နိုဝင်ဘာ ၁၅ ပွဲကြိုသုံးသပ်ချက်


နိုဝင်ဘာ ၁၅ ရက် ညမှာကန်မယ့် ချန်ပီယံလိဒ်ပွဲစဉ်ကောင်း များဖြစ်တဲ့

  • ပေါ်တူဂီ [Vs] ပိုလန် – UEFA Nation League
    [မြန်မာစံတော်ချိန် နံနက် ၀၂း၁၅ နာရီ ၊ နိုဝင်ဘာ ၁၆]
  • စကော့တလန် [Vs] ခရိုအေးရှား – UEFA Nation League
    [မြန်မာစံတော်ချိန် နံနက် ၀၂း၁၅ နာရီ ၊ နိုဝင်ဘာ ၁၆]
  • ဒိန်းမတ် [Vs] စပိန် – UEFA Nation League
    [မြန်မာစံတော်ချိန် နံနက် ၀၂း၁၅ နာရီ ၊ နိုဝင်ဘာ ၁၆]
  • ဆွစ်ဇာလန် [Vs] ဆာဘီးယား – UEFA Nation League
    [မြန်မာစံတော်ချိန် နံနက် ၀၂း၁၅ နာရီ ၊ နိုဝင်ဘာ ၁၆]

တို့ရဲ့ ပွဲကြိုသုံးသပ်ချက်

ပေါ်တူဂီ [Vs] ပိုလန်

[မြန်မာစံတော်ချိန် နံနက် ၀၂း၁၅ နာရီ ၊ နိုဝင်ဘာ ၁၆]

စကော့တလန်အိမ်ကွင်းမှာ ဂိုးမရှိသရေကျထားခဲ့ပေမဲ့ ရှုံးပွဲမရှိ ကစားထားတဲ့ ပေါ်တူဂီတို့ အမှတ်ပေးဇယားကို (၃)မှတ်ဖြတ် ဦးဆောင်ထားပြီး ပိုလန်ကို ပ-ကျော့ အဝေးကွင်းမှာလည်း ဂိုးပြတ်နိုင်ထားတာမို့ အိမ်ကွင်းမှာ အခက်အခဲ မရှိနိုင်ပါဘူး။

ကစားသမားကောင်းတွေမရှိသလို စကော့တလန်တစ်သင်းသာနိုင်ပွဲ ရထားတဲ့ ပိုလန်အသင်းဟာ လီဝန်ဒေါစကီးအပေါ် မမှီခိုရအောင် ပုံစံသစ်နဲ့ ကစားလာပေမဲ့ ထင်သလောက် ခြေစွမ်းမပြနိုင်သေးပါဘူး။ နည်းပြသစ်လက်ထက်မှာ ခြေစွမ်းထက်အသင်းကြီး တွေကို ယှဉ်ရုန်းထားနိုင်စွမ်းမရှိတာမို့ ရော်နယ်ဒို ရဲ့ ပေါ်တူဂီတပ်သားတွေပဲ ဂိုးပြတ်နိုင်မှာပါ။

စကော့တလန် [Vs] ခရိုအေးရှား

[မြန်မာစံတော်ချိန် နံနက် ၀၂း၁၅ နာရီ ၊ နိုဝင်ဘာ ၁၆]

နေရှင်နယ်လိဒ်-အေ ပေါ်တူဂီတို့ အုပ်စုမှာ (၁)မှတ်သာရသေးတာမို့ နောက်တစ်ဆင့်ထက် တန်းတင်ကျန်ခဲ့ဖို့တောင် မလွယ်တော့တဲ့ စကော့တလန်ဟာ (၃)ပွဲ ဆက်ရှုံးထားပြီး နောက်ဆုံးကစားထားတဲ့ ပေါ်တူဂီနဲ့ ပွဲမှာ သရေကျခဲ့တာမို့ (၁)မှတ်သာ ဘဲဥကွဲသေးတယ်။

