အောက်တိုဘာ ၅ ပွဲကြိုသုံးသပ်ချက်

အောက်တိုဘာ (၅)ရက် ညမှာ ကန်မယ့် ပရီးမီးယားလိဒ် ပွဲစဉ်ကောင်း များဖြစ်တဲ့

  • ခရစ္စတယ်ပဲလေ့စ် – လီဗာပူးလ်
    [မြန်မာစံတော်ချိန် ည ၀၆း၀၀ နာရီ၊ အောက်တိုဘာ ၅ ]
  • အာဆင်နယ် – ဆောက်သမ်တန်
    [မြန်မာစံတော်ချိန် ည ၀၈း၃၀ နာရီ၊ အောက်တိုဘာ ၅]
  • ဘရန့်ဖို့ဒ် – ဝုဗ်
    [မြန်မာစံတော်ချိန် ည ၀၈း၃၀ နာရီ၊ အောက်တိုဘာ ၅]
  • လက်စ္စတာစီးတီး – ဘုန်းမောက်
    [မြန်မာစံတော်ချိန် ည ၀၈း၃၀ နာရီ၊ အောက်တိုဘာ ၅]
  • မန်ချက်စတာစီးတီး – ဖူဟမ်
    [မြန်မာစံတော်ချိန်ည ၀၈း၃၀ နာရီ၊ အောက်တိုဘာ ၅]
  • ဝက်စ်ဟမ်း – အစ်ဆွစ်
    [မြန်မာစံတော်ချိန်ည ၀၈း၃၀ နာရီ၊ အောက်တိုဘာ ၅]
  • အဲဗာတန် – နယူးကာဆယ်
    [မြန်မာစံတော်ချိန်ည ၁၁း၀၀ နာရီ၊ အောက်တိုဘာ ၅] တို့ရဲ့ ပွဲကြိုသုံးသပ်ချက်။

Crystal Palace [Vs] Liverpool

[မြန်မာစံတော်ချိန် ည ၀၆း၀၀ နာရီ၊ အောက်တိုဘာ ၅]

ဒီရာသီနိုင်ပွဲမရထားတဲ့ လင်းယုန်တပ်သားတွေအဖြစ် ချဲလ်ဆီး၊ မန်ယူတို့ကို သရေကစားနိုင်ခဲ့ပေမဲ့ နိုင်ပွဲမရတာချင်းတူတူ ရှောင်ဒိုင်ချီးအိမ်ကွင်းမှာ ဦးဆောင်ဂိုးရပြီးမှ နောက်ကျဂိုးတွေ ပြန်ပေးခဲ့ရကာ ရှုံးပွဲရင်ဆိုင်ထားခဲ့ရတယ်။

ပြိုင်ပွဲစုံ (၉)ပွဲ ကစားအပြီးမှာ (၈)ပွဲထိ နိုင်ပွဲရထားတဲ့ နည်းပြသစ် အာနီစလော့ ရဲ့ စွမ်းဆောင်မှုဟာ မယုံကြည်နိုင်စရာဖြစ်နေပြီး နည်းပြ ဂျာဂန်ဂလော့ပ် နောက်ပိုင်း အကြမ်းဆုံးစွမ်းဆောင်ရည်တွေ ချပြထားပါတယ်။

Arsenal [Vs] Southampton

[မြန်မာစံတော်ချိန် ည ၀၈း၃၀ နာရီ၊ အောက်တိုဘာ ၅]

အမြှင့်ပျံဆင်ပျံကြီးတပ်သားတွေဟာ ကြားရက်မှာ အသင်းကြီးတွေရှုံးပွဲတွေ့ထားခဲ့ချိန်မှာ ပီအက်စ်ဂျီကို အနိုင်ရထားခဲ့တာမို့ ချန်ပီယံလိဒ်အမှတ်ပေးဇယား အသက်ပြန်ဝင်လာတဲ့ ဂန်းနားတွေရဲ့ တိုက်စစ်ဟာ တစ်ပွဲ (၂)ဂိုးနဲ့ အထက် ဂိုးမြူးနေပါတယ်။

တန်းဆင်းဇုန်ထဲက ဆောက်သမ်တန်ဟာ တန်းတက်တူ အစ်စွစ်ကို သရေကစားထားနိုင်ခဲ့တာ လွဲရင် ပွဲတိုင်းရှုံးနိမ့်ထားပါတယ်။ ခံစစ်ကလည်း ဘုန်းမောက်၊ ဘရန့်ဖို့ဒ် အသင်းတွေကိုတောင် ခံစစ်ပေးဂိုး (၃)ဂိုးထိ ခွင့်ပြုထားရတာမို့ အမ်းမရိတ်မြေမှာ တစ်ဖက်သက် ဂိုးသွင်းမုန်တိုင်းတို့ တိုက်ခတ်လာမှာပါ။

Brentford [Vs] Wolves

[မြန်မာစံတော်ချိန် ည ၀၈း၃၀ နာရီ၊ အောက်တိုဘာ ၅]

အဝေးကွင်းခြေညံ့ဖျင်းထားပေမဲ့ အိမ်ကွင်းရှုံးပွဲမရှိ ကစားထားတဲ့ ဘရန့်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ အပတ်က ဝက်စ်ဟမ်းကို သရေကျထားခဲ့တာလွဲရင် အရင် (၂)ပွဲဆက်နိုင်ထားတဲ့ ပျားတပ်သားတွေရဲ့ ခံစစ်ဟာ တစ်ပွဲ (၁)ဂိုးတော့ ပုံမှန်ဂိုးပေးထားရတယ်။

ပရီးမီးယားလိဒ် နိုင်ပွဲပျောက် ဂရေးအိုနေးဟာ ဇယားအောက်ဆုံးနေရာကို ဗိုလ်ဆွဲထားပြီး ပေးဂိုးအများဆုံးရပ်တည်နေပါတယ်။ပြိုင်ပွဲစုံ (၇)ပွဲဆက် ဂိုးသွင်းထားတဲ့ ဝုဗ်တိုက်စစ်ထက်မြက်ပေမဲ့ ပလိုင်းပေါက်နဲ့ ဖားကောက်နေရတဲ့ ခံစစ်ညံ့အသင်းပါ။ ဂရေးအိုးနေးရဲ့ ဝံပုလွေတွေ ဆက်လက်ပျားတုပ်ခံရဦးမှာပါ။

Leicester City [Vs] Bournemouth

[မြန်မာစံတော်ချိန် ည ၀၈း၃၀ နာရီ၊ အောက်တိုဘာ ၅]

လက်ရှိချိန်ထိ နိုင်ပွဲပျောက်ကာ ပရီးမီးယားလိဒ်မှာ ယောင်လည်လည်ဖြစ်နေတဲ့ မြေခွေးတပ်သားတွေ ဖိအားတွေများနေပြိး ခံစစ်ပေးဂိုးတွေတောက်လျောက် ခွှင့်ပြုနေရပေမဲ့ ပွဲတိုင်းဂိုးသွင်းထားတဲ့ လက်စ္စတာ တိုက်စစ် ထက်မြက်သလောက် ဂိုးတွေ အလှူကြီးပေးနေတယ်။

အသင်းကြီး (၂)သင်းကိုသာ ရှုံးနိမ့်ထားတဲ့ ဘုန်းမောက်ဟာ ဂိုးသွင်းခြေမဆိုးသလို အဲဗာတန်၊ ဆောက်သမ်တန်အသင်းတွေကို (၃)ဂိုးထိ ဂိုးသွင်းထားပါတယ်။ နိုင်ပွဲပျောက်မြေခွေးတွေ အိမ်ကွင်းမှာ အမဲလိုက်နိုင်ပေမဲ့ ချယ်ရီတွေရဲ့ တိုက်စစ်အားကို မယှဉ်နိုင်တာမို့ ကင်းပါဝါဟာ ချယ်ရီ ရနံ့တွေ မွေးကြိုင်လို့နေမှာပါ။

Manchester City [Vs] Fulham

[မြန်မာစံတော်ချိန် ည ၀၈း၃၀ နာရီ၊ အောက်တိုဘာ ၅]

စုဖွဲ့မှုအရ မန်စီးတီးတို့ ကြားရက်မှာ ချန်ပီယံလိဒ်ကစားထားပေမဲ့ အင်ပြည့်အားပြည့်ကစားလာနိုင်ပြီး ပရီးမီးယားလိဒ် (၂)ပွဲဆက်သရေကြောင့် ကြိုးကြာနီတွေအောက်ကို ရောက်ခဲ့တဲ့ မန်စီးတီးအသင်း ဒုတိယနေရာမှာ ဖိအားနဲ့ ကစားလာမဲ့ ဂွါဒီယိုလာကို ပြန်တွေ့ရပါပြီ။

ရာသီစ အိုးထရက်ဖို့ဒ်မှာ ရှုံးခဲ့တဲ့ တစ်ပွဲသာ ရှိသေးတဲ့ ဖူလ်ဟမ်ဟာ (၂)ပွဲဆက်နိုင်ပွဲ အရှိန်ပြန်ရလာချိန် မန်စီးတီးအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်လို့ ရလဒ်ကောင်းတွေ အိမ်မက်အလလားဖျက်ဆီးခံရတော့မှာပါ။ မန်စီးတီးအိမ်ကွင်းမှာ တွေ့ဆုံထားတိုင်း ဂိုးပြတ်အရှုံးတွေသာ ပိုင်ဆိုင်ထားတဲ့ မာကိုဆေးလ်ဗားအသင်းဟာ ခံကစားနိုင်ဖို့လည်း ခွန်အားမရှိပါဘူး။ အီတီဟက်မြေမှာ မိုးပြာရောင်တွေနောက်ကိုပဲဆက်လိုက်မယ်။

WestHam United [Vs] Ipswich Town

[မြန်မာစံတော်ချိန် ည ၀၈း၃၀ နာရီ၊ အောက်တိုဘာ ၅]

နည်းပြသစ်လက်ထက်မှာ ရလဒ်ဆိုးတွေနဲ့ မျှော်လင့်ထားသလို ဖြစ်မလာသေးတဲ့ တူတပ်သားတွေဟာ (၁)ပွဲသာနိုင်သေးပြီး (၄)ပွဲဆက် နိုင်ပွဲပျောက်ဆုံးထားတဲ့ ဝက်စ်ဟမ်းဟာ အဝေးကွင်း မရှုံးနိမ့်ထားသလို အိမ်ကွင်း (၃)ပွဲဆက် အရှုံးဟာလည်း ဗီလာ၊ မန်စီးတီး၊ ချဲလ်ဆီးတို့ကို ရှုံးနိမ့်ထားတာပါ။

တန်းတက်အစ်စွစ်ဟာ လီဗာပူးလ်၊ မန်စီးတီး အသင်းတွေကို ရှုံးပြီး (၄)ပွဲဆက်သရေကစားထားသလို ဘရိုက်တန်၊ ဗီလာကို သရေကစားထားနိုင်ခဲ့တဲ့ အစ်စွစ်ခြေကို လျော့တွက်လို့ မရပေမဲ့ အိမ်ကွင်းနိုင်ပွဲပျောက်ဆုံးထားတဲ့ ဝက်စ်ဟမ်းအသင်း ဖိအားများနေပါတယ်။

Everton [Vs] Newcastle United

[မြန်မာစံတော်ချိန်ည ၁၁း၀၀ နာရီ၊ အောက်တိုဘာ ၅]

နိုင်ပွဲပျောက် (၂)သင်းတွေ့ဆုံမှုမှာ ပဲလေ့စ်ကို အနိုင်ရခဲ့တဲ့ အဲဗာတန်အသင်းဟာ ဒီရာသီ ပထမဆုံးနိုင်ပွဲကို ရှာတွေ့ခဲ့ပေမဲ့ ချီးကျူးဖို့ရာ စောလွန်းသေးသလို ရုန်းကန်အားထုတ်လာတဲ့ အဲဗာတန်အသင်းရဲ့ နိုင်လိုစိတ်ကို မြင်တွေ့လာရတယ်။

မန်စီးတီးကိုသရေကစားပြီး ဝင်ဘလေတန်အသင်းကိုတော့ (၁)ဂိုးနဲ့ ကပ်နိုင်ခဲ့တဲ့ ငှက်ကျားတွေဟာ ပြိုင်ပွဲစုံ နောက်ဆုံး (၃)ပွဲဆက် (၁)ဂိုးထက်ပိုမသွင်းထားသလို တိုက်စစ်အားကျလာတဲ့ နည်းပြ ဟိုဝီရဲ့ အသင်းဟာ ပြီးခဲ့တဲ့ တစ်ရာသီလုံး ရှောင်ဒိုင်ချီးတပ်သားတွေကို မနိုင်ခဲ့ပါဘူး။ လက်ရှိကောင်းမွန်လာတဲ့ ခြေစွမ်းအရလည်း ငှက်ကျားတွေကို အပြာကောင်တွေ ဒူးမထောက်ရတော့ပါဘူး။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *