီစလော့ တပ်သားတွေ အကောင်းဆုံးပုံစံနဲ့ ပွဲထွက်လာဖို့ ပြင်ဆင်လာနိုင်ပါတယ်။

ပဲလေ့စ်အသင်း လက်ရှိအခြေအနေ

ယုံကြည်မှုပြည့်ဝနေတဲ့ လင်းယုန်တွေဟာ နိုင်ပွဲဆက်နေသလို အက်ဖ်အေဖလားပါ မထင်မှတ်ပဲ သိမ်းပိုက်နိုင်ခဲ့လို အဆင့် ၁၂ နဲ့ ယူရိုပါလိဂ်ကစားခွင့်ရသွားခဲပါတယ်၊ ဒ့ါအပြင် အန်ဖီးလ်သွားကန်ထားတဲ့ နောက်ဆုံး ၂ ရာသီဆက် ဒူးမထောက်ခဲ့ရသလို လက်ရှိခြေစွမ်းနဲ့ ခံကစားလာဦးမှာပါ။

ခန့်မှန်းချက်

စင်ပေါ်မှာ ပဲရောက်နေတဲ့ ကြိုးကြာတပ်သားတွေ အရံတွေနဲ့ ခြေစမ်းလာနိုင်တယ်ဆိုပေမဲ့ ဘော်ဒီပေါက်ကြေး ၁ လုံး ၈၀ ရှုံး နဲ့ ဂိုးပေါင်း ၄ လုံး ၈၀ ရှုံးဆိုတဲ့ ကြေးကများလွန်းလှတာမို့ ဂိုးအောက်အရပ်ပိုကြိုက်ပါတယ်။

Nottingham Forest [Vs] Chelsea

[ မြန်မာစံတော်ချိန် ည ၀၉း၃၀ နာရီ ၊ မေ ၂၅ ]

နော့တင်ဟမ်အသင်း လက်ရှိအခြေအနေ

၁ မှတ်အကွာ အဆင့် ၅ နဲ့ အဆင့် ၇ ရဲ့ ချန်ပီယံလိဂ်ကစားခွင့် အဆုံးအဖြတ်ပြီး ရလဒ်ပိုင်း တောက်လျှောက်ကျသွားသလို ပြီးခဲ့တဲ့အပတ်ကမှ နိုင်ပွဲရှာတွေ့ခဲ့တဲ့ သစ်တောတွေရဲ့ အဓိကပြဿနာဟာ ခံစစ်ညံ့ဖျင်းလွန်းနေတာပါ။

ချဲလ်ဆီးအသင်း လက်ရှိအခြေအနေ

ကွန်ဖရန့်လိဂ်ဖိုင်နယ်ကစားရဖို့ရှိနေတဲ့ ခြင်္သေ့ပြာတွေဟာ ငှက်ကျားတွေအရှုံးကြောင့် ချန်ပီယံလိဂ်ကစားခွင့်ကို ဖောင်ဖျက်တိုက်ပွဲဝင်ရမှာပါ။ အိမ်ကွင်းစွာတဲ့အသင်းတွေနဲ့ဆို အနိုင်ရဖို့ ခက်ခဲပြီး အဝေးကွင်းရလဒ် မတည်ငြိမ်သေးတဲ့ ချဲလ်ဆီးအတွက် ဂုဏ်သိက္ခာနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲမှာ အမှားခံလို့မရပါဘူး။

ခန့်မှန်းချက်

သစ်တောတွေ အိမ်ကွင်းစွာတယ်ဆိုပေမဲ့ သရေ ၅၀ ရှုံးပြန်ပေးထားတာက ချဲလ်ဆီးဘက်ကဖြစ်နေတဲ့အပြင် ဂိုးပေါင်းကြေးက ၃ လုံး ၄၀ ရှုံးကြေးပေါက်ထားပါတယ် ။ ဂိုးပေါ်ပိုကြိုက်ပါတယ်။

Southampton [Vs] Arseanl

[ မြန်မာစံတော်ချိန် ည ၀၉း၃၀ နာရီ ၊ မေ ၂၅ ]

ဆောက်သမ်တန်အသင်း လက်ရှိအခြေအနေ

ဇယားအောက်ခြေမှာ ရလဒ်ဆိုးနဲ့ တန်းဆင်းသွားပြီဖြစ်တဲ့ ဆောက်သမ်တန်ဟာ နိုင်ပွဲပျောက်ထားပေမဲ့ နောက်ဆုံးကစားထားတဲ့ အိမ်ကွင်းပွဲမှာ မန်စီးတီးအသင်းကို ပေးဂိုးမရှိသရေကစားပြထားတယ်၊ မျှော်လင့်ချက် ကုန်ဆုံးထားပေမဲ့ အာဆင်နယ်လိုအသင်းကြီးကို ခြေစွမ်းပြခံကစားနိုင်မလားကြည့်ရပါမယ်။

အာဆင်နယ်အသင်း လက်ရှိအခြေအနေ

ရာသီသိမ်းပွဲတွေမှာ မခမ်းနားတဲ့ နေ့ရက်တွေများခဲ့လို့ ဖလားနဲ့ လွဲချော်ရတဲ့ နှစ်ပေါင်းလည်း မနည်းတော့ပါဘူး၊ ဒုတိယ်နေရာကို အပိုင်စားဝယ်ထားတဲ့ အာတီတာရဲ့ ဆင်ပျံကြီးဟာ ချန်ပီယံလိဂ်ဝင်ခွင့်သေချာသွားပြီဖြစ်လို့ အရံကစားသမားတွေနေရာပေးမှုနဲ့ ပွဲထွက်လာမှာပါ။

ခန့်မှန်းချက်

ဂန်းနားသားတွေရဲ့ပွဲပဲဖြစ်လာမယ်ဆိုတာ မလွဲမသွေပါပဲ ။ ဘော်ဒီ ၂ လုံး ၇၀ အနိုင် နဲ့ ဂိုးပေါင်း ၃ လုံး ၅၀ ရှုံး ကြေးအရဆိုရင် ဂိုးပေါ်လေး ပိုကြိုက်ပါတယ်။

ဘောလုံးဝါသနာရှင်များအတွက် အပျော်တမ်းပဲဖြစ်ဖြစ် ၊ ဝါသနာအရပဲဖြစ်ဖြစ် ဘော်ဒီ-မောင်း ကစားချင်တယ်ဆိုရင်တော့ ဒီအောက်က ဂိမ်းဆိုဒ်တွေမှာ စိတ်ကြိုက် ဘော်ဒီမောင်း ကစားနိုင်ပါပြီ။

Tottenham Hotspur [Vs] Brighton

[ မြန်မာစံတော်ချိန် ည ၀၉း၃၀ နာရီ ၊ မေ ၂၅ ]

စပါးအသင်း လက်ရှိအခြေအနေ

ပရီးမီးယားလိဂ်မှာ ရလဒ်တွေဆိုးချက်က တန်းဆင်းအသင်းအထက်မှာ ရပ်တည်နေရတဲလန်ဒန်ကြက်ဖတွေဟာ ကြားရက် ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ မန်ယူကို အနိုင်ရပြီး ၁၇ နှစ်ကြာဖလားလက်မဲ့ဖြစ်နေတဲ့ အနေထားကို ရပ်တန့်နိုင်ခဲ့ပြီး ဆွန်လဲဖလားကိုင်နိုင်ခဲ့ပါတယ်။

ဘရိုက်တန်အသင်း လက်ရှိအခြေနေ

အဆင့် ၈ နေရာက ဇင်ယော်တွေဟာ ရလဒ်ပိုင်း မှန်းဆရခက်ပေမဲ့ ဂိုးသွင်းခြေမှန်ပါတယ်၊ နောက်ဆုံး ၄ ပွဲမှာ ငှက်ကျားတွေကို အမှတ်ခွဲပေးခဲ့ပေမဲ့ ကြိုးကြာနီတွေဥို အနိုင်ကစားထားတဲ့ ဟာဇီလာတပ်သားတွေဟာ အဝေးကွင်း ခြေညံ့ဖျင်းပြီး စပါးအိမ်ကွင်းနောက်ဆုံး ၉ ပွဲမှာ ၈ ပွဲတောင်ရှုံးထားခဲ့တာပါ။

ခန့်မှန်းချက်

ရာသီပိတ်မှာ အရှက်ပြေ နိုင်ပွဲရအောင် ကန်နိုင်ဖို့ကြိုးစားရမဲ့ စပါးအသင်းဟာ အိမ်ကွင်းဆိုပေမဲ့ ဘရိုက်တန် ဘက်က ၁ လုံး ၄၀‌ဘော်ဒီပေးထားတဲ့ကြေး နဲ့ ဂိုးပေါင်း 4 လုံး 80 ရှုံးကြေးအရတော့ ဂိုးအောက်ပဲရွေးထားလိုက်ပါမယ်။

Bournemouth [Vs] Leicester City

[ မြန်မာစံတော်ချိန် ည ၀၉း၃၀ နာရီ ၊ မေ ၂၅ ]

ဘုန်းမောက်အသင်း လက်ရှိအခြေအနေ

၂ ပွဲဆက်အရှုံးနဲ့ ခြေကျသလိုဖြစ်နေတဲ့ ချယ်ရီတွေဟာ ရလဒ်ကောင်းနဲ့ ဇာတ်သိမ်းထားဖို့ အိမ်ကွင်းပွဲမှာ အင်းအားပြည့်တိုက်ပွဲဝင်လာမှာပါ။ အာဆင်နယ်၊ မန်ယူ မရှုံးခဲ့တဲ့ ဘုန်းမောက်ဟာ ဗီလာ၊ မန်စီးတီးတို့ကို အံ့အားသင့်စရာ ဒူးထောက်ခဲ့ရပါတယ်။

လက်စ်တာအသင်း လက်ရှိအခြေအနေ

တန်းဆင်းသွားပြီးနောက် ဂျိမ်းဗာဒီတို့ တိုက်စစ်က ၂ ဂိုးနှုန်းနဲ့ ဂိုးမြူးနေပါတယ်။ တန်းဆင်းတူ ဆောက်သမ်တန် ၊ အစ်ဆွစ်ကို အနိုင်ကစားပြီး နော့တင်ဟမ်ကို သရေကစားထားတဲ့ မြေခွေးတပ်သားတွေရဲ့ ရာသီသိမ်းခြေက အတော်လေးပြန်စွာနေတာဖြစ်လို့ ဘုန်းမောက်တို့ ကို ဒုက္ခပေးနိုင်မလားကြည့်ရပါမယ်။

ခန့်မှန်းချက်

ချယ်ရီတွေ ၂ ဂိုးပြတ်နိုင်ဖို့တော့ ရုန်းရမယ်ဆိုပေမဲ့ ဘော်ဒီကြေးအရ ၁ လုံးရှုံးပေးထားတဲ့ အပြင် ဂိုးပေါင်းကြေး ၃ လုံး ၅၀ ရှုံးကိုကြည့်ရတာ ဂိုးပေါ်မဲ့အနေထားပါပဲ။

Ipswich Town [Vs] West Ham

[ မြန်မာစံတော်ချိန် ည ၀၉း၃၀ နာရီ ၊ မေ ၂၅ ]

အစ်ဆွစ်အသင်း လက်ရှိအခြေအနေ

အရှုံးခန်းတွေကို တစ်ကားပြီး တစ်ကားရိုက်နေတဲ့ အစ်ဆွစ်ဟာ မာန်မာနလည်းမရှိတော့ပါဘူး၊ ဂိုးသွင်းခြေမမှန်သလို နိုင်ပွဲဆိုတာ မမြင်ရသလောက်ရှားပါးတဲ့ အခြေနေဖြစ်ပြီး ၂၀၂၅ ထဲ ပရီးမီးယားလိဂ်မှာ အိမ်ကွင်းနိုင်ပွဲမရသေးပါဘူး။

ဝက်စ်ဟမ်းအသင်း လက်ရှိအခြေအနေ

နောက်ဆုံး ၃ ပွဲဆက် ရလဒ်ပေါင်းစုံဆိုပေမဲ့ ဝက်စ်ဟမ်းဟာ အသင်းကြီး ၂သင်းဖြစ်တဲ့ မန်ယူ၊ စပါးအထက်မှာ ရပ်တည်ထားပါတယ်။ တော်ရုံဆို အမှတ်ပေးဖလားရပ်တည်မှုမှာ အထက်ကရပ်တည်နိုင်ဖို့မလွယ်ပေမဲ့ အချိန်အခါ၊ အခွင့်အရေးအရ တန်းဆင်းဇုန်ထဲက အစ်ဆွစ်ကိုအနိုင်ယူပြီး ရပ်တည်ထားမှာပါ။

ခန့်မှန်းချက်

တူထုသံတွေ ပြန်ကြားရမဲ့ လန်ဒန်သားတွေ ရဲ့ပွဲပါပဲ။ သရေ 50 ရှုံးဝက်ဟမ်းဘော်ဒီ နဲ့ ဂိုးပေါင်း ၃ လုံး ၅၀ ရှုံးမှာတော့ ဝက်ဟမ်းဘော်ဒီပိုကြိုက်ပါတယ်။

Newcastle [Vs] Everton

[ မြန်မာစံတော်ချိန် ည ၀၉း၃၀ နာရီ ၊ မေ ၂၅ ]

နယူးကာယ်အသင်း လက်ရှိအခြေအနေ

အမ်းမရိတ်မှာ ဒူးထောက်ခဲ့ရပေမဲ့ အိမ်ကွင်း ၂ ဂိုးနဲ့အထက် ဂိုးမြူးနေသလို ပေးဂိုးမဲ့နိုင်ပွဲဆက်နေတဲ့ ငှက်ကြားတွေအတွက် ချန်ပီယံလိဂ်ကစားခွင့် အဆုံးအဖြတ်ပါ၊ အိမ်ကွင်းခြေတည်ငြိမ်ပြီး အစ်ဆက်ပြန်ပါလာမဲ့ တိုက်စစ်က နယူးကာဆယ်အသင်းကို ရလဒ်ပိုကောင်းလာစေမှာပါ။

အဲဗာတန်အသင်း လက်ရှိအခြေအနေ

အမှတ်မလိုတော့တဲ့ မာဆေးဆိုဒ်ဟာ ခံစစ်ထက် ဂိုးရရေးကစားနေတာဖြစ်လို့ အပြန်အလှန်သွင်းဂိုးတွေရှိထားပါတယ်၊ မိုယက်စ်လက်ထက်ခြေတက်လာတာမှန်ပေမဲ့ အမှတ်ပိုလိုအပ်နေတဲ့ အက်ဒီဟိုဝီတပ်သားတွေက နိုင်ပွဲဆာလောင်နေတာဖြစ်လို့ ဖွင့်တိုက်လာမှာပါ။

ခန့်မှန်းချက်

စိန့်ဂျိမ်းပါ့ခ်က ငှက်ကျားတွေသွင်းဂိုးတွေနဲ့ အမြင့်ပျံသန်းထားဦးမှာတော့ အမှန်ပါပဲ။ ဘော်ဒီကြေး ၂ လုံး ၉၀ အနိုင် နဲ့ ဂိုးပေါင်းကြေး ၃ လုံး ၁၀ နိုင်အရဆိုရင်တော့ ဘော်ဒီအပေါ်ကိုင်ထားကြည့်လိုက်မယ်။

Wolves [Vs] Brentford

[ မြန်မာစံတော်ချိန် ည ၀၉း၃၀ နာရီ ၊ မေ ၂၅ ]

ဝုဗ်အသင်း လက်ရှိအခြေအနေ

တန်းဆင်းဇုန်ဖိအားမရှိတော့သလို ၃ ပွဲဆက်အရှုံးနဲ့ ခြေကျသလိုဖြစ်နေတဲ့ ဝံပုလွေတပ်သားတွေဟာ ခံစစ်ပိုင်းညံ့ဖျင်းလာပါတယ်။ ဘရန့်ဖိုဒ်နဲ့ နောက်ပိုင်းတွေ့ဆုံပွဲမှာ အနိုင်ရဖို့ခက်သလို ဒဏ်ရာ ပြဿနာများနေတဲ့ ဝုဗ်တို့ အာရုံစိုက်ကစားမှုနည်းမှာပါ။

ဘရန့်ဖို့ဒ်အသင်း လက်ရှိအခြေအနေ

အောင်ပွဲတွေဆက်တိုက်ဆက်နေတဲ့ ပျားတပ်သားတွေဟာ ပြီးခဲ့တဲ့အပတ်က ဖူလ်ဟမ်ကို ၂-၃ ရလဒ်နဲ့ ရှုံးခဲ့တာပါ။ ဒါပေမဲ အဆင့် ၈ နေရာမှာ မျှော်လင့်ချက်ရှိသေးပြီး ဂိုးမြူးနေတဲ့ တိုက်စစ်က ပုံစံကောင်းနဲ့ ဝံပုလွေတပ်သားတွေကို အမဲဆက်လိုက်နိုင်ဖို့ ကြိုးစားပါလိမ့်မယ်။

ခန့်မှန်းချက်

ဘော်ဒီကြေး သရေ 50 ရှုံးပေးထားတဲ့ ဘရန့်ဖိုဒ့် နဲ့ ဂိုးပေါင်းကြေး ၃လုံး ၅၀ ရှုံး ကြေးအရဆိုရင်တော့ ရှယ်တုတ်မဲ့ ပျားတွေဘက်ကရပ်တည်လိုက်ပါမယ်။

ဘောလုံးဝါသနာရှင်များအတွက် အပျော်တမ်းပဲဖြစ်ဖြစ် ၊ ဝါသနာအရပဲဖြစ်ဖြစ် ဘော်ဒီ-မောင်း ကစားချင်တယ်ဆိုရင်တော့ ဒီအောက်က ဂိမ်းဆိုဒ်တွေမှာ စိတ်ကြိုက် ဘော်ဒီမောင်း ကစားနိုင်ပါပြီ။

Comments

Leave a Reply

Your email address will not be published. Required fields are marked *