စက်တင်ဘာ ၁၈ ပွဲကြိုသုံးသပ်ချက်

ယနေ့ညမှာ ကန်မယ့် ချန်ပီယံလိဒ်ပွဲစဉ်ထဲက

  • Bologna [Vs] Shakhtar Donetsk
    [မြန်မာစံတော်ချိန် ည ၁၁း၁၅၊ စက်တင်ဘာလ ၁၈]
  • Sparta Prague [Vs] RB Salzburg
    [မြန်မာစံတော်ချိန် ည ၁၁း၁၅၊ စက်တင်ဘာလ ၁၈]
  • Celtic [Vs] Slovan Bratislava
    [မြန်မာစံတော်ချိန် ည ၀၁း၃၀၊ စက်တင်ဘာလ ၁၉]
  • Club Brugge [Vs] Borussia Dortmund
    [မြန်မာစံတော်ချိန် ည ၀၁း၃၀၊ စက်တင်ဘာလ ၁၉]
  • Manchester City [Vs] Inter Milan
    [မြန်မာစံတော်ချိန် ည ၀၁း၃၀၊ စက်တင်ဘာလ ၁၉]
  • PSG [Vs] Girona
    [မြန်မာစံတော်ချိန် ည ၀၁း၃၀၊ စက်တင်ဘာလ ၁၉] တို့ရဲ့ ပွဲကြိုသုံးသပ်ချက်။

Bologna [Vs] Shakhtar Donetsk

[မြန်မာစံတော်ချိန် ည ၁၁း၁၅၊ စက်တင်ဘာလ ၁၈]

ဘိုလော့ဂ်နာ တို့လက်ရှိအချိန်အထိ ရုန်းကန်နေရပြီး စီးရီးအေမှာ နိုင်ပွဲ မရထားသေးသလို ခံစစ်လည်း အတော်လေး ညံ့ဖျင်းလွန်းနေပါတယ်။ ချန်ပီယံလိဒ်မှာ ရုန်းကန်ရနိုင်ပေမဲ့ ဝင်ကစားခွင့် ရယူထားနိုင်ခဲ့တဲ့ ဘိုလော့ဂ်နာတို့ ချန်ပီယံလိဒ်ဖလားကိုလည်း တစ်ကြိမ်တစ်ခါမှ မကစားဖူးထားလို့ စိတ်လှုပ်ရှားနေမှာပါ။

ယူကရိန်း ပရီးမီးယားလိဒ်ဖလားကို (၃)နှစ်ဆက် ချန်ပီယံ ရှက်တာဒိုးနက်ဟာ လက်ရှိ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ (၂)သင်းကို ရှုံးပွဲတွေ့ထားပေမဲ့ ဥရောပအတွေ့အကြုံရှိတဲ့ ဧည့်သည်အသင်းရဲ့ ဂိုးသွင်းခြေကလည်း ထက်မြက်နေတာဖြစ်လို့ ဂိုးအောက် ကိုသာ ရွေးချယ်မယ်

ရွေးချယ်မှု - ဂိုးအောက်

Sparta Prague [Vs] RB Salzburg

[မြန်မာစံတော်ချိန် ည ၁၁း၁၅၊ စက်တင်ဘာလ ၁၈]

ပြီးခဲ့တဲ့ရာသီ ယူရိုပါလိဒ်ရှုံးထွက်အဆင့် လီဗာပူးလ်အသင်းကို ရှုံးနိမ့်ပြီးနောက် ရှုံးပွဲမရှိ ကစားထားနိုင်တဲ့ စပါတာပရာဂေးရဲ့ ခြေစွမ်းဟာ အားရစရာကောင်းနေပြီး ပြိုင်ပွဲစုံ နောက်ဆုံး (၇)ပွဲဆက် (၁)ပွဲ (၂)ဂိုး နှုန်းနဲ့ ဂိုးသွင်းထားပါတယ်။

(၂)ပတ်ကျော်နားခွင့်ရထားခဲ့တဲ့ (၂)သင်းမှာ နိုင်ငံတကာပွဲမတိုင်ခင် (၂)ပွဲဆက် နိုင်ပွဲပျောက်ဆုံးထားပြီး ခံစစ်ညံ့ဖျင်းခဲ့ပါတယ်။အတက်အကျကြမ်းနေတဲ့ ဆဲလ်ဘတ်အသင်းဟာ စပါတာပရာဂေး အိမ်ကွင်းမှာလည်း နိုင်ပွဲမရထားပါဘူး။ပွဲကြပ်တွေကစားရဖို့ရှိတဲ့ အိမ်ရှင်တို့ အခုပွဲမှာ သေချာပေါက် အနိုင်ယူထားမှာပါ။

ရွေးချယ်မှု - စပါတာပရာဂေး

Celtic [Vs] Slovan Bratislava

[မြန်မာစံတော်ချိန် နံနက် ၀၁း၃၀၊ စက်တင်ဘာလ ၁၉]

ရာနှုန်းပြည့်နိုင်ပွဲဆက်နေတဲ့ ဆဲလ်တစ်ဟာ ပြည်တွင်းလိဒ်ပေးဂိုးမရှိကစားကာ ပုံစံကောင်းဆက်လက်ထိန်းသိမ်းထားနိုင်ပြီး ခြေစမ်းပွဲတွေမှာ မန်စီးတီး၊ ချဲလ်ဆီးအသင်းတွေကို နိုင်ပွဲရယူထားပါတယ်။

ဆလိုဗန်အသင်း နိုင်ပွဲတွေရနေပေမဲ့ တိုက်စစ်နဲ့ အပြိုင် ဂိုးပေးနေရသလိုခြေစစ်ပွဲတွေ ကျော်ဖြတ်ပြီး အုပ်စုအဆင့်ကို ရောက်ရှိခဲ့တဲ့ ဆလိုဗန်ပုံစံသစ်နဲ့ ချန်ပီယံလိဒ်ကို ကစားခွင့် ရခဲ့ပေမဲ့ ဆဲလ်တစ်နဲ့ တွေ့ဆုံမှု (၂)ပွဲစလုံး (၁-၀) ရလဒ်တွေနဲ့ ရှုံးနိမ့်ထားပါတယ်။

ရွေးချယ်မှု - ဆဲလ်တစ်

Club Brugge [Vs] Borussia Dortmund

[မြန်မာစံတော်ချိန် နံနက် ၀၁း၃၀၊ စက်တင်ဘာလ ၁၉]

ရာသီစ (၃)ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့ပေမဲ့ လက်ရှိမှာလမ်းကြောင်းမှန်ပေါ်ရောက်နေပြီး (၄)ပွဲဆက် အနိုင်ကစားနိုင်ခဲ့တဲ့ထဲမှာ (၃)ပွဲဆက် clean sheet ယူပြထားတဲ့ ဘရုဂေးအသင်းတိုက်စစ်ပိုင်း ဂိုးသွင်းခြေမြင့်တက်လာပါတယ်။

တိုက်စစ်ထက်မြက်လာတဲ့ ဟီဒန်ဟိမ်းအသင်းကို အိမ်ကွင်းမှာ ခက်ခက်ခဲခဲ ကစားခဲ့ရပေမဲ့ ဂိုးပြတ်နိုင်ပွဲယူထားနိုင်ခဲ့တဲ့ ဒေါ့မွန်အသင်းရဲ့ အဝေးကွင်းခြေစွမ်းဟာ အားကိုးရတဲ့အခြေအနေမှာ မရှိသေးပါဘူး။အသင်းကြီးတွေနဲ့ တွေ့ဆုံကစားရတဲ့ ပွဲတွေဆို ခံစစ်ပိုင်းအသားပေးကစားလေ့ ရှိတာမို့ ဘော်ဒီထက် ဂိုးအောက်ကို ပိုအကြိုက်တွေ့မိပါတယ်။

ရွေးချယ်မှု - ဂိုးအောက်

Manchester City [Vs] Inter Milan

[မြန်မာစံတော်ချိန် နံနက် ၀၁း၃၀၊ စက်တင်ဘာလ ၁၉]

ဂွာဒီယိုလာရဲ့ ကြွေးကျော်ထားခဲ့မှုဟာ နိုင်ငံတစ်ကာပွဲအပြီး ပထမဆုံးအိမ်ကွင်းပွဲဟာ ကပ်နိုင်ရုံအဆင့်သာရှိခဲ့ပြီး တိုက်စစ်မှာ (၂)ဂိုးနှုန်း ဂိုးသွင်းနေတဲ့ ဟာလန်းဟာ အသင်းကြီးတွေနဲ့ ကြောင်ပျောက်တတ်မှုကို အဆုံးသတ်ပြမလားကြည့်ရမယ်။

စီးရီးအေ အဝေးကွင်း (၂)ပွဲဆက် သရေကျထားတဲ့ အင်တာဟာ ၂၀၂၃ ချန်ပီယံလိဒ် ဗိုလ်လုပွဲ တွေံဆုံထားမှုမှာ ရှုံးနိမ့်ထားခဲ့သလို ဥရောပအဝေးကွင်းပွဲတွေမှာလည်း ရုန်းကန်ရလေ့ ရှိပါတယ်။မန်စီးတီးအသင်းကလည်း ချန်ပီယံလိဒ်အိမ်ကွင်းပွဲတွေမှာ ရှုံးပွဲမရှိကစားနိုင်ပေမဲ့ တိုက်စစ်အသင်းတွေနဲ့ ဂိုးပြတ်နိုင်လေ့မရှိပါဘူး။အီတီဟက်မှာ ဟာလန်းတို့ရဲ့ (၂)ဂိုးပြတ်မျှော်တာထက် ဧည့်သည်အင်တာကို အားပေးမယ်။

ရွေးချယ်မှု - အာတာမီလန်

PSG [Vs] Girona

[မြန်မာစံတော်ချိန် နံနက် ၀၁း၃၀၊ စက်တင်ဘာလ ၁၉]

ပီအက်စ်ဂျီတို့ ကွင်းမရွေး ဂိုးတွေသွင်းနေပြီး အကောင်းဆုံးပုံစံနဲ့ ရှေ့ဆက်နေသလို ချန်ပီယံလိဒ်မှာ အာဆင်နယ်၊ ဘိုင်ယန်အိမ်ကွင်းမှာ သွားကစားရမှာဖြစ်ပြီး တီကို အသင်းကို ဧည့်ခံကစားရမဲ့ ပီအက်စ်ဂျီတို့ ခြေစွမ်းထွက် (၃)သင်းကိုသာ ရင်ဆိုင်ရမှာပါ။

ဂျီရိုနာဟာ ပြီးခဲ့တဲ့ ရာသီက ခြေစွမ်းပြကစားသမားတွေ ပြောင်းရွှေ့သွားလို့ လက်ရှိခြေစွမ်းဟာ အသင်းကြီးတွေကို ခံကစားနိုင်စွမ်းမရှိတော့သလို ခံစစ်ပိုင်းညံ့ဖျင်းနေပြီး တိုက်စစ်လည်း အားမကိုးရတော့ပါဘူး။ အိမ်ကွင်းမှာ ဂိုးပြတ်နိုင်ပွဲနဲ့ ပျော်ရွှင်မှု အပြည့်ပေးမဲ့ ပီအက်စ်ဂျီ တို့နိုင်ပွဲဆက်ဦးမယ်ထင်ပါတယ်။

ရွေးချယ်မှု - ပီအက်စ်ဂျီ

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *