ဒီဇင်ဘာ ၁၉ ပွဲကြိုသုံးသပ်ချက်

ဒီဇင်ဘာ ၁၉ရက် ညမှာကန်မယ့်ပွဲစဉ်ကောင်း များဖြစ်တဲ့

  • စပါး [Vs] မန်ယူ – EFL Cup: Quarter-Finals
    [မြန်မာစံတော်ချိန် နံနက် ၀၂း၃၀ နာရီ ၊ ဒီဇင်ဘာ ၂၀]
  • ချဲလ်ဆီး [Vs] ရှမ်းရော့ခ်ရိုဗာ – EUROPA CONFERENCE LEAGUE
    [မြန်မာစံတော်ချိန် နံနက် ၀၂း၃၀ နာရီ ၊ ဒီဇင်ဘာ ၂၀]
  • ဂူမာရေးစ် [Vs] ဖီအိုရင်တီးနား – EUROPA CONFERENCE LEAGUE
    [မြန်မာစံတော်ချိန် နံနက် ၀၂း၃၀ နာရီ ၊ ဒီဇင်ဘာ ၂၀]
  • အင်တာမီလန် [Vs] အူဒီးနီးစ် – EUROPA CONFERENCE LEAGUE
    [မြန်မာစံတော်ချိန် နံနက် ၀၂း၃၀ နာရီ ၊ ဒီဇင်ဘာ ၂၀]

တို့ရဲ့ ပွဲကြိုသုံးသပ်ချက်

Tottenham Hotspur [Vs] Manchester United

[မြန်မာစံတော်ချိန် မနက် ၀၂း၃၀ နာရီ ၊ ဒီဇင်ဘာ ၂၀]

ခြေညံ့အသင်းတွေနဲ့ဆို ရုန်းကန်ရလေ့ရှိတဲ့ စပါးဟာ ကာရာဘောင်ဖလား ၁၆သင်းအဆင့်မှာ မန်စီးတီးအသင်းကို အနိုင်ကစားနိုင်ခဲ့သလို မန်ယူနဲ့ ဒီရာသီတွေ့ဆုံမှုမှာ အိမ်ကွင်းထိ ဂိုးပြတ် သွားဆုံးမထားခဲ့တဲ့ မြောက်လန်ဒန်သားတွေရဲ့ ခြေစွမ်းက ခြေရည်တူအသင်းတွေနဲ့ဆို ခြေစွာနေပါတယ်။

ပြိုင်ပွဲစုံ ၂ ပွဲဆက်နိုင်ပွဲလွှင့်တင်ထားတဲ့ သရဲနီတပ်သားတွေဟာ အဲ့၂ပွဲစလုံး နောက်ကလိုက်ကစားခဲ့ရပြီး မိနစ် ၈၀ နောက်ပိုင်းအနိုင်ဂိုးတွေနဲ့ ပြန်လာနိုင်ခဲ့လို့သာ အသက်ရှုချောင်ခဲ့တာပါ၊ နိုင်ခဲ့တဲ့ ၂ပွဲဟာ အဝေးကွင်းပွဲတွေမှာဖြစ်ပြီး ရှုံးကြွေးနဲ့အတူ ကာရာဘောင်ဖလားမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန် ထားရမယ် ။ စပါး သရေ ၃၀ ၊ ဂိုးပေါင်းစျေး (၃-၈၀) ပေါက်နေတဲ့ပွဲမှာ မြောက်လန်ဒန်သားတွေကို သရဲနီတို့ အမဲလိုက်ထားနိုင်မှာပါ။

Chelsea [Vs] Shamrock Rover

[မြန်မာစံတော်ချိန် မနက် ၀၂း၃၀ နာရီ ၊ ဒီဇင်ဘာ ၂၀]

ကွန်ဖရန့်လိဂ်အုပ်စုနောက်ဆုံးပွဲစဥ်ဆိုပေမဲ့ ထိပ်ဆုံးနေရာက ခြင်္သေ့ပြာတပ်သားတွေဟာ ၁ မှတ်ခွဲယူနိုင်ရင်ကို အုပ်စုဗိုလ်နေရာပျောက်ဖို့ မရှိပါဘူး ၊ ပြီးခဲ့တဲ့အပတ်ကလည်း အရံကစားသမားတွေနဲ့ကို ဂိုးပြတ်နိုင်ပွဲနဲ့ ရပ်တန့်လို့မရအောင် ခြေစွာနေပါတယ်။

ပြည်တွင်းအမှတ်ပေးဇယားမှာ အဆင့် ၂ နေရာ နဲ့ အဆုံးသတ်ထားခဲ့တဲ့ ရှမ်းရော့ခ်ရိုဗာဟာ ကွန်ဖရန့်လိဂ် ဖလား ၁ ခုသာ အာရုံစိုက်ကစားရတာမို့ ရှုံးပွဲမရှိ အဆင့် ၆ ရပ်တည်ထားပြီး ပြိုင်ပွဲစုံ နောက်ဆုံး ၉ပွဲဆက် မရှုံးနိမ့်ထားပဲ ခြေစွာနေခဲ့ပေမဲ့ ခြင်္သေ့ပြာတွေကို သရေကစားဖို့မလွယ်ပါဘူး။ ဘော်ဒီစျေး 3+10 ထိပေါက်နေတဲ့ စမ်းဖို့ဒ်ဘရေ့က ခြင်္သေ့ပြာတွေ ဂိုးသွင်းလေ့ကျင့်ဖို့ခက်မှာပါ။

Vitoria Guimaraes [vs] Fiorentina

[မြန်မာစံတော်ချိန် မနက် ၀၂း၃၀ နာရီ ၊ ဒီဇင်ဘာ ၂၀]

အမှတ်ပေးဇယားအပေါ်အောက် ထိပ်ဆုံးက ၂ သင်းက ၂ သင်းရဲ့ အားပြိုင်မှုမှာ ဂူမာရေးစ်အသင်းဟာ ဖီအိုကို ၁ မှတ် ဖြတ်ထားသလို ၉၀ ရာခိုင်နှုန်းထိ တိုက်ရိုက်ဝင်ခွင့်ရဖို့သေချာနေတဲ့ ပေါ်တူဂီကလပ်အသင်း ဂူမာရေးစ်က ပြည်တွင်းမှာ ရုန်းကန်နေရပေမဲ့ ကွန်ဖရန့်လိဂ် ရှုံးပွဲမရှိရပ်တည်ထားတယ်။

နောက်ဆုံးကစားထားခဲ့တဲ့ ဘိုလော့ဂ်နာနဲ့ပွဲမှာ အရေးနိမ့်ခဲ့တဲ့ ဖီအိုတို့ အဝေးကွင်းပွဲတွေမှာ ခြေမငြိမ်သေးပါဘူး၊ ကွန်ဖရန့်လိဂ်မှာလည်း မထင်မှတ်ပဲအဝေးကွင်းရှုံးနိမ့်ထားခဲ့လို့ ဂူမာရေးစ်အိမ်ကွင်းမှာ မရှုံးနိမ့်‌ရေး ဖောင်ဖျက်တိုက်ပွဲဝင်လာမှာပါ။ ခံကန်အားကောင်းတဲ့ အိမ်ကွင်းပွဲတွေမှာ ဖီအိုရဲ့ တိုက်စစ်ဂိုးရဖို့ခက်ခဲသလို ရှိပေမဲ့ ဧည့်သည်အသင်းကသာ ပျော်ရွှင်မှုအပြည့်ပေးမှာပါ။

Inter Milan [Vs] Udinese

[မြန်မာစံတော်ချိန် မနက် ၀၂း၃၀ နာရီ ၊ ဒီဇင်ဘာ ၂၀]

ခြေစွာနေတဲ့ လာဇီယိုအသင်းကို ချန်ပီယံလိဂ်အရှုံးက တပ်ပျက်သွားရလောက်အောင် ပေးဂိုးမရှိ ဂိုးဒါဇင်ဝက်နိုင်ပွဲနဲ့ အောင်ပွဲခံနိုင်ခဲ့တဲ့ အင်တာရဲ့ ခြေစွမ်းဟာ စီးရီးအေ အူဒီးနီးစ်အိမ်ကွင်းမှာလည်း ခက်ခက်ခဲခဲကစားခဲ့ရလို့ ပေါက်ကွဲထားမှာပါ။

အူဒီးနီးစ်ဟာ လက်ရှိခြေကျနေတဲ့အသင်းဖြစ်ပြီး နိုင်ပွဲပြန်ရဖို့ မနည်းရုန်းကန်နေရကာ စီးရီးအေ နောက်ဆုံး ၇ပွဲမှာလည်း ၁ ပွဲသာနိုင်ခဲ့သလို ၅ ပွဲထိရှုံးနိမ့်ခဲ့တာပါ၊ အူဒီးနီးစ်ဟာ စီးရီးအေပွဲတွေမှာသာ တွေ့ဆုံထားခဲ့သလို ပြီးခဲ့တဲ့ရာသီက ကိုပါအီတလီဖလား စောစောပြုတ်ခဲ့တဲ့ အင်တာရဲ့ ပေါက်ကွဲနိုင်စွမ်းကို တားဆီးဖို့မလွယ်ပါဘူး ။ လက်ရှိခြေစွမ်းနဲ့ ၂ ဂိုးပြတ်နိုင်ဖို့မခက်လို့ အင်တာပရိတ်သတ်လို့သာဆိုရမယ်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *