စက်တင်ဘာ ၂၈ ပွဲကြိုသုံးသပ်ချက်

စက်တင်ဘာ (၂၈)ညမှာ ကန်မယ့် ပရီးမီးယားလိဒ်ပြိုင်ပွဲများဖြစ်တဲ့

  • နယူးကာဆယ် – မန်စီးတီး
    [မြန်မာစံတော်ချိန် ည ၀၆း၀၀ နာရီ ၊ စက်တင်ဘာ ၂၈]
  • အာဆင်နယ် – လက်စတာစီးတီး
    [မြန်မာစံတော်ချိန် ည ၀၈း၃၀ နာရီ ၊ စက်တင်ဘာ ၂၈]
  • ဘရန်းဖို့ဒ် – ဝက်ဟမ်း
    [မြန်မာစံတော်ချိန် ည ၀၈း၃၀ နာရီ ၊ စက်တင်ဘာ ၂၈]
  • ချဲလ်ဆီး – ဘရိုက်တန်
    [မြန်မာစံတော်ချိန် ည ၀၈း၃၀ နာရီ ၊ စက်တင်ဘာ ၂၈]
  • အဲဗာတန် – ခရစ္စတယ်ပဲလေ့စ်
    [မြန်မာစံတော်ချိန် ည ၀၈း၃၀ နာရီ ၊ စက်တင်ဘာ ၂၈]
  • နော်တင်ဟမ် – ဖူဟမ်
    [မြန်မာစံတော်ချိန် ည ၀၈း၃၀ နာရီ ၊ စက်တင်ဘာ ၂၈]
  • ဝုဗ် – လီပါပူးလ်
    [မြန်မာစံတော်ချိန် ည ၁၁း၀၀ နာရီ ၊ စက်တင်ဘာ ၂၈] တို့ရဲ့ ပွဲကြိုသုံးသပ်ချက်။

Newcastle (Vs) Manchester City

[မြန်မာစံတော်ချိန် ည ၀၆း၀၀ နာရီ ၊ စက်တင်ဘာ ၂၈]

ဖူလ်ဟမ်ကို ရှုံးနိမ့်ထားခဲ့တာဖြစ်လို့ အမှတ်ပေးဖလားချန်ပီယံကို ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ အတွက် နည်းပြ ဟောဝီတပ်သားတွေ အားစိုက်ကစားဖို့လိုနေပြီး အမှတ်ပေးဇယား ဦးဆောင်သူ မန်စီးတီးအသင်းကို ဧည့်ခံမှုမှာ မရှုံးနိမ့်ရေး ကစားရမှာပါ။

ပြိုင်ပွဲ အရပ်ရပ်ကစားထားတဲ့ မန်စီးတီးဟာ ဂွါဒီယိုလာရဲ့ ကြွေးကြော်ထားပြီး နောက်ပိုင်း တစ်ပွဲ (၂)ဂိုးထက် ပိုပြီး ဂိုးတွေ မမြင်ရတော့သလို နိုင်ငံတစ်ကာ ကြားဖြတ်ပြီး ကတည်းက ဆက်တိုက်ကြေးကျနေသို ဒီဘရိုင်းနားပါဖို့ မသေချာသေးတဲ့ မိုးပြာရောင်တပ်သားတွေဟာ ငှက်ကျားတွေအရပ်မှာ ရုန်းကန်ရဖို့ရှိပါတယ်။

ရွေးချယ်မှု - ဂိုးအောက်

Arsenal (Vs) Leicester City

[မြန်မာစံတော်ချိန် ည ၀၈း၃၀ နာရီ ၊ စက်တင်ဘာ ၂၈]

တိုက်စစ်ပိုင်းကောင်းမွန်ပေမဲ့ ခံစစ်ပိုင်းဂိုးပြန်ပေးနေရတဲ့ ဆင်ပျံကြီးတို့ ပရီးမီးယားလိဒ်မှာလည်း ရုန်းကန်နေရသလို ချန်ပီယံလိဒ်မှာလည်း သရေကျထားခဲ့ပြီး ပြိုင်ပွဲ အရပ်ရပ် တိုက်ပွဲဝင်နေရမှုနဲ့ ဒဏ်ရာရ ကစားသမားတွေများလာတယ်။

ဝါဆောလ်ကို ကာရာဘောင်းဖလားမှာ သရေကျခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်နဲ့ နိုင်ပွဲယူထားနိုင်ခဲ့တဲ့ လက်စတာ ခြေစွမ်းက အတော်လေးကျဆင်းနေပါတယ်။ အမှတ်ပေးဇယားမှာ နိုင်ပွဲပျောက်ဆုံးထားပြီး ဆင်ပျံကြီးရဲ့ အမ်းမရိတ်မှာလည်း တိုးဝံ့နိုင်စွမ်းမရှိတာမို့ ဂိုးပြတ်နိုင်ဖို့ မခက်တဲ့ ဂန်းနားတို့ကိုသာရွေးချယ်မယ်။

ရွေးချယ်မှု - အာဆင်နယ်

Brentford (Vs) West Ham United

[မြန်မာစံတော်ချိန် ည ၀၈း၃၀ နာရီ ၊ စက်တင်ဘာ ၂၈]

ပရီးမီးယားလိဒ် (၅)ပွဲမှာ (၂)ပွဲနိုင်၊ (၃)ပွဲရှုံးထားတဲ့ ဘရန့်ဖိုဒ့်ဟာ လီဗာပူးလ်၊ မန်စီးတီးနှင့် စပါးတို့ အိမ်ကွင်းမှာ ကစားထားခဲ့ရလို့ နလန်မထူနိုင်ရှုံးပွဲတွေ့ထားပြီး အိမ်ကွင်း (၂)ပွဲ ဆက်ကစားအပြီးမှာ မန်ယူအိမ်ကွင်းမှာ သွားကစားရဦးမှာပါ။

ဝက်စ်ဟမ်းကလည်း အသင်းကြီးတွေနဲ့ ဆက်တိုက် ပွဲကျပ်တွေ ကစားထားခဲ့ရလို့ ရလဒ်မကောင်းဖြစ်နေပြီး နောက်ဆုံးးကစားထားတဲ့ (၂)ပွဲမှာ ခံစစ်ပေးဂိုး (၈)ဂိုးအထိ ခွင့်ပြုထားခဲ့ရတယ်။ အဝေးကွင်းပွဲတွေမှာသာ ရှုံးနိမ့်ထားပြီး အိမ်ကွင်းနိုင်ပွဲဆက်နေတာမို့ တူစာ မမိနိုင်တဲ့ ပျားတပ်သားတွေကိုသာ ရွေးချယ်မယ်။

ရွေးချယ်မှု - ဘရန့်ဖို့ဒ်

Chelsea (Vs) Brighton

[မြန်မာစံတော်ချိန် ည ၀၈း၃၀ နာရီ ၊ စက်တင်ဘာ ၂၈]

ပုံစံကောင်းတွေနဲ့အတူ လမ်းကြောင်းမှန်ပေါ်ရောက်နေတဲ့ ချဲလ်ဆီးဟာ ပြိုင်ပွဲစုံ (၃)ပွဲ ဆက် နိုင်ပွဲဆက်နေပြီး ခံစစ်ပေးဂိုးမရှိ ဂိုးပြတ်နိုင်ပွဲတွေနဲ့ တောက်ပနေပါတဲ့ ခြေစွမ်းကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ပဲလိုပါတယ်။

ရှုံးပွဲမရှိကစားနေပြီး နေရာစုံဂိုးသွင်းနေတဲ့ ဇင်ယော်တပ်သားတွေဟာ လိဒ်ပွဲ​(၃)ပွဲဆက် သရေကျထားပါတယ်။ အသင်းကြီးတွေဖြစ်တဲ့ မန်ယူကို အနိုင်ကစားပြီး အာဆင်နယ်ကို သရေခံ ကစားထားတဲ့ ဘရိုက်တန်ကို လျော့တွက်လို့ မရပါဘူး။ ဟာဇီလာရဲ့ ဇင်ယော်တွေ တိုက်စစ်ခြေမညံ့ပေမဲ့ ခြင်္သေ့ပြာ တပ်သားတွေအောက်မှာ ဒူးထောက်ရမှုနဲ့အတူ စတမ်းဖို့ဒ်ဘရေ့မှာ ဂိုးသွင်းပွဲတော်ကြီးကျင်းပဖို့ရှိနေပါတယ်။

ရွေးချယ်မှု - ဂိုးပေါ်

Everton (Vs) Crystal Palace

[မြန်မာစံတော်ချိန် ည ၀၈း၃၀ နာရီ ၊ စက်တင်ဘာ ၂၈]

လက်ရှိချိန်အထိ နိုင်ပွဲမရထားမှုနဲ့ အတူ တန်းဆင်းဇုန်ထဲရောက်နေတဲ့ အဲဗာတန်ဟာ တိုက်စစ်ဂိုးသွင်းအားရှိပေမဲ့ ခံစစ်ညံ့ဖျင်းနေမှုကို ပြင်ဆင်နိုင်ခြင်းမရှိသလို ဝါရင့်ခံစစ်မှူးတွေရှိပေမဲ့ ရှောင်ဒိုင်ချီးတို့ ပေးဂိုးတွေနဲ့ ရင်ဆိုင်နေရပါတယ်။

အိုလီဗာဂလက်စ်နာဟာ ပရီးမီးယားလိဒ် နိုင်ပွဲမရထားပေမဲ့ (၃)ပွဲဆက် သရေမှာ ချဲလ်ဆီး၊ မန်ယူတို့ကို သရေခံကစားထားကာ ခြေစွမ်းပြကစားနိုင်သလို ပြိုင်ပွဲစုံ (၅)ပွဲဆက် ရှုံးပွဲမရှိဖြတ်သန်းထားတဲ့ လင်းယုန်တွေဟာ ရှောင်ဒိုင်ချီ အိမ်ကွင်းနောက်ဆုံး (၁၀)ပွဲဆက်အထိ နိုင်ပွဲ မရထားပါဘူး။အိုလီဗာဂလက်စ်နာဟာ ပရီးမီးယားလိဒ် နိုင်ပွဲမရထားပေမဲ့ (၃)ပွဲဆက် သရေမှာ ချဲလ်ဆီး၊ မန်ယူတို့ကို သရေခံကစားထားကာ ခြေစွမ်းပြကစားနိုင်သလို ပြိုင်ပွဲစုံ (၅)ပွဲဆက် ရှုံးပွဲမရှိဖြတ်သန်းထားတဲ့ လင်းယုန်တွေဟာ ရှောင်ဒိုင်ချီ အိမ်ကွင်းနောက်ဆုံး (၁၀)ပွဲဆက်အထိ နိုင်ပွဲ မရထားပါဘူး။

ရွေးချယ်မှု - ဂိုးအောက်

Nottingham Forest (Vs) Fulham

[မြန်မာစံတော်ချိန် ည ၀၈း၃၀ နာရီ ၊ စက်တင်ဘာ ၂၈]

ပြိုင်ပွဲစုံ ရှုံးပွဲမရှိ အနေအထားတစ်ခုကို ရောက်နေတဲ့ နော်တင်ဟမ် အသင်းဟာ ခပ်မာမာ ကစားနေပြီး အန်ဖီးလ်မှာ လီဗာပူးလ်ကို တက်အနိုင်ယူပြနိုင်ခဲ့သလို ဇင်ယော်တတပ်သားတွေကိုလည်း သရေခံကစားထားနိုင်ခဲ့တဲ့အထိ နော်တင်ဟမ်အသင်းမာကျောနေပါတယ်။

အိမ်ကွင်းပွဲတွေမှာ ခြေစွမ်းပြကစားနေပြီး ပြီးခဲ့တဲ့အပါတ်က ငှက်ကျားတွေကို ဂိုးပြတ် ခေါ်ဖုတ်ထားပေမဲ့ အဝေးကွင်းဆို ရုန်းကန်နေရတဲ့ မာကိုဆေးလ်ဗားတပ်သားတွေဟာ ရှုံးပွဲ (၁)ပွဲသာ ရှိသေးပြီး အဲ့ပွဲဟာည်း မန်ယူအိမ်ကွင်းမှာ ကပ်ရှုံးနိမ့်ထားခဲ့ပါတယ်။ အမှတ်ပေးဇယားအထက်အောက်လည်းဖြစ် ရှုံးပွဲမရှိ အသင်းတွေလည်းဖြစ်လို့ ထိန်းကစားလာမှာပါ။

ရွေးချယ်မှု - ဂိုးအောက်

Wolves (Vs) Liverpool

[မြန်မာစံတော်ချိန် ည ၁၁း၀၀ နာရီ ၊ စက်တင်ဘာ ၂၈]

တန်းတက်အသင်းတွေနဲ့ အပြိုင် နိုင်ပွဲပျောက်ဆုံးနေပြီး အမှတ်ပေးဇယားအောက်ဆုံးထိကို ရောက်နေတဲ့ ဝံပုလွေတွေရဲ့ အဆိုးရွားဆုံး ရာသီတစ်ရပ်ကို ဖြတ်သန်းနေရသလို အသင်းစိတ်ဓါတ်ပိုင်းကလည်း အောက်ဆုံးအထိ ထိုးဆင်းလို့နေပါတယ်။

နော်တင်ဟမ်ကို မထင်မှတ်ပဲ ရှုံးခဲ့တဲ့ (၁)ပွဲသာ ရှိခဲ့ပြီး ပြိုင်ပွဲ အရပ်ရပ် သရေပွဲမရှိ (၁)ပွဲ (၃)ဂိုး နှုန်းနဲ့ ဂိုးသွင်းထားတဲ့ ကြိုးကြာနီတို့ဟာ ပရီးမီးယားလိဒ်မှာ ရှုံးခဲ့တဲ့ (၁)ပွဲသာ ဂိုးပေးထားခဲ့ရတဲ့ အထိ ခံစစ်မာကျောမှုကလည်း နည်းပြသစ်လက်ထက်မှာ အတော်လေးခြေစွာနေပါတယ်။

ရွေးချယ်မှု - လီဗာပူးလ်

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *