ဇန်နဝါရီ ၄ ပွဲကြိုသုံးသပ်ချက်

ဇန်နဝါရီ ၄ ရက် ည မှာ ကန်မယ့်ပွဲစဉ်ကောင်း များဖြစ်တဲ့

  • မန်စီးတီး – ဝက်စ်ဟမ်း
    Premier League
    [မြန်မာစံတော်ချိန် ည ၀၉း၃၀ ၊ ဇန်နဝါရီ ၀၄]
  • ပဲလေ့စ် – ချဲလ်ဆီး
    Premier League
    [မြန်မာစံတော်ချိန် ည ၀၉း၃၀ ၊ ဇန်နဝါရီ ၀၄]
  • ဗီလာ – လက်စ်တာ
    Premier League
    [မြန်မာစံတော်ချိန် ည ၀၉း၃၀ ၊ ဇန်နဝါရီ ၀၄]
  • ဘုန်းမောက် – အဲဗာတန်
    Premier League
    [မြန်မာစံတော်ချိန် ည ၀၉း၃၀ ၊ ဇန်နဝါရီ ၀၄]
  • ဆောက်သမ်တန် – ဘရန့်ဖို့ဒ်
    Premier League
    [မြန်မာစံတော်ချိန် ည ၀၉း၃၀ ၊ ဇန်နဝါရီ ၀၄]
  • ဘရိုက်တန် – အာဆင်နယ်
    Premier League
    [မြန်မာစံတော်ချိန် ည ၀၀း၀၀ ၊ ဇန်နဝါရီ ၀၅]
  • ဘာဘက်စ်ထရီု – ဘာစီလိုနာ
    Copa del Rey
    [မြန်မာစံတော်ချိန် ည ၀၀း၃၀ ၊ ဇန်နဝါရီ ၀၅]

တို့ရဲ့ ပွဲကြိုသုံးသပ်ချက်


Tottenham Hotspur [Vs] New Castle

[မြန်မာစံတော်ချိန် ည ၀၇း၀၀ ၊ ဇန်နဝါရီ ၀၄]

တန်းဆင်းဇုန်နားက ဝုဗ်ကိုတောင် ဂိုးပြန်ပေးထားရတဲ့ စပါးခံစစ်က ဒဏ်ရာပြသာနာတွေများနေတယ်၊ ဆွန်ယောင်မင်တို့တသိုက် နိုင်ပွဲပျောက်နေပြီး ယုံကြည်မှု့ပါပျောက်နေလို့ အသင်းစိတ်ဓာတ်ကို ဆွဲတင်နိုင်ဖို့ နည်းပြပိုစတယ်ဂလူးအနေနဲ့ အကောင်းဆုံးပြင်ဆင်ကာ ဥရောပဝင်ခွင့်တစ်နေရာတော့ တိုက်ပွဲဝင်ရမှာပါ။

ပြိုင်ပွဲစုံ ၅ ပွဲဆက်အနိုင်နဲ့ အမြင့်ပျံငှက်ကျားတွေက နောက်ဆုံး ၃ ပွဲဆက် ဂိုးမပေးခဲ့ရသလို ဗီလာ၊ မန်ယူကို ဂိုးပြတ်ဆုံးမနိုင်ခဲ့တဲ့ အက်ဒီဟိုဝီရဲ့အသင်းဟာ စိတ်ဓာတ်ပိုင်းအမြင့်ဆုံးရောက်နေတယ်၊ လန်ဒန်ကြက်ဖတွေနိုင်ပွဲလိုအပ်နေတာမှန်ပေမဲ့ အမြင့်ပျံငှက်ကျားတွေကို ယှဥ်ကစားဖို့မလွယ်ပါဘူး။ နယူးကာဆယ် သရေ ၄၀ ၊ ဂိုးပေါင်းစျေး 4 + 90 ပေါက်နေတဲ့ မြောက်လန်ဒန်မှာ ဂိုးသွင်းပွဲတော်ကြီးတွေ့ရနိုင်ပါတယ်။

Manchester City [Vs] West Ham

[မြန်မာစံတော်ချိန် ည ၀၉း၃၀ ၊ ဇန်နဝါရီ ၀၄]

ဂွါဒီယိုလာတပ်သားတွေ နိုင်ပွဲနဲ့အတူ ပြန်လာပြီဖြစ်ပြီး ချန်ပီယံလမ်းကြောင်းပေါ်က ၁၄ မှတ်ပြတ် မန်စီးတီးအတွက် ပွဲတိုင်းကို အနိုင်ယူပြရမှာဆိုပေမဲ့ ထင်သလောက်မလွယ်တာမို့ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ အတူ ချန်ပီယံဖလားကိုသာ အာရုံစိုက်လာနိုင်တယ်။

အိမ်ကွင်းမှာ မရှုမလှဂိုးပြတ်ဆုံးမ ခံခဲ့ရတဲ့ ဟမ်းမားတွေဟာာ အဲ့အရင် ၄ ပွဲဆက်ရလဒ်ကောင်းခဲ့ပေမဲ့ လီဗာပူးလ်ကို ဂိုးတောင်ပြန်မသွင်းနိုင်ခဲ့ကာ ဂိုးပြတ်ဒူးထောက်ခဲ့ရတဲ့ ဝက်စ်ဟမ်းက အဝေးကွင်းရလဒ်လည်း မတည်ငြိမ်ပါဘူး၊ ဒ့ါအပြင် မန်စီးတီးအသင်းနဲ့ နောက်ဆုံးတွေ့ဆုံထားတဲ့ ၃ပွဲဆက် 3-1 ရလဒ်တွေနဲ့ ရှုံးနိမ့်ထားပါတယ်။ ဘော်ဒီနဲ့အတူ ဂိုးပေါင်းစျေးပြင်းရှတဲ့ အီတီဟက်မှာ ဂိုးသွင်းရနံ့တွေ သင်းပျံ့နေမှာပါ။

Crystal Palace [Vs] Chelsea

[မြန်မာစံတော်ချိန် ည ၀၉း၃၀ ၊ ဇန်နဝါရီ ၀၄]

လန်ဒန်ဒါဘီတွေ့ဆုံမှုမှာ လင်းယုန်တွေအမြင့်ပျံသန်းနေပြီး တန်းဆင်းဇုန်က လွတ်မြောက်ခဲ့သလို ၅ မှတ်ဖြတ်ထားနိုင်ခဲ့ပါတယ်၊ ပြိုင်ပွဲစုံနောက်ဆုံး ၉ပွဲမှာ အာဆင်နယ်တစ်သင်းကိုသာ ဒူးထောက်ခဲ့ရတဲ့ အိုလီဗာ ဂလက်စ်နာတပ်သားတွေ ဒီရာသီစတမ်းဖို့ဒ်သရေ့မှာလည်း ဒူးမထောက်ခဲ့ရပါဘူး။

၃ပွဲဆက်နိုင်ပွဲပျောက်ကာ ၂ပွဲဆက်ရှုံးခဲ့လို့ အဆင့် ၄ နေရာဆင်းပေးလိုက်ရတဲ့ ခြင်္သေ့ပြာတပ်သားတွေဟာ နှစ်ဟောင်းကို ရှုံးပွဲတွေနဲ့ နှုတ်ဆက်ခဲ့ရပြီး ချန်ပီယံပြေးလမ်းကြောင်းကပါ ကန်ချခံလိုက်ရတယ်၊ ပ-ကျော့မှာ သရေကျခဲ့သလို ဖိအားတွေများသွားတဲ့ ခြင်္သေ့ပြာတို့အတွက် လင်းယုန်တွေကို အမဲလိုက်ထားမှာပါ။ သရေ ၉၀ ပေါက်တဲ့ လန်ဒန်ဒါဘီမှာ ဆန်ချို ၊ ကိုးလ်ပါးမားတို့ တိုက်စစ်ကို လင်းယုန်တွေဒူးထောက်ရနိုင်တယ်။

Aston Villa [Vs] Leicester City

[မြန်မာစံတော်ချိန် ည ၀၉း၃၀ ၊ ဇန်နဝါရီ ၀၄]

အဝေးကွင်းပွဲတွေမှာ ဒူးထောက်နေရပေမဲ့ အိမ်ကွင်းအဆိပ်ပြင်းတဲ့ အူနိုင်းအမ်မရီတပ်သားတွေဟာ ပရီးမီးယားလိဂ် အဆင့် ၉ နေရာကို ဆင်းလိုက် တက်လိုက်လုပ်နေပြီး ပရီးမီးယားလိဂ် အိမ်ကွင်းနောက်ဆုံး ၉ ပွဲဆက်မရှုံးထားတဲ့ ဗီလာဟာ ခံစစ်ပိုင်းအမှားများလာတယ်။

လက်စ်တာဟာ ရှုံးပွဲဆက်နေတဲ့အသင်းဖြစ်ပြီး တန်းဆင်းဇုန်ထဲရောက်သွားသလို နည်းပြ နစ္စတယ်ရိုင်းလက်ထက် အဖွင့်လှခဲ့သလောက် အရှုံးဇာတ်သိမ်းခန်းတွေ တစ်ခန်းပြီးတစ်ခန်းရိုက်နေတယ်၊ ဗီလာကို ပ-ကျော့ အိမ်ကွင်းမှာလည်း အရေးနိမ့်ခဲ့တဲ့ မြေခွေးတပ်သားတွေ အဝေးကွင်းရလဒ်မကောင်းလို့ ဒူးထောက်လို့ကောင်းနေဆဲပါ။ ဗီလာပါ့ခ်က အူနိုင်းအမ်မရီတပ်သားတွေနဲ့အတူ ဂိုးသွင်းပွဲတော်ကြီး ကျင်းပဖို့ရှိတယ်။

AFC Bournemouth [Vs] Everton

[မြန်မာစံတော်ချိန် ည ၀၉း၃၀ ၊ ဇန်နဝါရီ ၀၄]

၇ပွဲဆက်မရှုံးပဲ အဆင့် ၇နေရာရောက်လာတဲ့ ဘုန်းမောက်ဟာ ဒီရာသီအိမ်ကွင်းကောင်းတဲ့အသင်းဆိုပေမဲ့ ခြေရည်တူအသင်းတွေနဲ့ဆို ရမှတ်ခွဲပေးနေရပြီး အသင်းကြီးတွေကိုသာ အထူးခြေစွမ်းပြ ဒုက္ခပေးနေတဲ့ အသင်းပါ။

အာဆင်နယ်၊ ချဲလ်ဆီး၊ မန်စီးတီးအသင်းတွေကို ပိတ်ကစားကာ အမှတ်လည်းခွဲယူနိုင်ခဲ့တဲ့ တော်ဖီတွေ နော့တင်ဟမ်အသင်း တိုက်စစ်အောက်မှာ ဂိုးပြတ်ဒူးထောက်ခဲ့ရသလို တန်းဆင်းဇုန်ဖိအားက ရုန်းမထွက်နေသေးတဲ့ ရှောင်ဒိုင်ချီးတပ်သားတွေဟာ သရေတစ်မှတ်ရရင်ကို ကျေနပ်ရတယ်၊ 1+60 ပေါက်နေတဲ့ ချယ်ရီတွေ အိမ်ကွင်းနိုင်ပွဲနဲ့ ပြန်လန်းဆန်းနိုင်မှာပါ။

Southampton [Vs] Brentford

[မြန်မာစံတော်ချိန် ည ၀၉း၃၀ ၊ ဇန်နဝါရီ ၀၄]

တန်းဆင်းဇုန်အောက်ဆုံးက ဆောက်သမ်တန်ဟာ ၆ မှတ်သာရသေးတာမို့ ပရီးမီးယားလိဂ်ကို ဘုရားဖူးလာတဲ့အသင်းဖြစ်ပြီး မထူးဇာတ်ခင်းဖွင့်တိုက်နေပေမဲ့ အရှုံးနွံထဲက ရုန်းမထွက်နိုင်သေးသလို ခံစစ်လည်း ညံ့ဖျင်းပါတယ်။

အိမ်ကွင်းလည်းရှုံး အဝေးကွင်းလည်းမနိုင်တဲ့ ပျားတွေဟာ ခံစစ်အတော်လေးညံ့ဖျင်းပြီး ပရီးမီးယားလိဂ်မှာ အဝေးကွင်းနိုင်ပွဲဆိုတာ ဘာမှန်းမသိသေးတဲ့အထိ အခြေအနေဆိုးနဲ့ ကြုံတွေ့ထားရတဲ့ သောမက် ဖရန့်တပ်သားတွေ တန်းဆင်းဇုန်အောက်ဆုံးက ဆောက်သမ်တန်အသင်းကို ပ-ကျော့ကလို အနိုင်ကန်ထားမယ်။ သရေ ၁၀ ရင်းပြီး စိန့်မေရီမှာ ပျားတုပ်နိုင်မှာပါ။

Brighton [Vs] Arsenal

[မြန်မာစံတော်ချိန် ည ၀၀း၀၀ ၊ ဇန်နဝါရီ ၀၅]

ဇယားအလယ်က ဘရိုက်တန်က သရေပွဲတွေများနေပြီး ၇ပွဲဆက်နိုင်ပွဲပျောက်ကာ ခံစစ်လည်း ညံ့ဖျင်းထားပါတယ်၊ အမြင့်မပျံသန်းနိုင်သလို အကျဘက်ကိုရောက်သွားတဲ့ ဇင်ယော်တပ်သားတွေဟာ ပထမ အကျော့ အမ်းမရိတ်မှာ ခြေစွမ်းပြ သရေခံကန်နိုင်ခဲ့တဲ့ ခြေစွမ်းကို မြင်တွေ့ရဖို့မလွယ်တော့ပါဘူး။

ချန်ပီယံလမ်းကြောင်းပေါ်က ဂန်းနားတွေ ရပ်တန့်မရေအောင်နိုင်ပွဲဆက်နေပြီး လီဗာပူးလ်ကို ဖိအားပေးကစားထားသလို အဆင့် ၃ နေရာက နော့တင်ဟမ်ရဲ့ ဖိအားပေးမှုလည်း ခံနေရပါတယ်၊ ပွဲကြပ်တွေကြားက ဆင်ပျံကြီးတို့ အင်အားကုန်ရုန်းထားဖို့ လိုအပ်နေပြီး နိုင်ပွဲတွေ သိမ်းပိုက်ထားရမယ်။ 1+70 ပေးထားတဲ့ အာတီတာရဲ့ ဆင်ပျံကြီးကို ဇင်ယော် ဒူးထောက်ရဦးမှာပါ။

Barbastro [Vs] Barcelona

[မြန်မာစံတော်ချိန် ည ၀၀း၃၀ ၊ ဇန်နဝါရီ ၀၅]

ဘုရင့်ဖလားအောက်ခြေအဆင့်ကနေ ဂိုးပြတ်နိုင်ပွဲနဲ့ တက်လာတဲ့ ဘာဘက်စ်ထရီုအသင်းဟာ လိဂ်အဆင့် ၂ ကအသင်းဖြစ်ပြီး တန်းဆင်းဇုန်ကို အံ့တုနေရပေမဲ့ ပြီးခဲ့ရာသီ 32 သင်းအဆင့် တွေ့ဆုံမှုမှာ လူစုံနီးပါးဘာစီလိုနာကို ဒုက္ခပေးထားခဲ့တာပါ။

ရုန်းကန်မှုတွေများနေပြီး ရှုံးပွဲနဲ့အဆုံးသတ်ထားခဲ့ရတဲ့ ဘာစီလိုနာဟာ နှစ်သစ်မှာအဖွင့်လှဖို့ အကောင်းဆုံးပုံစံနဲ့ ပွဲထွက်လာမှာပါ၊ ရှုံးပွဲဆက်နေလို့ လာလီဂါအဆင့် ၃ နေရာဆင်းပေးလိုက်ရတဲ့ သူတို့အသင်းဟာ စပိန်စူပါဖလားလည်း ကစားဖို့ရှိနေတယ်။ အရန်ကစားသမားအများစုနဲ့ ပွဲထွက်လာနိုင်လို့ ဂိုးပေါင်းစျေး 4+60 မှာ ဂိုးပေါ်ကို ပိုပြီးသဘောကျမိပါတယ်။

Start a Conversation

Your email address will not be published. Required fields are marked *