အာဆင်နယ်ကို ရောက်ကတည်းက ပိုပြီး ရင့်ကျက်လာတယ်လို့ ဟာဗက်ဇ် ဖွင့်ဟ

အသက်(၂၅)နှစ်အရွယ် ဂျာမနီ လက်ရွှေးစင် ကွင်းလယ်တိုက်စစ်နဲ့ တိုက်စစ်ကစားသမား ဟာဗက်ဇ်က ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နွေကမှ ချယ်လ်ဆီးကနေ လန်ဒန်မြို့ခံ ကလပ် အာဆင်နယ် အသင်းဆီ ပြောင်းရွှေ့လာခဲ့ပြီး အခုဆိုရင် ဟာဗက်ဇ်ဟာ အာဆင်နယ်ရဲ့ အရေးပါဆုံးကစားသမားပါဖြစ်လာခဲ့ပါတယ်။ အာဆင်နယ် အသင်းဆီကို စတင်ပြောင်းရွှေ့ခဲ့ပြီးနောက်ပိုင်း သူဟာ အရင်ကထက်ပိုပြီးတော့ ရင့်ကျက်လာရတယ်လို့ ယုံကြည်မိကြောင်း ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

ဟာဗက်ဇ်အနေနဲ့ အာဆင်နယ်ဆီ ပြောင်းရွှေ့ပြီးနောက် အစပိုင်းလောက်မှာ ခြေစွမ်းပြဖို့ ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရပေမယ့်လည်း တဖြည်းဖြည်းနဲ့ အသင်းမှာ အသားကျလာခဲ့ရင်း သူရဲ့ အာဆင်နယ် ကစားသမားဘ၀ ပွဲဦးထွက် ရာသီမှာပဲ​ပြိုင်ပွဲစုံ (၁၄)ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။

ဒီရာသီမှာလည်း ဟာဗက်ဇ်က အာဆင်နယ်အတွက် ပြိုင်ပွဲစုံ (၇)ပွဲမှာ (၃)ဂိုးသွင်းယူထားနိုင်ခဲ့ပြီး အာဆင်နယ်မှာ ဖြတ်သန်းနေရတဲ့ အခြေအနေတွေအကြောင်းနဲ့ ပတ်သက်ပြီး ဟာဗက်ဇ်က “ကျွန်တော် ဒီမှာ အရမ်းကောင်းနေသလို ခံစားမိရပါတယ်။ အာဆင်နယ် အသင်းက ကျွန်တော့် အိမ်လိုပါပဲ။ နေ့တိုင်း ဒီအသင်းမှာ ရှိနေတာကို ကျွန်တော် အရမ်းနှစ်သက်ပါတယ်။”

“လန်ဒန်မြို့ခံ ကလပ်အသင်း တစ်သင်းကနေ ရောက်လာခဲ့တာနဲ့ ကျွန်တော့်အတွက်လည်း အာဆင်နယ်ဘက်က ငွေကြေးတွေ အများကြီးသုံစွဲထားရတာတွေကြောင့် လူတချို့က ကျွန်တော်နဲ့ ပတ်သက်ပြီး သံသယတွေ ရှိနေကြတာ။ ဒါပေမယ့် ကျွန်တော်က ကျွန်တော့်အရည်အချင်းကို သိပါတယ်။ ကျွန်တော့်ကိုယ် ကျွန်တော်လည်းယုံကြည်တယ်။ နည်းပြနဲ့ အသင်းဖော်တွေကလည်း ကျွန်တော့်ကို အများကြီးကူညီကြတယ်။”

“အသင်းမှာ ရှိတဲ့ လူတိုင်းက ကျွန်တော့်အတွက် ရှိကြသလို ကူညီပေးကြဖို့လည်း အဆင်သင့်ဖြစ်နေတတ်ပါတယ်။ အဲ့ဒါက တစ်ချိန်တည်းမှာပဲ အလုပ်ဖြစ်လာစေတယ်လို့ ထင်မိပါတယ်။ နောက်ပြီး ကျွန်တော် အတော်လေး ရင့်ကျက်လာတယ်လို့ ထင်မိပါတယ်။ လူတစ်ယောက်အနေနဲ့ရော ကစားသမားတစ်ဦးအနေနဲ့ပါ ရင့်ကျက်လာတယ်လို့ ထင်ပါတယ်။” လို့ပြောဆိုလိုက်ပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *