အိုနာနာက ဂန်းနားဂိုးသမားထက် ပိုကောင်းတယ်လို့ ချီးကျူးနေကြတဲ့ မန်ယူဖန်များ

စနေနေ့ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ ယူနိုက်တက် ဂိုးသမားအိုနာနာရဲ့ မယုံနိုင်လောက်အောင် လက်စွမ်းပြကာကွယ်ခဲ့တဲ့အပေါ် မန်ချက်စတာ ယူနိုက်တက်ပရိသတ်တွေ အံ့အားသင့် နေကြပါတယ်။ယူနိုက်တက်အသင်းဟာ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ ဂိုးသွင်းခွင့်တွေရခဲ့ပေမဲ့ ဂါနာချို လွဲချော်ခဲ့တာ၊ ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ ယူနိုက်တက်ဂိုးသမားဟောင်း ဟန်ဒါဆင် လက်စွမ်းပြခဲ့တာကြောင့် ဂိုးမရဘဲ သရေကျခဲ့ပါတယ်။

ဒုတိယပိုင်း မိနစ် ၆၀ ကျော်မှာ ခရစ္စတယ်ပဲလေ့စ်တိုက်စစ်ကစားသမား အန်ကီတီယာရဲ့ ပယ်နယ်တီဧရိယာထိပ်နားကနေ ပြင်းထန်အားပါတဲ့ ကန်ချက်ကို အိုနာနာ ကာကွယ်နိုင်ခဲ့သလို ပြန်ထွက်လာတဲ့ ဘောလုံးကို အစ္စမိုင်လာဆား ထပ်ပိတ်ခဲ့ပေမဲ့ အိုနာနာဟာ အံ့အားသင့်စရာ ကောင်းအောင်ပဲ နောက်တစ်ကြိမ် ပုတ်ထုတ်ခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ အဖိုးတန် ၃ မှတ် ဆုံးရှုံးခဲ့ရပေမဲ့ ယူနိုက်တက် ပရိသတ်တွေကတော့ အိုနာနာရဲ့ စွမ်းဆောင်ရည်အပေါ် ချီးကျူးခဲ့ကြပါတယ်။

အွန်လိုင်းမှာ ယူနိုက်တက်ပရိသတ်တွေက ‘ဒါဟာ ကမ္ဘာ့အဆင့် ဂိုးပေါက်ကာကွယ်မှုပါ’၊ ‘အိုနာနာရဲ့ Double Save က ဒေးဗစ်ရိုင်ယာထက် ပိုကောင်းပါတယ်’၊ ‘ ရာယာဆိုတာ ဘယ်သူလဲ မသိဘူး . . .အိုနာနာရဲ့ Double Save ကမှ တကယ့်ဂန္ထဝင် ဂိုးပေါက်ကာကွယ်မှုပဲ’လို့ ရေးသားခဲ့ပါတယ်။

အာဆင်နယ်ဂိုးသမား ဒေးဗစ် ရာယာဟာ အတ္တလန်တာနဲ့ချန်ပီယံလိဂ်ပွဲတုန်းက ပြိုင်ဘက်တိုက်စစ်ကစားသား ရီတယ်ဂီရဲ့ ပယ်နယ်တီကို ပုတ်ထုတ်ခဲ့သလို နောက်တစ်ကြိမ် ခေါင်းတိုက်ပိတ်သွင်းချက်ကိုလည်း ကာကွယ်ခဲ့ပြီး အခု ယူနိုက်တက်ပရိသတ်တွေက အိုနာနာ ကာကွယ်မှုဟာ ဒေးဗစ် ရာယာထက် ပိုကောင်းတယ်လို့ ချီးကျူးခဲ့တာဖြစ်ပါတယ်။


by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *