စက်တင်ဘာ ၂၃ ပွဲကြိုသုံးသပ်ချက်

ဒီနေ့ညမှာကန်မယ့် ပွဲစဉ်တွေထဲကမှ ပွဲကောင်း (၂) ပွဲဖြစ်တဲ့

  • Real Betis (Vs) Mallorca
    [မြန်မာစံတော်ချိန် နံနက် ၀၁း၃၀ ၊ စက်တင်ဘာ ၂၄]
  • Atalanta (Vs) Como
    [မြန်မာစံတော်ချိန် နံနက် ၀၁း၁၅ ၊ စက်တင်ဘာ ၂၄]

တို့ရဲ့ ပွဲကြိုသုံးသပ်ချက်။

Real Betis (Vs) Mallorca

[မြန်မာစံတော်ချိန် နံနက် ၀၁း၃၀ ၊ စက်တင်ဘာ ၂၄]

(၂)ပွဲဆက် အနိုင်ကြောင့် ဘက်တစ်တို့ နေရာတစ်ခုထိ ပြန်ရောက်လာသလို ရမှတ်တူ အပေါ်အောက် (၂)သင်းးတွေ့ဆုံမှုမှာ အိမ်ကွင်းမာကျောတဲ့ ဘက်တစ်တို့ ကွန့်ဖရန့်လိဒ်ပွဲတေတွ မလာခင် နိုင်ပွဲယူထားမှာပါ။

တစ်ပွဲနိုင်၊တစ်ပွဲရှုံးဖြစ်နေပြီး ရလဒ်ပိုင်း မတည်ငြိမ်သလိုဖြစ်နေတဲ့ မာလော့ကာရဲ့ အဝေးကွင်းစွမ်းဆောင်ရည်ဟာ ညံ့ဖျင်းပြီး ဘက်တစ်နဲ့ ထိပ်တိုက်တွေ့ဆုံထားတဲ့ နောက်ဆုံး (၁၀)ပွဲလုံးမနိုင်ထားတဲ့ မာလော့ကာဟာ (၃)ပွဲသရေကျထားပြီး (၇)ပွဲအထိ ရှုံးနိမ့်ထားပါတယ်။ အိမ်ကွင်းနိုင်ပွဲဆက်ဦးမဲ့ ဘက်တစ် ဘော်ဒီကို ရွေးချယ်မယ်။

ရွေးချယ်မှု – ဘက်တစ်

Atalanta (Vs) Como

[မြန်မာစံတော်ချိန် နံနက် ၀၁း၁၅ ၊ စက်တင်ဘာ ၂၄]

တိုရီနို၊ အင်တာတို့ အရှုံးက ပုံစံကောင်းပြန်ယူနေတဲ့ အတ္တလန်တာဟာ ဖီအိုရင်တီးနားကို အနိုင်ယူပြီး ကြားရက်မှာ ကစားထားခဲ့တဲ့ ချန်ပီယံလိဒ် အာဆင်နယ်အသင်းကို ပင်နယ်တီ လွဲချော်သွားခဲ့လို့သာ သရေတစ်မှတ်နဲ့ ကျေနပ်ထားခဲ့ရတာပါ။

တန်းတက်ကိုမိုဟာ လက်ရှိချိန်ထိ နိုင်ပွဲမရထားသေးတာ အားငယ်စရာတော့မရှိပါဘူး။ ရိုးမား၊ ဖီအိုရင်တီးနား၊ ဘိုလော့ဂ်နာ အသင်းတို့လည်း နိုင်ပွဲမရထားသေးတာမို့ အာရုံစိုက်ကစားဖို့သာ လိုပေမဲ့ အတ္တလန်တာ အိမ်ကွင်းမှာတော့ မဖြစ်နိုင်သေးတဲ့ ကိုမိုကို ဂိုးပြတ်နိုင်ဖို့ မခက်တဲ့ အိမ်ရှင်အသင်းနဲ့သာ ရပ်တည်မယ်။

ရွေးချယ်မှု – အတ္တလန်တာ

Comments

Leave a Reply

Your email address will not be published. Required fields are marked *