အောက်တိုဘာ (၁၈) ညမှာ ကန်မယ့် ဘောလုံးပွဲစဉ်ကောင်းများထဲမှာ ပွဲကောင်းများကို ရွေးချယ်ပြီး ပွဲကြိုသုံးသပ်ချက်ပေးထားပါတယ်။
အောက်တိုဘာ (၁၈)ရက် ညမှာ ကန်မယ့် နေးရှင်းလိဒ် ပွဲစဉ်ကောင်း များဖြစ်တဲ့
- အလာဗက်စ် [Vs] ဗယ်လာဒိုးလစ် – Spain LaLiga
[မြန်မာစံတော်ချိန် နံနက် ၀၁း၃၀ နာရီ ၊ အောက်တိုဘာ ၁၉] - ဒေါ့မွန် [Vs] စိန့်ပေါ်လီ – Bundesliga
[မြန်မာစံတော်ချိန် နံနက် ၀၁း၀၀ နာရီ ၊ အောက်တိုဘာ ၁၉] - မိုနာကို [Vs] လိုင်လီ – Ligue 1
[မြန်မာစံတော်ချိန် နံနက် ၀၁း၁၅ နာရီ ၊ အောက်တိုဘာ ၁၉] - လိဒ် [Vs] ရှက်ဖီးလ်ယူ – England Championship
[မြန်မာစံတော်ချိန် နံနက် ၀၁း၃၀ နာရီ ၊ အောက်တိုဘာ ၁၉]
တို့ရဲ့ ပွဲကြိုသုံးသပ်ချက်
အလာဗက်စ် [Vs] ဗယ်လာဒိုးလစ်
[မြန်မာစံတော်ချိန် နံနက် ၀၁း၃၀ နာရီ ၊ အောက်တိုဘာ ၁၉]
(၃)ပွဲဆက် ရှုံးပွဲတွေ့နေတဲ့ အလာဗက်စ်ဟာ ရီးရဲလ်၊ ဘာစီလိုနာတို့လို အသင်းကြီးတွေနဲ့ ရင်ဆိုင်ထားရလို့ ဖြစ်ပြီး ခံစစ်ပိုင်းလည်း ကျဆင်းလာပါတယ်။ (၂)ပွဲဆက် ဂိုးပေါက်ပျောက်တိုက်စစ်ကလည်း တန်းဆင်းဇုန်ထဲက ဗယ်လာဒိုးလစ်ကို အိမ်ကွင်းမှာ အနိုင်ပြန်ယူနိုင်ဖို့ ကြိုးစားလာမှာပါ။
တာထွက်တစ်ပွဲသာ အနိုင်ရပြီး ရှုံးပွဲအလီလီနဲ့ တိုက်ပွဲဝင်နေရတဲ့ တန်းဆင်းဇုန်ထဲက ဗယ်လာဒိုးလစ်ဟာ တန်းတက်အသင်းတွေထဲမှာ ရလဒ်အဆိုးဆုံးအသင်းဖြစ်ပြီး ပွဲတိုင်းဂိုးပေးနေရတဲ့ ခံစစ်နဲ့ အဝေးကွင်းအညံ့ဆုံးဖြစ်နေတဲ့ ဗယ်လာဒိုးလစ်ကို အနိုင်ယူပြီး ရှုံးပွဲဆက်နေမှုကို ရပ်တန့်နိုင်မှာပါ။
ဒေါ့မွန် [Vs] စိန့်ပေါ်လီ
[မြန်မာစံတော်ချိန် နံနက် ၀၁း၀၀ နာရီ ၊ အောက်တိုဘာ ၁၉]
ချန်ပီယံလိဒ်မှာ ဂိုးပြတ်နိုင်ပြီး ဘွန်ဒတ်လီဂါအဝေးကွင်းပွဲတွေမှာ ဒူးထောက်ရှုံးပွဲတွေ့နေတဲ့ ဒေါ့မွန်ဟာ အမှတ်ပေးဇယားအဆင့် (၇)နေရာ ရောက်နေပေမဲ့ အိမ်ကွင်းရာနှုန်းပြည့်နိုင်ပွဲနဲ့အတူ ဂူရာစီ တစ်ယောက် ခြေစွာ ဂိုးမြူးနေပါတယ်။
တန်းတက်စိန့်ပေါ်လီအတွက် လိုက်ပ်ဇစ်ကို သရေကစားပြီး ဖရိုင်းဘတ်ကို ဂိုးပြတ်နိုင်ခဲ့လို့ ဒီရာသီ ပထမဆုံးနိုင်ပွဲကို စရခဲ့ပေမဲ့ မိန့်ဇ်ကို ဧည့်ခံကစားခဲ့မှုမှာ ဂိုးပြတ်ပြန်ရှုံးနိမ့်သွားခဲ့တဲ့ စိန့်ပေါ်လီခြေဟာ ရလဒ်ပေါင်းစုံ ထွက်နေပါတယ်။ အိမ်ကွင်းမှာ ပေါက်ကွဲလာမဲ့ အဝါ်ရောင် တပ်သားတွေနဲ့ ရပ်တည်မယ်။
မိုနာကို [Vs] လိုင်လီ
[မြန်မာစံတော်ချိန် နံနက် ၀၁း၁၅ နာရီ ၊ အောက်တိုဘာ ၁၉]
ချန်ပီယံလိဒ်နဲ့ လီဂူးကို တစ်ပြိုင်တည်းရုန်းနေရတဲ့ မိုနာကိုဟာ ပြည်တွင်းလိဒ်ကို ပိုအာရုံစိုက်ကစားနေသလို ဒီရာသီရှုံးပွဲမရှိ ကစားနေပြီး နိုင်ငံတစ်ကာ ကြားဖြတ်မတိုင်ခင် ပီအက်စ်ဂျီအသင်း သရေကျထားခဲ့တာမို့ မိုနာကို တို့ အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။
နိုင်ပွဲဆက်နေတဲ့ လိုင်လီဟာ UCL မှာရီးရဲလ်ကို အနိုင်ကစားထားနိုင်ခဲ့တဲ့အထိ ခြေစွာနေပြီး လူငယ်တိုက်စစ်ဂိုးမြူးနေသလို လမ်းကြောင်းမှန်ပေါ် ရောက်လာတဲ့ လိုင်လီဟာ မိုနာကိုနဲ့နောက်ဆုံးတွေ့ဆုံထားတဲ့ (၁၀)ပွဲမှာ (၄)ပွဲနိုင်၊ (၃)ပွဲသရေကျထားခဲ့ပါတယ်။ ချန်ပီယံလိဒ်ကစားရဖို့ရှိတဲ့ (၂)သင်းကြောင့် ဂိုးမဲ့စုံ အဖြစ်သာ သတ်မှတ်ရမှာပါ။
လိဒ် [Vs] ရှက်ဖီးလ်ယူ
[မြန်မာစံတော်ချိန် နံနက် ၀၁း၃၀ နာရီ ၊ အောက်တိုဘာ ၁၉]
ပြီးခဲ့တဲ့ ရာသီက တန်းတက်ပလေးအော့ဖ်မအောင်ခဲ့တဲ့ လိဒ်ဟာ စိတ်ဓါတ်ပိုင်းအတော်လေးကျဆင်းနေပြီး ပြည်တွင်းလိဒ် (၉)ပွဲမှာ (၄)ပွဲနိုင်၊ (၄)ပွဲသရေ (၁)ပွဲသာ ရှုံးထားပေမဲ့ အဝေးကွင်း (၂)ပွဲဆက် သရေကျထားပါတယ်။
ပရီးမီးယားလိဒ်မှာ ရမှတ် (၁၆)မှတ်နဲ့ တန်းဆင်းခဲ့ရတဲ့ ရှက်ဖီးလ်ယူဟာ ချန်ပီယံရှစ်မှာ ခြေစွာနေပြီး ရှုံးပွဲမရှိကစားထားသလို နောက်ဆုံး (၆)ပွဲမှာ (၅)ပွဲနိုင်ထားပြီး တစ်ပွဲသာ သရေကျထားခဲ့ပါတယ်။ အဲ့ (၆)ပွဲဆက် ခံစစ်ပေးဂိုးမရှိ ကစားထားတဲ့ ရှက်ဖီးလ်ယူရဲ့ ခံစစ်ဟာ အထင်ကြီးစရာပါ။