အဆင့် (၂) နေရာ ရပ်တည်နေတဲ့ ခရိုအေးရှားဟာ ပြီးခဲ့တဲ့ နယ်ရှင်နယ်လိဒ်ဖိုင်နယ်မှာ စပိန်ကို အရေးနိမ့်ခဲ့သလို အုပ်စုတွင်းမှာလည်း (၁)ပွဲသာ ရှုံးထားတဲ့ ခရိုအေးရှားတို့ စကော့တလန်ကို အနိုင်ကစားထားဖို့ လိုအပ်နေပြီး အုပ်စုနောက်ဆုံးပွဲကို ပေါ်တူဂီနဲ့ ကစားရမှာဖြစ်လို့ အခုပွဲကို ဖောင်ဖျက်တိုက်ပွဲဝင်လာရမှာပါ။ စကော့တလန်ကလည်း နိုင်ပွဲပျောက်ဆုံးနေတဲ့ အသင်းဖြစ်သလို ခံကစားလာနိုင်လို့ ဂိုးအောက်ထက် ပိုမယ်မထင်ပါဘူး။

ဒိန်းမတ် [Vs] စပိန်

[မြန်မာစံတော်ချိန် နံနက် ၀၂း၁၅ နာရီ ၊ နိုဝင်ဘာ ၁၆]

စပိန်ကို အရေးနိမ့်ပြီးနောက် ဆွစ်ဇာလန်ကို သရေကျထားခဲ့တဲ့ ဒိန်းမက်ဟာ အဆင့်(၂)နေရာ မှာရပ်တည်နေပြီး အဝေးကွင်း (၂)ပွဲဆက် နိုင်ပွဲပျောက်ဆုံးထားခဲ့တဲ့ ဒိန်းမက်တို့ အိမ်ကွင်းပေးဂိုးမရှိ စံချိန်ကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ ကြိုးစားရမှာပါ။

လူငယ်တွေခြေစွာနေတဲ့ စပိန်မှာ မိုရာတာ၊ ယာမယ်လ်တို့ ဒဏ်ရာရနေတာမို့ ပါဝင်လာနိုင်ဖို့ မသေချာတဲ့ သူတို့တိုက်စစ်ဟာ အားနည်းနိုင်သလို ပ-ကျော့ အိမ်ကွင်း ဧည့်ခံမှုမှာ ကပ်သာအနိုင်ယူထားနိုင်ခဲ့ပါတယ်။ ခံစစ်အားပြုကစားလာမဲ့ ဒိန်းမတ်ကြောင့် ဂိုးအောက် ကိုသာ လက်မှတ်တစ်စောင်ဖြတ်ထားမှာပါ။

ဆွစ်ဇာလန် [Vs] ဆာဘီးယား

[မြန်မာစံတော်ချိန် နံနက် ၀၂း၁၅ နာရီ ၊ နိုဝင်ဘာ ၁၆]

ယူရိုမှာ ခြေစွမ်းပြထားခဲ့တဲ့ ဆွစ်ဇာလန်တို့ နေရှင်နယ်လိဒ်မှာတော့ လက်ရှိန်ချိန်ထိ နိုင်ပွဲ ပျောက်ကာ (၃)ပွဲဆက် ရှုံးပွဲနဲ့အတူ နောက်ဆုံးကစားခဲ့တဲ့ (၁)ပွဲသာ သရေကစားနိုင်ခဲ့လို့ ရမှတ်ဘဲဥကွဲခဲ့ရတဲ့ သူတို့အသင်းဟာ နေရှင်နယ်လိဒ် – ဘီ ကို တန်းမဆင်းရဖို့ အားစိုက်ကစားရတော့မှာပါ။

အုပ်စုတင်းမှာ ရမှတ် (၄)မှတ်သာ ရှာဖွေထားနိုင်သေးတဲ့ ဆာဘီးယားတို့ အိမ်ကွင်းပွဲတွေမှာ အဆိပ်ရှိအသင်းဖြစ်ပေမဲ့ အဝေးကွင်းကစားထားတဲ့ (၂)ပွဲလုံးကို ဂိုးပြတ်ရှုံးထားပြီး တိုက်စစ်ကလည်း ဂိုးပေါက်ရှာ မတွေ့ခဲ့ပါဘူး။ နိုင်ပွဲ လိုအပ်နေတဲ့ ဆွစ်ဇာလန်အသင်း တိုက်စစ်ဖွင့် ကစားလာနိုင်သလို မီဒရိုဘစ်တို့လည်း ဂိုးပြန်ရနိုင်လို့ အပြန်အလှန်ဂိုးတွေနဲ့အတူ ဂိုးပေါ်ကို ရင်ခုန်ကြည့်မယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *