နိုဝင်ဘာ ၁၀ ပွဲကြိုသုံးသပ်ချက်

နိုဝင်ဘာ ၁၀ ပွဲကြိုသုံးသပ်ချက်

နိုဝင်ဘာ ၁၀ ရက် ညမှာကန်မယ့် ချန်ပီယံလိဒ်ပွဲစဉ်ကောင်း များဖြစ်တဲ့

  • မန်ယူ [Vs] လက်စ္စတာစီးတီး – England Premier League
    [မြန်မာစံတော်ချိန် ည ၀၈း၃၀ နာရီ ၊ နိုဝင်ဘာ ၁၀]
  • စပါး [Vs] အစ်စွစ် – England Premier League
    [မြန်မာစံတော်ချိန် ည ၀၈း၃၀ နာရီ ၊ နိုဝင်ဘာ ၁၀]
  • နော်တင်ဟမ် [Vs] နယူးကာဆယ် – England Premier League
    [မြန်မာစံတော်ချိန် ည ၀၈း၃၀ နာရီ ၊ နိုဝင်ဘာ ၁၀]
  • ချဲလ်ဆီး [Vs] အာဆင်နယ် – England Premier League
    [မြန်မာစံတော်ချိန် ည ၁၁း၀၀ နာရီ ၊ နိုဝင်ဘာ ၁၀]
  • ဘက်တစ် [Vs] ဆဲလ်တာဗီဂိုး – SPAIN LALIGA
    [မြန်မာစံတော်ချိန် ည ၀၇း၃၀ နာရီ ၊ နိုဝင်ဘာ ၁၀]
  • မာလော့ကာ [Vs] အက်သလက်တီကို – SPAIN LALIGA
    [မြန်မာစံတော်ချိန် ည ၀၉း၄၅ နာရီ ၊ နိုဝင်ဘာ ၁၀]
  • ဂီတာဖေး [Vs] ဂျီရိုနာ – SPAIN LALIGA
    [မြန်မာစံတော်ချိန် နံနက် ၁၂း၀၀ နာရီ ၊ နိုဝင်ဘာ ၁၁]
  • ဆိုဆီဒက် [Vs] ဘာစီလိုနာ – SPAIN LALIGA
    [မြန်မာစံတော်ချိန် နံနက် ၀၂း၃၀ နာရီ ၊ နိုဝင်ဘာ ၁၁]

တို့ရဲ့ ပွဲကြိုသုံးသပ်ချက်

Manchester United [Vs] Leicester City

[မြန်မာစံတော်ချိန် ည ၀၈း၃၀ နာရီ ၊ နိုဝင်ဘာ ၁၀]

နစ္စတယ်ရိုင်း လက်ထက် ပြိုင်ပွဲစုံ (၃)ပွဲလုံးကို အိမ်ကွင်းမှာ ကစားထားခဲ့ပြီး အိုးထရက်ဖို့ဒ်မှာ အရောင်တွေ တောက်ပထားခဲ့ပါတယ်။ ကာရာဘောင်းဖလားတွေ့ဆုံမှုမှာ ခေါ်ပြတ်ခေါ်ဖုတ်ထားတဲ့ မြေခွေးတပ်သားတွေကို အမှတ်ရှိအောင် (၂)ခါ ပြန်ဆုံးမ ရဦးမှာပါ။

ပူပူနွေးနွေး ဂိုးပြတ်ရှုံးထားတာ မကြာသေးတဲ့ လက်စ္စတာဟာ ပြိုင်ပွဲစုံ (၃)ပွဲဆက် နိုင်ပွဲပျောက်နေပြီး ပြီးခဲ့တဲ့ အပတ်က တစ်ယောက်လျော့ထားခဲ့တဲ့ တန်းတက်တူ အစ်စွစ်ကို အချိန်ပို သွင်းဂိုး ပြန်ရခဲ့လို့သာ သရေတစ်မှတ်ခွဲ ယူထားနိုင်ခဲ့တာပါ။ အောင်မြေနင်းမဲ့ အိုးထရက်ဖို့ဒ်က သရဲနီတပ်သားတွေနောက်ကိုပဲ ဆက်လိုက်ထားချင်တယ်။

Tottenham Hotspur [Vs] Ipswich Town

[မြန်မာစံတော်ချိန် ည ၀၈း၃၀ နာရီ ၊ နိုဝင်ဘာ ၁၀]

အိမ်ကွင်းမှာ အသေကြမ်းနေတဲ့ လန်ဒန် ကြက်ဖတွေဟာ ကြားရက် ယူရိုပါလိဒ် ဂါလာတာစာရေး တိုက်စစ်ကို ခုခံနိုင်စွမ်းမရှိခဲ့သလို အဝေးကွင်း အားနည်းတဲ့ စပါးအတွက် ဂိုးပြတ်မရှုံးနိမ့်ခဲ့တာပဲ မဆိုးလှခဲ့တာပါ။ ပြည်တွင်းမှာ (၁)ပွဲနိုင် (၁)ပွဲရှုံးဖြစ်နေတဲ့ စပါးဟာ ဥရောပဝင်ခွင့်အတွက်လည်း တိုက်ပွဲဝင်ရဦးမှာပါ။

တန်းဆင်းဇုန်ထဲက အစ်စွစ်ဟာ နိုင်ပွဲဆိုတာ ဂျိုနဲ့လား ဆိုပြီး မေးရတော့မဲ့ အနေအထားမှာ ရှိနေပါတယ်။ တိုက်စစ်ဂိုးသွင်းနေပေမဲ့ ခံစစ်မှာ ဒဏ်ရာ ပြဿနာရှိနေတာမို့ သရေတစ်မှတ်ရဖို့ကို မနည်းရုန်းကန်နေရတဲ့ အသင်းပါ။ ဆွန်ဟောင်မင်း၊ ဆိုလန်ကီးတို့ရဲ့ အိမ်ကွင်းဂိုးပြတ်နိုင်ပွဲကို တစ်ခမ်းတနား ကြည့်ရှုရဦးမှာပါ။

Nottingham Forest [Vs] New Castle

[မြန်မာစံတော်ချိန် ည ၀၈း၃၀ နာရီ ၊ နိုဝင်ဘာ ၁၀]

တိုးတိုးတိတ်တိတ်နိုင်ပွဲရနေတာ နော်တင်ဟမ်အသင်းဖြစ်ပြီး အသင်းကြီးတွေ တိုင်ပတ်နေချိန်မှာ အဆင့် (၃)နေရာကို ဆက်ခံထားတဲ့ သစ်တောတွေဟာ ဒီရာသီရှုံးပွဲ (၁)ပွဲသာ ရှုံးသေးပြီး (၃)ပွဲဆက် နိုင်ပွဲနဲ့အတူ အမြင့်ပျံသန်းထားပါတယ်။

အိမ်ကွင်း အဆိပ်ရှိတဲ့ ငှက်ကျားတွေဟာ အဝေးကွင်း ပွဲတွေမှာ ကြောင်ပျောက်ထားတတ်ပြီး ပြိုင်ပွဲစုံ အိမ်ကွင်း (၂)ပွဲဆက် ချဲလ်ဆီး၊ အာဆင်နယ်တို့ကို ခံစစ်ပေးဂိုးမရှိ နိုင်ထားခဲ့တဲ့ နယူးကာဆယ်ဟာ အဝေးကွင်း (၁)ပွဲသာ နိုင်သေးပြီး အဲ့ပွဲဟာ ဇယားအောက်ဆုံးက ဝုဗ်အသင်းကိုပါ။ ဒီရာသီ ကာရာဘောင်းဖလားတွေ့ဆုံမှုမှာ မိနစ်(၉၀) အတွင်း နော်တင်ဟမ်ကို သရေကျခဲ့တဲ့ ငှက်ကျားတွေရဲ့ အဝေးကွင်း နိုင်ပွဲဟာ မြင်ရဖို့ မလွယ်နိုင်သေးပါဘူး။

Chelsea [Vs] Arsenal

[မြန်မာစံတော်ချိန် ည ၁၁း၀၀ နာရီ ၊ နိုဝင်ဘာ ၁၀]

ကြားရက်မှာ ဂိုးပြတ်နိုင်ပွဲနဲ့အတူ Clean Sheet ကစားထားခဲ့တဲ့ ခြင်္သေ့ပြာတပ်သားတွေဟာ ကွန်ဖရန့်လိဒ် အမှတ်ပေးဇယားကို ဦးဆောင်ထားသလို ပရီးမီးယားလိဒ်မှာ ဆင်ပျံကြီးကို ကျော်တက်ပြီး အဆင့် (၄)နေရာ အထိ ဝင်ရောက်ထားနိုင်ခဲ့တဲ့ ခြင်္သေ့ပြာ တပ်သားတွေအတွက် ပွဲတိုင်းဟာ အရေးကြီးနေပါတယ်။

လန်ဒန်ဒါဘီ တွေ့ဆုံမှု ဖြစ်ပြီး ပြိုင်ပွဲစုံ အဝေးကွင်း (၂)ပွဲဆက် (၁-၀) ရလဒ်တွေနဲ့ အရေးနိမ့်ထားတဲ့ ဂန်းနားတွေ မခမ်းနားထားပါဘူး။ ပရီးမီးယားလိဒ် (၃)ပွဲဆက် နိုင်ပွဲပျောက်ဆုံးထားမှုနဲ့ အဆင့် (၅)နေရာထိ ဆင်းပေးလိုက်ရတဲ့ အာတီအတွက် အဝေးကွင်း (၂)ပွဲဆက် အရှုံးမှာ ဂိုးမသွင်းထားနိုင်ခဲ့သလို တိုက်စစ်ကလည်း (၅)ဂိုးသာ သွင်းထားနိုင်သေးပါတယ်။ ရမှတ်တူ (၄) နဲ့ (၅)တွေ့ဆုံမှုမှာ ဆင်ပျံကြီးအသင်းကို စတမ်းဖို့ဒ်ဘရေ့စ် က ခြင်္သေ့ပြာတပ်သားတွေ ဒူးထောက်ရဖို့ မရှိပါဘူး။

Real Betis [Vs] Celta Vigo

[မြန်မာစံတော်ချိန် ည ၀၇း၃၀ နာရီ ၊ နိုဝင်ဘာ ၁၀]

ပြိုင်ပွဲစုံ (၆)ပွဲဆက် ရှုံးပွဲမရှိ ကစားကာ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်ဖို့ ကြိုးစားနေတဲ့ ဘက်တစ်ဟာ အိမ်ကွင်းပိုအားစိုက် ကစားထားတာကို တွေ့ရပြီး အိမ်ကွင်း (၆)ပွဲမှာ မာလော့ကာ တစ်သင်းကိုသာ ရှုံးနိမ့်ထားပါတယ်။

ဇယားအလယ်က ဆဲလ်တာဗီဂိုးဟာ အဝေးကွင်းပွဲတိုင်း ရုန်းကန်နေရပြီး နိုင်ပွဲ (၁)ပွဲသာ ရထားသေးပေမဲ့ အဝေးကွင်းပွဲတိုင်းဂိုးသွင်းထားတဲ့ ဆဲလ်တာရဲ့ နောက်ဆုံး အဝေးကွင်းဟာ ဂိုးလည်းမသွင်းနိုင်ခဲ့သလို ဂိုးပြတ်လည်း ရှုံးနိမ့်ထားခဲ့ပါတယ်။ လက်ရှိအဝေးကွင်းခြေစွမ်းနဲ့ ဘက်တစ်ကို ယှဉ်ကစားဖို့ မလွယ်တာမို့ ဘက်တစ်အရိပ်အောက်ကသာ အေးမြစေမှာပါ။

Mallorca [Vs] Atletico Madrid

[မြန်မာစံတော်ချိန် ည ၀၉း၄၅ နာရီ ၊ နိုဝင်ဘာ ၁၀]

မာလော့ကာဟာ အိမ်ကွင်းနိုင်ပွဲထက် အဝေးကွင်းနိုင်ပွဲပိုရထားတဲ့ အသင်းဖြစ်ပေမဲ့ အိမ်ကွင်း ရှုံးပွဲ (၁)ပွဲသာ ရှိပါသေးတယ်။ အိမ်ကွင်းခံစစ်အမာဆုံးနဲ့ ပေးဂိုးအနည်းဆုံးကစားထားတဲ့ မာလော့ကာဟာ ခံစစ်ပေးဂိုး (၃)ဂိုးပေးထားရပါတယ်။

ပြိုင်ပွဲစုံ (၃)ပွဲဆက် အနိုင်မှာ အဝေးကွင်း (၂)ပွဲထိ နိုင်ပွဲရထားတဲ့ တီကိုဟာ ကြားရက် ချန်ပီယံလိဒ် ပီအက်စ်ဂျီ အိမ်ကွင်းမှာ အနိုင်ရခဲ့ပေမဲ့ လာလီဂါအဝေးကွင်း မှန်းဆရခက်ခဲတဲ့ အသင်းမျိုးပါ။ ဒါ့အပြင် သူတို့ (၂)သင်း ထိပ်တိုက် တွေ့ဆုံထားတဲ့ နောက်ဆုံး (၅)ပွဲမှာ (၄)ပွဲဟာ (၂)ဂိုးတောင် မထွက်ခဲ့ပါဘူး။ ဂိုးပေါင်း ပေါက်ကြေးအရ ၀ွင်းဂိုးတွေ ခမ်းခြောက်နေဦးမှာပါ။

Getafe [Vs] Girona

[မြန်မာစံတော်ချိန် နံနက် ၁၂း၀၀ နာရီ ၊ နိုဝင်ဘာ ၁၁]

တန်းဆင်းဇုန်နားက ဂီတာဖေးဟာ ရုန်းတော့ ရုန်းကန်နေပေမဲ့ ထင်သလောက် ခြေစွာမနေတာမို့ နောက်ဆုံး (၅)ပွဲမှာ (၄)ပွဲဆက် မရှုံးခဲ့တဲ့ ဂီတာဖေးဟာ ဆဲလ်တာဗီဂိုး အိမ်ကွင်းမှာ ကပ်အရေးနိမ့်ခဲ့ပါတယ်။ ဒီရာသီနိုင်ပွဲ (၁)ပွဲသာ ရသေးတဲ့ ဂီတာဖေးဟာ အိမ်ကွင်း ရှုံးပွဲမရှိထားပေမဲ့ သရေရလဒ်တွေများနေပါတယ်။

ကြားရက် ချန်ပီယံလိဒ်မှာ PSV အိမ့်ဟိုဗန်ကို (၄)ဂိုးပြတ် အရေးနိမ့်ခဲ့တဲ့ ဂျီရိုနာရဲ့ ဒီရာသီအဝေးကွင်း ခြေစွမ်းဟာ အတော်လေး ညံ့ဖျင်းပါတယ်။ လာလီဂါအဝေးကွင်း (၆)ပွဲ ကစားအပြီးမှာလည်း (၁)ပွဲသာ နိုင်ထားတဲ့ ဂျီရိုနာဟာ ပြီးခဲ့တဲ့ ရာသီက စွာခဲ့ချိန်တောင် ဂီတာဖေးအသင်းကို မနိုင်ခဲ့ပါဘူး။ တိုက်စစ်အားနည်းပြီး ဂိုးအောက် အများဆုံးကစားနေတဲ့ (၂)သင်းမှာ ဂိုးတွေ မြင်ရဖို့ မလွယ်ကူလှပါဘူး။

Real Sociedad [Vs] Barcelona

[မြန်မာစံတော်ချိန် နံနက် ၀၂း၃၀ နာရီ ၊ နိုဝင်ဘာ ၁၁]

မှန်းဆရ ခက်ခဲတဲ့ အသင်းဖြစ်ပြီး လက်ရှိခြေစွမ်းဟာ ရှုံးပွဲ ပြန်တွေ့နေသလို လာလီဂါ အိမ်ကွင်းနိုင်ပွဲ (၁)ပွဲသာ ရသေးတဲ့ ဆိုဆီဒက်ဟာ အသင်းကောင်းတွေနဲ့ဆို ခံစစ်စိတ်မချရသလို တိုက်စစ်ရုန်းကန် နိုင်စွမ်းလည်း မရှိသေးပါဘူး။

ယုံကြည်မှု အမြှင့်ဆုံးနဲ့အတူ ဂိုးသွင်းမုန်တိုင်းထန်နေတဲ့ ဘာစီလိုနာတိုက်စစ်ဟာ ကြောက်စရာအကောင်းဆုံး ဖြစ်နေပြီး ကွင်းမရွှေး (၃)ဂိုးနဲ့အထက် ဂိုးသွင်းထားနိုင်တဲ့ တိုက်စစ်ကို ဂိုးအောက် ကစားတဲ့ ဆိုဆီဒက်တပ်သားတွေ ဟန့်တားနိုင်ဖို့ မလွယ်ပါဘူး။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *