ဧပြီ (၂၀) ရက် ညမှာ ကန်မယ့်ပွဲစဉ်ကောင်း များဖြစ်တဲ့
ဘုန်းမောက် VS မန်ယူ
England Premier League
[ မြန်မာစံတော်ချိန် ည ၀၇း၃၀ နာရီ ၊ ဧပြီ ၂၇ ]လီဗာပူးလ် VS စပါး
England Premier League
[ မြန်မာစံတော်ချိန် ည ၁၀း၀၀ နာရီ ၊ ဧပြီ ၂၇ ]နော့တင်ဟမ် VS မန်စီးတီး
England Premier League
[ မြန်မာစံတော်ချိန် ည ၁၀း၀၀ နာရီ ၊ ဧပြီ ၂၇ ]အင်တာ VS ရိုးမား
Serie A League
[ မြန်မာစံတော်ချိန် ည ၀၇း၃၀ နာရီ ၊ ဧပြီ ၂၇ ]
တို့ရဲ့ ပွဲကြိုသုံးသပ်ချက်
AFC Bournemouth Vs Man.Utd
[ မြန်မာစံတော်ချိန် ည ၀၇း၃၀ နာရီ ၊ ဧပြီ ၂၇ ]
ဘုန်းမောက် အသင်း လက်ရှိအခြေအနေ
ချယ်ရီတွေ ဥရောပဝင်ခွင့်မျှော်လင့်ချက်ရှိသေးပေမဲ့ မန်ယူ၊အာဆင်နယ်၊ဗီလာ၊မန်စီးတီးအသင်းတွေနဲ့ ဆက်တိုက်ကစားရဖို့ရှိနေလို့ ဇယားအလယ်တစ်နေရာမှာ တိုင်ပတ်ရတော့မှာပါ။ ရလဒ်ပိုင်းပြန်တက်လာပေမဲ့ ပြိုင်ပွဲစုံနောက်ဆုံး ၁၀ ပွဲမှာ ၁ ပွဲသာနိုင်ခဲ့တဲ့ ဘုန်းမောက်အတွက် ခရီးကြမ်းဖြတ်သန်းရဦးမယ်။
မန်ယူ အသင်း လက်ရှိအခြေအနေ
သရဲနီတွေဟာ ပရီးမီးယားလိဂ်မှာ သန်းခေါင်ထက် ညမနက်တော့သလို ရှုံးပွဲတွေဆက်နေပြီး ဇယားအောက်ပိုင်း ဇောက်ထိုးဆင်းနေပေမဲ့ တန်းမဆင်းရတာမို့ အမှတ်ပေးတစ်နေရာထက် ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ကို သာအာရုံအပြည့်စိုက်ဖို့ရှိပါတယ်။
ခန့်မှန်းချက်
ပြည်တွင်းမှာ အဝေးကွင်း ၄ ပွဲသာနိုင်ခဲ့ပြီး ၇ပွဲထိရှုံးထားတဲ့ သရဲနီတွေဟာ ဘုန်းမောက်မြေမှာလည်း ရုန်းကန်ရဖို့ရှိနေပါတယ်။ ဘော်ဒီကြေး 1-40 ပြန်ပေးထားတဲ့ သရဲနီ နဲ့ ဂိုးပေါင်း 3+30 မှာ ဘုန်းမောက်ဘက်ကပဲ ဘော်ဒီရိုက်ထားတာပိုကောင်းပါလိမ့်မယ်။
Liverpool [Vs] Tottenham Hotsupr
[ မြန်မာစံတော်ချိန် ည ၁၀း၀၀ နာရီ ၊ ဧပြီ ၂၇ ]
လီဗာပူးလ် အသင်းလက်ရှိအခြေအနေ
ယိုင်နဲ့နဲ့ဖြစ်လာတဲ့ ခြေစွမ်းနဲ့ ဖလားသိမ်းပိုက်ရတော့မဲ့ ကြိုးကြာနီတပ်သားတွေဟာ ကပ်လိုက်သူ အာဆင်နယ် ချန်ပီယံလိဂ်ကို အာရုံရောက်နေတာမို့ အာနီစလော့နပ်သားတွေ ဖိအားကင်းကင်းကစားနေနိုင်တာပါ။ ရမှတ် အရ ၁၂ မှတ်ဖြတ်ထားတာမို့ သရေကစားနိုင်ရင်ကို အန်ဖီးလ်မှာ ဖလားကိုင်မြောက်နိုင်ပါပြီ။
စပါး အသင်းလက်ရှိအခြေအနေ
လန်ဒန်ကြက်ဖတွေဟာ အငဆ့် ၁၆ ထိ ရောက်နေပြီး ပရီးမီးယားလိဂ် နောက်ဆုံး ၇ ပွဲမှာ ဆောက်သမ်တန်တစ်သင်းသာ ဂိုးပြတ်နိုင်ခဲ့တဲ့အထိ အခြေအနေဆိုးနေပေမဲ့ ယူရိုပါလိဂ်မှာ တပ်ကုန်လွှင့်တင်ထားပါတယ်။ဖိုင်နယ်မှာ ပရီးမီးယားလိဂ် ၂ သင်း အားပြိုင်ရနိုင်သလို ဘိုဒိုဂလင့်နဲ့ ဆီမီးအဆင့်ကစားရမဲ့ စပါးအတွက် လီဗာပူးလ်ရဲ့ အိမ်ကွင်းခြေကို ခံကန်ထားနိုင်မယ် မထင်ပါဘူး။
ခန့်မှန်းချက်
ဝိုင်းဒိုင်းကြဲပေါက်ကွဲပြီး အိမ်ကွင်းမှာ မြိုးမြိုးမြက်မြက် ဖလားကိုင်မြှောက်နိုင်မဲ့ ကြိုးကြာနီတွေဟာ 2+30 ဘော်ဒီပေးထားသလို 4-80 ဂိုးပေါင်းကြေးပေါက်နေတဲ့အတွက် ဂိုးအောက်အရပ်ကနေ ဖလားယူတာလေးကြည့်လိုက်ရအောင်။
Nottingham Forest [Vs] Manchester City
[ မြန်မာစံတော်ချိန် ည ၁၀း၀၀ နာရီ ၊ ဧပြီ ၂၇ ]
နော့တင်ဟမ်အသင်းလက်ရှိအခြေအနေ
ပရီးမီးယားလိဂ်က အထက်အောက် ၂ သင်းတွေ့ဆုံမှုပါ။ အဲဗာတန်၊ ဗီလာ ၂ ပွဲဆက်အရှုံးက လန်ဒန်ကြက်ဖတွေအရပ်မှာ နိုင်ပွဲပြန်ရှာတွေ့ခဲ့တဲ့ သစ်တောတွေဟာ ချန်ပီယံလိဂ်နေရာ ကာကွယ်နိုင်ခဲ့သလို အက်အေဖလားမှာ ဂရုစိုက်ကစားလေ့ရှိပြီး အသင်းကြီးတွေနဲ့ဆို ခြေစွမ်းပြလေ့ရှိပါတယ်။
မန်စီးတီးအသင်းလက်ရှိအခြေအနေ
လမ်းကြောင်းမှန်ပေါ်ပြန်တက်လာတဲ့ မိုးပြာရောင်တွေဟာ ရာသီကုန်ခါနီး ရုန်းအားကောင်းသလို ဂိုးသွင်းခြေလည်းမှန်လာတယ်၊ ရလဒ်ပိုင်းပြန်တက်လာသလို ချန်ပီယံလိဂ်နေရာ ခြေပြန်ချနိုင်ခဲ့တဲ့ ဂွါဒီယိုလာတပ်သားတွေဟာ ဒီရာသီ သစ်တောတွေနဲ့ တစ်လှည့်စီနိုင်ခဲ့တာပါ။
ခန့်မှန်းချက်
ခြေတက်နှစ်သင်းဖြစ်သလို ခံကန်လာမဲ့ နည်းပြဆန်တိုတပ်သားတွေကြောင့် ဝင်ဘလေကွင်းဟာ ပျင်းစရာကောင်းဦးမယ်လို့ထင်ပါတယ်။ 1+60 ပြန်ပေးထားတဲ့ စီးတီးဘော်ဒီ နဲ့ 3+80 ဂိုးပေါင်းကြေးအရ အိမ်ရှင်ဘက်ကိုပိုကြိုက်ပါတယ်။
Inter Milan [Vs] AS ROMA
[ မြန်မာစံတော်ချိန် ည ၀၇း၃၀ နာရီ ၊ ဧပြီ ၂၇ ]
အင်တာအသင်း လက်ရှိအခြေအနေ
မီလန်ဒါဘီအားပြိုင်ပွဲတွေမှာ အင်တာအသင်း ဂိုးပြတ်နဲ့ ဆက်လက် ဒူးထောက်ခဲ့ရတာမို့ ကိုပါအီတလီဖလားကထွက်ခဲ့ရတယ်၊ ပြိုင်ပွဲအရပ်ရပ်ကစားနေရလို့ ပွဲပန်းမှုရှိပြီး စီးရီးအေမှာ ဘိုလော့ဂ်နာ အရှုံးက နာပိုလီနဲ့ ရမှတ်တူသွားသလို ဘာစီလိုနာ နဲ့ ချန်ပီယံလိဂ်အတွက် အားချန်ထားရပါဦးမယ်။
ရိုးမားအသင်း လက်ရှိအခြေအနေ
ဥရောပတစ်နေရာအတွက် ရိုးမားတို့ ဘုရင့်နောင် ဖောင်စီးပြီးလိုက်နေသလို စီးရီးအေ နောက်ဆုံး ၁၇ ပွဲဆက်အရှုံးဆိုတာ ဘာမှန်းမသိထားပေမဲ့ ခြေရည်တူအသင်းတွေကို အမှတ်ခွဲပေးနေရသေးတယ်၊ ရေနီယာရီလက်ထပ် ရလဒ်တည်ငြိမ်နေပြီး စုဖွဲ့မှုအားကောင်းသလို ချန်ပီယံလိဂ်ကစားရဖို့ရှိတဲ့ အင်တာကို ရှုံးကြွေးပြန်ဆပ်နိုင်မလားကြည့်ရပါမယ်။
ခန့်မှန်းချက်
ဂိုးပေါင်းစျေး 2+90 ပေးထားပြီး ဘော်ဒီကြေး 1+60 ပေးထားတဲ့ အင်တာတို့ ရဲ့ အနေအထားမှာ ဂိုးပေါ်လေး ရိုက်ထားလိုက်ပါမယ်။
ဘောလုံးဝါသနာရှင်များအတွက် အပျော်တမ်းပဲဖြစ်ဖြစ် ၊ ဝါသနာအရပဲဖြစ်ဖြစ် ဘော်ဒီ-မောင်း ကစားချင်တယ်ဆိုရင်တော့ ဒီအောက်က ဂိမ်းဆိုဒ်တွေမှာ စိတ်ကြိုက် ဘော်ဒီမောင်း ကစားနိုင်ပါပြီ။
Leave a Reply