ကယ်ဗင် ဒီဘရိုင်းနှင့် မန်စီးတီး – ခေတ်တစ်ခု၏အဆုံး

ဒီဘရိုင်းနှင့် မန်စီးတီး ခေတ် တစ်ခု၏အဆုံး

မန်ချက်စတာစီးတီး အသင်းရဲ့ အောင်မြင်မှုတွေမှာ အဓိကထောက်တိုင် အနေနဲ့ ပါဝင်ခဲ့တဲ့ ကယ်ဗင် ဒီဘရိုင်းဟာ သူရဲ့ ထူးချွန်သော ကွင်းလယ်ကစားပုံ၊ တိကျသော ပေးပို့မှုများနှင့် ဂိုးဖန်တီးနိုင်စွမ်းတို့ကြောင့် ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ကစားသမားများထဲမှာ ထိပ်ဆုံးက ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၅ ခုနှစ်ရာသီကုန်မှာတော့ အသင်းရဲ့ အချစ်တော်ကြီး နဲ့ မန်စီးတီးတို့ရဲ့ လမ်းခွဲခြင်းသတင်းဟာ ဘောလုံးလောကမှာ အာရုံစိုက်စရာတခုဖြစ်လာခဲ့ပါပြီ ။ဒါကြောင့် ဒီဘရိုင်းရဲ့ မန်စီးတီးကစားသမားဘဝတလျှောက်ဖြတ်သန်းခဲ့ပုံတွေကို ဖတ်ရှုနိုင်အောင် ဒီဆောင်းပါးလေးကို ဖော်ပြပေးလိုက်ပါတယ်။

မန်စီးတီးသို့ ရောက်ရှိလာခြင်း

၂၀၀၈ ခုနှစ် နောက်ပိုင်း ရေနံသူဌေးတွေ ဝယ်ယူလိုက်တဲ့ မန်စီးတီး အသင်း ရဲ့ ခေတ်တခေတ် အပြောင်းအလဲမှာ ကစားသမားကောင်းတွေ အများအပြားစတင်ဝယ်ယူခဲ့ပေမဲ့ ၂၀၁၅ ခုနှစ်မတိုင်မှီ ၇ နှစ်တာ ကာလတွင်း အောင်မြင်မှုတွေရယူနိုင်ခဲ့တာမှန်ပေမဲ့ များပြားတယ်တဲ့ ပမာဏလိုတော့ မဆိုနိုင်ပါဘူး။မန်စီးတီးရဲ့ ခေတ် ၁ ခေတ်ရယ်လို့ ပြောစမတ်တွင်ရလောက်အောင် ဖြစ်လာမဲ့ အုတ်မြစ်တွေရဲ့ အစဟာ ၂၀၁၅ ခုနှစ် နွေရာသီအရောက်မှာ ဒီဘရိုင်းကို ဂျာမန်ကလပ် ဝုဖ်ဘတ် ကနေ မန်စီးတီးသို့ ပေါင် ၅၄ သန်းဖြင့် ခေါ်ယူနိုင်ခဲ့ခြင်းကနေစတင်ခဲ့ပါတယ်။ ဒီပြောင်းရွှေ့မှုဟာ မန်စီးတီးရဲ့ သမိုင်းတွင် အရေးပါသော အခိုက်အတန့်တစ်ခု ဖြစ်လာခဲ့လိမ့်မယ်လို့ ဘောလုံးလောကရော ပရိတ်သတ်များကပါ မထင်ထားခဲ့ကြပါဘူး ။ကယ်ဗင်ရောက်ရှိလာပြီးနောက် မန်စီးတီးဟာ နည်းပြဖြစ်သူ ပက်ပ် ဂွါဒီယိုလာ ရဲ့လက်အောက်မှာ အင်္ဂလန်ဘောလုံးလောကရဲ့ အင်အားကြီးအသင်းတစ်သင်းအဖြစ် စတင်ပုံပေါ်လာခဲ့ပါတယ်။

kevin de bruyne to Mancity

ဒီဘရိုင်းရဲ့ အမွေအနှစ်

ကစားသမားတစ်ဦးအဖြစ်သာမက အသင်းခေါင်းဆောင် ၁ ဦး အဖြစ်ပါ တာဝန်ထမ်းဆောင်ခဲ့တဲ့ သူရဲ့ ကစားပုံ ကစားဟန်ဟာ ဂွါဒီယိုလာရဲ့ နည်းဗျူဟာ နဲ့ ပြီးပြည့်စုံပြီး လိုက်ဖက်ခဲ့တာဖြစ်တဲ့အတွက် မြင်းကိုတောင်ပံတက်လိုက်သလို တောက်ပခဲ့တယ်လို့ဆိုရင်လဲမှားမှာ မဟုတ်ပါဘူး။ သူကစားခဲ့တဲ့ ၁၀ နှစ်တာ ကာလအတွင်း သူ့ရဲ့ ကွင်းလယ်မောင်းနှင်အားကြောင့် ပရီးမီးယားလိဂ်ဖလား ၅ကြိမ် ၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ်၊ လိဂ်ဖလား ၅ ကြိမ် အက်ဖ်အေဖလား ၂ ကြိမ်တို့ဆွတ်ဖူးပေးနိုင်ခဲ့ပါသေးတယ်။ အထူးသဖြင့် ၂၀၁၇-၁၈ ရာသီတွင် မန်စီးတီးသည် ပရီးမီးယားလိဂ်တွင် အမှတ် ၁၀၀ ရရှိခဲ့သည့် ပထမဆုံးအသင်းဖြစ်လာခဲ့တာ မေ့ထားလို့မရတဲ့ စံချိန် ၁ ခုဖြစ်ခဲ့ပါသေးတယ်။ ၂၀၁၉-၂၀ ရာသီမှာ ဂိုးဖန်တီးမှု အများဆုံး စံချိန်ကို ချိုးဖျက်နိုင်ခဲ့အကွက်မြင် ဖန်တီးမှုအားကောင်းခဲ့ပါတယ်။

kevin de bruyne trophies won

ပရီးမီးယားလိဂ် ၁ နှစ်တာအကောင်းဆုံးကစားသမားဆု ၂ ကြိမ် ကိုထိုက်ထိုက်တန်တန်ရယူနိုင်ခဲ့သေးတဲ့အပြင် မန်စီးတီးအသင်းရဲ့ သမိုင်းတွင် အကြီးကျယ်ဆုံး ရာသီတစ်ခုဖြစ်သည့် ၂၀၂၂-၂၃ ရာသီ “Treble” (ဖလားသုံးလုံး) အောင်မြင်မှုတွင်လည်း ဒီဘရိုင်းအနေနဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်ခဲ့တဲ့ သူရဲ့ အမြင်အာရုံ၊ တိကျသော ပေးပို့မှုများနှင့် ကွင်းအတွင်း ဉာဏ်ရည်ထက်မြက်မှုတို့ဟာ အသင်းဖော်တိုက်စစ်မှုးတွေအတွက် များစွာအကျိုးဖြစ်ထွန်းခဲ့သလို မန်စီးတီးကို ပြည်တွင်းမှာတင်မကပဲ ဥရောပမှာပါ ထိပ်တန်းအသင်းတစ်သင်း ဖြစ်စေခဲ့တဲ့အထိ ထမ်းတင်ပေးခဲ့ပါသေးတယ်။ အမှားများခဲ့တဲ့ လက်ရှိ ၂၀၂၄-၂၀၂၅ လိုရာသီမျိုးမှာတောင် အသင်းကို ဇယားထိပ်ပိုင်းပြန်ရောက်အောင် ဆွဲတင်နိုင်ခဲ့တဲ့အထိ အရေးပါခဲ့သူပါ။

အပြာရောင်လွှမ်းတဲ့ ကတ္တီပါလမ်းခွဲ

ဒီလို ကစားသမားတယောက်ဟာ အသက် ၃၃ နှစ်အရွယ်မှာ အထိုက်သင့်အောင်မြင်နေတဲ့ ကလပ်ကနေ ထွက်ခွာမဲ့နေရာမှာ အကျည်းတန်မှုတွေ အလျှင်းမရှိဘူးလို့ ဆိုရပါလိမ့်မယ်။ အဓိက အကြောင်းအရာတွေအနေနဲ့ လူငယ်ကစားသမားတွေကို ဦးစားပေး လာသော ဂွာကြီးရဲ့ စီးတီးဗျူဟာတွေကြောင့် ပွဲထွက်ခွင့် ကျင်းမြောင်းလာတာကတကြောင်း ၊ အသက်အရွယ် နဲ့ ဒဏ်ရာပြဿနာတွေကြောင့် နားရတာတွေက တဖုံ ဖြစ်နေတာပါ။ အသင်းနဲ့ ကစားသမားကြား ပြဿနာရယ်လို့ မယ်မယ်ရရ မရှိသလို ဒီဘရိုင်းဘက်ကလဲ မန်စီးတီး နဲ့ အတူ အောင်မြင်မှုများရယူနိုင်ခဲ့အတွက် ဂုဏ်ယူကြောင်း အပြန်အလှန် သဘောတူမှုတွေဖြင့် လမ်းခွဲမှု ဖြစ်ကြောင်းကို ဖြေကြားထားခဲ့သလို အသင်းဘက်က ဒီဘရိုင်းအတွက် ဂုဏ်ပြု ရုပ်ထု ထားရှိရန် စီစဥ်ထားကြောင်း သိရှိထားရပါတယ်။ခန်းနားခဲ့တဲ့ အတိတ်တွေအတွက်လဲ အသင်းဘက်က ဒီဘရိုင်းကို အမြဲကျေးဇူးတင်နေမယ်လို့ မျှော်လင့်ပါတယ်။

Kevin De Bruyne Family

ပရိသတ်များ၏ တုံ့ပြန်မှုနှင့် အနာဂတ်အလားအလာ

ရာသီကုန်တွင် ထွက်ခွာမယ်လို့ သတင်းတွေ ထွက်လာပြီးနောက်မှာတော့ ဒီသတင်းဟာ မိုးပြာရောင်တပ်သား ပရိတ်သတ်တွေအတွက် ကြေကွဲစရာသတင်းတပုဒ်ဆိုလဲ မမှားပါဘူး။ ဒီဘရိုင်းထွက်ခွာသွားခဲ့ရင် အသင်းရဲ့ အနာဂတ်အတွက် စိုးရိမ်နေတဲ့ ပရိတ်သတ်များလဲဒုဒေး အမြောက်အများရှိနေပါသေးတယ်။ မန်ချက်စတာ မြို့အတွင်းမှာဆိုလဲ တိုက်တတိုက်လုံးကို ဒီဘရိုင်း ရုပ်ပုံ (King Kev စားသားထည့်သွင်းထားတဲ့) နံရံဆေးရေး (Graffiti)တွေ နဲ့ ဂုဏ်ပြုခဲ့ကြသလို နောက်ဆုံး အိမ်ကွင်းပွဲစဥ်မှာလဲ အသင်းမှ နှုတ်ဆက်ပွဲ ပြုလုပ်ခဲ့တဲ့အချိန် မျက်ရည်တွေ နဲ့ နှုတ်ဆက်နေကြတဲ့ ပရိတ်ထုဟာလဲ မနည်းမနောရှိနေခဲ့တာပါ။

မန်စီးတီးကထွက်ခွာပြီးနောက် ဘယ်အသင်းကို ရွေးချယ်သွားမလဲဆိုတာကို အတိအကျမသိရသေးပေမဲ့ ဥရောပထိပ်တန်းကလပ်တွေ မဟုတ်ရင် ဆော်ဒီလိဂ်သို့ပြောင်းရွေ့သွားလိမ့်မည်ဟု ထင်ကြေးပေးမှုများလဲရှိနေပါတယ်။ ဘယ်လိုနေနေ သက်ကြီးပိုင်းရောက်နေပြီဆိုပေမဲ့ ကစားနိုင်နေသေးတဲ့ သူ့အနေနဲ့ ဘယ်အသင်းတွင်မဆို သမ္ဘာအားနဲ့ ကစားနိုင်ဦးမယ်ဆိုတာ ယုံကြည်ထားလို့ရပါသေးတယ်။ကယ်ဗင် ဒီဘရိုင်းနှင့် မန်စီးတီးတို့ရဲ့ လမ်းခွဲခြင်းဟာ ခေတ်တစ်ခုရဲ့ အဆုံးသတ်ပင်ဖြစ်သွားမလားဆိုတာတော့ ကျွန်တော်တို့ စောင့်ကြည့်ရင်း ဆယ်စုနှစ်တာ ပေးဆပ်ခဲ့တဲ့ ဒီဘရိုင်းကြီးကို ရှေ့လျှောက် မြက်ခင်းပြင်တွေရဲ့ အထက်မှာ ကောင်းမွန်သောပြယုဂ် တခုအဖြစ်နဲ့ မြင်တွေ့ချင်ပါသေးတယ်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *