အောက်တိုဘာ ၂၆ ပွဲကြိုသုံးသပ်ချက်

အောက်တိုဘာ (၂၆)ရက် ညမှာ ကန်မယ့် ပရီးမီးယားလိဒ် ပွဲစဉ်ကောင်း များဖြစ်တဲ့

  • မန်စီးတီး [Vs]ဆောက်သမ်တန် – Premier League
    [မြန်မာစံတော်ချိန် ည ၀၈း၃၀ နာရီ ၊ အောက်တိုဘာ ၂၆]
  • အက်စတွန်ဗီလာ [Vs] ဘုန်းမောက် – Premier League
    [မြန်မာစံတော်ချိန် ည ၀၈း၃၀ နာရီ ၊ အောက်တိုဘာ ၂၆]
  • ဘရိုက်တန် [Vs] ဝုဗ် – Premier League
    [မြန်မာစံတော်ချိန် ည ၀၈း၃၀ နာရီ ၊ အောက်တိုဘာ ၂၆]
  • ဘရန့်ဖို့ဒ် [Vs] အစ်စွစ် – Premier League
    [မြန်မာစံတော်ချိန် ည ၀၈း၃၀ နာရီ ၊ အောက်တိုဘာ ၂၆]
  • အဲဗာတန် [Vs] ဖူလ်ဟမ် – Premier League
    [မြန်မာစံတော်ချိန် ည ၀၈း၃၀ နာရီ ၊ အောက်တိုဘာ ၂၆]

တို့ရဲ့ ပွဲကြိုသုံးသပ်ချက်

Manchester City [Vs] Southampton

[မြန်မာစံတော်ချိန် ည ၀၈း၃၀ နာရီ ၊ အောက်တိုဘာ ၂၆]

  • ကြားရက်မှာ ဂိုးပြတ်နိုင်ပွဲနဲ့အတူ ပရီးမီးယားလိဒ် (၃)သင်း ချန်ပီယံလိဒ်အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရပ်တည်ထားပါတယ်။ အသင်းငယ်တွေနဲ့ဆို ဂိုးပြတ်နိုင်ဖို့ မခက်တဲ့ ဟာလန်းတို့ တစ်သိုက်ကလည်း အိမ်ကွင်းသွင်းဂိုးတွေ ရေတွက်ရဦးမှာပါ။
  • ဆောက်သမ်တန်တို့ နိုင်ပွဲရဖို့ ရုန်းကန်လာပေမဲ့ အရှုံးနွံထဲက ရုန်းမထွက်သေးသလို ပရီးမီးယားလိဒ်နိုင်ပွဲပျောက်အသင်းမဖြစ်ဖို့ အားစိုက်ကစားလာနိုင်ပေမဲ့ ခြေစွမ်းအရမ်းကွာတဲ့ လက်ရှိ ချန်ပီယံ မြေမှာ ဒူးထောက် အညံ့ခံရဦးမှာပါ။

Aston Villa [Vs] Bournemouth

[မြန်မာစံတော်ချိန် ည ၀၈း၃၀ နာရီ ၊ အောက်တိုဘာ ၂၆]

  • ချန်ပီယံလိဒ်ကို အာရုံစိုက် ကစားနိုင်မှုနဲ့ စောင့်ကြည့်ရမဲ့အသင်းဖြစ်လာတဲ့ ဗီလာဟာ (၃)ပွဲကစား (၃)ပွဲလုံး ပေးဂိုးမရှိနိုင်ထားတဲ့ အူနိုင်းအမ်မရီတို့အတွက် ယုံကြည်မှုဟာ အမြင့်ဆုံးနေရာကို ရောက်ရှိလာပါပြီ။ ပရီးမီးယားလိဒ်မှာ တရိပ်ရိပ်တက်လာတဲ့ ခြေစွမ်းဟာ အားရစရာပါ။
  • ဆင်ပျံကြီးကို အိမ်ကွင်းမှာ ဂိုးပြတ်ချေမှုန်းထားခဲ့တဲ့ ဘုန်းမောက်ကလည်း အိမ်ကွင်းနိုင်ပွဲ ဆက်နေပေမဲ့ လီဗာပူးလ်၊ လက်စ္စတာတို့ကို ဂိုးပြန်မသွင်းနိုင်ကာ အရေးနိမ့်ထားခဲ့သလို အိမ်ကွင်းစွာလာတဲ့ ဗီလာပါ့ခ်မှာ ချယ်ရီတွေ ရုန်းကန်နိုင်စွမ်းမရှိတော့ပါဘူး။

Brighton [Vs] Wolves

[မြန်မာစံတော်ချိန် ည ၀၈း၃၀ နာရီ ၊ အောက်တိုဘာ ၂၆]

  • ခြင်္သေ့ပြာတစ်သင်းကိုသာ ဒူးထောက်ထားရတဲ့ ဇင်ယော်တွေ ခြေစွမ်းကလည်း ဒီဇာဘီနောက်ပိုင်း နည်းပြသစ် ဟာဇီလာနဲ့ အရောင်တောက်ပနေသလို ပြီးခဲ့တဲ့ အပတ်က စိန့်ဂျိမ်းပါ့ခ်မှာ နိုင်ခဲ့တဲ့ အရသာကတော့ ချိုမြိန်လွန်းခဲ့ပါတယ်။
  • ဆင်ပျံကြီးကို အိမ်ကွင်းမှာ ဂိုးပြတ်ချေမှုန်းထားခဲ့တဲ့ ဘုန်းမောက်ကလည်း အိမ်ကွင်းနိုင်ပွဲ ဆက်နေပေမဲ့ လီဗာပူးလ်၊ လက်စ္စတာတို့ကို ဂိုးပြန်မသွင်းနိုင်ကာ အရေးနိမ့်ထားခဲ့သလို အိမ်ကွင်းစွာလာတဲ့ ဗီလာပါ့ခ်မှာ ချယ်ရီတွေ ရုန်းကန်နိုင်စွမ်းမရှိတော့ပါဘူး။

Brentford [Vs] Ipswich Town

[မြန်မာစံတော်ချိန် ည ၀၈း၃၀ နာရီ ၊ အောက်တိုဘာ ၂၆]

  • သရဲနီတပ်သားတွေကို ပျားတုပ်ထားနိုင်ဖို့ ကြိုးစားခဲ့ပေမဲ့ အရှုံးရလဒ်သာ ရခဲ့သာမို့ အသင်းကြီး (၄)သင်းဖြစ်တဲ့ လီဗာပူးလ်၊ မန်စီးတီး၊ စပါး၊ မန်ယူအသင်းတို့နဲ့ အားပြိုင်မှုမှာ အဝေးကွင်း ရှုံးပွဲနဲ့ တိုက်ပွဲဝင်ခဲ့ရတဲ့ ဘရန့်ဖို့ဒ်တို့ နိုင်ပွဲ တွေ ပြန်ရှာလာမှာပါ။
  • အစ်စွစ်တို့ နိုင်ပွဲမရထားပေမဲ့ သရေရလဒ်တွေခံကစားထားခဲ့တဲ့ နေ့ရက်တွေ ကုန်ဆုံးလို့သွားပြီမို့ နောက်ဆုံး (၂)ပွဲဆက် ဂိုးပြတ် ရှုံးပွဲတွေ ရင်ဆိုင်ထားရတဲ့ တန်းတက် အစ်စွစ်တို့ ပျားတပ်သားတွေ အိမ်ကွင်းသွားကစားထားတဲ့ နောက်ပိုင်း (၃)ပွဲဆက် ဂိုးမသွင်းနိုင်ကာ ရှုံးနိမ့်ထားပါတယ်။ အဝေးကွင်း အရှုံးတွေက အိမ်ကွင်းအကောင်းဆုံး ပြန်လာနေတဲ့ နည်းပြ သောမက်စ်စဖရန့်ခ်ရဲ့ တပ်သားတွေကို ပျားတုပ်နိုင်စွမ်းရှိပါတယ်။

Everton [Vs] Fulham

[မြန်မာစံတော်ချိန် ည ၀၈း၃၀ နာရီ ၊ အောက်တိုဘာ ၂၆]

  • နိုင်ပွဲခပ်စိတ်စိတ် ပြန်ရလာတဲ့ အဲဗာတန်တို့ ပြိုင်ပွဲစုံ နောက်ဆုံး (၅)ပွဲ ဆက်ရှုံးပွဲမရှိ ကစားထားပြီး (၂)ပွဲဆက် ပေးဂိုးမရှိ ကစားလာတဲ့ ခံစစ်ပိုင်းလည်း မာကျောစ ပြုလာပါပြီ။ ရှောင်ဒိုင်ချီး တပ်သားတွေ အိမ်ကွင်းအကောင်းဆုံး ပုံစံနဲ့ ပွဲထက်လာမှာပါ။
  • အမှတ်ပေးဇယားအလယ်က ဖူလ်ဟမ်ဟာ ပြီးခဲ့တဲ့ အပတ်က ဗီလာကို ဧည့်ခံမှုမှာ ဂိုးပြတ်ရှုံးခဲ့လို့ ပထမဆုံး အိမ်ကွင်းရှုံးပွဲတွေ့ခဲ့ပြီး ခြေစွမ်းထက် အသင်းတွေကိုသာ ရှုံးထားတဲ့ ဖူလ်ဟမ်တို့ (၂)ပွဲဆက် အရှုံးက ပြန်လာနိုင်ဖို့ ကြိုးစားလာမှာပါ။ အဲဗာတန်နဲ့ တွေ့ဆုံထားတဲ့ နောက်ဆုံး (၆)ပွဲဆက် မရှုံးထားပါဘူး။ ဂွတ်ဒွဆင်ပါ့ခ်မှာ ရှောင်ဒိုင်ချီးတပ်သားတွေဘက်မှာ အနိမ့်ဆုံး သရေရှိပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *