နိုဝင်ဘာ ၀၇ ရက် ညမှာကန်မယ့် ချန်ပီယံလိဒ်ပွဲစဉ်ကောင်း များဖြစ်တဲ့
- ဂါလာတာစာရေး [Vs] စပါး – Europa League
[မြန်မာစံတော်ချိန် နံနက် ၁၂း၁၅ နာရီ ၊ နိုဝင်ဘာ ၈] - ယူနီယံစိန့် [Vs] ရိုးမား – Europa League
[မြန်မာစံတော်ချိန် နံနက် ၁၂း၁၅ နာရီ ၊ နိုဝင်ဘာ ၈] - လူဒိုဂိုရက်စ် [Vs] ဘီလ်ဘာအို – Europa League
[မြန်မာစံတော်ချိန် နံနက် ၁၂း၁၅ နာရီ ၊ နိုဝင်ဘာ ၈] - မန်ယူ [Vs] PAOK FC – Europa League
[မြန်မာစံတော်ချိန် နံနက် ၀၂း၃၀ နာရီ ၊ နိုဝင်ဘာ ၈] - လာဇီယို [Vs] ပေါ်တို – Europa League
[မြန်မာစံတော်ချိန် နံနက် ၀၂း၃၀ နာရီ ၊ နိုဝင်ဘာ ၈] - ချဲလ်ဆီး [Vs] နိုအာ – Europa Conference League
[မြန်မာစံတော်ချိန် နံနက် ၀၂း၃၀ နာရီ ၊ နိုဝင်ဘာ ၈
တို့ရဲ့ ပွဲကြိုသုံးသပ်ချက်
Galatasaray [Vs] Tottenham Hotspur
[မြန်မာစံတော်ချိန် နံနက် ၁၂း၁၅ နာရီ ၊ နိုဝင်ဘာ ၈]
ရှုံးပွဲမရှိ ထိပ်တိုက်တွေ့ဆုံမှုဖြစ်ပြီး တူရကီမြေမှာ အထင်ကြီးစရာ ကောင်းလောက်အောင် ခြေစွာနေခဲ့တဲ့ ဂါလာတာစာရေးအသင်းဟာ ယူရိုပါလိဒ် (၃)ပွဲလုံး ဂိုးပေးနေရပြီး ခံစစ်ညံ့ဖျင်းနေပေမဲ့ ဂိုးသွင်း အားရှိတဲ့ တိုက်စစ်ကို ပိုင်ဆိုင်ထားပါတယ်။
အိမ်ကွင်းရာနှုန်းပြည့်နိုင်ပွဲနဲ့အတူ မန်စီးတီး၊ ဗီလာအသင်းတွေကို အနိုင်ကစားထားပေမဲ့ ပြည်တွင်း အဝေးကွင်း (၂)ပွဲဆက် ရှုံးနိမ့်ထားတဲ့ ပိုစတယ်ဂလူးရဲ့ တပ်သားတွေ ဖီရန်ဗားရိုစ့်အိမ်ကွင်းမှာ ခက်ခက်ခဲခဲ နိုင်ပွဲရှာဖွေခဲ့ရတယ်။ ဒါ့အပြင် မန်စီးတီး၊ ဗီလာရဲ့ နိုင်ပွဲဟာ လန်ဒန်ကြက်ဖတွေအတွက် ခွန်အားဖြစ်စေမှာပါ။
Union St.Gilloise [Vs] As Roma
[မြန်မာစံတော်ချိန် နံနက် ၁၂း၁၅ နာရီ ၊ နိုဝင်ဘာ ၈]
နည်းပြသစ်လက်ထက် ပြိုင်ပွဲအရပ်ရပ် အခြေအနေမကောင်းထားတဲ့ ယူနီယံစိန့်ဟာ လိဒ် အမှတ်ပေးဇယားမှာလည်း (၃)ပွဲသာ နိုင်သေးပြီး သရေပွဲများနေသလို ယူရိုပါလိဒ်မှာပါ နိုင်ပွဲပျောက်ဆုံးနေတာမို့ ဖိအားများနေပါတယ်။
တစ်ပွဲနိုင်၊ တစ်ပွဲရှုံးရစ်သမ်မှန်နေတဲ့ ရိုးမားဟာ အိမ်ကွင်းပွဲအများစု ကို နိုင်ပွဲရထားပေမဲ့ ရာသီသစ်မှာ ပြိုင်ပွဲစုံ အဝေးကွင်း နိုင်ပွဲမရထားတာတော့ ဆိုးရွားတဲ့ ရလဒ်ပါ။ ယူရိုပါလိဒ်မှာ ရှုံးပွဲဆက် အဲလ်ဘော့လို အသင်းကိုတောင် ဂိုးမသွင်းနိုင်ကာ အဝေးကွင်းရှုံးထားတဲ့ ရိုးမား ခံစစ်ညံ့ဖျင်းသလို ဂိုးရဖို့ ကြိုးစားနေရတဲ့ တိုက်စစ်ကလည်း အထင်ကြီးစရာမရှိပါဘူး။
Ludogorests Razgrad [Vs] Athletic Club
[မြန်မာစံတော်ချိန် နံနက် ၁၂း၁၅ နာရီ ၊ နိုဝင်ဘာ ၈]
ဘူဂေးရီးယားအသင်း လူဒိုဂိုရက်စ်ဟာ ပြည်တွင်းရှုံးပွဲမရှိ အကောင်းဆုံး ခြေစွမ်းပြနေပေမဲ့ ယူရိုပါလိဒ်မှာ ဂိုးပေါက်ပျောက်နိုင်ပွဲမရထားလို့ ဇယားအောက်ခြေရောက်နေတယ်။ အသင်းကြီးတွေနဲ့ ဆက်တိုက်ရင်ဆိုင်ရမဲ့ လူဒိုဂိုရက်စ်တို့ ခြေစစ်ပွဲ အောင်ဖို့ မလွယ်တော့ပါဘူး။
ပုံစံကောင်းပျောက်ဆုံးထားတဲ့ ဘီလ်ဘာအိုဟာ ခြေစွမ်းမတည်ငြိမ်သေးပါဘူး။ အဖွင့်ပွဲရိုးမား အိမ်ကွင်းမှာ သရေကျထားခဲ့ပေမဲ့ အိမ်ကွင်း (၂)ပွဲဆက် နိုင်ပွဲရထားတဲ့ ဘီလ်ဘာအိုဟာ အဝေးကွင်းရုန်းကန်နေရမှုကို နိုင်ပွဲပျောက် လူဒိုဂိုရက်စ်အသင်းကို အနိုင်ယူပြီး အဆုံးသတ်နိုင်ဖို့ ကြိုးစားလာမှာပါ။
Manchester United [Vs] PAOK FC
[မြန်မာစံတော်ချိန် နံနက် ၀၂း၃၀ နာရီ ၊ နိုဝင်ဘာ ၈]
တန်ဟက်ကို ထုတ်ပယ်ခဲ့ပြီးနောက် ပြိုင်ပွဲစုံ (၂)ပွဲဆက် ရှုံးပွဲမရှိကာ ယာယီနည်းပြ နစ္စတယ်ရိုင်းရဲ့ နည်းဗျူဟာနဲ့အတူ ချဲလ်ဆီးကို သရေကစားထားနိုင်ခဲ့ပါတယ်။ နည်းပြသစ် ဖြစ်လာမဲ့ ရူဘင်အမိုရင် ကိုင်တွယ်နေတဲ့ စပို့တင်းဟာ အင်္ဂါနေ့ပွဲမှာ မန်စီးတီးအသင်းကို အမှုတ်ကြိတ်ထားတာမို့ အလားအလာ ကောင်းတွေ မြင်တွေ့ရတော့မှာပါ။
လက်တလောမှာ နိုင်ပွဲပြန်ရနေတဲ့ PAOK အသင်းဟာ ယူရိုပါလိဒ် နောက်ဆုံး (၁)ပွဲသာ သရေရ ထားပြီး ခံစစ်အတော်လေး ညံ့တဲ့ အသင်းပါ။ ကစားပုံကောင်းလာပေမဲ့ အဆုံးသတ် သေချာဖို့လိုအပ်နေတဲ့ သရဲနီတပ်သားတွေအတွက် (၃)ပွဲဆက် သရေကျထားမှုကို အဆုံးအဖြတ်ပေးရတော့မဲ့ ပွဲပါ။
Lazio [Vs] FC Porto
[မြန်မာစံတော်ချိန် နံနက် ၀၂း၃၀ နာရီ ၊ နိုဝင်ဘာ ၈]
စီးရီးအေ အဝေးကွင်း (၃)ပွဲသာ ရှုံးထားတဲ့ လာဇီယိုဟာ အိမ်ကွင်း အရှုံးဆိုတာ ဘာမှန်းမသိသေးသလို ယူရိုပါလိဒ် အမှတ်ပေးဇယားကို ဦးဆောင်သူအဖြစ်ရပ်တည်ထားပါတယ်။ ယူရိုမှာ (၁)ပွဲ (၂)ဂိုးနဲ့ အထက် ဂိုးမြူးနေတဲ့ တိုက်စစ်ဟာ ပေါ်တိုအသင်းကို အနိုင်မရဖူးပါဘူး။
ယူရိုပါလိဒ်မှာ အဖွင့်မလှထားခဲ့ပေမဲ့ မန်ယူကို သရေကစားပြီး နောက်ဆုံးကစားခဲ့တဲ့ ပွဲမှာတော့ နိုင်ပွဲ ရှာတွေ့ထားခဲ့တဲ့ ပေါ်တိုဟာ ပြိုင်ပွဲစုံ နောက်ဆုံး (၈)ပွဲမှာ (၇)ပွဲနိုင်ထားပါတယ်။ အဲ့ (၈)ပွဲမှာလည်း (၂)ဂိုးနဲ့အထက် ဂိုးသွင်းထားသလို (၅)ပွဲ ဆက်ပေးဂိုးမဲ့ စံချိန်ကို ယူထားတဲ့ ပေါ်တိုဟာ လာဇီယိုအရပ်မှာ ဒူးထောက်ရဖို့ မရှိပါဘူး။
Chelsea [Vs] FC Noah
[မြန်မာစံတော်ချိန် နံနက် ၀၂း၃၀ နာရီ ၊ နိုဝင်ဘာ ၈]
ကွန်ဖရန့်လိဒ် အမှတ်ပေးဇယားကို ဦးဆောင်ထားတဲ့ ချဲလ်ဆီးဟာ ပရီးမီးယားလိဒ်မှာ အဆင့် (၄)နေရာ ထိဝင်ရောက်ထားနိုင်ခဲ့သလို ပြိုင်ပွဲစုံ (၂)ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့ပေမဲ့ ဖလားပွဲမှာတော့ ရှုံးပွဲမရှိ စံချိန်တရပ်ကို ဆက်လက် ထိန်းသိမ်းလာမှာပါ။
အိမ်ကွင်းစွမ်းဆောင်ရည် ကောင်းပေမဲ့ အဝေးကွင်း ရုန်းကန်နေရတဲ့ နိုအာဟာ ကွန်ဖရန့်လိဒ်အောက်ခြေ အဆင့်ကနေကစားခဲ့သလို အဝေးကွင်း (၅)ပွဲထိ ဖြတ်သန်းခဲ့ပေမဲ့ (၁)ပွဲသာ နိုင်ခဲ့ပါတယ်။ ခြေစွမ်းပိုင်းရော လူအင်အားပိုင်းမှာပါ အရမ်းကို ကွာတဲ့ ချဲလ်ဆီးတိုက်စစ်ကို တောင့်ခံနိုင်ဖို့ မလွယ်ပါဘူး။ (၂)ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးထားမှုကို စတမ်းဖို့ဒ်ဘရေ့ ခြင်္သေ့ပြာတပ်သားတွေရဲ့ အဆုံးသတ်တိုက်ပွဲပါ။