
ယနေ့ညမှာကန်မယ့် ပွဲစဉ်ကောင်းများဖြစ်တဲ့
- ⚽️Tottenham Hotspur Vs Arsenal
[မြန်မာစံတော်ချိန် ည ၀၇း၃၀ နာရီ၊ စက်တင်ဘာ ၁၅] - ⚽️Wolves Vs Newcastle United
[မြန်မာစံတော်ချိန် ည ၁၀း၀၀ နာရီ၊ စက်တင်ဘာ ၁၅] - ⚽️Girona Vs Barcelona
[မြန်မာစံတော်ချိန် ည ၀၈း၄၅ နာရီ၊ စက်တင်ဘာ ၁၅] - ⚽️Las Palmas Vs Athletic Club
[မြန်မာစံတော်ချိန် ည ၁၁း၀၀ နာရီ၊ စက်တင်ဘာ ၁၅] - ⚽️Atletico Madrid Vs Valencia
[မြန်မာစံတော်ချိန် နံနက် ၀၁း၃၀ နာရီ၊ စက်တင်ဘာ ၁၆]
တို့ရဲ့ ပွဲကြိုသုံးသပ်ချက်။
Tottenham Hotspur Vs Arsenal
[မြန်မာစံတော်ချိန် ည ၀၇း၃၀ နာရီ၊ စက်တင်ဘာ ၁၅]

စူပါဆန်းဒေးရဲ့ လန်ဒန်ဒါဘီ တွေ့ဆုံမှုအဖြစ် စပါး၊အာဆင်နယ်တို့ အားပြိုင်မှုကို ကြည့်ရမှာဖြစ်ပြီး အိမ်ကွင်းမာကျောမှုရှိတဲ့ စပါးအသင်းဟာ အသင်းကြီးတွေနဲ့ဆို အိမ်ကွင်းကစားပုံကောင်းပြီး အမြဲဒုက္ခပေးလေ့ရှိပါတယ်။
(၃)ပွဲမြောက်ကစားအပြီးမှာ ဆင်ပျံကြီးအသင်း အမ်းမရိတ်ကွင်းမှာပဲ သရေကျထားခဲ့သလို ပထမဆုံးပေးဂိုးကိုလည်း ခွင့်ပြုပေးခဲ့ရကာ ဇင်ယော်ရဲ့ ဟန့်တားခြင်းကို ခံခဲ့ရပါတယ်။ (၂)သင်းလုံးကြားရက်မှာ ဖလားပွဲတွေကန်ဖို့ ရှိပေမဲ့ ရန်ငြိုးရန်စရှိတာမို့ အင်ပြည့်အားပြည့် ပေါက်ကွဲလာမှာပါ။ဒီနေ့ညရဲ့ လန်ဒန်ဒါဘီ အားပြိုင်မှုမှာ (၂)ဖက်သွင်းဂိုးတွေကို ရေတွက်ရမှာပါ။
ရွေးချယ်မှု – ဂိုးပေါ်
Wolves Vs Newcastle United
[မြန်မာစံတော်ချိန် ည ၁၀း၀၀ နာရီ၊ စက်တင်ဘာ ၁၅]

အာဆင်နယ်၊ချဲလ်ဆီး အသင်းတို့ကို မရှုမလှဂိုးပြတ် ရှုံးနိမ့်ခဲ့တာမို့ ခံစစ်ကို ဂရုစိုက်ကစားလာပြီး ပြိုင်ပွဲစုံနောက်ဆုံး (၂)ပွဲမှာ ဖလားပွဲဖြစ်တဲ့ ဘန်လေကို အနိုင်ကစားပြီး နော်တင်ဟမ် ကွင်းမှာ သရေကစားနိုင်ခဲ့တဲ့ ဝုဗ်တို့ နိုင်ပွဲပျောက်ဆုံးထားပါတယ်။
ငှက်ကျားတွေ တစ်သိုက်ကလည်း အားယူမယ်ကြံလိုက် ဒဏ်ရာပြသနာတွေနဲ့ ရင်ဆိုင်လိုက်ဖြစ်နေပြီး ကစားကွက်တည်လို့မရသေးသလို ရှုံးပွဲမရှိကစားထားပေမဲ့ အားရစရာခြေစွမ်းမျိုး မတွေ့ရသေးပါဘူး။ငှက်ကျားတွေဟာ ဝံပုလွေတပ်သားတွေ အသိုက်ကိုလည်း နောက်ဆုံး (၆)ပွဲဆက်အထိ မဖြိုနိုင်ခဲ့ပါဘူး။နိုင်ပွဲမရသေးတာမို့ အကောင်းဆုံးပုံစံနဲ့ လျှောက်လှမ်းလာတဲ့ ဝံပုလွေတပ်သားတွေနဲ့ဆို အရှုံးမရှိနိုင်ပါဘူး။
ရွေးချယ်မှု – ဂိုးအောက်
Girona Vs Barcelona
[မြန်မာစံတော်ချိန် ည ၀၈း၄၅ နာရီ၊ စက်တင်ဘာ ၁၅]

ပြီးခဲ့တဲ့ ရာသီကလောက် မကောင်းတော့တဲ့ ဂျီရိုနာဟာ ရာသီဖွင့် (၂)ပွဲဆက် မနိုင်ခဲ့ပေမဲ့ အိုဆာဆူနာ၊ ဆီဗီးလားတို့ကို ပေးဂိုးမရှိ ဂိုးပြတ်နိုင်ပွဲရထားခဲ့သလို ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာနဲ့ တွေ့ဆုံမှု (၂)ကျော့လုံး (၄-၂) ရလဒ်တွေ စွမ်းဆောင်ထားခဲ့ပါတယ်။
နည်းပြဟန်ဆီဖလစ်လက်ထက် ရာနှုန်းပြည့် နိုင်ပွဲရနေတဲ့ တစ်သင်းတည်းသော ဘာစီလိုနာဟာ တာထွက်ကောင်းနေပြီး (၄)မှတ်ဖြတ်ဦးဆောင်နေပါတယ်။ မနှစ်က နိုင်ပွဲမရခဲ့တဲ့ ရှုံးကြွေးကို ပြန်ဆပ်ဖို့ရှိပြီး လူစုံတက်စုံ ဂိုးသွင်းနေတဲ့ ဘာစီလိုနာတိုက်စစ် နိုင်ပွဲရသွင်းဂိုးတွေ ရှာဖွေလာမှာပါ။
ရွေးချယ်မှု – ဂျီရိုနာ
Las Palmas Vs Athletic Club
[မြန်မာစံတော်ချိန် ည ၁၁း၀၀ နာရီ၊ စက်တင်ဘာ ၁၅]

လက်ရှိချိန်ထိ လက်စ်ပါးမက်စ်အသင်း နိုင်ပွဲမရထားဘူးဆိုပေမဲ့ အိမ်ကွင်းကစားထားခဲ့တဲ့ (၂)ပွဲမှာ ဆီးဗီးလား၊ ရီးရဲလ်တို့ကို အိမ်ကွင်းမှာ ဂုဏ်ပြုကာ သရေတစ်မှတ် ရှာဖွေစုဆောင်းထားနိုင်ခဲ့ပါတယ်။
လက်ရှိရာသီမှာ ဘီလ်ဘာအို အသင်းနိုင်ပွဲရဖို့ အတော်ရုန်းကန်နေရသလို ဘာစီလိုနာ၊ တီကို တို့လို ခြေစွမ်းထက် အသင်းကြီးတွေနဲ့ ကစားထားခဲ့ရတာမို့ ရာသီစမှာ ခြေစွမ်းတည်မရဖြစ်နေပါတယ်။ သူတို့ နှစ်သင်း ထိပ်တိုက်တွေ့ဆုံထားတဲ့ နောက်ဆုံး (၄)ပွဲမှာလည်း (၂)ဂိုးထက်ပိုပြီး ဂိုးသွင်းထားနိုင်ခဲ့ခြင်းမရှိပါဘူး။ ဘော်ဒီထက် ဂိုးအောက်ကို ရွေးချယ်တာဟာ ပိုသေချာမှာပါ
ရွေးချယ်မှု – ဂိုးအောက်
Atletico Madrid Vs Valencia
[မြန်မာစံတော်ချိန် နံနက် ၀၁း၃၀ နာရီ၊ စက်တင်ဘာ ၁၆]

(၁)ပွဲသရေ (၁)ပွဲနိုင်နဲ့ခရီးဆက်နေတဲ့ တီကို အသင်းခြေစွမ်းဟာ မှန်းဆရခက်ခဲတဲ့ အဆင့်ကို ရောက်နေပြီး တိုက်စစ်မှာ ဒိတ်ဒိတ်ကြဲခြေစွမ်းပြ လူငယ်ကစားသမားကောင်းတွေကို ခေါ်ယူအားဖြည့် ထားတဲ့ အာဂျင်တီးနားသားဖြစ်တဲ့ နည်းပြစီမီဝမ်ဟာ အာဂျင်တီးနားသား အတော်များများကိုလည်း ခေါ်ယူလာတာကိုတွေ့ရတယ်။
(၄)ပွဲကစားအပြီးမှာ နောက်ဆုံးကစားထားတဲ့ (၁)ပွဲသာ သရေရထားခဲ့တဲ့ ဗယ်လင်စီယာဟာ တန်းဆင်းဇုန်အောက်ဆုံးနေရာကိုရောက်နေပြီး တိုက်စစ်ဂိုးသွင်းအားရှိပေမဲ့ ခံစစ်ညံ့ဖျင်းပါတယ်။
Leave a Reply