မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်းကြီး ဝိန်းရွန်းနီက လက်ရှိ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ်ကို ကောင်းမွန်တဲ့ နည်းပြတစ်ဦးဆိုပြီး အားပေးထောက်ခံမှုတွေ လုပ်ဆောင်ခဲ့ရင်း ကစားသမားတွေက ဒီထက်မက ပိုမိုကောင်းမွန်အောင် ကြိုးစားဖို့ လိုအပ်တယ်လို့ သတိပေးသွားခဲ့ပါတယ်။
ဂန္တဝင် ကစားသမားကြီးဖြစ်တဲ့ ရွန်းနီဟာ လက််ရှိမှာတော့ နည်းပြတစ်ဦးအဖြစ် လုပ်ကိုင်ဆောင်ရွက်လျက် ရှိပြီး ပလိုင်းမောက်အသင်းကို ကိုင်တွယ်နေပါတယ်။လက်ရှိ ပရီးမီးယားလိဒ်ပြိုင်ပွဲမှာ အဆင့် (၁၄)ထိတောင် ရောက်ရှိလို့နေတဲ့ အသင်းဟောင်း ယူနိုက်တက်က တန်ဟက်ဂ်ရဲ့ အနာဂတ်ပါ လှုပ်ခတ်လာရတဲ့အကြောင်းကို သူရဲ့ ထင်မြင်ချက်တွေနဲ့ မှတ်ချက်ပြုပြောဆိုလာခဲ့ပါတယ်။
“ဒီလိုအခြေအနေကို သေချာကြည့်ရှုဖို့ဆိုတာ ဘောလုံးအသင်းပိုင်ရှင်တွေအပေါ်မှာ မူတည်ပါတယ်။ အဲရစ် တန်ဟက်ဂ်ဟာ ကောင်းမွန်တဲ့ နည်းပြ တစ်ဦးဆိုတာ သေချာပါတယ်။ သူက ဘယ်အသင်းမှာပဲ ဖြစ်ဖြစ် ဆုဖလားတွေ ဆွတ်ခူးနိုင်ခဲ့သလို မန်ချက်စတာ ယူနိုက်တက်မှာလည်း ဆုဖလားတွေ ဆွတ်ခူးထားခဲ့ပါသေးတယ်။