မန်ယူ ကစားသမားဟောင်း ဂိုးမက်စ် ကိုပစ်မှတ်ထားလာတဲ့ နယူးကာဆယ်

အိန်ဂျယ် ဂိုးမက်စ် နှင့် စပါး၊ လီပါပူးလ်၊ ဒေါ့မွန် နှင့် နယူးကာဆယ် အသင်း လိုဂိုများ

နယူးကာဆယ် အသင်းကတော့ မန်ယူကစားသမားဟောင်း တစ်ဦးဖြစ်တဲ့ လိုင်လီ ကွင်းလယ်လူ အိန်ဂျယ် ဂိုးမက်စ်ကို အသင်းရဲ့အဓိက ပစ်မှတ်အဖြစ် သတ်မှတ်ထားလာပြီး လာမယ့် ဆောင်းစျေးကွက်မှာ ကမ်းလှမ်းမှုတွေ စတင်လုပ်ဆောင် လာနိုင်ခြေရှိနေပါတယ််။

အသက်(၂၄)နှစ်အရွယ် အင်္ဂလန် ကွင်းလယ်ကစားသမား ဂိုးမက်စ်ဟာ မန်ချက်စတာ ယူနိုက်တက် အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး ယူနိုက်တက် စီနီယာ အသင်းကြီးအတွက်ကိုလည်း (၁၀)ပွဲခန့် ပါဝင်ကစားဖြစ်ထားပါတယ်။

၂၀၂၀မှာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့လို့ သူကို ပြင်သစ်လီဂူးကလပ် လိုင်လီအသင်းက အလွတ်နဲ့ ခေါ်ယူခဲ့ပါတယ်။လိုင်လီကို (၅)နှစ် စာချုပ်နဲ့ ပြောင်းရွှေ့သွားတဲ့ ဂိုးမက်စ်ဟာ လိုင်လီမှာ ချက်ချင်းနေရာ မရခဲ့ပေမဲ့ နောက်ရာသီတွေမှာတော့ လိုင်လီရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်လာခဲ့ပြီး အခုဆိုရင်လည်း လိုင်လီအတွက် ပြိုင်ပွဲစုံ (၁၁၈)ပွဲအထိတောင် ပါဝင်ကစားနိုင်ထားခဲ့ပါတယ်။

ဂိုးမက်စ်

ကွင်းလယ်နေရာအစုံမှာ ကစားတက်တဲ့ ဂိုးမက်စ်ဟာ Physical ပိုင်းအရ အရမ်းအားနည်းသူဖြစ်ပေမယ့် ဂိုးဖန်တီးမှု အားကောင်းပြီး အလိမ်အခေါက်စွမ်းရည်လည်း ထူးချွန်သူဖြစ်ပါတယ်။ အခုဆိုရင် အင်္ဂလန်ရဲ့ ယာယီနည်းပြ ဖြစ်လာတဲ့ လီကာစလေ ကလည်း အင်္ဂလန် ယူ-၂၁ အသင်းမှာ ပါဝင်ခဲ့တဲ့ ဂိုးမက်စ်ကို လက်ရွေးစင်အသင်းမှာပါ စတင်နေရာပေးလာခဲ့ပါတယ်။

အခုလို လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံလာရတဲ့ ဂိုးမက်စ်ကို စပါး၊ လီဗာပူးလ်၊ ဒေါ့မွန်တို့နဲ့ အတူ နယူးကာဆယ်အသင်းကပါ စိတ်ဝင်စားလာကြပြီး နယူးကာဆယ်ဆိုရင် The Sun ကနေ ယူနိုက်တက် ကစားသမားဟောင်း ဂိုးမက်စ်ကို အဓိက ပစ်မှတ်အဖြစ် သတ်မှတ်နေတယ်လို့ ဖော်ပြလာပါတယ်။

လန်ဒန်မြို့ဖွား ဂိုးမက်စ်ဟာ ဒီနှစ် ဘောလုံး ရာသီအကုန်မှာပဲ​လိုင်လီအသင်းနဲ့ စာချုပ် သက်တမ်းပါ ကုန်ဆုံးတော့မှာဖြစ်ပြီး အခုထိ စာချုပ်သစ်ကိစ္စက ဆွေးနွေးမှု ရှိမနေသေးတဲ့အတွက် နွေမှာ အလွတ်နဲ့ လက်မလွတ်ရဖို့ လာမယ့် ဆောင်းစျေးကွက်မှာပဲ Cut-Price တန်ကြေးနဲ့ ရောင်းချသွားဖို့ရှိနေပြီး သူ့ကိုလည်း နယူးကာဆယ်အပါအဝင် ကလပ်အသင်းများစွာက အပြိုင်ကမ်းလှမ်းလာကြဖွယ် ရှိနေပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *