စက်တင်ဘာ ၂၆ ပွဲကြိုသုံးသပ်ချက်

စက်တင်ဘာ (၂၆)ညမှာ ကန်မယ့် ပွဲတွေထဲက ပွဲကောင်း (၃)ပွဲဖြစ်တဲ့

  • စပါး – ကွာရာဘတ်
    [မြန်မာစံတော်ချိန် နံနက် ၀၁း၃၀ ၊ စက်တင်ဘာ ၂၇]
  • ရိုးမား – ဘီလ်ဘာအို
    [မြန်မာစံတော်ချိန် နံနက် ၀၁း၃၀ ၊ စက်တင်ဘာ ၂၇]
  • ဆဲလ်တာဗီဂိုး – တီကို
    [မြန်မာစံတော်ချိန် နံနက် ၀၁း၃၀ ၊ စက်တင်ဘာ ၂၇] တို့ရဲ့ ပွဲကြိုသုံးသပ်ချက်။

Tottenham Hotspur (Vs) Qarabag FK

[မြန်မာစံတော်ချိန် နံနက် ၀၁း၃၀ ၊ စက်တင်ဘာ ၂၇]

ဘုန်းမောက်ကို အိမ်ကွင်းမှာ ဂိုးပြတ်နိုင်ပွဲရခဲ့တဲ့ စပါးတိုက်စစ် အတော်လေးစွာခဲ့တယ် ဆိုပေမဲ့ ခံစစ်ပိုင်းအမှားများခဲ့သလို တိုက်စစ်ပိုင်းစည်းလုံးမှုအား လိုအပ်နေသေးတဲ့ တိုက်ကြက်ဖတွေ အနေနဲ့ တိုက်စစ်ကောင်းတဲ့ အသင်းတွေဆို ရင်လေးရဦးမှာပါ။

ဥရောပအတွေ့အကြုံရင့် ကွာရာဘတ်ဟာ ချန်ပီယံလိဒ် ခြေစစ်ပွဲအရေးနိမ့်ခဲ့လို့ ယူရိုပါလိဒ်မှာ ခြေစွမ်းပြကစားနိုင်ဖို့ လိုအပ်နေပြီး အဇာဘိုင်ဂျန်ကလပ်အသင်းဖြစ်ပေမဲ့ တိုက်စစ်ဂိုးသွင်းအားရှိတဲ့ အသင်းမျိုးပါ။ ပြီးခဲ့တဲ့ ယူရိုပါလိဒ်ရှုံးထွက်မှာ လေဗာကူဆင်ကို ဒုက္ခပေးခဲ့တဲ့ အသင်းလည်းဖြစ်တာမို့ လန်ဒန်တိုက်ကြက်ဖကြီးတွေ အိမ်ကွင်းမှာ ကွာရာဘတ်အသင်း ဂိုးသွင်းနိုင်မှာပါ။

ရွေးချယ်မှု - ဂိုးပေါ်

Roma (Vs) Athletic Club

[မြန်မာစံတော်ချိန် နံနက် ၀၁း၃၀ ၊ စက်တင်ဘာ ၂၇]

စီးရီးအေမှာ ရှုံးပွဲမရှိ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အူးဒီးနီးစ်ကို အိမ်ကွင်းမှာ ဂိုးပြတ်နိုင်ပွဲရအောင် ပြန်လည်စွမ်းဆောင်ထားခဲ့တဲ့ နည်းပြသစ် အိုင်ဗန်ဂျူရစ်ရဲ့ ပထမဆုံး နိုင်ပွဲလည်းဖြစ် ရိုးမားရဲ့ ဒီရာသီနိုင်ပွဲကို ရှာဖွေပေးထားနိုင်ခဲ့ပါတယ်။

ဘီလ်ဘာအိုကလည်း ဘာစီလိုနာ၊ တီကို အသင်းကြီးတွေကိုသာ ရှုံးနိမ့်ထားခဲ့တဲ့ အသင်းဖြစ်ပြီး နိုင်သင့်တဲ့ပွဲတွေကို အနိုင်ကစားထားတဲ့ ဘီလ်ဘာအိုဟာ ၂၀၁၈ နောက်ပိုင်း ဥရောပဝင်ခွင့် ပြန်ရခဲ့မှုနဲ့အတူ ခြေစွမ်းပြဖို့လိုအပ်နေပါတယ်။ ထိပ်တိုက်တွေ့ဆုံထားတဲ့ ခြေစမ်းပွဲမှာ (၂)ဂိုးစီ သရေကျထားပေမဲ့ နိုင်ပွဲနဲ့ ပြန်လာဦးမဲ့ အိမ်ရှင် ရိုးမား အသင်းကသာ ပျော်ရွှင်မှုအပြည့်ပေးမှာပါ။

ရွေးချယ်မှု - ဂိုးအောက်

Celta Vigo (Vs) Atletico Madrid

[မြန်မာစံတော်ချိန် နံနက် ၀၁း၃၀ ၊ စက်တင်ဘာ ၂၇]

အိမ်ကွင်းရာနှုုန်းပြည့်နိုင်ပွဲရနေတဲ့ ဆဲလ်တာဗီဂိုးရဲ့ တိုက်စစ်သွင်းဂိုးတွေဟာ အတော်လေး ထက်မြက်နေပြီး ဘာစီလိုနာက ခေါ်ယူထားတဲ့ အလွန်ဆိုဟာ လူစားဝင်ကစားခွင့်ရပေမဲ့ အသက်အရွယ်အရ ခြေကျလာနေပါပြီ။

ရှုံးပွဲမရှိသေးပေမဲ့ တီကိုရဲ့ အဝေးကွင်းရလဒ်ဟာ အားရစရရာအနေအထားမှာ မရှိသေးပါဘူး။ နောက်ဆုံး (၁၀)ပွဲမှာ (၉)ပွဲအထိ နိုင်ပွဲရထားတဲ့ ဗယ်လီကာနို အသင်းကို သရေကျခဲ့တဲ့ တီကို အသင်းခြေစွမ်းဟာ ယုံကြည်လို့ မရသေးတာကို ပြသနေပါတယ်။ ဆဲလ်တာနဲ့ တွေ့ဆုံမှုတိုင်းက ကံကောင်းတတ်ပေမဲ့ တိုက်စစ်ကစားပုံကောင်းလာတဲ့ အိမ်ရှင်ကြောင့် ဂိုးပေါ်ကိုသာရွေးပါမယ်။

ရွေးချယ်မှု - ဂိုးပေါ်

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *