နိုဝင်ဘာ (၀၂)ရက် ညမှာ ပရီးမီးယားလိဒ်ကန်မယ့် ပွဲစဉ်ကောင်း များဖြစ်တဲ့
- နယူးကာဆယ် [Vs] အာဆင်နယ် – England Premier League
[မြန်မာစံတော်ချိန် ည ၀၇း၀၀ နာရီ ၊ နိုဝင်ဘာ ၂] - ဘုန်းမောက် [Vs] မန်စီးတီး – England Premier League
[မြန်မာစံတော်ချိန် ည ၀၉း၃၀ နာရီ ၊ နိုဝင်ဘာ ၂] - အစ်ဆွစ် [Vs] လက်စ္စတာစီးတီး – England Premier League
[မြန်မာစံတော်ချိန် ည ၀၉း၃၀ နာရီ ၊ နိုဝင်ဘာ ၂] - လီဗာပူးလ် [Vs] ဘရိုက်တန် – England Premier League
[မြန်မာစံတော်ချိန် ည ၀၉း၃၀ နာရီ ၊ နိုဝင်ဘာ ၂] - နော်တင်ဟမ် [Vs] ဝက်စ်ဟမ်း – England Championship
[မြန်မာစံတော်ချိန် ည ၀၉း၃၀ နာရီ ၊ နိုဝင်ဘာ ၂] - ဆောက်သမ်တန် [Vs] အဲဗာတန် – England Championship
[မြန်မာစံတော်ချိန် ည ၀၉း၃၀ နာရီ ၊ နိုဝင်ဘာ ၂] - ဝုဗ် [Vs] ခရစ္စတယ် ပဲလေ့စ် – England Championship
[မြန်မာစံတော်ချိန် နံနက်၁၂း၀၀ နာရီ ၊ နိုဝင်ဘာ ၃]
တို့ရဲ့ ပွဲကြိုသုံးသပ်ချက်
[မြန်မာစံတော်ချိန် ည ၀၇း၀၀ နာရီ ၊ နိုဝင်ဘာ ၂]
ပရီးမီးယားလိဒ်မှာ ချဲလ်ဆီးကို ဒူးထောက်ခဲ့ရပေမဲ့ ကာရာဘောင်းဖလားမှာ ဂိုးပြတ်နိုင်ပွဲနဲ့ လက်စားပြန်ချေနိုင်တဲ့ ငှက်ကျားတွေဟာ ဒီရာသီ ဇင်ယော်တွေကို ဧည့်ခံမှုတစ်ပွဲသာ ရှုံးနိမ့်ထားခဲ့တာပါ။ အာဆင်နယ်ကို ဆက်လက် ဧည့်ခံရမဲ့ နယူးကာဆယ်ဟာ ပြီးခဲ့တဲ့ ရာသီ အိမ်ကွင်းမှာ အနိုင်ကစားထားပါတယ်။
ကာရာဘောင်းဖလား (၈)သင်းအဆင့်ကိုတော့ အခက်အခဲမရှိ ဖြတ်ကျော်ထားခဲ့တဲ့ ဆင်ပျံကြီးတို့ ပရီးမီးယားလိဒ်ကို အာရုံစိုက် ကစားဖို့ လိုအပ်နေပြီး အသင်းကြီး တော်တော်များများ ခြေစွမ်းပိုင်း တည်ငြိမ်စပြုလာသလို အထက်အသင်းတွေ အချင်းချင်း အားပြိုင်နေချိန်မှာ ငှက်ကျားတွေကို အမဲလိုက်ထားဖို့ လိုပါတယ်။ အဝေးကွင်း (၂)ပွဲဆက် နိုင်ပွဲပျောက်ဆုံးထားမှုကို စိန့်ဂျိမ်းပါ့ခ်မှာ ဂန်းနားတွေ တောက်ပ နိုင်မှာပါ။
[မြန်မာစံတော်ချိန် ည ၀၉း၃၀ နာရီ ၊ နိုဝင်ဘာ ၂]
ပရီးမီးယားလိဒ်မှာ ဆင်ပျံကြီးကို ဂိုးပြတ်နိုင်ခဲ့တဲ့ ဘုန်းမောက်ဟာ ကြားရက် ဗီလာအိမ်ကွင်းမှာပါ သရေခံ ကစားထားနိုင်ခဲ့တဲ့ အထိ ယုံကြည်မှု ပြည့်၀လာတယ်။ အိမ်ကွင်း ရှုံးပွဲ တစ်ပွဲသာ ရှိသေးတဲ့ ချယ်ရီပန်းတွေ ခြေစွမ်း ဆက်လက်ပြသ နိုင်ဖို့ ကြိုးစားလာမှာပါ။
ဂွာဒီယိုလာရဲ့ ရှုံးပွဲမရှိ မျက်နှာဖုံးကို ကြားရက် EFL ဖလား စပါးအိမ်ကွင်းမှာ ချွတ်ချထားခဲ့ရပါပြီ။ ဖလားတစ်လုံးလျော့သွားတဲ့ မန်စီးတီးတို့ ဖလား (၃)လုံးလမ်းကြား မှာ ဆက်ရှိသေးပေမဲ့ ခြေစွမ်းပြ ကစားသမားတွေ ဒဏ်ရာပြဿနာ ရင်ဆိုင်နေရပြီး ကြေးကျလာတဲ့ အနေအထားမှာ မန်စီးတီး အသင်းရဲ့ (၂)ဂိုး ပြတ် မျှော်တာထက် ဂိုးပေါ်ကသာ ပိုကောင်းမှာပါ။
[မြန်မာစံတော်ချိန် ည ၀၉း၃၀ နာရီ ၊ နိုဝင်ဘာ ၂]
ရှုံးပွဲဆက်ပြီး တန်းဆင်းဇုန်ထဲရောက်သွားတဲ့ အစ်စွစ်ဟာ ပရီးမီးယားလိဒ်နိုင်ပွဲ မရထားသလို တိုက်စစ်ဂိုးသွင်းနေပေမဲ့ ခံစစ်မှာ ဒဏ်ရာ ပြဿနာ ရှိနေတာမို့ သရေ တစ်မှတ်ရဖို့ ကို မနည်းရုန်းကန်နေရတဲ့ အခြေအနေပါ။
လက်စ္စတာတို့ ကံမကောင်း အကြောင်းမလှခဲ့တယ်လို့ ဆိုရမှာဖြစ်ပြီး တန်ဟက်ကို ထုတ်ပယ်ခဲ့ပြီးနောက် လှောင်အိမ်ထဲက သရဲနီတပ်သားတွေကို လွတ်ပေးလိုက်သလို တားစီးမရတဲ့ တိုက်စစ်နဲ့ အဆော်ခံထားခဲ့ရတဲ့ မြေခွေးတပ်သားတွေ ခြေစွမ်းကျဆင်းနေပေမဲ့ တန်းဆင်းဇုန် ထဲမရောက်ရေး အင်အားပြည့် ကစားလာမှာပါ။ ဇယားအောက်ပိုင်း (၂)သင်းမှာ မြေခွေးတပ်သားတွေ မရှုံးနိမ့်နိုင်ပါဘူး။
[မြန်မာစံတော်ချိန် ည ၀၉း၃၀ နာရီ ၊ နိုဝင်ဘာ ၂]
ကြိုးကြာတောင်ပံခတ်သံတွေ ရပ်တန့်မှာ မဟုတ်သလို ခြေစွမ်းထက် အသင်းတွေကြားမှာ တိုက်စစ် အကောင်းဆုံး ပုံစံနဲ့ ပြိုင်ပွဲ အရပ်ရပ်ကို ကြီးစိုးထားပါတယ်။ ဇင်ယောက်တွေ အရပ်မှာ အနိုင်ရခဲ့တဲ့ လီဗာပူးလ်အသင်း အိမ်ကွင်း အခက်အခဲ မရှိပါဘူး။
ကာရာဘောင်းဖလားမှာ အရေးနိမ့်ခဲ့တဲ့ လီဗာပူးလ်နဲ့ ပရီးမီးယားလိဒ်မှာ ဆက်လက် ရင်ဆိုင်ရမဲ့ ဘရိုက်တန်တို့ ရုန်းကန်နိုင်စွမ်းမြင့်မားပေမဲ့ တိုက်စစ်ထက် အသင်းတွေအောက်မှာ ဒူးထောက်ခစားနေရပြီး သူတို့ရဲ့ ခံစစ်ဟာ စိတ်မချရပါဘူး။ အဝေးကွင်းနိုင်ပွဲနဲ့ အားမရသေးတာမို့ အန်ဖီးလ်ပြဇာတ်မှာပါ ခေါ်ဆုံးမ ဦးမယ့် အနေအထားပါ။
[မြန်မာစံတော်ချိန် ည ၀၉း၃၀ နာရီ ၊ နိုဝင်ဘာ ၂]
(၂)ပွဲဆက် အနိုင်နဲ့ အဆင့် (၇)နေရာ ရောက်လာတဲ့ နော်တင်ဟမ်ဟာ ပရီးမီးယားလိဒ် ရှုံးပွဲ (၁)ပွဲသာ ရှိသေးပြီး အဆင့် (၃)နေရာနဲ့ (၂)မှတ်သာ ကွာတဲ့အထိ ကပ်လိုက်ထားပါတယ်။ အိမ်ကွင်းနိုင်ပွဲ (၁)ပွဲသာ ရှိသေးပေမဲ့ ရုန်းကန်ကစားထားမှုကို ချီးကျူးရမှာပါ။
အိမ်ကွင်းမှာ နိုင်ပွဲ ပြန်ရနေပေမဲ့ ပြိုင်ပွဲစုံ အဝေးကွင်း (၄)ပွဲဆက် နိုင်ပွဲပျောက် ဝက်စ်ဟမ်းဟာ ဂိုးသွင်းအား ရှိပေမဲ့ ခံစစ်အားနည်းတဲ့ သူတို့အသင်းဟာ ပွဲတိုင်းဂိုးပေးထားရသလို နော်တင်ဟမ် အိမ်ကွင်း သွားကစားထားတဲ့ နောက်ဆုံး (၃)ပွဲ ဆက်ရှုံးနိမ့်ထားပြီး ဂိုးတောင် ပြန်မသွင်းနိုင်ခဲ့ပါဘူး။ သစ်တောတွေရဲ့ လက်ရှိ ခြေစွမ်းအရ တူစာ မမိနိုင်သေးပါဘူး။
[မြန်မာစံတော်ချိန် ည ၀၉း၃၀ နာရီ ၊ နိုဝင်ဘာ ၂]
ဇယားအောက်ဆုံးက ဆောက်သမ်တန်ဟာ နိုင်ပွဲဆိုလို့ ကာရာဘောင်းဖလားမှာ သွားရှာနေရပြီး (၁)မှတ်သာ ရသေးတဲ့ သူတို့အသင်းဟာ ပရီးမီးယားလိဒ်မှာ ရုန်းကန်နေရစဲ အသင်းသာသာ ခြေစွမ်းမျိုး ဖြစ်သလို ခံစစ်လည်း ညံ့ဖျင်းပါတယ်။
လမ်းကြောင်းမှန်နဲ့အတူ နိုင်ပွဲတွေကပ်ပါလာပြီး ဖြစ်တဲ့ ရှောင်ဒိုင်ချီးတပ်သားတွေဟာ နောက်ဆုံး (၅)ပွဲ ဆက်မရှုံးနိမ့်ထားသလို အဝေးကွင်းနိုင်ပွဲ ရှာတွေ့ထားခဲ့တဲ့ အဲဗာတန်တို့ အကောင်းဆုံး ပုံစံနဲ့ ဆက်လက်ချီတက်လာမှာပါ။
[မြန်မာစံတော်ချိန် နံနက်၁၂း၀၀ နာရီ ၊ နိုဝင်ဘာ ၃]
အခြေမလှပဲတန်းဆင်းဇုန်ထဲကို ရောက်နေတဲ့ ဝံပုလွေတပ်သားတွေရဲ့ အဝေးကွင်းနိုင်ပွဲကို ဘရိုက်တန် အရပ်မှာ ရှာဖွေထားနိုင်ခဲ့သလို ဒီရာသီနိုင်ပွဲ ပျောက်ဆုံးထားတဲ့ ဂရေးအိုနေးတို့ တန်းဆင်းဇုန်ကပ်လျက်က လင်းယုန်သား စားဖို့ ကြိုးစားမယ်။
ဇာတာတက်ကာ တစ်ခေတ် ပြန်ထလာပြီဖြစ်တဲ့ လင်းယုန်တပ်သားတွေဟာ ဇယားအထက်ပိုင်းက စပါးကို အိမ်ကွင်းနိုင်ပွဲ ရှာဖွေထားနိုင်ခဲ့ပြီး ကြားရက်ဖြစ်တဲ့ အိမ်ကွင်းမာ ပါတယ်ဆိုတဲ့ ဗီလာကို အမှုန့်ကြိတ်ထားနိုင်ခဲ့တဲ့ အိုလီဗာ ဂလက်စ်နာ ရုန်းကန် နိုင်စွမ်းကို လျော့တွက်ထားလို့မရတော့ပါဘူး။ ဝုဗ်ဗာတန်မှာ ဝံပုလွေစာ မမိနိုင်တဲ့ လင်းယုန်တွေနဲ့ ဆက်လက် အမြှင့်ပျံထားမယ်။