နိုဝင်ဘာ ၂၄ ရက် ညမှာကန်မယ့်ပွဲစဉ်ကောင်း များဖြစ်တဲ့
- ဆောက်သမ်တန် [Vs] လီပါပူးလ် – England Premier League
[မြန်မာစံတော်ချိန် ည ၀၈း၃၀ နာရီ ၊ နိုဝင်ဘာ ၂၄] - အစ်စွစ်တောင်း [Vs] မန်ယူ – England Premier League
[မြန်မာစံတော်ချိန် ည ၁၁း၀၀ နာရီ ၊ နိုဝင်ဘာ ၂၄] - အိုဆာဆူနာ [Vs] ဗီလာရီးရဲလ် – SPAIN LALIGA
[မြန်မာစံတော်ချိန် ည ၀၇း၃၀ နာရီ ၊ နိုဝင်ဘာ ၂၄] - ဆီးဗီးလား [Vs] ဗယ်လီကာနို – SPAIN LALIGA
[မြန်မာစံတော်ချိန် ည ၀၉း၄၅ နာရီ ၊ နိုဝင်ဘာ ၂၄] - လီဂါနက်စ် [Vs] ရီးရဲလ်မက်ဒရစ် – SPAIN LALIGA
[မြန်မာစံတော်ချိန် နံနက် ၁၂း၀၀ နာရီ ၊ နိုဝင်ဘာ ၂၅] - ဘီလ်ဘာအို [Vs] ဆိုဆီဒက် – SPAIN LALIGA
[မြန်မာစံတော်ချိန် နံနက် ၀၂း၃၀ နာရီ ၊ နိုဝင်ဘာ ၂၅]
တို့ရဲ့ ပွဲကြိုသုံးသပ်ချက်
ဆောက်သမ်တန် [Vs] လီပါပူးလ်
[မြန်မာစံတော်ချိန် ည ၀၈း၃၀ နာရီ ၊ နိုဝင်ဘာ ၂၄]
ဇယားထိပ်ဆုံးနဲ့ အောက်ဆုံး အားပြိုင်မှုမှာ တန်းတက်ဆောက်သမ်တန်တို့ အိမ်ကွင်းနောက်ဆုံးကစားထားတဲ့ ပွဲမှာ အဲဗာတန်အသင်းကို အနိုင်ကစားနိုင်ခဲ့လို့ ပထမဆုံး နိုင်ပွဲတစ်ရပ်ကို ရရှိခဲ့ပေမဲ့ ဝုဗ်နဲ့ အားပြိုင်မှုမှာ ပြန်ရှုံးနိမ့်ထားပါတယ်။
ကြိုးကြာနီတပ်သားတွေရဲ့ နိုင်ပွဲဟာ ရပ်တန့်ဖို့ မဖြစ်နိုင်သေးသလို စုဖွဲ့မှုအား အတော်လေးကောင်းနေပြီး ခံစစ်ပေးဂိုးအနည်းဆုံးစွမ်းဆောင်ထားပါတယ်။ ကွင်းမရွေး ဂိုးသွင်းနေပြီး ဆာလာ၊ ကတ်ပိုတို့ အတွဲကလည်း ဂိုးမြူးနေပါတယ်။ ဇယားအောက်ဆုံးက ဆောက်သမ်တန်အရပ်မှာ ကြိုးကြာနီတပ်သားတွေနဲ့ လက်တွဲသွားမယ်။
အစ်စွစ်တောင်း [Vs] မန်ယူ
[မြန်မာစံတော်ချိန် ည ၁၁း၀၀ နာရီ ၊ နိုဝင်ဘာ ၂၄]
နိုင်ပွဲဆိုတာ ဂျိုနဲ့လားလို့ မေးခဲ့ရတဲ့ တန်းတက်အစ်စွစ်တို့ လက်စ္စတာကို သရေကစားပြီး စပါးကို အခက်ခဲဆုံးကစားကာ ပထမဆုံးနိုင်ပွဲကို မြင်ဖူးခဲ့သလို တန်းဆင်းဇုန်ထဲက ယာယီလွတ်မြောက်ထားခဲ့ပေမဲ့ အထင်ကြီးလို့ မရသလို ခြေစွမ်းပြန်မှန်လာပြီး နည်းပြသစ်နဲ့ ကြမ်းလာနိုင်တဲ့ သရဲနီတပ်သားတွေကို ရင်ဆိုင်ရမှာပါ။
ယာယီနည်းပြ နစ္စတယ်ရိုင်း ကိုင်တွယ်ထားခဲ့တဲ့ ပြိုင်ပွဲ အရပ်ရပ် (၄)ပွဲလုံးကို မျက်မှာ မငယ်ခဲ့ရကာ ရှုံးပွဲမရှိ (၃)ပွဲနိုင်ထားပါတယ်။ နည်းပြသစ် ရူဘင်အမိုရင်ရဲ့ ပထမဆုံး ကိုင်တွယ်ရမဲ့ အဝေးကွင်းဟာ စိတ်လှုပ်ရှားစရာပွဲဖြစ်ပြီး ပြိုင်ပွဲစုံ အဝေးကွင်း (၅)ပွဲဆက် နိုင်ပွဲပျောက်ဆုံးထားမှုကို နည်းပြသစ်နဲ့အတူ အဆုံးသတ်နိုင်မှာပါ။ မျှော်လင့်ချက် ရောင်ခြည်သန်းလာနိုင်တဲ့ နည်းပြရူဘင် အမိုရင်ရဲ့ သရဲနီတပ်သားတွေကို အားပေးမယ်။
အိုဆာဆူနာ [Vs] ဗီလာရီးရဲလ်
[မြန်မာစံတော်ချိန် ည ၀၇း၃၀ နာရီ ၊ နိုဝင်ဘာ ၂၄]
အမှတ်ပေးဇယား အပေါ်အောက် ရပ်တည်ထားပေမဲ့ (၃)မှတ်ကွာ အိုဆာဆူနာဟာ ရီးရဲလ်ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့သလို ခြေစွမ်းပိုင်း မတည်ငြိမ်ပေမဲ့ သူတို့ရဲ့ အိမ်ကွင်းခြေဟာ နောက်ဆုံး (၆)ပွဲမှာ (၅)ပွဲနိုင်ထားပြီး အဆင့်အတန်းတစ်ခုမှာ ရပ်တည်ထားပါတယ်။
အဆင့်(၄) နေရာမှာ ရပ်တည်နေတဲ့ ဗီလာရီးရဲလ်ဟာ အသင်းကြီးတွေနဲ့ အပြိုင်ခြေစွာနေသလို ရလဒ်ကော ဂိုးသွင်းခြေပါ တည်ငြိမ်နေပြီး ပြိုင်ပွဲစုံ နောက်ဆုံး (၇)ပွဲမှာ ရီးရဲလ်တစ်သင်းသာ ရှုံးနိမ့်ထားတဲ့သူတို့အသင်းဟာ (၅)ပွဲနိုင်ထားပါတယ်။ အဝေးကွင်းပွဲတိုင်း ဂိုးပေးနေရတဲ့ ခံစစ်ဟာ အိုဆာဆူနာအသင်းကိုလည်း ဂိုးပေးရနိုင်တာမို့ ဒီပွဲမှာ ဘော်ဒီထက် ဂိုးပေါ်ကို အကြိုက်တွေ့မိပါတယ်။
ဆီးဗီးလား [Vs] ဗယ်လီကာနို
[မြန်မာစံတော်ချိန် ည ၀၉း၄၅ နာရီ ၊ နိုဝင်ဘာ ၂၄]
ခြေစွမ်းမတည်ငြိမ်သေးတဲ့ ဆီးဗီးလား ဟာ လာလီဂါ (၂)ပွဲဆက်ရှုံးထားသလို ဂိုးလည်း မသွင်းနိုင်ခဲ့ပါဘူး။ အိမ်ကွင်းခြေအထိုက်အလျောက် ခြေစွမ်းပြ ကစားနေပြီး အိမ်ကွင်း (၆)ပွဲ ကစားအပြီးမှာ (၃)ပွဲနိုင်၊ (၃)ပွဲ ရှုံးထားပါတယ်။
နိုင်ငံတကာ ကြားဖြတ်ပွဲမတိုင်ခင် အိမ်ကွင်းရှုံးပွဲတွေ့ခဲ့တဲ့ ဗယ်လီကာနိုဟာ လာလီဂါ (၁၂)ပွဲ ကစားအပြီးမှာ (၄)ပွဲနိုင်၊ (၄)ပွဲသရေ၊ (၄)ပွဲ ရှုံးထားပြီး ရဂိုးတူ ပေးဂိုးတူ နဲ့ ထူးထူးခြားခြားရပ်တည်ထားပါတယ်။ ဆီးဗီးလားအိမ်ကွင်း ဗယ်လီကာနို နောက်ဆုံး သွားကစားထားတဲ့ (၁၀)ပွဲမှာ (၉)ပွဲ ရှုံးထားပါတယ်။
လီဂါနက်စ် [Vs] ရီးရဲလ်မက်ဒရစ်
[မြန်မာစံတော်ချိန် နံနက် ၁၂း၀၀ နာရီ ၊ နိုဝင်ဘာ ၂၅]
လီဂါနက်စ်ဟာ အဝေးကွင်းရှုံးပွဲဆက်နေပေမဲ့ နောက်ဆုံး လာလီဂါ အိမ်ကွင်း (၂)ပွဲဆက် နိုင်ထားပြီး (၃)ပွဲဆက် ဂိုးမပေးခဲ့ရပါဘူး။ အဝေးကွင်းပွဲတွေမှာ ရလဒ်မတည်ငြိမ်တဲ့ ရီးရဲလ်ကို အကောင်းဆုံး ခြေစွမ်းပြနိုင်ဖို့ ပြင်ဆင်လာမှာပါ။
ပြိုင်ပွဲစုံ (၂)ပွဲဆက် အရှုံးက ပြန်ရုန်းထနိုင်ခဲ့သလို လာလီဂါအဝေးကွင်းမှာ ရှုံးပွဲမရှိ ကစားထားပေမဲ့ သရေပွဲများနေတဲ့ ရီးရဲလ်ရဲ့ လက်ရှိခံစစ်က အတော်လေးညံ့ဖျင်းနေပါတယ်။ တန်းပြန်တက်လာတဲ့ လီဂါနက်စ် အိမ်ကွင်းသွားကစားခဲ့တဲ့ (၂)ပွဲဆက် သရေကျထားသလို အဝေးကွင်းခြေကလည်း အားရစရာမရှိသေးတာမို့ ဂိုးပြတ်မရှုံးနိုင်တဲ့ အိမ်ရှင်အသင်းနဲ့သာ ရင်ခုန်ထားချင်ပါတယ်။
ဘီလ်ဘာအို [Vs] ဆိုဆီဒက်
[မြန်မာစံတော်ချိန် နံနက် ၀၂း၃၀ နာရီ ၊ နိုဝင်ဘာ ၂၅]
(၂)မှတ်သာကွာတဲ့ အဆင့် (၆) နဲ့ အဆင့်(၈)တို့အားပြိုင်မှုပါ။ အိမ်ရှင် ဘီလ်ဘာအိုဟာ ပုံစံကောင်းပျောက်ဆုံးထားသလို လာလီဂါနောက်ဆုံး (၄)ပွဲမှာ (၁)ပွဲသာ နိုင်ခဲ့ပြီး (၃)ပွဲဆက် သရေကျထားတဲ့ သူတို့အသင်းခံစစ်ဟာ စိတ်မချရသလို ဥရောပပွဲမှာ အားထည့်ကစားနေတာမို့ ပြည်တွင်းပွဲတွေမှာ အာရုံစိုက်မှု လျော့နည်းလာပါတယ်။
နိုင်ငံတကာ ကြားဖြတ်အပြီးမှာ အရံကစားသမားတွေနဲ့ ဘုရင့်ဖလားကစားထားခဲ့တဲ့ ဆိုဆီဒက်တို့ ဂိုးပြတ်နိုင်ခဲ့သလို ဘာစီလိုနာကို အနိုင်ရခဲ့တာမို့ ယုံကြည်မှုပြည့်၀နိုင်ပေမဲ့ ရလဒ်မတည်ငြိမ်သေးပါဘူး။ အဝေးကွင်းခံစစ်မာကျောတဲ့ ဆိုဆီဒက်ဟာ အဝေးကွင်း ပေးဂိုး (၁)ဂိုးသာ ခွင့်ပြုထားပါသေးတယ်။