လီဂူးမှာ ဂိုးတွေ အပီမြူးနေတဲ့ မေဆန် ဂရင်းဝုဒ်

Celebrating Mason Greenwood

ဒီနွေစျေးကွက်အတွင်းမှာပဲ မန်ချက်စတာ ယူနိုက်တက် အသင်းကနေ မာဆေးလ်အသင်းဆီကို အပြီးသတ် ပြောင်းရွှေ့သွားခဲ့တဲ့ တိုက်စစ်ကစားသမား မေဆန် ဂရင်းဝုဒ် ဟာအခုဆိုရင် မာဆေးလ်နဲ့အတူ လီဂူး (၃)ပွဲကစားထားပြီးချိန် (၃)ပွဲလုံးမှာ ဂိုးတွေ သွင်းယူနိုင်ခဲ့ပါတယ်။

အသက် (၂၂)နှစ်အရွယ် အင်္ဂလန်  ကစားသမား ဂရင်းဝုဒ်ဟာ သူ့ရဲ့ချစ်သူအပေါ် ကိုယ်ထိလက်ရောက်ကျူးလွန်မှုတွေကြောင့် ဖမ်းဆီးထိန်းသိမ်းခံရရင်း အမှုရင်ဆိုင်ခဲ့ရပြီး အမှုကနေ  ကွင်းလုံးကျွတ် လွတ်မြောက်လာချိန်မှာတောင် ယူနိုက်တက်အသင်းဘက််က သူ့ကို ပြန်လည် ကစားခွင့်ပေးဖို့ မလွယ်တော့ပဲ ဂီတာဖေး အသင်းဆီကို အငှားချခဲ့ရပါတယ်။

Mason Greenwood SIGNS for Marseille

ဂီတာဖေးမှာ ခြေစွမ်းပြသနိုင်ခဲ့တဲ့ ဂရင်းဝုဒ်ကို ကလပ်အသင်းများစွာက ခေါ်ယူသွားဖို့ စိတ်ဝင်စားခဲ့ကြပြီး ဒီအသင်းတွေထဲကမှ နည်းပြ ရောဘတ်တို ဒီဇာဘီ ကိုင်တွယ်နေတဲ့ ပြင်သစ် လီဂူးဝမ်းကလပ် မာဆေးလ်အသင်းက ဂရင်းဝုဒ်ကို ယူရို(၂၆)သန်း နဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။

မာဆေးလ်ကစားသမားအဖြစ် ပြင်သစ် လီဂူးဝမ်းပြိုင်ပွဲမှာ ပွဲဦးထွက်ခဲ့ရတဲ့ ဂရင်းဝုဒ်ဟာ ပွဲချိန်(၃)မိနစ်အကြာမှာပဲ မာဆေးလ်အတွက် ပထမဆုံးဂိုး ကစားသမားဘဝရဲ့ ပထမဆုံး လီဂူးသွင်းဂိုးတို့ကို သွင်းယူနိုင်ခဲ့ပါတယ်။ ဂရင်းဝုဒ်က သူ့ရဲ့ မာဆေးလ် ကစားသမားဘ၀ ပထမဆုံးသော ပွဲစဉ်မှာပဲ သွင်းဂိုး (၂)ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။

ဒုတိယပွဲစဉ်ဖြစ်တဲ့ Reims အသင်းနဲ့ ပွဲစဉ်မှာလည်း သူရဲ့မာဆေးလ်အသင်းက နိုင်ပွဲမရခဲ့ပေမယ့် ဂရင်းဝုဒ်ကတော့ မာဆေးလ်အတွက် အရေးပါတဲ့ ချေပဂိုးသွင်းယူပေးခဲ့ပါတယ်။အခု တတိယမြောက်ပွဲ တူးလူးအသင်းနဲ့ ပွဲစဉ်မှာတော့ ဂရင်းဝုဒ်က မာဆေးလ်အသင်းအတွက် သွင်းဂိုး (၂)ဂိုးကို သွင်းယူရင်း အသင်းကိုပါ နိုင်ပွဲရယူပေးခဲ့ပါတယ်။ အခုဆို ဂရင်းဝုဒ်ဟာ လီဂူးသွင်းဂိုး (၅)ဂိုးအထိ ရှိလာပြီမို့ လီဂူး ဂိုးသွင်းအများဆုံး ကစားသမားဆုကိုပါ မျှော်မှန်းလာနိုင်ပြီဖြစ်ပါတယ်။

Start a Conversation

Your email address will not be published. Required fields are marked *