စက်တင်ဘာ ၂၁ ပွဲကြိုသုံးသပ်ချက်

စက်တင်ဘာ ၂၁ ပွဲကြိုသုံးသပ်ချက်

ဒီနေ့ညမှာကန်မယ့် ပရီးမီးယားလိဂ်ပွဲ ကောင်း (၈) ပွဲဖြစ်တဲ့

  • West Ham United [Vs] Chelsea
    [မြန်မာစံတော်ချိန် ညနေ ၀၆း၀၀ ၊ စက်တင်ဘာ ၂၁]
  • Aston Villa [Vs] Wolvese
    [မြန်မာစံတော်ချိန် ည ၀၈း၃၀ ၊ စက်တင်ဘာ ၂၁]
  • Fulham [Vs] Newcastle United
    [မြန်မာစံတော်ချိန် ည ၀၈း၃၀ ၊ စက်တင်ဘာ ၂၁]
  • Leicester City [Vs] Everton
    [မြန်မာစံတော်ချိန် ည ၀၈း၃၀ ၊ စက်တင်ဘာ ၂၁]
  • Liverpool [Vs] Bournemouth
    [မြန်မာစံတော်ချိန် ည ၀၈း၃၀ ၊ စက်တင်ဘာ ၂၁]
  • Southampton [Vs] Ipswich Town
    [မြန်မာစံတော်ချိန် ည ၀၈း၃၀ ၊ စက်တင်ဘာ ၂၁]
  • Tottenham Hotspur [Vs] Brentford
    [မြန်မာစံတော်ချိန် ည ၀၈း၃၀ ၊ စက်တင်ဘာ ၂၁]
  • Crystal Palace [Vs] Manchester United
    [မြန်မာစံတော်ချိန် ည ၁၁း၀၀ ၊ စက်တင်ဘာ ၂၁] တို့ရဲ့ ပွဲကြိုသုံးသပ်ချက်။

West Ham United [Vs] Chelsea

[မြန်မာစံတော်ချိန် ညနေ ၀၆း၀၀ ၊ စက်တင်ဘာ ၂၁]

အိမ်ကွင်း (၂)ပွဲဆက် ရှုံးပွဲတွေံထားတဲ့ ဝက်ဟမ်းဟာ ဗီလာ၊မန်စီးတီး အသင်းတွေနဲ့ ကစားထားခဲ့ရလို့ဖြစ်ပြီး အိမ်ကွင်းမှာ အသင်းကြီးတွေကို ဆက်တိုက်ဧည့်ခံ ကစားနေရလို့ အိမ်ကွင်းနိုင်ပွဲပျောက်ဆုံးနေတဲ့ ဟမ်းမားတွေ နိုင်ပွဲ ရဖို့ ရုန်းကန်လာမှာပါ။

နည်းပြသစ် အန်ဇိုလက်ထက်မှာလည်း ပြိုင်ပွဲစုံ ရလဒ်ပေါင်းစုံထွက်နေမြဲဖြစ်ပြီး ဒဏ်ရာရ ကစားသမားများလာတဲ့ ချဲလ်ဆီးဟာ ခံစစ်ကို အာရုံစိုက်ကစားလာတာမို့ ပြိုင်ပွဲစုံ နောက်ဆုံး (၃)ပွဲ မှာ တိုက်စစ် (၁)ဂိုးနှုန်းသာ ဂိုးသွင်းထားပါတယ်။ ဟမ်းမားတွေ အိမ်ကွင်းမှာ ရုန်းကန်ရနိုင်တာ မှန်ပေမဲ့ သရေ (၇၀) ရှုံးပေးထားတဲ့ ခြင်္သေ့ပြာနဲ့သာ ရပ်တည်သွားမယ်။

ရွေးချယ်မှု - ချဲလ်ဆီး

Aston Villa [Vs] Wolves

[မြန်မာစံတော်ချိန် ည ၀၈း၃၀ ၊ စက်တင်ဘာ ၂၁]

အာဆင်နယ်တစ်သင်းကိုသာ ရှုံးနိမ့်ထားခဲ့တဲ့ ဗီလာရဲ့ ခြေစွမ်း အတက်ဘက်ကို ရောက်နေပြီး နိုင်ပွဲတွေဆက်နေသလို ကြားရက်မှာ ချန်ပီယံလိဒ်ကစားထားရလို့ ပွဲပန်းနိုင်ပေမဲ့ ဗီလာပါ့ခ်မှာတော့ အင်ပြည့်အားးပြည့်ရုန်းကန်ဦးမှာပါ။

ဂရေအိုနေးတို့ ပရီးမီးယားလိဒ် နိုင်ပွဲမရသေးသလို ကြားရက်မှာ ဘရိုက်တန်နဲ့ ကာရာဘောင်းဖလားကစားထားရပြီး ရှုံးပွဲတွေ့ခဲ့လို့ ဝံပုလွေတပ်သားတွေ အာဆင်နယ်အသင်းကို ဂိုးမသွင်းနိုင်ခဲ့တာကလွဲရင် ပွဲတိုင်းဂိုးတွေ သွင်းပြနေပေမဲ့ ပလိုင်းးပေါက်နဲ့ ဖားကောက်နေရတဲ့ ခံစစ်မှာ အူနိုင်းအမ်မရီ တပ်သားတွေကိုလည်း ဂိုးသွင်းခွင့်ပြုရမှာပါ။ လက်ရှိခြေစွမ်းအရ ဗီလာပါ့ခ်မှာ ဂိုးမိုးရွာသွန်းရန် ၈၀% ထိ ရှိနေပါတယ်။

ရွေးချယ်မှု - ဂိုးပေါ်

Fulham [Vs] Newcastle United

[မြန်မာစံတော်ချိန် ည ၀၈း၃၀ ၊ စက်တင်ဘာ ၂၁]

ပြိုင်ပွဲစုံ (၃)ပွဲဆက် (၁-၁) ရလဒ်တွေချည်း ကစားထားတဲ့ ဖူလ်ဟမ်ဟာ ကြားရက် ကာရာဘောင်ဖလား ပရစ်တန်လို ခြေညံ့အသင်းကိုတောင် နောက်ကလိုက်ကစားထားခဲ့ရပြီး ပင်နယ်တီအဆုံးအဖြတ်မှာ ဂိုးသမားထိ သရေကျထားခဲ့လို့ နှစ်ကော့ပြန် ပင်နယ်တီကန်သွင်းမှု မှာ အရေးနိမ့်ခဲ့ပါတယ်။

ရှုံးပွဲမရှိ ငှက်ကျားတွေဟာ အမှတ်ပေးဇယား အဆင့် (၃)နေရာမှာ ရပ်တည်နေပြီး တည်ငြိမ်မှု စွမ်းရည်ကို ပြသထားပေမဲ့ ဂိုးပေးနေရတဲ့ ခံစစ်ပိုင်းကိုတော့ ပြင်ဆင်ဖို့လိုအပ်နေသလို တိုက်စစ်မှူးတွေ ဒဏ်ရာရလာပါတယ်။ နောက်ဆုံးတွေ့ဆုံထားတဲ့ (၁၀)ပွဲမှာလည်း (၁)ပွဲသာ ရှုံးနိမ့်ထားပြီး (၉)ပွဲဆက် မရှုံးနိမ့်ခဲ့တဲ့အပြင် အဲ့ (၉)ပွဲမှာ (၂)ဂိုးသာ ခွင့်ပြုပေးခဲ့ရတဲ့ မာကိုဆေးလ်ဗားတပ်သားတွေကို ငှက်ကျားတွေက အမဲဆက်လိုက်နိုင်ပါတယ်။

ရွေးချယ်မှု - ဂိုးအောက်

Leicester City [Vs] Everton

[မြန်မာစံတော်ချိန် ည ၀၈း၃၀ ၊ စက်တင်ဘာ ၂၁]

မြေခွေးတပ်သားတွေ ဂိုးတွေသွင်းပြနိုင်သလောက် ပလိုင်းပေါက်နဲ့ ဖားကောက်နေရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပြီး တိုက်စစ်မှာ အသက်အရွယ်နဲ့ မလိုက် ရုန်းကန်ပေးနေတဲ့ ဂျိမ်းမာဒီရဲ့ သွင်းဂိုးတွေဟာ သဲထဲရေသွန်ဖြစ်ကာ နိုင်ပွဲတွေပျောက်ဆုံးနေပါတယ်။

ပရီးမီးယားလိဒ်မှာ (၄)ပွဲဆက် အရှုံးနဲ့ ဇယားအောက်ဆုံးး ရောက်နေသလို ခံစစ်မှူးတွေ ဒဏ်ရာ ပြဿနာနဲ့ ရင်ဆိုင်နေရတယ် ကာရာဘောင်းဖလားကလည်း ရှုံးနိမ့်ခဲ့ပြီဖြစ်လို့ ရှောင်ဒိုင်ချီးတပ်သားတွေအနေနဲ့ အမှားတွေပြင်ဆင်ဖို့ လိုအပ်နေပါပြီ။

ရွေးချယ်မှု - လက်စတာစီးတီး

Liverpool [Vs] Bournemouth

[မြန်မာစံတော်ချိန် ည ၀၈း၃၀ ၊ စက်တင်ဘာ ၂၁]

ကြားရက် အေစီနဲ့ ချန်ပီယံလိဒ်ကစားထားမှုမှာ ခံစစ်မှူးတွေခြေစွမ်းပြ ဂိုးတွေသွင်းပြထားနိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဒ် အိမ်ကွင်းရှုံးပွဲတွေ့ထားခဲ့တဲ့ ကြိုးကြာနီတို့ အန်ဖီးလ်မှာ အကောင်းဆုံး ဖျော်ဖြေနိုင်ဖို့အတွက် ပြင်ဆင်လာမှာပါ။

ပြီးခဲ့တဲ့ အပတ်က ချဲလ်ဆီးကို ဧည့်ခံကစားထားခဲ့မှုမှာ ပင်နယ်တီလွဲချော်ခဲ့တဲ့ ဘုန်းမောက် ဟာ နောက်ကျဂိုးခွင့်ပြုပေးခဲ့ရလို့ ပထမဆုံး ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ချယ်ရီတွေအနေနဲ့ အန်ဖီးလ်မှာ သွားကစားရမှာဖြစ်လို့ အစဉ်အလာကောင်းမထားခဲ့ပါဘူး။ နော်တင်ဟမ် အရှုံးက ပြန်ရုန်းထလာမဲ့ ကြိားကြာနီတို့ ဂိုးပြတ်ပြန်နိုင်မယ့်ပွဲပါ။

ရွေးချယ်မှု - လီဗာပူးလ်

Southampton [Vs] Ipswich Town

[မြန်မာစံတော်ချိန် ည ၀၈း၃၀ ၊ စက်တင်ဘာ ၂၁]

ပရီးမီးယားလိဒ်မှာ ရဂိုး (၁)ဂိုးသာ စျေးဦးပေါက်သေးပြီး နိုင်ပွဲမရသေးကာ တန်းဆင်းဇုန်ထဲ ရောက်နေတဲ့ (၂)သင်း ကာရာဘောင်းဖလား အားပြိုင်မှုမှာ မိနစ် (၉၀)အတွင်း အဲဗာတန်အသင်းကို သရေကစားနိုင်ခဲ့ပြီး ပင်နယ်တီမှာ ဆောက်သမ်တန်တို့ အနိုင်ရရှိထားခဲ့ပါတယ်။

တန်းတက် (၂)သင်းအားပြိုင်မှုကို မြင်တွေ့ရမှာဖြစ်ပြီး အစ်ဆွစ်ဟာ လီဗာပူးလ်၊ မန်စီးတီးတို့လို ဒိတ်ဒိတ်ကြဲ အသင်းကြီးတွေကိုသာ ရာသီဖွင့် (၂)ပွဲဆက် ရှုံးနိမ့်ခဲ့ပေမဲ့ ဖူလ်ဟမ်၊ ဘရိုက်တန် အသင်းတွေကို သရေကစားထားနိုင်ခဲ့ပါတယ်။

ရွေးချယ်မှု - ဂိုးအောက်

Tottenham Hotspur [Vs] Brentford

Crystal Palace [Vs] Manchester United

[မြန်မာစံတော်ချိန် ည ၁၁း၀၀ ၊ စက်တင်ဘာ ၂၁]

လင်းယုန်တွေလက်ရှိ ချိန်အထိ ပရီးမီးယားလိဒ် နိုင်ပွဲမရထားပေမဲ့ ချဲလ်ဆီးကိုသရေကစားနိုင်ခဲ့သလို ကြားရက် ကာရာဘောင်းဖလားမှာ QPR အသင်းကို အနိုင်ကစားထားနိုင်ခဲ့တဲ့ ပဲလေ့စ်တိုက်စစ် ပြိုင်ပွဲစုံ (၄)ပွဲဆက် ဂိုးမြူးနေပါတယ်။

လူပိုကြီးတစ်ယောက်လို့ ပြောခဲ့တဲ့ပွဲမှာတည်းက ရက်ဖို့ဒ်တို့ ဂိုးတွေနဲ့ပြန်လာနေသလို တစ်ပတ်အတွင်းမှာပဲ (၃)ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးနေတဲ့ ဂါနာချိုကလည်း ဂိုးဖန်တီးမှုနဲ့အတူ (၃)ဂိုးသွင်းထားတဲ့ သရဲနီတို့ နောက်ဆုံး (၂)ပွဲမှာ ပေးဂိုးမရှိ (၁၀)ဂိုးအထိ ဂိုးသွင်းထားပါတယ်။ဒါပေမဲ့ ပဲလေ့အိမ်ကွင်းကစားထားတဲ့ နောက်ဆုံး (၄)ပွဲမှာ (၂)ပွဲရှုံး၊ (၂)ပွဲသရေကျထားတာမို့ အိုလီဗာဂလက်စ်နာ ရဲ့ လင်းယုန်တွေ အိမ်ကွင်းမှာ ဒူးမထောက်ရနိုင်ပါဘူး။

ရွေးချယ်မှု - ဂိုးအောက်

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *