ဧပြီ (၁၃) ရက် ညမှာ ကန်မယ့်ပွဲစဉ်ကောင်း များဖြစ်တဲ့
- လီဗာပူးလ် [Vs] ဝက်စ်ဟမ်း
England Premier League
[ မြန်မာစံတော်ချိန် ည ၀၇း၃၀ နာရီ ၊ ဧပြီ ၁၃ ] - ချဲလ်ဆီး [Vs] အစ်ဆွစ်
England Premier League
[ မြန်မာစံတော်ချိန် ည ၀၇း၃၀ နာရီ ၊ ဧပြီ ၁၃ ] - ဝုဗ် [Vs] စပါး
England Premier League
[ မြန်မာစံတော်ချိန် ည ၀၇း၃၀ နာရီ ၊ ဧပြီ ၁၃ ] - နယူးကာဆယ် [Vs] မန်ယူ
England Premier League
[ မြန်မာစံတော်ချိန် ည ၁၀း၀၀ နာရီ ၊ ဧပြီ ၁၃] - အလာဗက်စ် [VS] ရီးရဲလ်
Spain LaLiga
[ မြန်မာစံတော်ချိန် ည ၀၈း၄၅ ၊ ဧပြီ ၁၃ ] - ဘက်တစ် [Vs] ဗီလာရီးရဲ
Spain LaLiga
[ မြန်မာစံတော်ချိန် ည ၁၁း၀၀ နာရီ ၊ ဧပြီ ၁၃ ] - အိုဆာဆူနာ [Vs] ဂျီရိုနာ
Spain LaLiga
[ မြန်မာစံတော်ချိန် ည ၀၆း၃၀ နာရီ ၊ ဧပြီ ၁၃ ] - လာဇီယို [Vs] ရိုးမား
Italy Serie A
[ မြန်မာစံတော်ချိန် နံနက် ၀၁း၁၅ ၊ ဧပြီ ၁၄ ]
တို့ရဲ့ ပွဲကြိုသုံးသပ်ချက်
Liverpool [Vs] WestHam
[ မြန်မာစံတော်ချိန် ည ၀၇း၃၀ နာရီ ၊ ဧပြီ ၁၃ ]
လီဗာပူးလ်အသင်း လက်ရှိအခြေအနေ
ထိပ်ဆုံးက ကြိုးကြာနီတွေအတွက် ခြေစွမ်းယိမ်းယိုင်နေသလို ဖူလ်ဟမ်ကွင်းမှာ ရှုံးလိုက်ပေမဲ့ အမှတ်ပေးချန်ပီယံဖြစ်ဖို့ လက်ကျန် ၇ ပွဲမှာ ၃ ပွဲဆက်နိုင်ပွဲရတာနဲ့ နည်းပြအာနီစလော့ရဲ့ ပထမဆုံးရာသီ ပရီးမီးယားလိဂ်ဖလားကို ထိုက်ထိုက်တန်တန်ကို ကိုင်မြှောက်ခွင့်ရမှာပါ။
ဝက်စ်ဟမ်းအသင်း လက်ရှိအခြေအနေ
ဇယားအောက်ပိုင်းက ဟမ်းမားတွေဟာ တန်းဆင်းဇုန်အသင်းကို ရမှတ်အတော်လေး ဖြတ်ထားနိုင်ခဲ့လို့ အသက်ရှုချောင်နေတာဖြစ်ပြီး ရလဒ်မတည်ငြိမ်သလို မှန်းဆရခက်ခဲလွန်းပါတယ်။ တိုက်စစ်မှာအတော်အသင့် ကစားသမားကောင်းတွေပိုင်ဆိုင်ထားပေမဲ့ ထင်သလောက်အားမကိုးရသလိုခံစစ်ညံ့ဖျင်းပြီး နောက်ဆုံးသွားကစားထားတဲ့ ၉ ပွဲဆက်လည်းရှုံးပွဲအောက်မှာပါ။
ခန့်မှန်းချက်
ဘော်ဒီကြေး အလှ 2+80 နဲ့ ဂိုပေါင်း 3+20 မှာ ဟမ်းမားတွေနဲ့ဆို ဂိုးမြူးနေကျ ကြိုးကြာနီတွေဟာ အန်ဖီးလ်ပြဇာတ်ရုံမှာ တူမပြောနဲ့ အပ်ကျသံတောင်ကြားရမှာမဟုတ်လို့ ကြိုးကြာဘော်ဒီကိုင်လိုက်ကြမယ်ဗျာ။
Chelsea [Vs] Ipswich Town
[ မြန်မာစံတော်ချိန် ည ၀၇း၃၀ နာရီ ၊ ဧပြီ ၁၃ ]
ချဲလ်ဆီးအသင်း လက်ရှိအခြေအနေ
ကြားရက်ကွန်ဖရန့်လိဂ်မှာ ဂိုးပြတ်ပြန်လည်ပေါက်ကွဲနိုင်ခဲ့တဲ့ ခြင်္သေ့ပြာတပ်သားတွေဟာ ပရီးမီးယားလိဂ် နောက်ဆုံး 5 ပွဲမှာ အာဆင်နယ်တစ်သင်းဟာ ရှုံးခဲ့ပေမဲ့ တိုက်စစ်အားနည်းလာတာမို့ ၁ ဂိုးရဖို့တောင် အံ့ကြိတ်ရုန်းနေရတာပါ။ ဒါပေမဲ့ပြိုင်ပွဲစုံနောက်ဆုံး 6 ပွဲမှာ 1 ဂိုးသာ ခွင့်ပြုပေးခဲ့ရတဲ့ ခံစစ်ကတည်ငြိမ်နေပါတယ်။
အစ်ဆွစ်အသင်း လက်ရှိအခြေအနေ
တန်းဆင်းဇုန်အရပ်က ပြန်လာနိုင်ဖို့ မသေချာတော့တဲ့ အစ်ဆွစ်ဟာ မထူးဇာတ်ဖွင့်တိုက်နေတာမို့ ဂိုးမြူးနေပေမဲ့ ခံစစ်ညံ့အသင်းထက်မပိုပါဘူး။ တစ်ခါတစ်လေ ထဖောက်တက်ပြီး နိုင်ပွဲယူပြနိုင်ခဲ့တဲ့ အစ်ဆွစ်ရဲ့ ဆုံးမတော်မူခန်းထဲမှာ ခြင်္သေ့ပြာတွေပါခဲ့တာမို့ ရှုံးကြွေးပြန်ဆပ်ရမှာပါ။
ခန့်မှန်းချက်
2+80 ဘော်ဒီနဲ့ 3+50 ပေးထားတဲ့ အသင်းကြီးတွေ ကြေးပြင်းတဲ့အပတ်မှာ စတန်းဖို့ဒ်ဘရေ့က လန်ဒန်ကောင်းကင်ယံထက်မှာ အပြာရောင်လွှမ်းခြုံထားမဲ့ညဖြစ်တာမို့ အိမ်ရှင်ဘော်ဒီအပိုင်ပဲဗျို့။
Wolves [Vs] Tottenham Hotspur
[ မြန်မာစံတော်ချိန် ည ၀၇း၃၀ နာရီ ၊ ဧပြီ ၁၃ ]
ဝုဗ်အသင်း လက်ရှိအခြေအနေ
ဝံပုလွေတပ်သားတွေ အမဲလိုက်အားကောင်းနေပြီး ခြေစွမ်းလည်းပြန်တက်လာသလို အထိုက်အလျောက်နိုင်ပွဲရှာဖွေနိုင်မှုနဲ့ တန်းဆင်းဇုန်ကပ်လျက်အသင်းဖြစ်ပေမဲ့ ၁၂ မှတ်ဖြတ်ထားတဲ့ ဝုဗ်ဟာတန်းမဆင်းရရေးလက်မှတ် အသေအချာပြင်ဆင်ထားပါတယ်။
စပါးအသင်း လက်ရှိအခြေအနေ
ပရီးမီးယားလိဂ် အဆင့် ၁၄ ရောက်နေတဲ့ လန်ဒန်ကြက်ဖတွေဟာ ဥရောပဝင်ခွင့်ရဖို့က ယူရိုပါလိဂ်ဖလား အရယူထားရမှာပါ။ ပ-ကျော့မှာ သရေကျခဲ့သလို ဆိုလန်စကီး ၊ ဆွန်ဟောင်မင်းတို့ တိုက်စစ်အတွဲက အတော်လေးခြေပျက်နေတာမို့ ဂိုးရဖို့လည်းတိုင်ပတ်နေပါတယ်။
ခန့်မှန်းချက်
စပါး L+50 ဘော်ဒီကြေး နဲ့ 3+40 မှာ ရဲရဲကြီးသာ ဂိုးအောက်ထိုင်ပြီး ဝုဗ်ဗာတ်တန်မှာ မြောက်လန်ဒန်သားတွေ ကျရှုံးခန်းကို ဆက်ကြည့်ရပါမယ်။
NewCastle [Vs] Manchester United
[ မြန်မာစံတော်ချိန် ည ၁၀း၀၀ နာရီ ၊ ဧပြီ ၁၃]
နယူးကာဆယ်အသင်း လက်ရှိအခြေအနေ
ပြိုင်ပွဲအရပ်ရပ်မှာ နိုင်ပွဲဆက် ငှက်ကျားတွေက အမြင့်ပျံသန်းမှုအားကောင်းနေပြီး တက်ရိပ်ပြနေပါတယ်၊ စီးတီးကို ကျော်ဖြတ်ပြီး ချန်ပီယံလိဂ် 5 သင်းစာရင်းဝင်ထားတဲ့ အက်ဒီဟိုဝီရဲ့ တိုက်စစ်ဟာ အဘက်ဘက်က ဂိုးရဖို့မခက်ပါဘူး။
မန်ယူအသင်း လက်ရှိအခြေအနေ
စိန့်ဂျိမ်းပါ့ခ်မှာ ငှက်ကျားတွေကို 1-30 ထိ ကြေးပြန်ပေးထားတဲ့အပြင် ဂိုးပေါင်း 3+30 ထိပေါက်နေတော့ အရဲမစွန့်ပဲဘော်ဒီထက် ဂိုးပေါ်ပိုကြိုက်ပါတယ်ဗျာ ။
ခန့်မှန်းချက်
လက်ရှိခံစစ်က အလှူကြီးပေးနေသလို မီတိုမာ၊ ဝဲလ်ဘတ်တို့ ဦးဆောင်နေတဲ့တိုက်စစ်က ဂိုးမရမှာမပူရပါဘူး။ 2+90 ဘော်ဒီထိကြေးမြင့်ထားပြီး ဂိုးပေါင်းဆိုလဲ 3-10 ဆိုတော့ကာ ဂိုးအောက်ပိုကြိုက်ပါတယ်။
ဘောလုံးဝါသနာရှင်များအတွက် အပျော်တမ်းပဲဖြစ်ဖြစ် ၊ ဝါသနာအရပဲဖြစ်ဖြစ် ဘော်ဒီ-မောင်း ကစားချင်တယ်ဆိုရင်တော့ ဒီအောက်က ဂိမ်းဆိုဒ်တွေမှာ စိတ်ကြိုက် ဘော်ဒီမောင်း ကစားနိုင်ပါပြီ။
Deportivo Alaves [Vs] Real Madrid
[ မြန်မာစံတော်ချိန် ည ၀၈း၄၅ ၊ ဧပြီ ၁၃ ]
အလာဗက်စ်အသင်း လက်ရှိအခြေအနေ
တန်းဆင်းဇုန်ဖိအားကြောင့် အလာဗက်စ်တို့ရုန်းနေသလို ပြီးခဲ့တဲ့အပတ်က ဂျီရိုနာကို နိုင်လိုက်လို့ တန်းဆင်းဇုန်ကို 2 မှတ်ပြန်ဖြတ်ထားတဲ့ အလာဗက်စ်ဟာ ရလဒ်ပေါင်းစုံထွက်နေပြီး ဒဏ်ရာပြဿနာမရှိပေမဲ့ ပွဲပယ် 3 ယောက်ထိရှိထားတယ်။
ရီးရဲလ်အသင်း လက်ရှိအခြေအနေ
ပြိုင်ပွဲအရပ်ရပ် ၃ ပွဲဆက် ပထမဆုံး နိုင်ပွဲပျောက်ခဲ့တဲ့ အန်ဆယ်လော့တီတပ်သားတွေ ဖိအားများနေတယ်။ ကြားရက် အမ်းမရိတ်မှာ ၃ ဂိုးပြတ်ဆုံးမခံလိုက်ရသလို လာလီဂါမှာလည်း ၄ မှတ်ပြတ်သွဦးတဲ့ ရီးရဲလ်အတွက် come back ပြန်လာဖို့လိုနေပါပြီ။
ခန့်မှန်းချက်
အဖြူရောင်တပ်သားတွေရဲ့ခံတပ်က မလုံခြုံတော့ပေမဲ့ 1-100 ဘော်ဒီကြေးနဲ့ 3-100 ဂိုးပေါင်းမှာတော့ ဘယ်လိုနေနေ ရီးရဲလ်နိုင်မယ်ဆိုပေမဲ့ ဂိုးပေါ်ပိုကြိုက်ပါတယ် ။
Real Betis [Vs] Villerral
[ မြန်မာစံတော်ချိန် ည ၁၁း၀၀ နာရီ ၊ ဧပြီ ၁၃ ]
ဘက်တစ်အသင်း လက်ရှိအခြေအနေ
ရမှတ်တူ အဆင့် ၅ နဲ့ ၆ ယူရိုပါလိဂ်တိုက်ပွဲမှာ ကြားရက် ကွန့်ဖရန့်လိဂ်ကစားထားခဲ့ရတဲ့ ဘက်တစ်ဟာ ပြိုင်ပွဲအရပ်ရပ် ရှုံးပွဲမရှိခဲ့သလို ရလဒ်တည်ငြိမ်နေပါတယ်၊ ရီးရဲလ်ကို အနိုင်ယူခဲ့သလို ဘာစီကွင်းမှာ သရေကစားနိုင်ခဲ့တဲ့ ဘက်တစ်ခြေက ယုံကြည်မှုပြည့်ဝနေတာပါ။
ဗီလာရီးရဲလ်အသင်း လက်ရှိအခြေအနေ
အသင်းကောင်းတွေနဲ့ဆို ခံကစားထားယုံအပြင် ခြေစွမ်းမပြနိုင်တော့တဲ့ ဗီလာရီးရဲလ်ဟာ အဆင့် ၆ နေရာကိုပါ ခြိမ်းခြောက်ခံနေရပါတယ်၊ ဒါ့အပြင် ရလဒ်လည်းမငြိမ်သလို ဂိုးသွင်းခြေလည်းမမှန်တဲ့ ဗီလာရီးရဲလ်ဟာ ပွဲပန်းလာနိုင်ပေမဲ့ ရလဒ်ကောင်းနေတာဖြစ်လို့ ဘက်တစ်အိမ်ကွင်းမှာ ရုန်းကန်ထားရမယ်။
ခန့်မှန်းချက်
သူတို့နှစ်သင်းခြေစွမ်းအရ သိပ်မကွာထားပေမဲ့ L-100 နဲ့ 3-50 ဂိုးပေါင်းကြေးမှာတော့ အတက်ဘက်ကိုရောက်နေတဲ့ အိမ်ရှင်အရိပ်အောက်ကသာ ဆက်လက်အေးမြစေမှာပါ။
Lazio [Vs] AS Roma
[ မြန်မာစံတော်ချိန် နံနက် ၀၁း၁၅ ၊ ဧပြီ ၁၄ ]
လာဇီယိုအသင်း လက်ရှိအခြေအနေ
ကြားရက်မှာ နော်ဝေးကလပ်အသင်းဖြစ်တဲ့ ဘိုဒိုဂလင့်ကို ၂ ဂိုးပြတ်နဲ့ ရှုံးလိုက်တာမို့ ဖိအားများသွားတဲ့ လာဇီယိုတပ်သားတွ ဂိုးပေါက်တစ်ကြိမ်သာ တည့်ခဲ့အထိ အခြေအနေဆိုးခဲ့တယ်။ အပေါ်အောက်ကပ်လျက် ရောမဒါဘီတွေ့ဆုံမှုဖြစ်သလို စီးရီးအေမျာလည်း ဗျာများနေတယ်။
ရိုးမားအသင်း လက်ရှိအခြေအနေ
ကြားရက်ပွဲမရှိတော့လို့ အပြည့်အဝအနားရထားတဲ့ ရေနီယာရီတပ်သားတွေ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် လာဇီယိုကို အနိုင်ကစားထားရမယ်။ တစ်ကျော့ပြန်နည်းပြလက်ထက်မှာ စီးရီးအေးနောက်ဆုံး ၁၅ ပွဲဆက်အရှုံးဆိုတာ ဘာမှန်းမသိတော့တဲ့ ရိုးမားဟာ လာဇီယိုအိမ်ကွင်းနောက်ဆုံး ၉ ပွဲဆက်နိုင်ပွဲပျောက်ဆုံးမှုကို အဆုံးသတ်နိုင်မှာပါ။
ခန့်မှန်းချက်
လာဇီယို L+20 နဲ့ ဂိုးပေါင်း 2+50 ပေါက်တဲ့ ရောမဒါဘီအားပြိုင်မှုမှာ အိမ်ရှင်ဘက်ကနေစမ်းကြည့်လိုက်မယ် ညီကိုတို့။
Osasunam [Vs] Girona
[ မြန်မာစံတော်ချိန် ည ၀၆း၃၀ နာရီ ၊ ဧပြီ ၁၃ ]
အိုဆာဆူနာအသင်း လက်ရှိအခြေအနေ
အဆင့် ၁၃ နဲ့ ၁၅ (1)မှတ်အကွာ ခြေကျနှစ်သင်းတိုက်ပွဲမှာ အိမ်ရှင်ဆိုဆာဆူနာဟာ ဘုရင့်ဖလားမှာ ဆိုဆီဒက်ကို ဂိုးပြတ်ရှုံးအပြီး နိုင်ပွဲလုံးဝမတွေ့သေးတဲ့ အသင်းဖြစ်တဲ့အပြင် ခံစစ်ပေးဂိုးဆက်နေသလို ၁ ဂိုးအထက် ဂိုးသွင်းဖို့ခက်ခဲနေတဲ့ တိုက်စစ်က နည်းပြမိုရီနိုအတွက် ဇယားအောက်ပိုင်းကို ဆွဲချသွားတယ်။
ဂျီရိုနာအသင်း လက်ရှိအခြေအနေ
လာလီဂါနောက်ဆုံး ၈ ပွဲဆက်နိုင်ပွဲပျောက်ခဲ့သလိုလက်ကျန် ၈ ပွဲကို မရုန်းနိုင်ရင် ဂျီရိုနာတို့ တန်းဆင်းသွားရနိုင်တဲ့ အဆင့်ပါ။ တန်းဆင်းဇုန်နဲ့ ၆ မှတ်သာကွာတော့သလို ဖိအားများနေတယ်ဆိုပေမဲ့ အိမ်ကွင်းကစားပုံကောင်းတဲ့ အိုဆာဆူနာအရပ်မှာ ထင်သလောက်အနိုင်ကစားနိုင်ဖို့ မလွယ်ကူပါဘူး။
ခန့်မှန်းချက်
နှစ်သင်းလုံး သူမသာ ကိုယ်မသာ ပျားတုတ်နေတဲ့ အခြေအနေမျိုးမှာ အိမ်ရှင်ဘက် L-100 နဲ့ 2-100 ဂိုးပေါင်းမှာတော့ ဂိုးအောက်လေးပဲထိုင်ထားလိုက်မယ်ဗျာ။
Leave a Reply