လိုင်ယွန်ကို (၁၀)ယောက်တည်းနဲ့ အနိုင်ယူခဲ့တာက ထူးခြားတယ်လို့ ဂရင်းဝုဒ်ဆို

မာဆေးလ်အသင်းရဲ့ တိုက်စစ်ကစားသမား မေဆန် ဂရင်းဝုဒ်က လိုင်ယွန် အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲစဉ်မှာ သူတို့အသင်းဘက်က ကစားသမားထုတ်ပယ်ခံခဲ့ရပြီး (၁၀)ယောက်တည်းနဲ့ ဆက်ကစားရင်း နိုင်ပွဲပါ ရယူနိုင်ခဲ့တာက တကယ့်ကို ထူးခြားတယ်လို့ ပြောဆိုလာပါတယ်။လိုင်ယွန်လို အသင်းကို အကြိတ်အနယ် ကစားခဲ့ရပြီး နာကျင်ချိန်ပိုတွေထိ ဂိုးတွေ အပြိုင်သွင်းရင်း နိုင်ပွဲရသွားခဲ့ပါတယ်။

ဒီပွဲမှာ မာဆေးလ် နောက်ခံလူ ဘလာဒီက ပွဲကစားချိန် (၅)မိနစ်လေးမှာပဲ (၂)ဝါ (၁)နီနဲ့ စောစောစီးစီး ထုတ်ပယ်ခံလိုက်ရလို့ မာဆေးလ်တို့ (၁၀)ယောက်တည်းနဲ့ လက်ကျန်ပွဲတွေကို ဆက်ကစားရင်း ပထမပိုင်း အချိန်ပိုမှာ လိုင်ယွန်ဘက်က ပင်နယ်တီ ကန်ခွင့်ရပေမယ့် လာကာဇက်က ဂိုးဝင်အောင် မကန်သွင်းနိုင်ခဲ့ပါဘူး။

ဒုတိယပိုင်းမှာတော့ တကယ့်ကို ဒရာမာဆန်ခဲ့ရပြီး လိုင်ယွန် နဲ့မာဆေးလ်တို့က အပြန်အလှန်ဦးဆောင်ကာ လိုင်ယွန်က နာကျင် အချိန်ပို (၃)မိနစ်မှာ ချေပပြီး (၂)ဂိုးစီ သရေနဲ့ ပွဲပြီးဆုံးခါနီးမှာပဲ မာဆေးလ်က ဂျိုနသန်ရိုးရဲ့ အသည်းခွဲဂိုးနဲ့ နိုင်ပွဲရရှိသွားခဲ့ပါတယ်။

ဒီပွဲမှာ ဂရင်းဝုဒ်က ဂိုးပေါက်ပျောက်သွားခဲ့ရပေမယ့် မာဆေးလ် တိုက်စစ်ပိုင်းမှာ ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး ပွဲအပြီးမှာလည်း “ကစားသမား (၁၀)ယောက်တည်းဖြစ်သွားချိန်မှာတောင် စိတ်ဓါတ်လုံး၀ မကျသွားပဲ ကစားနိုင်ခဲ့တယ်။ ထူးခြားမှုတွေ အပြည့်နဲ့ နိုင်ပွဲက တကယ့်ကို မယုံနိုင်စရာပါပဲ။” လို့ သူ့ရဲ့ အင်စတာဂရမ်ကနေဖော်ပြသွားပါတယ်။

ဂရင်းဝုဒ်ဟာ လက်ရှိမှာ လီဂူးဝမ်း (၂)ပွဲဆက်တိုက်အထိ ဂိုးပေါက်ပျောက်ထားပေမယ့် (၅)ပွဲကစား (၅)ဂိုးသွင်းထားခဲ့ပြီး လီဂူးဝမ်းပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံး ကစားသမားစာရင်းမှာလည်း ထိပ်ဆုံးနေရာကနေ ဆက်လက် ရပ်တည်နေပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *