နိုဝင်ဘာ ၂၈ ပွဲကြိုသုံးသပ်ချက်

နိုဝင်ဘာ ၂၈ ပွဲကြိုသုံးသပ်ချက်

နိုဝင်ဘာ ၂၈ ရက် ညမှာကန်မယ့်ပွဲစဉ်ကောင်း များဖြစ်တဲ့

  • ဘီလ်ဘာအို [Vs] အဲလ်ဘော့ – EUROPA LEAGUE
    [မြန်မာစံတော်ချိန် နံနက် ၁၂း၁၅ နာရီ ၊ နိုဝင်ဘာ ၂၉]
  • လာဇီယို [Vs] လူဒိုဂိုရက်စ် – EUROPA LEAGUE
    [မြန်မာစံတော်ချိန် နံနက် ၁၂း၁၅ နာရီ ၊ နိုဝင်ဘာ ၂၉]
  • ဟီဒန်ဟိမ်း [Vs] ချဲလ်ဆီး – EUROPA CONFERENCE LEAGUE
    [မြန်မာစံတော်ချိန် နံနက် ၁၂း၁၅ နာရီ ၊ နိုဝင်ဘာ ၂၉]
  • မန်ယူ [Vs] ဘိုဒိုဂလင့် – EUROPA LEAGUE
    [မြန်မာစံတော်ချိန် နံနက် ၀၂း၃၀ နာရီ ၊ နိုဝင်ဘာ ၂၉]
  • ဆိုဆီဒက် [Vs] အေဂျက် – EUROPA LEAGUE
    [မြန်မာစံတော်ချိန် နံနက် ၀၂း၃၀ နာရီ ၊ နိုဝင်ဘာ ၂၉]
  • စပါး [Vs] ရိုးမား – EUROPA LEAGUE
    [မြန်မာစံတော်ချိန် နံနက် ၀၂း၃၀ နာရီ ၊ နိုဝင်ဘာ ၂၉]

တို့ရဲ့ ပွဲကြိုသုံးသပ်ချက်

ဘီလ်ဘာအို [Vs] အဲလ်ဘော့

[မြန်မာစံတော်ချိန် နံနက် ၁၂း၁၅ နာရီ ၊ နိုဝင်ဘာ ၂၉]

ပြိုင်ပွဲအရပ်ရပ် အိမ်ကွင်း (၁)ပွဲသာ ရှုံးသေးတဲ့ ဘီလ်ဘာအိုအသင်းမှာ အရင်လောက်ခြေမစွာထားပေမဲ့ ပြိုင်ပွဲစုံ (၇)ပွဲဆက် မရှုံးနိမ့်ထားပါဘူး။ သရေပွဲတွေများနေတဲ့ ဘီလ်ဘာအိုတို့ ယူရိုပါလိဒ်အမှတ်ပေးဇယားမှာ ရှုံးပွဲမရှိ အဆင့်(၆) နဲ့ အိမ်ကွင်းပေးဂိုးမရှိ ရပ်တည်ထားပါတယ်။

အဲ့လ်ဘော့ခြေစွမ်းအရမ်းကြီး မညံ့ထားပေမဲ့ နောက်ပိုင်းပွဲတွေမှာ ဂိုးရဖို့ ရုန်းကန်လာရသလို ယူရိုပါလိဒ် အဝေးကွင်းနိုင်ပွဲမရထားတဲ့ သူတို့အသင်းဟာ (၄)ပွဲကစားအပြီးမှာ ပွဲတိုင်း ဂိုးသွင်းထားပါတယ်။ စပိန်မှာ အဲ့လ်ဘော့တို့ ရုန်းကန်ရနိုင်ပြီး ဂိုးသွင်းခြေကျဆင်းလာတာမို့ ဂိုးရဖို့တောင် မလွယ်လှပါဘူး။ ဘီလ်ဘာအို ကွင်းမှာတော့ အိမ်ရှင်နုသမျှ ပြုရမှာပါ။

လာဇီယို [Vs] လူဒိုဂိုရက်စ်

[မြန်မာစံတော်ချိန် နံနက် ၁၂း၁၅ နာရီ ၊ နိုဝင်ဘာ ၂၉]

လာဇီယိုရဲ့ တိုက်စစ်အတော်လေးကို စွာနေခဲ့ပြီး ယူရိုပါလိဒ်မှာ (၁)ပွဲ (၂)ဂိုးနဲ့ အထက်မြူးနေသလို ဒီရာသီအိမ်ကွင်း ရှုံးပွဲမရှိ ရပ်တည်ထားပါတယ်။ ပြိုင်ပွဲစုံ (၇)ပွဲဆက် နိုင်ပွဲနဲ့ လမ်းကြောင်းမှန်ပေါ်က နည်းပြ ဘာရိုနီ တပ်သားတွေကို ရပ်တန့်ထားနိုင်မဲ့ အသင်းမရှိသေးပါဘူး။

ပြည်တွင်းရှုံးပွဲမရှိ ကစားနိုင်ပေမဲ့ ယူရိုပါလိဒ်မှာ နိုင်ပွဲပျောက် လူဒိုဂရက်စ်ဟာ ခံစစ်အတော်လေးညံ့တဲ့အသင်းဖြစ်ပြီး နောက်ဆုံးကစားထားတဲ့ ဘီလ်ဘာအိုနဲ့ ပွဲမှာ တိုက်စစ်သွင်းဂိုးစရခဲ့တာပါ။ (၁)မှတ်သာ ရှာဖွေထားနိုင်သေးလို့ ဇယားအောက်ပိုင်းရောက်နေတဲ့ ဧည့်သည်အသင်း ဖောင်ဖျက်တိုက်ပွဲဝင်လာနိုင်ပေမဲ့ အမြင့်ဆုံး အချိန်ကို ရောက်နေတြ့ လာဇီယို တပ်သားတွေကို ယှဉ်ကစားနိုင်ဖို့ မလွယ်ပါဘူး။ အိမ်ကွင်းအရှုံးဆိုတာ ဘာမှန်းမသိထားတဲ့ လာဇီယိုတပ်သားတွေနောက်ကိုပဲ ဆက်လိုက်ထားချင်တယ်။

ဟီဒန်ဟိမ်း [Vs] ချဲလ်ဆီး

[မြန်မာစံတော်ချိန် နံနက် ၁၂း၁၅ နာရီ ၊ နိုဝင်ဘာ ၂၉]

ကွန်ဖရန့်လိဒ်ရှုံးပွဲမရှိ (၂)သင်းရဲ့ အားပြိုင်မှုမှာ ပြည်တွင်းရှုံးပွဲဆက်နေတဲ့ ဟီဒန်ဟိမ်းအသင်းတန်းဆင်းဇုန်ကပ်လျက်ကို ရောက်နေပြီး ဥရောပရှုံးပွဲမရှိ အင်တိုက်အားတိုက်ကစားထားပေမဲ့ ချဲလ်ဆီးနဲ့ အင်အားကွာတာမို့ ကွန်ဖရန့်လိဒ် ရှုံးပွဲမရှိ စံချိန်တစ်ရပ်ကို ထိန်းသိမ်းလာနိုင်ဖို့ မလွယ်ပါဘူး။

ပရီးမီးယားလိဒ်အဆင့် (၃)နဲ့ ကွန့်ဖရန်လိဒ်ဇယားကို ဦးဆောင်ထားတဲ့ ခြင်္သေ့ပြာတပ်သားတွေရဲ့ ခြေစွမ်းဟာ အတော်လေးတည်ငြိမ်စပြုလာပြီး ဖလားပွဲတွေမှာ (၄)ဂိုးနဲ့ အထက်ဂိုးမြူးထားပါတယ်။ အဝေးကွင်းပွဲတွေမှာ ရုန်းကန်ရလေ့ရှိပေမဲ့ ခြေစွမ်းကွာတာမို့ (၂)ဂိုးပြတ်နိုင်ပါတယ်။ ဂျာမနီအရပ်က ဟီဒန်ဟိမ်းအသင်းက ခြင်္သေ့ပြာတပ်သားတွေကို ဒူးထောက်အညံ့ခံရမယ့်အနေအထားပါ။

မန်ယူ [Vs] ဘိုဒိုဂလင့်

[မြန်မာစံတော်ချိန် နံနက် ၀၂း၃၀ နာရီ ၊ နိုဝင်ဘာ ၂၉]

နည်းပြသစ်ရဲ့ ပထမဆုံးအဖွင့်ပွဲမှာတော့ တန်းဆင်းဇုန်ထဲက တန်းတက်အသင်းအစ်စွစ်ကို သရေ တစ်မှတ်ခွဲပေးခဲ့ရတာမို့ အမိုရင်အနေနဲ့ ဖိအားများခဲ့တာပါ။ ယူရိုပါလိဒ် အိမ်ကွင်းပွဲမှာတော့ အကောင်းဆုံး ခြေစွမ်းပြနိုင်ဖို့ မျှော်လင့်ရပါတယ်။

ပေါ်တို၊ ဘရာဂါကို အနိုင်ယူထားတဲ့ ဘိုဒိုဂလင့်ဟာ နောက်ဆုံးကစားခဲ့တဲ့ ကွာရာဘတ်အသင်းကို ရှုံးနိမ့်ခဲ့ပါတယ်။ ခြေစွမ်းထက်အသင်းတွေနဲ့ တွေ့ဆိုထားတိုင်းရုန်းကန်ရလေ့ရှိပြီး သရဲနီတပ်သားတွေနဲ့ ထိပ်တိုက် တွေ့ဆုံထားမှုမရှိသေးပါဘူး။ ရူဘင်အမိုရင်ရဲ့ ပထမဆုံး နိုင်ပွဲကို အိုးထရက်ဖို့ဒ် ကွင်းက အစပြုနိုင်မှာပါ။

ဆိုဆီဒက် [Vs] အေဂျက်

[မြန်မာစံတော်ချိန် နံနက် ၀၂း၃၀ နာရီ ၊ နိုဝင်ဘာ ၂၉]

အတက်အကျကြမ်းနေပြီး မယ်မယ်ရရခြေစွမ်းမပြနိုင်သေးတဲ့ ဆိုဆီဒက်ဟာ နိုင်ငံတစ်ကာကြားဖြတ်အပြီး ဘီလ်ဘာအိုကွင်းမှာ ကပ်ရှုံးနိမ့်ခဲ့တာမို့ လာလီဂါမှာ အဆင့်(၁၀)ရောက်နေပြီး ယူရိုပါလိဒ်နောက်ဆုံး (၃)ပွဲမှာလည်း (၁-၂) ရလဒ်တွေနဲ့ (၁)ပွဲသာ နိုင်ခဲ့လို့ အဆင့် (၂၅)ရောက်နေပါတယ်။

ယူရိုပါလိဒ်ရှုံးပွဲမရှိ အေဂျက်ဟာ အဆင့် (၂)နေရာမှာရပ်တည်ထားပြီး ပြိုင်ပွဲစုံ (၁၆)ပွဲဆက် ရှုံးပွဲမရှိ ခြေစွမ်းပြထားတယ်။ အဝေးကွင်းပွဲတွေမှာ ရုန်းကန်ရလေ့ရှိပေမဲ့ ပုံမှန်ဂိုးသွင်းနိုင်စွမ်းရှိတဲ့ အေဂျက်ဟာ အိမ်ကွင်းမာတဲ့ ဆိုဆီဒက်အသင်းကို ခက်ခက်ခဲခြ ကျော်ဖြတ်ရမှာပါ။ ဆိုဆီဒက်ခြေကို ယုံစားလို့မရသေးတာမို့ မရှုံးနိုင်သေးတဲ့ အေဂျက်နဲ့ ဂိုးအောက်ကို စွန့်စားထားမယ်။

စပါး [Vs] ရိုးမား

[မြန်မာစံတော်ချိန် နံနက် ၀၂း၃၀ နာရီ ၊ နိုဝင်ဘာ ၂၉]

စပါးဟာ ဖလား (၂)လုံး လမ်းကြောင်းပေါ်က မန်စီးတီးအသင်းကို အနိုင်ယူကာ အသည်းခွဲနိုင်ခဲ့တဲ့ အသင်းဖြစ်ပြီး ခြေရည်တူအသင်းတွေနဲ့ တွေ့ဆုံတိုင်း အမြဲဒုက္ခပေးလေ့ရှိပေမဲ့ လန်ဒန်ကြက်ဖတွေရဲ့ ခြေစွမ်းဟာ ယုံရခက် မယုံရခက်တဲ့ အသင်းမျိုးပါ။

တနင်္ဂနွေညက ထိပ်ဆုံးကနာပိုလီနဲ့ စီးရီးအေ အဖွင့်ပွဲကို တာဝန်ယူခဲ့ရတဲ့ နည်းပြသစ်တို့ အဖွင့်မလှခဲ့ပဲ ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရသလို စုဖွဲ့မှု အားကျဆင်းနေပြီး ကစားသမားကောင်းတွေ မရှိသလောက်နည်းပါးတဲ့ ရိုးမားကို ပြင်ဆင်ရမှာပါ။ ဒီရာသီအဝေးကွင်းနိုင်ပွဲဆိုတာ ဘာမှန်းမသိသေးတဲ့ ရိုးမားအတွက် စပါးအိမ်ကွင်းမှာလည်း အဖြေရှာနိုင်ဖို့ခက်ပါတယ်။ အဖြူရောင်လန်ဒန်သားတို့ ယူရိုပါလိဒ်ပြန် နိုင်ပွဲပါ။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *