နိုဝင်ဘာ ၂၅ ရက် ညမှာကန်မယ့်ပွဲစဉ်ကောင်း များဖြစ်တဲ့
- နယူးကာဆယ် [Vs] ဝက်စ်ဟမ်း – England Premier League
[မြန်မာစံတော်ချိန် နံနက် ၀၂း၃၀ နာရီ ၊ နိုဝင်ဘာ ၂၆] - အမ်ပိုလီ [Vs] အူဒီးနီးစ် – Italy Serie A
[မြန်မာစံတော်ချိန် နံနက် ၁၂း၀၀ နာရီ ၊ နိုဝင်ဘာ ၂၆] - ဗင်နီဇီယာ [Vs] လက်ချီ – Italy Serie A
[မြန်မာစံတော်ချိန် နံနက် ၀၂း၁၅ နာရီ ၊ နိုဝင်ဘာ ၂၆] တို့ရဲ့ ပွဲကြိုသုံးသပ်ချက်
နယူးကာဆယ် [Vs] ဝက်စ်ဟမ်း
[မြန်မာစံတော်ချိန် နံနက် ၀၂း၃၀ နာရီ ၊ နိုဝင်ဘာ ၂၆]
ဇယားအထက်ပိုင်းက အာဆင်နယ်၊ နော့်တင်ဟမ်ကို အနိုင်ရထားလို့ စိတ်ဓါတ်ပိုင်းတက်ကြွနေတဲ့ ငှက်ကျားတွေဟာ အဆင့်(၈)နေရာက ဆိုပေမဲ့ အဆင့်(၃)က ချဲလ်ဆီးနဲ့ (၁)မှတ်သာ ကွာတာပါ။ အိမ်ကွင်းရှုံးပွဲ (၁)ပွဲသာ ရှုံးသေးတဲ့ ငှက်ကျားတွေဟာ ပေးဂိုး အနည်းဆုံး ကစားထားပါတယ်။
ပရီးမီးယားလိဒ်အိမ်ကွင်းပွဲတွေမှာ ရလဒ်ပြန်ကောင်းထားပေမဲ့ အဝေးကွင်းပွဲတွေမှာ ရလဒ်ရော ခံစစ်ပါ မတည်ငြိမ်တဲ့ ဝက်စ်ဟမ်းဟာ ခံစစ်အတော်လေး အားနည်းပြီး (၂)ပွဲဆက် အရှုံးက (၇)ဂိုးအထိ ခွင့်ပြုထားရပါတယ်။တိုက်စစ်ပိုင်းအားနည်းပြီး ခံစစ်ညံ့တဲ့ ဟမ်းမားတွေကို စိန့်ဂျိမ်းပါ့ခ်က ကြေးပြင်ပေါက်နေတဲ့ ငှက်ကျားတွေက အမဲလိုက်ထားနိုင်မှာပါ။
အမ်ပိုလီ [Vs] အူဒီးနီးစ်
[မြန်မာစံတော်ချိန် နံနက် ၁၂း၀၀ နာရီ ၊ နိုဝင်ဘာ ၂၆]
စီးရီးအေ (၁)မှတ်သာ ကွာတဲ့ အပေါ်အောက်ရပ်တည်ထားတဲ့ (၂)သင်းတွေ့ဆုံမှုပါ။ တာထွက်ကောင်းခဲ့တဲ့ အမ်ပိုလီဟာ နောက်ပိုင်းပွဲတွေမှာ ခံစစ်ပေါက်လာပြီး ခြေစွမ်းကျဆင်းလာပေမဲ့ ဒီရာသီအိမ်ကွင်းမှာ ထိပ်ဆုံး (၂)သင်းဖြစ်တဲ့ နာပိုလီ၊ အင်တာ တို့ကိုပဲ ရှုံးနိမ့်ထားတာပါ။
စီးရီးအေ နောက်ဆုံး (၅)ပွဲမှာ (၄)ပွဲရှုံးထားတဲ့ အူးဒီးနီးစ်ကတော့ ခြေစွမ်းအတော်လေးကျဆင်းလာပြီး နည်းပြသစ်လက်ထက်မှာ အကောင်းဆုံးခြေစွမ်းပြနိုင်ဖို့ ကြိုးစားခဲ့ပေမဲ့ အဝေးကွင်း (၄)ပွဲဆက် နလန်မထူနိုင်ကာ ရှုံးပွဲတွေ့ထားပါတယ်။ သူတို့ (၂)သင်းတွေ့ဆုံထားတဲ့ နောက်ဆုံး (၅)ပွဲမှာ (၄)ပွဲဆက် ဂိုးအောက် ပွဲတွေ ကစားထားပါတယ်။ ဂိုးပေါင်းစျေး အနည်းဆုံးပွဲဖြစ်သလို (၂)ဖက်သွင်းဂိုး မြင်ရဖို့လည်း မရှိပါဘူး။
ဗင်နီဇီယာ [Vs] လက်ချီ
[မြန်မာစံတော်ချိန် နံနက် ၀၂း၁၅ နာရီ ၊ နိုဝင်ဘာ ၂၆]
(၁)မှတ်သာ ကွာတဲ့ တန်းဆင်းဇုန် (၂)သင်းရဲ့ တိုက်ပွဲပါ။ တန်းဆင်းဇုန်အောက်ဆုံးက ဗင်နီဇီယာဟာ ရလဒ်မတည်ငြိမ်သလို မှန်းဆရခက်ခဲတဲ့ အသင်းဖြစ်ပြီး ဒီရာသီ နိုင်ထားတဲ့ (၂)ပွဲဟာ အိမ်ကွင်းမှာ ရှာဖွေထားသလို ခြေစွမ်းထက် အသင်းတွေကိုသာ ဂိုးမသွင်းနိုင်တာပါ။
အဝေးကွင်းအဖက်ဆယ်မရအောင် ရှုံးပွဲဆက်နေပြီး အဝေးကွင်း ဂိုးမသွင်းနိုင်သေးသလို (၆)ပွဲမှာ (၅)ပွဲ ရှုံးထားပါတယ်။ လက်ချီတို့ အဝေးကွင်းနောက်ဆုံး (၃)ပွဲဆက် (၁-၀) ရလဒ်တွေချည်းကစားထားသလို တိုက်စစ်ဟာ ဂိုးရဖို့ ရုန်းကန်နေရပါတယ်။ ဗင်နီဇီယာဟာ ဇယားအောက်ဆုံးက အသင်းဖြစ်ပေမဲ့ အထိုက်အလျောက်ဂိုးသွင်းနိုင်တာမို့ အိမ်ရှင်အသင်းနိုင်ပွဲရနိုင်တဲ့ အခွင့်အရေးပါ။