ONE Championship ကတော့ သန့်ဇင် vs. စူရီယန်လက် တွဲဆိုင်းဟာ ONE 170 ပြိုင်ပွဲမှာ ပါဝင်လာမယ့် အကြောင်း တရားဝင် ချပြလိုက်ပါပြီ။ ကျနော် ကတော့ သန့်ဇင်ကို ပြန်ပြီး ကြည့်ပေးတဲ့ တွဲဆိုင်းလို့ မြင်ပါတယ်။ တိုင်ဆော်ဂျော်ပီယက် အူထိုင်း ကို အချိန်တိုတွင်း အမှောက်သိပ်ပြခဲ့ပေမယ့် ၊ ဘောနပ်ဆု ဘတ် 3 သိန်းခွဲ နဲ့ လွဲခဲ့တယ်။ ချတ်ထရီ ရေးချင်တဲ့ တာကေးရု ဇာတ်ညွှန်းမှာပဲ ငြင်းဆန်ခြင်း မရှိ ပွဲဖြစ်အောင် ထိုးပေးခဲ့တယ်။
အဲဒီတော့ ပရိုမိုးရှင်းက သန့်ဇင်ကို တဖန်ပြန်ပြီး ကြည့်ပေးလာပါပြီ။အားမနာတမ်းပြောရရင်တော့ စူရီယက်လက် ရဲ့ အနေထားနဲ့ ONE 170 ပြိုင်ပွဲမှာ ထိုးခွင့်ရတာ မထူးဆန်းပေမယ့် ၊ သန့်ဇင် အတွက်တော့ ထူးဆန်းပါတယ်။စူရီယန်လက် က ONE Friday Fights ပြိုင်ပွဲမှာ စုစုပေါင်း 9 ပွဲ ထိုးပြီးပါပြီ။ 6 ပွဲ နိုင် ၊ 3 ပွဲ ရှုံး ရလာဒ် ပိုင်ဆိုင်ထားပါတယ်။ ထူးခြားတာက 6 ပွဲ ပဲ အနိုင်ရပေမယ့် ၊ ONE Friday Fights ပြိုင်ပွဲမှာတင် ဘောနပ်ဆုပေါင်း 8 ကြိမ်အထိ ဆွတ်ခူးထားသူပါ။
ONE Friday Fights ပြိုင်ပွဲသမိုင်းကြောင်း တစ်လျှောက် ဘောနပ်ဆု အကြိမ်ရေ အများဆုံး ဆွတ်ခူးထားသူလဲ ဖြစ်ပါတယ်။ ဒီလို စွမ်းဆောင်ရည်မှတ်တမ်းတွေကြောင့် သူ့ ကို ONE 170 လို ပြိုင်ပွဲမျိုးမှာ အထူးအခွင့်ရေး ပေးလာတာ မထူးဆန်းဘူးလို့ ပြောတာပါ။ဒီတွဲဆိုင်း နဲ့ ပတ်သက်လို့ အများစုက စူရီယန်လက် သာတယ်လို့ မြင်နေကြပါတယ်။ ကျနော်ကတော့ ပြောင်းပြန်ပါ။ သန့်ဇင်အတွက် အခွင့်ရေးကောင်း တစ်ခု ဖန်တီးပေးလိုက်တဲ့ ပွဲလို့ မြင်ပါတယ်။ ဒါက အကြောင်းရင်းတွေ ရှိပါတယ်။ အရင်ဆုံး အနေနဲ့ ဒီဖိုက်တာ နှစ်ယောက် ထိုးသတ်ဖို့ သဘောတူညီမှု ရယူထားတဲ့ Catchweight တန်း ကို သတိထားကြည့်ဖို့ လိုပါတယ်။
သူတို့ဟာ 134 ပေါင် Catchweight တန်း မှာ ထိုးမှာပါ။ သန့်ဇင်ပုံမှန် ထိုးနေကြ 135 ပေါင် ဖလိုင်းဝိတ်တန်းထက် နည်းနည်းလေး လျှော့ပါတယ်။စူရီယန်လက် ကို ကြည့်လိုက်မယ် ဆိုရင် သူဟာ ရှေ့ပွဲတွေကို 132 ပေါင် တန်းမှာ တောက်လျှောက်ထိုးခဲ့တာပါ။ အဲဒီတော့ ဒီပွဲရောက်မှ ဝိတ်တန်းတက် ထိုးရမယ့် ကိန်းပါပဲ။
သန့်ဇင် အတွက် 1 ပေါင်လောက်ချ ထိုးရတာ ပြသနာ မရှိပေမယ့် ၊ စူရီယန်လက်ခ် အတွက် 2 ပေါင် တိုးထိုးပေးရတာ ပြသနာ ရှိပါတယ်။ ဘာလို့လဲ ဆိုတော့ သူ့ရဲ့ အရပ်အမြင့်က 5 ပေ 3 လက်မပဲ ရှိတာပါ။ အဲဒီတော့ သူက သိပ်ကို ကစားပုံ ကောင်းလွန်းတဲ့သူဆိုရင်တောင် ၊ ဘော်ဒီတည်ဆောက်ပုံပိုင်း ၊ ဝိတ်သဘောတူညီမှု ရတဲ့ အပိုင်းတွေမှာ သန့်ဇင် ဘက်ကို အလေးသာပေးထားရပါတယ်။ ကုန်ကုန်ပြောရရင်ဗျာ…….သူ့ ကစားပုံက မွေထိုင်း ဖိုက်တာ အများစုလို နည်းစနစ် အသာပေး မဟုတ်ပဲ ၊ ရန်လိုတဲ့ စတိုင်မျိုး ထိုးတာ ဆိုတော့ သန့်ဇင် အကြိုက်ပါပဲ။
ဒါ့ကြောင့် ကျနော်ကတော့ 134 ပေါင် ထိ ရအောင် ညှိပေးထားတဲ့ မန်နေဂျာ ဖြိုးဝေ ကို အမှတ်ပေးမိသလို ၊ သန့်ဇင် ကို ပြန်ကြည့်ပေးတဲ့ပွဲလို့ မြင်တာပါ။ကုန်ုကုန်ပြောရရင် သန့်ဇင် ကို အခွင့်ရေး ပေးချင်တယ်ဆိုရင်တောင် ၊ သူနဲ့ တည်လို့ရတဲ့ ပြိုင်ဘက်ပေါင်းများစွာ ရှိပါတယ်။ အဲဒီထဲကမှ အရပ်ပိုပုတဲ့ ၊ ဝိတ်တန်း ပိုနည်းတဲ့ ၊ ရန်လိုတဲ့ စတိုင်နဲ့ ကစားတဲ့ ပြိုင်ဘက်မျိုးနဲ့မှာ ဖန်တီးပေးထားတာ ကြည့်ရင် သိသာပါတယ်။ပရိုမိုးရှင်းဆိုတာတော့ ဒီလောက်ပဲ လုပ်ပေးလို့ ရမှာပါ။ ကျန်တာ ကတော့ ဖိုက်တာ အပိုင်းပါပဲ။
သန့်ဇင် …ညီလေးရေ………..ဒီပွဲ ဘောနပ်ဆုရရင် ဒေါ်လာ 50000 သောင်း ကြီးများတောင် ရမှာနော်။
The beast in Me ဇာတ်ကားထဲမှာ ပစ်တိုင်းထောင်ရုပ် နဲ့ သနပ်ခါးလူးထားတဲ့ ငါ့ညီ မျက်နှာလေး ပါသွားအောင် လုပ်ပြလိုက်စမ်းဟေ့……💪💪💪